






























ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းထုတ်ပြန်ချက်
မြန်မာနိုင်ငံစာရင်းကောင်စီ (၁/၂၀၂၀) အစည်းအဝေးကျင်းပခြင်း
၁။ မြန်မာနိုင်ငံစာရင်းကောင်စီ (၁/၂၀၂၀) အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၂၄) ရက်နေ့ နံနက် ၁၀:၀၀ နာရီ၌ Video Conferencing ဖြင့် ကျင်းပခဲ့ရာ မြန်မာနိုင်ငံစာရင်းကောင်စီ ဥက္ကဋ္ဌ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ကောင်စီဝင်များ တက်ရောက်ခဲ့ကြပါသည်။
၂။ အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က အဖွင့်အမှာစကားပြောကြားပြီး ကောင်စီ၏ ၁/၂၀၁၉ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ပြင်ဆင်သည့်ကောင်စီဥပဒေအား အင်္ဂလိပ်ဘာသာသို့ပြန်ဆိုမှု၊ နည်းဥပဒေမူကြမ်းရေးဆွဲမှု၊ အလုပ်အမှုဆောင်အဖွဲ့နှင့် ကော်မတီများ ပြန်လည် ဖွဲ့စည်းမှု၊ ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များ၊ ရုံးအမိန့်များ၊ အစည်းအဝေး/ Seminar/ Workshop ကျင်းပမှု၊ အပြည်ပြည်ဆိုင်ရာစာရင်းပညာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင် ရွက်မှု၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်အသင်း၏ လုပ်ငန်းဆောင်ရွက်မှု၊ အစိုးရကဏ္ဍစာရင်း လုပ်ငန်းနယ်ပယ်တွင် လုပ်ကိုင်ဆောင်ရွက်နေသည့် စာရင်းပညာရှင်နှင့် စာရင်းကျွမ်းကျင်သူအင်းအားနှင့် ကောင်စီရုံးမှတ်တမ်းများအရ ပုဂ္ဂလိကကဏ္ဍစာရင်းနယ်ပယ်တွင် လုပ်ကိုင်ဆောင်ရွက်နေသည့် စာရင်း ပညာရှင်များ၏အင်အားအခြေအနေနှင့် စာရင်းကောက်ယူမည့်အခြေအနေ စသည်တို့ကို တင်ပြဆွေးနွေးခဲ့ ကြပါသည်။
၃။ ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ကောင်စီဥက္ကဋ္ဌက လုပ်ငန်းတာဝန်များ ပြည့်မြောက်အောင်မြင်စေ ရေး၊ နိုင်ငံပိုင်ကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍတို့တွင် စာရင်းပညာဖွံ့ဖြိုးရေးတို့အတွက် ကောင်စီဝင်များအနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ဝိုင်းဝန်းကြိုးပမ်းကြရန် မှာကြားခဲ့ပါသည်။
၄။ အစည်းအဝေးကို နေ့လည် ၁၂:၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
