News and Activities
ပြည်ထောင်စုစာရင်းစစ်ချုပ်ဉီးမော်သန်းသည် ကမ္ဘာ့ဘဏ်မှ Public Financial Management Specialist ဖြစ်သူ Mr.Christopher Fabling ဉီးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ငွေတိုက်ဦးစီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများအား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့၊ နေ့လယ် ၁:၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်
၁။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက် နံနက် ( ၉ : ၀၀ ) နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ဒီပလိုမာစာရင်းကိုင်(ပထမပိုင်း) သင်တန်းအမှတ်စဉ်-၄၀ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခဲ့ရာ မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။
၁။ ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းသည် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ Senior Financial Management Specialist ဖြစ်သူ Ms. Augustina Musa ဦးဆောင်သောအဖွဲ့အား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
၁။ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် ဒိန်းမတ်ပါလီမန်၊ ပြည်သူ့ငွေစာရင်းကော်မတီ၏ ဥက္ကဋ္ဌဖြစ်သူ Mr.Henrik Thorup ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက် နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ပြည်ထောင်စုစာရင်းချုပ်ရုံး၏ (၁၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အခမ်းအနားအား ပြည်ထောင်စုစာရင်းချုပ်ရုံး၊ ရုံးအမှတ် (၁၂) နေပြည်တော်ရှိ စုပေါင်းခန်းမ၌ ၁-၁၁-၂၀၁၉ နေ့ နံနက် ၉:၃၀ နာရီတွင် ကျင်းပရာ ဘုရားကြီးကျောင်းတိုက်နှင့် ရတနာဘုမ္မိသာရကျောင်းတိုက် သံဃာတော်များထံ ကထိန်လျာဉတ်သင်္ကန်းကြီး နှင့် လှူဖွယ်ဝတ္ထုအစုစု ငွေကျပ် ၅,၆၈၄,၅၅၀ နှင့် ပစ္စည်းတန်ဖိုးကျပ် ၄,၁၇၂,၂၇၈ စုစုပေါင်း ကျပ် ၉,၈၅၆,၈၂၈ တို့အား ဆက်ကပ်လှူဒါန်းပြီး ဆရာတော်များမှ ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ခြင်း၊ အနုမောဒနာတရား ဟောကြားချီးမြှင့်ခြင်း နှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ





