ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

ဂုဏ်ပြုထိုက်သော စာရင်းစစ်ချုပ်ရုံးအငြိမ်းစားဆရာကြီး/ဆရာမကြီးများအား တတိယအကြိမ်ပူဇော်ကန်တော့ပွဲအခမ်းအနားကျင်းပခြင်း

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ကြီးမှူးကျင်းပသော တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစား ပြည်ထောင်စုစာရင်းစစ်ချုပ်များ၊ ဒုတိယစာရင်းစစ်ချုပ်နှင့် တာဝန်ထမ်းဆောင်ခဲ့ကြသည့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်များ၊ ယခင်စာရင်းစစ်ရုံးအဆက်ဆက်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ရုံးအကြီးအကဲများ၊ အသက် (၇၅) နှစ်နှင့်အထက်(ဒုတိယညွှန်ကြားရေးမှူးနှင့်အထက်) သက်ကြီးဝါကြီးဆရာသမားများအား ပူဇော်ကန်တော့သည့်အခမ်းအနားကို ၃၁-၁၂-၂၀၂၁ ရက်နေ့ နံနက် (၉:၀၀ နာရီ) တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ Virtual System ဖြင့် ကျင်းပခဲ့သည်။

          အခမ်းအနားကို အစီအစဉ် (၇) ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ရှေးဉီးစွာ အခမ်းအနားစတင်ကြောင်းကြေညာပြီး ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများကို ဩကာသကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ခဲ့ကြသည်။

          ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ် ဆရာကြီးဒေါက်တာကံဇော်က ဆုပေးနှုတ်ဆက်စကားပြောကြားခဲ့သည်။

          ယင်းနောက် ပြည်တောင်စုစာရင်းစစ်ချုပ် (ငြိမ်း) ဆရာကြီး ဦးမျိုးမြင့်နှင့် ကန်တော့ပွဲသို့ တက်ရောက်ခဲ့ကြသည့် အငြိမ်းစားဆရာကြီး / ဆရာမကြီးများက ဩဝါဒဆုပေးနှုတ်ဆက်စကားများ ပြောကြားခဲ့ကြသည်။

          ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဝန်ထမ်းများ (ကိုယ်စား) အမြဲတမ်းအတွင်းဝန် ဒေါ်နိုင်သက်ဉီးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ ၊ ဝန်ထမ်းများမှ တက်ရောက်ဂါရဝပြုခဲ့ကြပါသည်။ တိုင်းဒေသကြီး/ ပြည်နယ် (တာဝန်ခံ) ညွှန်ကြားရေးမှူးများ၊ ဒေသစာရင်းစစ်ရုံးများမှ ဝန်ထမ်း (၂၂၃) ဉီးတို့က Webex Link ဖြင့် Online မှ တက်ရောက်ကန်တော့ဂါရဝပြုခဲ့ကြပါသည်။