News and Activities
ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် လာအိုဒီမိုကရက်တစ်ပြည်သူ့သမ္မတ နိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် နိုဝင်ဘာလ ၆ ရက်နေ့က ကျင်းပသည့် အရှေ့တောင်အာရှနိုင်ငံ ဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ (၄) ကြိမ်မြောက် ထိပ်သီးအစည်းအဝေး (4th ASEANSAI Summit) သို့ တက်ရောက်ခဲ့ပါသည်။
၁။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် နော်ဝေနိုင်ငံ စာရင်းစစ်ချုပ်ရုံးတို့ ပူးပေါင်း၍ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှုစစ်ဆေးခြင်း အလုပ်ရံုံဆွေးနွေးပွဲ (Performance Audit Workshop) ကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်၌ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့မှ (၃) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
၁။ ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းသည် EU Mission မှ Expert ဖြစ်သူ Mr. Anders Hjertstrand ဦးဆောင်သောအဖွဲ့အား ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
၁။ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းသည် ကမ္ဘာ့ဘဏ်အဖွဲ့မှ Senior Financial Management Specialist ဖြစ်သူ Mr. Christopher Fabling ဦးဆောင်သော အဖွဲ့အား ၂၀၁၇ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းထုတ်ပြန်ချက်အမှတ် ၊ ၁ /၂၀၁၇
၁၃၇၉ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၉ ရက်
(၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်)
စာရင်းစစ်-၃ ဝန်ထမ်းများ၏ ရာထူးတိုးမြှင့်ရေးအတွက် လူတွေ့ဖြေဆိုခွင့်ရရှိသူများစာရင်းထုတ်ပြန်ခြင်းနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်။

