ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

DA II 39 Opening Ceremony

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

သတင်းထုတ်ပြန်ချက်

ရက်စွဲ ၊ ၂၀၁၉ ခုနှစ် ဇွန်လ (၃)ရက်

 

၁။         ၂၀၁၉ ခုနှစ်၊ ဇွန်လ (၃)ရက်နေ့ နံနက် ၉ း ၀၀ နာရီ၌ မြန်မာနိုင်ငံစာရင်းကောင်စီရုံး သင်တန်း ကျောင်းခန်းမ ၊ ရန်ကုန်မြို့တွင် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် ဒီပလိုမာစာရင်းကိုင် (ဒုတိယပိုင်း) သင်တန်း အမှတ်စဉ်-၃၉ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ရာ မြန်မာနိုင်ငံစာရင်းကောင်စီဉက္က ပြည်ထောင်စု စာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဖွင့်လမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။

၂။         အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံစာရင်းကောင်စီအဖွဲ့ဝင်များ ၊  သင်တန်းကထိကများ ၊ သင်တန်း သား ၊ သင်တန်းသူများနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

၃။         အခမ်းအနားတွင် မြန်မာနိုင်ငံစာရင်းကောင်စီဉက္ကဌ ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါ အတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည်-

- မြန်မာနိုင်ငံစာရင်းကောင်စီဟာ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ ပြုမည့် အရည်အချင်းပြည့်မီသော စာရင်းပညာရှင်များ ၊ စာရင်းပညာတတ်ကျွမ်းသူများ တိုးပွား လာစေရန်ရည်ရွယ်၍ လက်မှတ်ရပြည်သူ့စာရင်းကိုင်နှင့် ဒီပလိုမာစာရင်းကိုင်သင်တန်းများကို နှစ်စဉ် စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း

- DA သင်တန်း အောင်မြင်သူများကို စာရင်းပညာတတ်ကျွမ်းသူများအဖြစ် အသိအမှတ်ပြုမှာဖြစ် ကြောင်း ၊ ၎င်းပြင် CPA သင်တန်းရဲ့ ဝင်ပေါက်တစ်ခုအဖြစ် ဖွင့်ပေးထားပါကြောင်း ၊ DA သင်တန်း အောင်မြင်သူများအနေဖြင့် CPA ကို တိုက်ရိုက်တက်ခွင့်ရကြမှာဖြစ်ကြောင်း

- ဒီအစီအစဉ်ဟာ စာရင်းပညာတတ်ကျွမ်းသူများကို စာရင်းပညာရှင်များဖြစ်ခွင့်ရအောင် ဆောင်ရွက်  ပေးနေတဲ့ မြန်မာနိုင်ငံစာရင်းကောင်စီရဲ့ ဆောင်ရွက်ချက်တစ်ခုဖြစ်ပြီး နိုင်ငံ၏လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းချက်တစ်ရပ်လည်းဖြစ်ကြောင်း

- ၂၀၁၇ - ၂၀၁၈ ခုနှစ်မှ စတင်ပြီး ဒီပလိုမာစာရင်းကိုင်(ဒုတိယပိုင်း)ဘာသာရပ်များကို Module 1 ၊ Module 2 ခွဲခြားသတ်မှတ်ထားပါကြောင်း ၊ ကနဦးဖြေဆိုချိန်တွင် ဘာသာရပ်အားလုံးဖြေဆို ကြရမှာဖြစ်ပါကြောင်း ၊ အောင်စာရင်းကိုလည်း အမျိုးအစားခွဲခြားထုတ်ပြန်ပေးလျက်ရှိပါကြောင်း

- သတ်မှတ်ထားတဲ့သင်တန်းချိန်ကိုလည်း အချိန်မီတက်ရောက်ကြဖို့လိုပါကြောင်း ၊ သင်တန်း ကျောင်းမှာတက်ရောက်သူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့်ရရှိရန် သင်တန်းချိန် ၆၀ % ပြည့်မီဖို့ လိုပါကြောင်း ၊ ဘာသာရပ်တစ်ခုတွင် ၆၀ % မပြည့်မီပါက ထိုနှစ်အတွက် ကျင်းပမည့်စာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့်ပြုမှာ မဟုတ်တဲ့အတွက် သင်တန်းချိန်များကို ပြည့်မီအောင် တက်ရောက် ကြပါလို့ အထူးမှာကြားလိုပါကြောင်း

- သင်တန်းသားများအနေဖြင့် မိမိတို့ရဲ့ စာရင်းပညာဗဟုသုတများ တိုးတက်စေရေးအတွက် စာရင်း ပညာနှင့်  တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အကျုံးဝင်သက်ဆိုင်တဲ့ စာအုပ်စာတမ်းများကို ရှာဖွေရယူဖတ်ရှုပြီး သက်ဆိုင်ရာအချက်အလက်များကို ကောက်နှုတ်စုဆောင်းကြပါ ၊ အချိန်နှင့် အမျှ ပြောင်းလဲတိုးတက်နေတဲ့ အခြေအနေများကို မျက်ခြေမပြတ်လေ့လာ မှတ်သားကြပါ၊ ဗဟုသုတကြွယ်ဝသူများထံချဉ်းကပ်၍ နည်းကောင်းလမ်းကောင်းများကို မေးမြန်းစုံစမ်းနာယူပြီး အတုယူမှတ်သားကြပါ ၊ မိမိတို့၏အရည်အချင်းများ တိုးတက်ဖြစ်ထွန်းလာစေရန် အစဉ်တစိုက် ကြိုးပမ်းကြပါလို့ အလေးအနက်ထား  မှာကြားလိုပါကြောင်း

- သင်တန်းကာလအတွင်း သင်တန်းစည်းကမ်းများနှင့်အညီ လေ့လာသင်ယူပြီး ထူးချွန်အောင်မြင် သော ၊အရည်အချင်းပြည့်ဝသည့် ကျင့်ဝတ်သိက္ခာနှင့်ပြည့်စုံသော၊ နိုင်ငံနှင့်ပြည်သူ့အကျိုးအတွက်  အားကိုးအားထားရသော စာရင်းပညာတတ်ကျွမ်းသူများဖြစ်အောင် ကြိုးပမ်းကြပါလို့ တိုက်တွန်း မှာကြားလိုပါကြောင်း

၄။         သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက် ၉ း ၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။