News and Activities
၁။ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် EU/GOPA မှ Program Manager ဖြစ်သူ Mr. Patrick McClay ဦးဆောင်သောအဖွဲ့အား ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ မွန်းလွဲ ၂း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
၁။ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းသည် International Federation of Accountants (IFAC) မှ Deputy Director ဖြစ်သူ Mr. Joseph Bryson ဦးဆောင်သော အဖွဲ့အား ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
၁။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဧကာဒသမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်း ပွဲကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ ၊ နံနက် ၀၅ း ၃၀ နာရီတွင် ဤရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။ အဆိုပါဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲသို့ ပျဉ်းမနားမြို့၊ ဘုရားကြီးကျောင်းတိုက်နှင့် ရတနာဘုမ္မိသာရကျောင်းတိုက်များရှှိ သံဃာတော်အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဝန်ထမ်းများက ဝါဆိုသင်္ကန်းနှင့်တကွ လှူဖွယ်ပစ္စည်းအစုစုတို့ကို ဆပ်ကပ်လှူဒါန်းကြပါသည်။
၁။ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးနှင့်အတူ မြန်မာနိုင်ငံစာရင်းကောင်စီ၊ မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များ အသင်းနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း၍ စာရင်းနှင့် စာရင်းစစ်ဆိုင်ရာ စံချိန်စံညွှန်းများနှင့် ကျင့်ဝတ် စည်းမျဉ်းစည်းကမ်းများ လိုက်နာခြင်းအပေါ် လေ့လာချက် အစီရင်ခံစာ ထုတ်ပြန်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ Park Royal ဟိုတယ်၌ ၂၀၁၇ ခုနှစ် ဇွန်လ (၁၆) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။
၁။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် နော်ဝေနိုင်ငံ စာရင်းစစ်ချုပ်ရုံးတို့ ပူးပေါင်း၍ လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှု စစ်ဆေးခြင်း ( Performance Audit) ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်၌ ၂၀၁၇ ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့မှ (၂၀) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
၁။ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် ADB မှ Senior Counsel ဖြစ်သူ Mr. Nick Moller ဦးဆောင်သော Insolvency Law Reform Group အား ၂၀၁၇ ခုနှစ် မေလ ၂၅ ရက်နေ့ နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ ပါသည်။
