ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းသည် Euro Cham Myanmarမှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

 

၁။         ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းသည် European Chamber of Commerce in Myanmar (Euro Cham Myanmar) မှ Acting Executive Director Mr. Marc de la Fouchardiere ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၉ခုနှစ်၊ ဇွန်လ ၆ရက်နေ့၊ နံနက် ၁၀:၀၀နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

၂။         ထိုသို့တွေ့ဆုံရာတွင် ကိုယ်စားလှယ်များက Euro Cham Myanmar ၏ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအားပေးမှုအဖွဲ့ (Anti-illict Trade Advocacy Group) ၏ ရည်ရွယ်ချက်များနှင့် ဆောင်ရွက်ချက်များ၊ တရားမဝင်ကုန်သွယ်မှုကို တိုက်ဖျက်ရေးအားပေးရန်ကြိုးပမ်းမှုများ၊ ၎င်းတို့ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။

၃။         အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေးဦးစီးဌာန)၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။