1. U Maw Than, the Auditor General of the Union, received Ms. Marta Russell, Technical Manager of International Federation of Accountants (IFAC), Ms. Mahalah Groves, Head of Capacity Building of Association of Chartered Certified Accountants (ACCA) and U Wan Tin, Chairman of Myanmar Institute of Certified Public Accountants (MICPA), at the Meeting Room of the Office of the Auditor General of the Union, Nay Pyi Taw at 10:00 a.m on 30th January, 2019.
2. During the meeting, they discussed the activities that were being conducted for the acceptance of MICPA as a member of IFAC, the Strategy (2019-2023) that would be implemented by MICPA and the support provided by ACCA in preparing it, and current activities of MICPA.
3. The Permanent Secretary, the Director General (Audit Department), the Deputy Permanent Secretary, Deputy Directors General and responsible persons from the Office of the Auditor General of the Union attended the meeting.
၁။ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၁ ) ရက် နံနက်(၀၉း၀၀) နာရီတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ဒီပလိုမာ စာရင်းကိုင် (ပထမပိုင်း) သင်တန်း အမှတ်စဉ်-၄၀ ဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ရာ မြန်မာနိုင်ငံ စာရင်းကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားပါသည်။
၂။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
၃။ အခမ်းအနားတွင် မြန်မာနိုင်ငံ စာရင်းကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်က အောက်ပါ အတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည်-
- မြန်မာနိုင်ငံ စာရင်းကောင်စီ၏ အစီအစဉ်ဖြင့် ဖွင့်လှစ်သော ဒီပလိုမာ စာရင်းကိုင် (ပထမပိုင်း)သင်တန်း အမှတ်စဉ်-၄၀ ကို ၁-၂-၂၀၁၉ ရက်နေ့မှစ၍ သင်တန်း ကာလ ၁၀ လကြာ ဖွင့်လှစ်မှာ ဖြစ်ကြောင်း၊
- ဘာသာရပ်များကို Module 1, Module 2, ခွဲခြားသတ်မှတ်ထားပြီး စာရင်းရေး စာရင်းကိုင်၊ ဘောဂဗေဒ၊ စီးပွားရေးသချာၤနှင့် စာရင်းအင်းပညာ ဘာသာရပ်တို့ကို Module 1၊ ကူးသန်းရောင်းဝယ်ရေး အထွေထွေ ဗဟုသုတနှင့် စီးပွားရေး ဥပဒေ ဘာသာရပ်တို့ကို Module 2 အနေနဲ့ သတ်မှတ်ထားကြောင်း၊
- ကနဦး ဖြေဆိုချိန်တွင် ဘာသာရပ် အားလုံး ဖြေဆိုကြရမည်ဖြစ်ကြောင်း၊ Module တစ်ခုထဲမှ ဘာသာရပ် အားလုံးအောင်မြင်ပြီး အခြား Module တစ်ခုထဲမှ ဘာသာရပ် တစ်ခုခု ကျရှုံးခဲ့လျှင် Module တစ်ခု အောင်မြင်သည်ဟု သတ်မှတ် ကြောင်း၊ ကျရှုံးသည့် Module ထဲမှ ဘာသာရပ်အားလုံးအား တစ်ဆက်တည်း ၃ ကြိမ် ပြန်လည်ဖြေဆို ခွင့်ပြုထားပြီး ၃ ကြိမ်အတွင်း အောင်မြင်မှု မရှိခဲ့လျှင် ဖြစ်စေ စာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်းမရှိလျှင်ဖြစ်စေ ကနဦးစာမေးပွဲ ဖြေဆိုသည့် အတိုင်း ဘာသာရပ် အားလုံးကို ပြန်လည်ဖြေဆိုရမည်ဖြစ်ကြောင်း၊
- ကျရှုံးသည့် Module တွင် ပါဝင်သည့် ဘာသာရပ်တိုင်း ၂၀ မှတ် အနည်းဆုံးရရှိပြီး Module 1 အတွက် ၃ ဘာသာပေါင်း ရမှတ် ၇၅ မှတ်၊ Module 2 အတွက် ၂ ဘာသာပေါင်း ရမှတ် ၅၀နှင့်အထက် ရရှိမှသာ Pass ဖြစ်တဲ့ ကျန် Module ကို အောင်မြင်တယ်လို့ သတ်မှတ်မှာဖြစ်ကြောင်း၊
- DA များသည် Technician များ ဖြစ်သည့်အတွက် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရန် အတွက် အထောက်အကူ ပြုနိုင်မည့်သူများ ဖြစ်ကြောင်း၊
- အနာဂတ် ကာလတွင် ကျွမ်းကျင်သော စာရင်းပညာရှင် အများကြီး လိုအပ်လာမည် ဖြစ်သည့်အတွက် CPA ၏ အခြေခံ ဖောင်ဒေးရှင်းဖြစ်သည့် DA သင်တန်း သား/သူများ ဖြစ်စေချင်ကြောင်း၊
- စာရင်းပညာရှင်များအဖြစ် စာရင်းပညာရပ်ဆိုင်ရာ အရည်အချင်း ပြည့်ဝဖို့ လိုအပ်သည့်အပြင် ပညာရှင်များ စောင့်ထိန်းရမည့် ကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊
- ကထိကများသည် ၎င်းတို့၏ ကိုယ်ပိုင်အချိန်များကို သင်တန်းအတွက် အသုံးချ ပေးနေကြောင်း သင်တန်းသားများက အသိအမှတ်ပြုကာ ပို့ချမှုများ အပေါ် လေးလေးစားစား နာယူမှတ်သားကြရန် မှာကြားလိုကြောင်း၊
- သင်တန်းက ချမှတ်ထားသည့် စည်းကမ်းများကို လိုက်နာကြစေလိုကြောင်း၊
- နိဂုံးချုပ် အနေဖြင့် နိုင်ငံတော် အတွက် အားကိုးရသော စာရင်းပညာ ကျွမ်းကျင် သူများဖြစ်ရန် ကြိုးပမ်းကြစေလိုကြောင်း။
၄။ အခမ်းအနားကို နံနက်(၀၉း၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
1. U Maw Than, the Auditor General of the Union, received the delegation led by Ms. Claire Kikham, Head of Prosperity of the British Embassy in Yangon,and Mr. SubhrenduChatterji, Team Leader of the PricewaterhouseCoopers (PwC) Consortium, at the Meeting Room of the Office of the Auditor General of the Union, Nay Pyi Taw at 2:00 p.m on 16th January, 2019.
2. During the meeting, they discussed the technical assistance of the UK Government to the Myanmar Government through the PwC over the next three years, the Accounting education system of Myanmar and areas that could be supported by the UK Government.
3. The Permanent Secretary, the Director General (Audit Department), Deputy Permanent Secretary, Deputy Directors General and responsible persons from the Office of the Auditor General of the Union attended the meeting.
၁။ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် ရန်ကုန်မြို့၊ ဗြိတိန်သံရုံးမှ Head of Prosperity ဖြစ်သူ Ms. Claire Kikham နှင့် PricewaterhouseCoopers (PwC) Consortium မှ အဖွဲ့ ခေါင်းဆောင်ဖြစ်သူ Mr. SubhrenduChatterjiတို့ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား၂၀၁၉ ခုနှစ် ၊ ဇန်နဝါရီလ (၁၆) ရက်နေ့၊ နေ့လယ် ၂း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ၊ အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ ပါသည်။
၂။ ထိုသို့ တွေ့ဆုံရာတွင် လာမည့် (၃)နှစ် အတွင်း PwC မှ တစ်ဆင့် ဗြိတိန်အစိုးရက မြန်မာနိုင်ငံ အစိုးရအား နည်းပညာ အကူအညီပေးမည့် ကိစ္စ ၊ မြန်မာနိုင်ငံ၏ စာရင်းအတတ်ပညာဆိုင်ရာ သင်ကြားရေးစနစ်များ ၊ ဗြိတိန် အစိုးရမှ ကူညီ ပေးနိုင်မည့် နယ်ပယ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
၃။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေးဦးစီးဌာန) ၊ ဒုတိယ အမြဲတမ်း အတွင်းဝန် ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပါသည်။
၁။ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ( ၂၇ ) ရက်နေ့ နံနက် ( ၉ း ၀၀ ) နာရီတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ စာရင်းစစ် - ၁ များ လုပ်ငန်းခွင် ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် - ၃၄ သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပရာ ပြည် ထောင်စုစာရင်းစစ် ချုပ် တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ပါ သည်။
၂။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသား/သင်တန်းသူ( ၁၁၂ )ဦး တက်ရောက်ခဲ့ပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က -
- ဤသင်တန်းကို အားကိုးအားထားပြုနိုင်သော ကျွမ်းကျင်ဝန်ထမ်းများ ပိုမို ပေါ်ထွက်လာရေး ၊ စာရင်းပညာရှင်များ တိုးပွားလာစေရေးနှင့် အသိပညာ ဗဟုသုတများ လက်ဆင့်ကမ်းပို့ချရေး ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း၊
- ယခင် သင်တန်း အပတ်စဉ်များတွင် ပို့ချခဲ့သည့် Financial Audit ၊ Performance Audit ၊ ဝန်ထမ်းစည်းမျဉ်း၊ ဘဏ္ဍာရေးစည်းမျဉ်း၊ အခွန်ဘာသာရပ်၊ အင်္ဂလိပ်စာစသည့် ဘာသာရပ်များအပြင် စာရင်းစစ် - ၁ များ သိသင့်သိ ထိုက်သော Project စစ်ဆေး ခြင်း၊ Budget စစ်ဆေးခြင်း၊ International Public Sector Accounting Standards, IPSAS နှင့် Compliance Audit ဘာသာရပ်များကိုလည်း ပို့ချပေးသွားမည်ဖြစ်ကြောင်း၊
- စာရင်းစစ်- ၁ များသည် စစ်ဆေးရေးအဖွဲ့၏ ခေါင်းဆောင်အဖြစ် တာဝန်ယူ ဆောင်ရွက်ကြရသည့်အတွက် အရေးပါသည့် တာဝန်ထမ်းဆောင်ကြရသူများဖြစ်ပြီး သတိသမ္ပဇဉ် အပြည့်ဖြင့် ဆောင်ရွက်ကြရန်၊ Professional Ethics များကို လိုက်နာကြရန်နှင့် ကျင့်ဝတ်စောင့်ထိန်း လိုက်နာကြသူများ ဖြစ်ရန် လိုအပ်ပါကြောင်း၊
- စစ်ဆေးရေး လုပ်ငန်းစဉ် တစ်လျှောက်လုံး စဉ်းစားချင့်ချိန်၍ သုံးသပ်ဆင်ခြင်ဉာဏ်ဖြင့် ချိတ်ဆက်တွေးခေါ် ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊
- စစ်ဆေးရေး လုပ်ငန်းသည် နိုင်ငံ့အကျိုးနှင့် ပြည်သူ့အကျိုးကို ထမ်းဆောင် ခြင်းဖြစ်၍ မွန်မြတ်ကြောင်း၊
- စစ်ဆေးရေးလုပ်ငန်းများကို ပြောင်းလဲလာသည့်ခေတ်နှင့်အညီ ရင်ဘောင် တန်းနိုင်အောင် အထူးကြိုးစားကြရန် လိုအပ်ကြောင်းနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ဥပဒေက အပ်နှင်းထားသောတာဝန်များကို ကျေကျေပွန်ပွန် ဆောင်ရွက်သွား ကြဖို့ တိုက်တွန်းပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။
၄။ အခမ်းအနားကို နံနက်( ၉ း ၃၀ ) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
