၁။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတွင် စာရင်းစစ်(၃) (လစာနှုန်းကျပ် ၁၉၈၀၀၀ -၂၀၀၀ -၂၀၈၀၀၀ ) နှင့် အငယ်တန်းလက်နှိပ်စက်ရိုက် (လစာနှုန်းကျပ် ၁၈၀၀၀၀ -၂၀၀၀-၁၉၀၀၀၀ ) ရာထူးနေရာများ အတွက် ၂၁-၈-၂၀၁၉ ရက် ကြေးမုံသတင်းစာနှင့် မြန်မာ့အလင်းသတင်းစာတို့၌ ကြော်ငြာထည့်သွင်း လျှောက်လွှာခေါ်ယူခဲ့ရာ လူတွေ့စစ်ဆေးခြင်းကို ၁၉ - ၉ -၂၀၁၉ ရက်နေ့ နှင့် ၂၀ - ၉ -၂၀၁၉ ရက်နေ့များတွင် ကျင်းပမည်ဖြစ်သဖြင့် ဖြေဆိုခွင့်ရှိသူ များကို အသိပေးအကြောင်းကြားပါသည်-
(က) ကျင်းပမည့်နေရာ - ရုံးအမှတ် (၁၂)၊ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်
(ခ) သတင်းပို့ရမည့်နေ့ရက် - ၁၈-၉-၂၀၁၉ /၁၉-၉-၂၀၁၉
(ဂ) ကျင်းပမည့်နေ့ရက်/အချိန် - ၁၉-၉-၂၀၁၉/၂၀-၉-၂၀၁၉၊ ၉ : ၀၀နာရီ
၂။ လူတွေ့စာမေးပွဲ လာရောက်ဖြေဆိုမည့်သူများသည် သတင်းပို့ရန်သတ်မှတ်ထားသည့်နေ့ရက် ရုံးချိန် (၉:၀၀ နာရီမှ ၄:၀၀ နာရီ ) အတွင်း စီမံရေးရာ၊ (ဝန်ထမ်းရေးရာ-၁)သို့ သတင်းပို့ရမည်ဖြစ်ပါသည်။
၃။ လူတွေ့စာမေးပွဲလာရောက်ဖြေဆိုမည့်သူများသည် အောက်ပါတို့ကို မိမိနှင့်တပါတည်း ယူဆောင်လာရန် ဖြစ်ပါသည်-
(က) ဘွဲ့လက်မှတ်မူရင်း/ပညာအရည်အချင်းသတ်မှတ်ချက်အတွက်အထောက်အထားမူရင်း
(ခ) အသက်အထောက်အထားအတွက်တက္ကသိုလ်ဝင်အောင်လက်မှတ် (သို့မဟုတ်) အခြေခံပညာအထက်တန်းအောင်လက်မှတ်မူရင်း
(ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း
(ဃ) အခြားကျွမ်းကျင်မှုဆိုင်ရာသင်တန်းဆင်းလက်မှတ်မူရင်း
၄။ ဤကိစ္စနှင့်စပ်လျဉ်း၍ အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၀၆၇-၄၀၇၂၈၈ သို့ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
၁။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတွင် စာရင်းစစ်(၃) (လစာနှုန်းကျပ် ၁၉၈၀၀၀ -၂၀၀၀ -၂၀၈၀၀၀ ) နှင့် အငယ်တန်းလက်နှိပ်စက်ရိုက် (လစာနှုန်းကျပ် ၁၈၀၀၀၀ -၂၀၀၀-၁၉၀၀၀၀ ) ရာထူးနေရာများ အတွက် ၂၁-၈-၂၀၁၉ ရက် ကြေးမုံသတင်းစာနှင့် မြန်မာ့အလင်းသတင်းစာတို့၌ ကြော်ငြာထည့်သွင်း လျှောက်လွှာခေါ်ယူခဲ့ရာ လူတွေ့စစ်ဆေးခြင်းကို ၁၉ - ၉ -၂၀၁၉ ရက်နေ့ နှင့် ၂၀ - ၉ -၂၀၁၉ ရက်နေ့များတွင် ကျင်းပမည်ဖြစ်သဖြင့် ဖြေဆိုခွင့်ရှိသူ များကို အသိပေးအကြောင်းကြားပါသည်-
(က) ကျင်းပမည့်နေရာ - ရုံးအမှတ် (၁၂)၊ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်
(ခ) သတင်းပို့ရမည့်နေ့ရက် - ၁၈-၉-၂၀၁၉ /၁၉-၉-၂၀၁၉
(ဂ) ကျင်းပမည့်နေ့ရက်/အချိန် - ၁၉-၉-၂၀၁၉/၂၀-၉-၂၀၁၉၊ ၉ : ၀၀နာရီ
၂။ လူတွေ့စာမေးပွဲ လာရောက်ဖြေဆိုမည့်သူများသည် သတင်းပို့ရန်သတ်မှတ်ထားသည့်နေ့ရက် ရုံးချိန် (၉:၀၀ နာရီမှ ၄:၀၀ နာရီ ) အတွင်း စီမံရေးရာ၊ (ဝန်ထမ်းရေးရာ-၁)သို့ သတင်းပို့ရမည်ဖြစ် ပါသည်။
၃။ လူတွေ့စာမေးပွဲလာရောက်ဖြေဆိုမည့်သူများသည် အောက်ပါတို့ကို မိမိနှင့်တပါတည်း ယူဆောင် လာရန် ဖြစ်ပါသည်-
(က) ဘွဲ့လက်မှတ်မူရင်း/ပညာအရည်အချင်းသတ်မှတ်ချက်အတွက်အထောက်အထားမူရင်း
(ခ) အသက်အထောက်အထားအတွက်တက္ကသိုလ်ဝင်အောင်လက်မှတ် (သို့မဟုတ်)
အခြေခံပညာအထက်တန်းအောင်လက်မှတ်မူရင်း
(ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း
(ဃ) အခြားကျွမ်းကျင်မှုဆိုင်ရာသင်တန်းဆင်းလက်မှတ်မူရင်း
၄။ ဤကိစ္စနှင့်စပ်လျဉ်း၍ အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၀၆၇-၄၀၇၂၈၈ သို့ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ် ၊ စက်တင်ဘာလ ၄ ရက်
၁။ ၂၀၁၉ ခုနှစ် ၊ စက်တင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၃ : ၀၀ နာရီ အချိန်တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ စာရင်းစစ် - ၃ များ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် ၄၉ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဆင်းလမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသူ/ သင်တန်းသား ၁၀၀ ဦး တက်ရောက်ခဲ့ပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည်-
- ယခုဖွင့်လှစ်သော လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းသည် စာရင်းစစ် - ၃ များအတွက် လုပ်ငန်းကို အခြေခံကျကျ ကျေကျေညက်ညက် နားလည်ဆောင်ရွက်တတ်စေရန် ပို့ချပေးခြင်းဖြစ်၍ အရေးကြီးကြောင်း၊
- ယခင်အပတ်စဉ်များတွင် ပို့ချသည့် ဘာသာရပ်များအပြင် အင်္ဂလိပ်စာ၊ ကွန်ပျူတာနှင့် Case Study ဘာသာရပ်အသစ် ၃ ခုကို ဖြည့်စွက်ပို့ချပေးခဲ့ပါကြောင်း၊
- စာရင်းစစ် - ၃ များသည် နိုင်ငံပိုင်ကဏ္ဍစာရင်းစစ်များ ( Public Sector Auditors ) ဖြစ်ကြပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေက အပ်နှင်းထားသော စာရင်းစစ်ဆေးခြင်းလုပ်ငန်းတာဝန်များကို ကျေကျေပွန်ပွန်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ မိမိအရည်အသွေးတိုးတက်နေစေရန် ကြိုးစားကြရမည်ဖြစ်ကြောင်း၊
- ယခုသင်တန်းတွင် စာရင်းစစ်ဆေးခြင်းဆိုင်ရာ အခြေခံသဘောတရားများ၊ အခြေခံစာရင်းပညာများ၊ စာရင်းစစ်ဆေးရာတွင် ကျင့်သုံးရမည့် စည်းမျဉ်းစည်းကမ်းများ၊ ဘဏ္ဍာရေးစည်းမျဉ်းများနှင့် စာရင်းစစ်များလိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များ စသည်တို့ကို စာတွေ့အပြင် လက်တွေ့အတွေ့အကြုံများနှင့် ပေါင်းစပ်ပို့ချပေးခဲ့ပါကြောင်း၊
- လုပ်ငန်းခွင်ပြန်လည်ရောက်ရှိသည့်အခါ လက်တွေ့အသုံးချရမည့် ဗဟုသုတ၊ ပညာရပ်များကို ပို့ချပေးခြင်းဖြစ်၍ သင်ခန်းစာများအားလုံး ကျေညက်ဖို့လိုကြောင်း၊ လွှတ်တော်လေ့လာရေးခရီးစဉ်တွင်လည်း နိုင်ငံ့ရေးရာဆောင်ရွက်ပုံ တစ်စိတ်တစ်ပိုင်းကိုလေ့လာခွင့်ရခဲ့ကြ၍ ယင်းအတွေ့အကြုံကို အသုံးချနိုင်မည်ဟု ယုံကြည်ကြောင်း၊
- စာရင်းစစ်ဆေးခြင်းလုပ်ငန်းသည် Team Work ဖြင့် ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်၍ တစ်ဦးတစ်ယောက်ချင်းစီ၏ အရည်အချင်းက အရေးကြီးသည့်အပြင် အစုအဖွဲ့နှင့် ဆောင်ရွက်တတ်ရန်လည်း လိုအပ်ကြောင်း၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို ထိန်းသိမ်းလိုက်နာကြရန် မှာကြားလိုကြောင်း၊
- သင်တန်းသူ / သင်တန်းသားများတစ်ဦးချင်းအနေဖြင့် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ပဓာနထား၍ မိမိတို့အဖွဲ့အစည်း၏ ဂုဏ်သတင်းကို ဆောင်ကြဉ်းနိုင်သူများ ဖြစ်ကြစေလိုကြောင်း။
၄။ သင်တန်းဆင်းပွဲအခမ်းအနားကို မွန်းလွဲ ၃ : ၃၀ နာရီတွင် ရုပ်သိမ်း၍ အခမ်းအနား တက်ရောက်လာသူများကို မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။