ပြည်ထောင်စုစာရင်းချုပ်ရုံး၏ (၁၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အခမ်းအနားအား ပြည်ထောင်စုစာရင်းချုပ်ရုံး၊ ရုံးအမှတ် (၁၂) နေပြည်တော်ရှိ စုပေါင်းခန်းမ၌ ၁-၁၁-၂၀၁၉ နေ့ နံနက် ၉:၃၀ နာရီတွင် ကျင်းပရာ ဘုရားကြီးကျောင်းတိုက်နှင့် ရတနာဘုမ္မိသာရကျောင်းတိုက် သံဃာတော်များထံ ကထိန်လျာဉတ်သင်္ကန်းကြီး နှင့် လှူဖွယ်ဝတ္ထုအစုစု ငွေကျပ် ၅,၆၈၄,၅၅၀ နှင့် ပစ္စည်းတန်ဖိုးကျပ် ၄,၁၇၂,၂၇၈ စုစုပေါင်း ကျပ် ၉,၈၅၆,၈၂၈ တို့အား ဆက်ကပ်လှူဒါန်းပြီး ဆရာတော်များမှ ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ခြင်း၊ အနုမောဒနာတရား ဟောကြားချီးမြှင့်ခြင်း နှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှဝေခြင်းတို့ကို ပြုလုပ်ကြပါသည်။ အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး)၊ ဒုတိယအမြဲတမ်းအတွင်းဝန် နှင့် ဒုတိယညွှန်ကြားရေးမှုးချုပ်များ၊ ညွှန်ကြားရေးမှူးများ နှင့် ဝန်ထမ်းများတက်ရောက်ကြပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းထုတ်ပြန်ချက်
၁။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက် ( အင်္ဂါနေ့ ) နံနက် ၉ : ၃၀ မှ ညနေ ၆ : ၀၀ နာရီ အထိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ညွှန်ကြားရေးမှူးများ စစ်ဆေးရေးလုပ်ငန်းနှင့် စီမံရေးရာကိစ္စရပ်များ ဆွေးနွေးသည့်အခမ်းအနား ကျင်းပခဲ့ပါသည်။
၂။ အဆိုပါဆွေးနွေးပွဲသို့ ရုံးအဖွဲ့၊ စီမံရေးရာ၊ လေ့ကျင့်ရေးနှင့်သုတေသနဦးစီးဌာနနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့် ရုံးချုပ်၊ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် ညွှန်ကြားရေးမှူး ၂၃ ဦး တက်ရောက်ခဲ့ပါသည်။
၃။ အနာဂတ်ကာလ စစ်ဆေးရေးလုပ်ငန်းဆောင်ရွက်ရာတွင် ကောင်းမွန်သောရေးသားတင်ပြမှု၊ တွေးခေါ်မှုနှင့် စစ်ဆေးရေးအထောက်အထား အချက်အလက်များစုစည်းရရှိမှု၊ သုံးသပ်စိစစ်မှုနှင့် စီမံရေးရာကိစ္စရပ်များကို ဆွေးနွေးသုံးသပ်ပြီး ရုံးချုပ်နှင့်ဒေသများအကြား အတွေ့အကြုံဗဟုသုတများ Sharing ပြုလုပ်နိုင်ရန်အတွက် ယခုဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း အမြဲတမ်းအတွင်းဝန်မှ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။
၄။ အောက်ပါအချက်များနှင့် စပ်လျဉ်း၍ ရုံးချုပ်နှင့်ဒေသများမှ တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြ ပါသည်။
- စစ်ဆေးရေးလုပ်ငန်းများအား နိုင်ငံတကာနှင့် ရင်ဘောင်တန်းဆောင်ရွက်နိုင်ရေးအတွက် တင်ပြသည့် စာရင်းစစ်အစီရင်ခံစာများ၏ အရည်အသွေးနှင့် ဖော်ပြရေးသားချက်များ ပြည့်စုံအားကောင်းခိုင်မာစေရန်နှင့် အချိန်မှန်တင်ပြနိုင်စေရေးအတွက် အစီအမံများ ပြုလိုခြင်း၊
- နိုင်ငံတကာတွင် ကျင့်သုံးသည့် ISSAIs Based Standards များအရ ဆောင်ရွက်မှုနှင့် မိမိတို့လက်ရှိဆောင်ရွက်မှုများ၏ ကွာဟမှုအခြေအနေများနှင့် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် Risk Area များအတွက် Planning Stage အား ကောင်းစွာပြင်ဆင် ဆောင်ရွက်ရန် လိုအပ်ခြင်း၊
- တိုင်းဒေသကြီး/ပြည်နယ်များ၏ ပြည်ထောင်စုမှ ရရှိသည့် Budget လိုငွေ၊ ထောက်ပံ့ငွေများ ရရှိမှု၊ သုံးစွဲမှုနှင့် အခွန်ဝေစုရရှိမှုများ၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာစစ်ဆေးချက် အစီရင်ခံစာတင်ပြမှု အခြေအနေနှင့်ဆိုင်သော အချက်အလက်များအား Sharing ပြုလုပ်၍ အပြန်အလှန်ဆွေးနွေးညှိနှိုင်းခြင်း၊
- လာမည့်ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး/ ပြည်နယ်များ၌ Video Conferencing အတွက် Budget တောင်းခံထားမှု၊ သုံးစွဲမှု၊ ပေးချေမှုနှင့် ဆောင်ရွက်ထားရမည့်လုပ်ငန်းစဉ်များ၊ ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုကိစ္စရပ်များ ဆွေးနွေးခြင်း၊
- National IT Expert မှ OAG Exchange Email အသုံးပြုနည်း၊ File Transfer Protocol Server ကို အသုံးပြု၍ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ရုံးများ သတင်းအချက်အလက်ဖလှယ်ခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများမှ ရုံးချုပ်သို့ Avirtual Poivate Network ဆက်သွယ်မှုကို အသုံးပြု၍ ဆက်သွယ်ခြင်းတို့ကို ရှင်းလင်းတင်ပြခြင်း၊
၅။ ဆွေးနွေးပွဲအခမ်းအနားကို ညနေ ၆:၀၀ နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ( ၁၇ ) ရက်
၁။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ( ၁၇ ) ရက်နေ့ နံနက် ( ၁၀ : ၀၀ ) နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ စာရင်းစစ် - ၁ များ လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် - ၃၅ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသူ/ သင်တန်းသား ( ၁၂၃ ) ဦး တက်ရောက်ခဲ့ပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က -
- ဤသင်တန်းကို လူ့စွမ်းအားအရင်းအမြစ်အားကောင်းရေး၊ စာရင်းပညာတိုးတက်ပြန့်ပွားရေးနှင့် အသိပညာဗဟုသုတများ လက်ဆင့်ကမ်းပို့ချရေး ရည်ရွယ်ချက်များနဲ့ ဖွင့်လှစ်ကြောင်း၊
- ဤရုံးအနေဖြင့် အစိုးရဌာနအဖွဲ့အစည်းများ၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများသည် ပြည်သူအတွက် ထိရောက်အကျိုးရှိစေရေး ထိန်းကျောင်းသည့် လုပ်ငန်းတာဝန်ကို ထမ်းဆောင်လျက်ရှိကြောင်း၊
- စာရင်းစစ်ဆေးရေးအဖွဲ့၏ ဦးဆောင်သူ Leader များဖြစ်သည့် စာရင်းစစ် - ၁ များ ၏ တွေးခေါ်မြော်မြင်နိုင်စွမ်းနှင့်ကျွမ်းကျင်မှုသည် အထူးအရေးကြီးကြောင်း၊
- စစ်ဆေးရေးလုပ်ငန်းစဉ်တစ်လျှောက်လုံး ပညာရှင်ပီသသော သတိသမ္ပဇဉ်ထားရှိ၍ အကြောင်းကိစ္စတစ်ရပ် ဖြစ်ပွားပေါ်ပေါက်ပါက ဖြစ်ပွားရသည့်အကြောင်းရင်းများ (Underlying Causes) နှင့် သက်ရောက်မှုကို အကဲဖြတ်နိုင်ရန်လိုကြောင်း၊
- ယခုသင်တန်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ဗဟုသုတများလည်း အသစ်ထည့်သွင်းထားပါကြောင်း၊
- စာရင်းစစ်-၁ များသည် လုပ်ငန်းဆောင်ရွက်ရာတွင် ရိုးဖြောင့်မှု(Integrity)၊ ဓမ္မဓိဋ္ဌာန်ကျမှု (Objectivity)၊ အတတ်ပညာပိုင်းဆိုင်ရာကျွမ်းကျင်မှု (Professional Competence)၊ လုံလောက်သောသတိသမ္ပဇဉ်ထားရှိမှု (Professional Due Care) နှင့် စာရင်းစစ်ကျင့်ဝတ်အရ ဆောင်ရန်ရှောင်ရန်များကို တိကျစွာပြုမူလိုက်နာဆောင်ရွက်မှု (Professional Behavior) စသည့်ကျင့်ဝတ်များကို စောင့်ထိန်းလိုက်နာရမည်ဖြစ်ကြောင်း၊
- ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကပေးအပ်သော လုပ်ငန်းတာဝန်များကို ထိရောက်အကျိုးရှိစွာဖြင့် ကျေကျေပွန်ပွန်ဆောင်ရွက်သွားကြရန် တိုက်တွန်းကြောင်း၊
အခမ်းအနားကို နံနက် ( ၁၀ : ၃၀ ) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

၁။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ( ၁၇ ) ရက်နေ့ နံနက် ( ၁၀ : ၀၀ ) နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ စာရင်းစစ် - ၁ များ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် - ၃၅ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသူ/ သင်တန်းသား ( ၁၂၃ ) ဦး တက်ရောက်ခဲ့ပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က -
- ဤသင်တန်းကို လူ့စွမ်းအားအရင်းအမြစ်အားကောင်းရေး၊ စာရင်းပညာတိုးတက်ပြန့်ပွားရေးနှင့် အသိပညာဗဟုသုတများ လက်ဆင့်ကမ်းပို့ချရေး ရည်ရွယ်ချက်များနဲ့ ဖွင့်လှစ်ကြောင်း၊
- ဤရုံးအနေဖြင့် အစိုးရဌာနအဖွဲ့အစည်းများ၏ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများသည် ပြည်သူအတွက် ထိရောက်အကျိုးရှိစေရေး ထိန်းကျောင်းသည့် လုပ်ငန်းတာဝန်ကို ထမ်းဆောင်လျက်ရှိကြောင်း၊