ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

ဒီပလိုမာစာရင်းကိုင်(ပထမပိုင်း)သင်တန်း ၂၀၂၀ခုနှစ်စာမေးပွဲအချိန်စာရင်း ထုတ်ပြန်ခြင်း

DA I 40 Exam Time Table
Discipline For Articles Order 2019
Discipline For Articles
Time Table For Qualifying to be recognized as CPA

အကြောင်းအရာ။                        အရည်အချင်းစစ်စာမေးပွဲကျင်းပရန်ကိစ္စ

၁။         မြန်မာနိုင်ငံစာရင်းကောင်စီ၏ ၂၀-၂-၂၀၁၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၁၅) အရ နိုင်ငံခြားတိုင်းပြည်များမှ အောက်ဖော်ပြပါ စာရင်းပညာဆိုင်ရာလက်မှတ် ရရှိထားသည့်နိုင်ငံသားများအား လက်မှတ်ရပြည်သူ့စာရင်းကိုင်များအဖြစ် မှတ်ပုံတင်ရန် အရည်အချင်းစစ်စာမေးပွဲ ကျင်းပမည်ဖြစ်ပါသည်-

            (က)     ACCA ၏စာမေးပွဲအားလုံး အောင်မြင်ပြီးသူများ

            (ခ)       CIMA ၏စာမေးပွဲအားလုံး အောင်မြင်ပြီးသူများ

(ဂ)       အထက်အပိုဒ်ခွဲ (က)၊ (ခ) တို့နှင့် အဆင့်တူသော နိုင်ငံခြားစာရင်းပညာဆိုင်ရာ လက်မှတ်ရရှိ ထားသူများ

၂။         အရည်အချင်းစစ်စာမေးပွဲကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ရန်ကုန်သင်တန်းကျောင်း၊ အမှတ် ၁/၁၉၊ သခင်မြပန်းခြံလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့တွင် အောက်ပါအတိုင်း ကျင်းပမည် ဖြစ်ပါသည်-   

စဉ်

ရက်စွဲ

အချိန်

ဘာသာရပ်

(က)

၁၅-၁-၂၀၂၀

၁၀ း ၀၀ နာရီ မှ ၁၃ း ၀၀ နာရီထိ

Commercial & Industrial Laws

(ခ)

၁၆-၁-၂၀၂၀

၁၀ း ၀၀ နာရီ မှ ၁၃ း ၀၀ နာရီထိ

Taxation

(ဂ)

၁၇-၁-၂၀၂၀

၁၀ း ၀၀ နာရီ မှ ၁၃ း ၀၀ နာရီထိ

Practical Auditing I & II

၃။         Commercial & Industrial Laws နှင့် Taxation ဘာသာရပ်များကို မြန်မာဘာသာဖြင့် လည်းကောင်း၊ Practical Auditing I & II ဘာသာရပ်ကို English ဘာသာဖြင့်လည်းကောင်း ဖြေဆို ရပါမည်။ စာမေးပွဲသင်ရိုးညွှန်းတမ်းကို ပူးတွဲဖော်ပြထားပါသည်။

၄။         သတ်မှတ်အရည်အချင်းပြည့်မီသော အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုလိုသူများသည် အထက်အပိုဒ် (၂)ပါလိပ်စာတွင် လျှောက်လွှာကြေး ကျပ် ၁,၀၀၀၊ စာမေးပွဲကြေး ကျပ် ၁၀၀,၀၀၀ ပေးသွင်း၍ ၁၈-၁၁-၂၀၁၉ နေ့မှ ၂၉-၁၁-၂၀၁၉ နေ့အတွင်း လျှောက်ထားနိုင်ပြီး ဖြေဆိုခွင့်ရရှိသူအမည်စာရင်းကို ၂၀-၁၂-၂၀၁၉ နေ့တွင် ထုတ်ပြန်ကြေညာပါမည်။                                    

 

စာစစ်ကော်မတီ

မြန်မာနိုင်ငံစာရင်းကောင်စီ

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း IFAD မှ Regional Finance Officer ဖြစ်သူ Mr. Alvaro Fernandez ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်နေ့၊ နံနက် ၉:၃၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဦးမော်သန်းသည် နိုင်ငံတကာစိုက်ပျိုးရေးဖွံ့ဖြိုးမှု ရန်ပုံငွေအဖွဲ့ (IFAD) မှ Regional Finance Officer ဖြစ်သူ Mr. Alvaro Fernandez ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ ပါသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံရှိ IFAD စီမံကိန်းများစစ်ဆေးခြင်းတွင် လိုက်နာကျင့်သုံးရမည့် နောက်ဆုံးရေးဆွဲထားသော IFAD Guidelines နှင့် TOR တို့နှင့်ပတ်သက်သည့် ဗဟုသုတများနှင့်စပ်လျဉ်း၍လည်းကောင်း၊ စစ်ဆေးချက်အစီရင်ခံစာ ထုတ်ပြန်ရာတွင် အများပြည်သူသို့ ထုတ်ဖော်ပြမှုဆိုင်ရာ မူဝါဒများနှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် ဗီယက်နမ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား စာရင်းကိုင်မူဝါဒနှင့်စစ်ဆေးရေးနည်းလမ်းများတွင် ကွဲပြားမှုများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် FARM Project အတွက် သင့်တော် မည့် Accounting Software တစ်ခု စတင်ရေးဆွဲရေးကိစ္စနှင့် စီမံကိန်းအသုံးစရိတ်များ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်နိုင်ရေးကိစ္စ စသည်တို့နှင့်စပ်လျဉ်း၍ အတွေ့အကြုံ၊ ဗဟုသုတများ ဖလှယ်ဆွေးနွေးခဲ့ကြပါ သည်။

အစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေး) နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

The Auditor General of the Union received the delegation led by Mr. Alvaro Fernandez, Regional Finance Officer of IFAD

The Auditor General of the Union received the delegation led by Mr. Alvaro Fernandez, Regional Finance Officer of International Fund for Agricultural Development (IFAD) at the call room of the Office of the Auditor General of the Union, Nay Pyi Taw at 9:30 a.m on October 31, 2019.

During the meeting, they discussed the knowledge of the latest IFAD Guidelines and TOR to be complied when performing external audit of IFAD projects in Myanmar and public disclosure policy of the audit report. They also discussed the difference in accounting policies and auditing procedures between Vietnam and Myanmar, development of an accounting software that could be suitable for the FARM project implemented by Ministry of Agriculture, Livestock and Irrigation and how the expenditure of the project could be published transparently.

In the meeting, the Director General of the Audit Department and responsible officials were also present.

The Auditor General of the Union received the Danish Public Accounts Committee
  1. U Maw Than, the Auditor General of the Union, received the delegation led by Mr.Henrik Thorup, Chairman of the Danish Public Accounts Committee, at the Meeting Room of the Office of the Auditor General of the Union, Nay Pyi Taw, at 11:00 a.m on 31st October, 2019.
  2. During the meeting, they discussed the relations and collaborations between the Joint Public Accounts Committee and the Office of the Auditor General of the Union, how Audit findings are uploaded to the website for publication, recruitment of the staff, actions taken if corruption is found in auditing process, internal audit functions and challenges of the Office of the Auditor General of the Union.   
  3. The Permanent Secretary, Director General (Audit Department), the Deputy Director Generals and responsible persons from the Office of the Auditor General of the Union attended the meeting.
ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းသည် ဒိန်းမတ်ပါလီမန် ၊ ပြည်သူ့ငွေစာရင်းကော်မတီ၏ ဥက္ကဋ္ဌ ဖြစ်သူ Mr.Henrik Thorup ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

၁။        ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် ဒိန်းမတ်ပါလီမန်၊ ပြည်သူ့ငွေစာရင်းကော်မတီ၏ ဥက္ကဋ္ဌဖြစ်သူ Mr.Henrik Thorup ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက် နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

၂။         ထိုသို့တွေ့ဆုံရာ၌ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့၏ ဆက်နွယ်ပူးပေါင်းဆောင်ရွက်မှုများ၊ စစ်ဆေးတွေ့ရှိချက်များကို အများပြည်သူသိရှိနိုင်ရန် Website တင်ပုံများ၊ ဝန်ထမ်းသစ်ခန့်အပ်ဆောင်ရွက်မှုများ၊ စစ်ဆေးမှုအပိုင်းတွင် အဂတိလိုက်စားမှုများကိုတွေ့ ရှိပါက လုပ်ဆောင်သည့်ကိစ္စရပ်များ ၊ ဌာနတွင်းစစ်ဆေးမှုလုပ်ငန်းများနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ဆွေးနွေးခဲ့ကြပါသည်။

၃။        အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ 

12nd Collective Maha Kathina donation ceremony held at the Office of the Auditor General of the Union

12nd Collective Maha Kathina donation ceremony of the office of the Auditor General of the Union was held at the assembly hall of the Office the Auditor General of the Union, office building No.12, Nay Pyi Taw at 9:30 a.m on 1 November, 2019. Maha Kathina robe and offertories, kyats 5,684,550 in cash and worth kyats 4,172,278 in kind, totaling amount kyats 9,856,828  were offered to the monks of the Bayargyi and the Yadanar Bhumithara monasteries. Venerable Sayadaws recited the Paritta Suttas, preached a sermon and merits for the donations made were shared. The Auditor General of the Union, the Permanent Secretary, the Director General (Audit Department) , the Deputy Permanent Secretary, Deputy Directors General, Directors and staff attended the ceremony.

Pages

Subscribe to Front page feed