1. Performance Audit and Compliance Audit Report Writing Workshop, led by advisors from the Office of the Auditor General of Norway (OAGN), Mrs. Ingvild Gulbrandsen, Ms. Ann-Kristin Nymo, Mr. Anders Pilskog and Mr. Ingvald Heldal, and attended by Performance Audit and Compliance Audit teams and other auditors from the Office of the Auditor General of the Union (OAGM), Offices of the Auditor General of Regions/ States, and various levels of Audit Offices, was held in the Assembly Hall and the Meeting Room in the OAGM in Nay Pyi Taw from 9th to 13th December, 2019.
2. Activities conducted in the workshop are presentations and group discussions on data and techniques regarding report writing, identifying audit findings and evidence by relevant audit teams as in a dinner party, discussing responses to audit findings and collection of audit evidence, follow-up on the completion of executing phase by the teams.
3. By holding the Workshop, participants gained knowledge on activities, techniques and procedures in the report writing in the Performance and Compliance Audits.
4. The Permanent Secretary, the Director General from the Audit Department, the Deputy Permanent Secretary, the Deputy Director Generals from the Audit Department, auditors from the OAGM, Offices of the Auditor General of Regions/ States and various levels of Audit Offices, a total number of 122, attended the workshop.
5. On the second day of the Workshop, the experts from OAGN met the Permanent Secretary, the Director General from the Audit Department, the Deputy Permanent Secretary and Deputy Director Generals from the Audit Department, and discussed the matters and procedures for the report writing process, matters for the management team to take part in the discussion about audit findings by relevant teams as in a dinner party during the workshop, and the way forward.
၁။ နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံး (OAGN) မှ အကြံပေးပုဂ္ဂိုလ်များဖြစ်ကြသည့် Mrs. Ingvild Gulbrandsen၊ Ms. Ann-Kristin Nymo၊ Mr. Anders Pilskog နှင့် Mr. Ingvald Heldal တို့ဦးဆောင်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများနှင့် စာရင်းစစ်ရုံး အဆင့်ဆင့်မှ Performance Audit နှင့် Compliance Audit အဖွဲ့များနှင့် အခြားစာရင်းစစ်ဝန်ထမ်းများသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိ နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမနှင့် အစည်းအဝေးခန်းမတို့၌ လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးခြင်းနှင့် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းလိုက်နာမှုစစ်ဆေးခြင်းတို့နှင့် စပ်လျဉ်းသည့် စစ်ဆေးချက်အစီရင်ခံစာရေးသားခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။ အလုပ်ရုံဆွေးနွေးပွဲ၌ စစ်ဆေးချက်အစီရင်ခံစာရေးသားခြင်းနှင့် စပ်လျဉ်းသည့် အချက်အလက်များနှင့် နည်းစနစ်များအတွက် Presentations နှင့် Group Discussions များဆောင်ရွက်ခြင်း၊ Dinner Party တစ်ခုကျင်းပပြုလုပ်သကဲ့သို့ သက်ဆိုင်ရာစစ်ဆေးရေးအဖွဲ့များမှ ဆောင်ရွက်ရာတွင် စစ်ဆေးတွေ့ရှိချက်များနှင့် စစ်ဆေးရေးအထောက်အထားများကို ခွဲခြားသတ်မှတ်ခြင်း၊ စစ်ဆေးရေးမေးခွန်းများကို ဖြေကြားချက်များနှင့် စစ်ဆေးရေးအထောက်အထားများ ကောက်ယူစုစည်းမှု အခြေအနေတို့ကို ဆွေးနွေးခြင်း၊ စစ်ဆေးရေးအဖွဲ့များ၏ Executing Phase တွင် ဆောင်ရွက်ပြီးစီးမှု အခြေအနေကို Follow-up ပြုလုပ်ခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ပါသည်။
၃။ အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်းအားဖြင့် တက်ရောက်သူများအား Compliance Audit နှင့် Performance Audit တို့၏ အစီရင်ခံတင်ပြခြင်းတွင် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ နည်းစနစ်များနှင့် လုပ်ထုံးလုပ်နည်းများ စသည်တို့နှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများ ရရှိစေပါသည်။
၄။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး)၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ (စစ်ဆေးရေး) နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံးများနှင့် စာရင်းစစ်ရုံး အဆင့်ဆင့်မှ စာရင်းစစ်ဝန်ထမ်း (၁၂၂) ဦး တက်ရောက်ခဲ့ကြပါသည်။
၅။ အလုပ်ရုံဆွေးနွေးပွဲရက် ဒုတိယနေ့တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး)၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ (စစ်ဆေးရေး)ထံ နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးမှ အကြံပေးပုဂ္ဂိုလ်များက လာရောက်တွေ့ဆုံပြီး အလုပ်ရုံဆွေးနွေးပွဲအတွင်းတွင် ပို့ချခဲ့သည့် အစီရင်ခံခြင်းဆိုင်ရာကိစ္စရပ်များနှင့် နည်းစနစ်များ၊ အလုပ်ရုံ ဆွေးနွေးပွဲအတွင်းတွင် Dinner Party တစ်ခုကျင်းပပြုလုပ်သကဲ့သို့ သက်ဆိုင်ရာ စစ်ဆေးရေးအဖွဲ့များမှ ဆောင်ရွက်ရာတွင် စစ်ဆေးတွေ့ရှိချက်များကို Management Team အနေဖြင့် ပါဝင်ဆွေးနွေးပေးရန် ကိစ္စရပ်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်
၁။ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၃ : ၀၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် ဒုတိယညွှန်ကြားရေးမှူးများမွမ်းမံသင်တန်းအမှတ်စဉ် ( ၁ / ၂၀၁၉ ) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဆင်းလမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသူ/ သင်တန်းသား ၆၂ ဦး တက်ရောက်ခဲ့ကြပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည် -
- ယခုသင်တန်းသည် ကထိကများ၏ အတွေ့အကြုံ၊ အသိပညာနှင့် သင်တန်းသားများ၏ အတွေ့အကြုံ၊ အသိပညာများ ပေါင်းစည်းဖလှယ်ရေး၊ မွမ်းမံသင်တန်းများဖွင့်လှစ်ခြင်းဖြင့် ဝန်ထမ်းများစွမ်းဆောင်ရည် ပိုမိုအားကောင်းရေးနှင့် စစ်ဆေးရေးလုပ်ငန်းကို ထိရောက်အကျိုးရှိစွာ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံနှင့်ပြည်သူ့အကျိုးစီးပွားကို မြှင့်တင်နိုင်ရန် ရည်ရွယ်ပါကြောင်း၊
- ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၈)အရ နိုင်ငံတော်၏ အရအသုံး စာရင်းများစစ်ဆေးခြင်း၊ လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးခြင်း၊ ဝန်ထမ်းဖွဲ့စည်းပုံ၊ ခန့်ထားခြင်း နှင့် လုပ်ငန်းတာဝန်ဆီလျော်မျှတမှုနှင့် အခြားတာဝန်များအပါအဝင် ထမ်းဆောင်ရမည့်တာဝန်များ ပိုမိုကျယ်ပြန့်လာပါကြောင်း၊
- ဥပဒေအရပေးအပ်ထားသည့်တာဝန်ကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန် မဟာဗျူဟာစီမံ ချက်( ၂၀၁၈ - ၂၀၂၂) ချမှတ်၍ အဆင့်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊
- ခေတ်စနစ်အရ နည်းပညာတိုးတက်မှုမြန်နှုန်းနှင့်အတူ သတင်းအချက်အလက် ပြောင်းလဲဖြစ်ပေါ် မှုများကို လက်လမ်းမီသိရှိကာ ပေါင်းစပ်ဆောင်ရွက်နိုင်သည့် အရည်အချင်းလိုအပ်ကြောင်း၊
- ပြောင်းလဲလျက်ရှိတဲ့ ခေတ်ရေစီးအရ အသစ်ဖြစ်သော ဗဟုသုတများ၊ အတွေးအမြင်သစ်များကို မျက်ခြည်မပြတ်လက်လှမ်းမီသိရှိနေရန် ကြိုးစားခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး၊ အဖွဲ့အစည်း တစ်ခုနှင့်တစ်ခု ချိတ်ဆက်ဆောင်ရွက်ရာတွင် ဗဟုသုတအလှမ်းကွာဟမှုမျိုး (Knowledge Gap) မရှိဘဲ လုပ်ငန်းကို ပို၍ ထိထိရောက်ရောက် လုပ်ကိုင်နိုင်စွမ်းရှိမည် ဖြစ်ပါကြောင်း၊
- မိမိတို့ တစ်ဦးချင်းစီ၏ အရည်အသွေးမြှင့်တင်ခြင်း၊ တာဝန်ကျေပွန်ခြင်း၊ စည်းကမ်းကောင်းမွန် ခြင်းဖြင့် မိမိတို့ရုံး၏ ဂုဏ်သတင်းကို ဆောင်ကြဉ်းနိုင်သော နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်ကြ ပါစေလို့ တိုက်တွန်းကြောင်း၊
၄။ သင်တန်းဆင်းပွဲအခမ်းအနားကို မွန်းလွဲ ၃ : ၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

The delegation led by U Maw Than, Union Auditor General, and Director General (Audit Department) and another participant as members, totalling three delegates, attended the 5th ASEANSAI Summit which was held in Kuala Lumpur, Malaysia from 4th to 7th November, 2019. Auditor Generals and representatives from ASEAN Countries and representatives from donor countries were present at the Summit.
The reports of the performance of the Head of Secretariat Function, the Strategic Planning Committee, the Rules and Procedures Committee, the Knowledge Sharing Committee and the Training Committee for the period 2018-2019 were presented respectively and approved. The 2nd Revision of ASEANSAI Rules and Procedures, the Upgraded ASEANSAI Guideline on Monitoring & Evaluation System and the ASEANSAI Guideline on Audit of Public Procurement were also approved.
During the summit, the Auditor General of Malaysia and the Auditor General of the Union of the Republic of the Union of Myanmar were appointed as the Chairman and Vice-Chairman of ASEANSAI for the tenure 2020-2021. Chairmen of ASEANSAI Committees were also approved and appointed for the tenure.
ပြည်ထောင်စုစာရင်းစစ်ချုပ် ဉီးမော်သန်း ဦးဆောင်သည့် ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး ဦးစီးဌာန) နှင့် အဖွဲ့ဝင် (၁) ဦး၊ စုစုပေါင်း (၃) ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့မှ (၇)ရက်နေ့အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ကျင်းပခဲ့သောအရှေ့တောင်အာရှ နိုင်ငံများဆိုင်ရာစာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ (၅) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ အရှေ့တောင်အာရှနိုင်ငံများမှ စာရင်းစစ်ချုပ်များ နှင့်ကိုယ်စားလှယ်များ၊ အခြားအလှူရှင်နိုင်ငံများမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် အဖွဲ့၏ အတွင်းရေးမှူးချုပ်ရုံး လုပ်ငန်းဆောင်ရွက်မှုအဖွဲ့အကြီးအကဲ၊ မဟာဗျူဟာစီမံချက်ရေးဆွဲရေးကော်မတီ၊ စည်းမျဉ်းနှင့်လုပ်ထုံးလုပ်နည်းကော်မတီ၊ အသိပညာမျှဝေရေးကော်မတီနှင့် လေ့ကျင့်ရေးကော်မတီတို့၏ ၂၀၁၈-၂၀၁၉ ခုနှစ်ကာလအတွင်းဆောင်ရွက်ခဲ့မှု များကို သက်ဆိုင်ရာများက အစီရင်ခံတင်ပြကြပြီး ၎င်းတို့အား အတည်ပြုခဲ့ပါသည်။ ယင်းအပြင် 2nd Revision of ASEANSAI Rules and Procedures၊ Upgraded ASEANSAI Guideline on Monitoring & Evaluation System နှင့် ASEANSAI Guideline on Audit of Public Procurement တို့ကိုလည်း အတည်ပြုနိုင်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် မလေးရှားနိုင်ငံစာရင်းစစ်ချုပ်နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်တို့ အား ၂၀၂၀ မှ ၂၀၂၁ ခုနှစ်အထိကာလအတွက် အဖွဲ့၏ ဉက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌများ အဖြစ် ခန့်အပ် တာဝန်လွှဲအပ်ခဲ့ပြီး သက်ဆိုင်ရာကော်မတီအသီးသီး၏ ဉက္ကဋ္ဌများကိုလည်း ပြန်လည်အတည်ပြုခန့်ထားခဲ့ကြပါသည်။