ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

ဒီပလိုမာစာရင်းကိုင်(ပထမပိုင်း)သင်တန်းအမှတ်စဉ် - ၄၁ ဖွင့်ပွဲအခမ်းအနား

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

သတင်းထုတ်ပြန်ချက်

       ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ     ၆   ရက်

၁။        ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ  ၆  ရက် နံနက်(၀၉:၀၀)နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ဒီပလိုမာစာရင်းကိုင်(ပထမပိုင်း)သင်တန်းအမှတ်စဉ် - ၄၁ ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ရာ မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားပါသည်။

၂။         အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသူ/သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။

၃။        အခမ်းအနားတွင် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည်-

-           မြန်မာနိုင်ငံစာရင်းကောင်စီ၏ အစီအစဉ်ဖြင့် ဖွင့်လှစ်သော ဒီပလိုမာစာရင်းကိုင်(ပထမပိုင်း) သင်တန်းအမှတ်စဉ် - ၄၁ ကို ၃-၂-၂၀၂၀ ရက်နေ့မှစ၍ သင်တန်းကာလ ၁၀ လကြာ ဖွင့်လှစ်မှာဖြစ်ကြောင်း၊

-           ဘာသာရပ်များကို Module 1, Module 2 ခွဲခြားသတ်မှတ်ထားပြီး စာရင်းရေးစာရင်းကိုင်၊ ဘောဂဗေဒ၊ စီးပွားရေးသင်္ချာနှင့် စာရင်းအင်းပညာဘာသာရပ်တို့ကို Module 1၊ ကူသန်းရောင်းဝယ်မှုအထွေထွေဗဟုသုတနှင့် စီးပွားရေးဥပဒေဘာသာရပ်တို့ကို Module 2 အနေနဲ့သတ်မှတ်ထားကြောင်း၊ 

-           ကနဦးဖြေဆိုချိန်တွင် ဘာသာရပ်အားလုံး ဖြေဆိုကြရမည်ဖြစ်ကြောင်း၊ Module တစ်ခု ထဲမှ ဘာသာရပ်အားလုံးအောင်မြင်ပြီး အခြား Module တစ်ခုထဲမှ ဘာသာရပ်တစ်ခုခု ကျရှုံးခဲ့လျှင် Module တစ်ခုအောင်မြင်သည်ဟု သတ်မှတ်ကြောင်း၊ ကျရှုံးသည့် Module ထဲမှ ဘာသာရပ်အားလုံးကို တစ်ဆက်တည်း ၃ ကြိမ်ပြန်လည်ဖြေဆိုခွင့်ပြုထားပြီး ၃ ကြိမ်အတွင်း အောင်မြင်မှုမရှိခဲ့လျှင် ဖြစ်စေ စာမေးပွဲဝင်ရောက်ဖြေဆိုခြင်းမရှိလျှင် ဖြစ်စေ ကနဦးစာမေးပွဲဖြေဆိုသည့်အတိုင်း ဘာသာရပ်အားလုံးကို ပြန်လည်ဖြေဆိုရမည် ဖြစ်ကြောင်း၊

-           ကျရှုံးသည့် Module တွင် ပါဝင်သည့်ဘာသာရပ်တိုင်း ၂၀ မှတ် အနည်းဆုံးရရှိပြီး Module 1 အတွက် ၃ ဘာသာပေါင်းရမှတ် ၇၅ မှတ်၊ Module 2 အတွက် ၂ ဘာသာပေါင်းရမှတ် ၅၀ နှင့်အထက်ရရှိမှသာ Pass ဖြစ်တဲ့ကျန် Module ကို အောင်မြင်တယ်လို့ သတ်မှတ်မှာဖြစ်ကြောင်း၊

-           DA များသည် Technician များဖြစ်သည့်အတွက် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် အထောက်အကူပြုနိုင်မည့်သူများဖြစ်ကြောင်း၊

-           အနာဂတ်ကာလတွင် ကျွမ်းကျင်သော စာရင်းပညာရှင်အများကြီး လိုအပ်လာမည်ဖြစ်သည့်အတွက် CPA ၏ အခြေခံဖောင်ဒေးရှင်းဖြစ်သည့် DA သင်တန်းသူ/သားများ ဖြစ်စေချင်ကြောင်း၊

-           စာရင်းပညာရှင်များအဖြစ် စာရင်းပညာရပ်ဆိုင်ရာအရည်းအချင်း ပြည့်ဝဖို့လိုအပ်သည့်အပြင် ပညာရှင်များစောင့်ထိန်းရမည့် ကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊

-           ကထိကများသည် ၎င်းတို့၏ကိုယ်ပိုင်အချိန်များကို သင်တန်းအတွက် အသုံးချပေးနေကြောင်း သင်တန်းသူ/သားများက အသိအမှတ်ပြုကာ ပို့ချမှုများအပေါ် လေးလေးစားစား နာယူမှတ်သားကြရန် မှာကြားလိုကြောင်း၊

-           သင်တန်းက ချမှတ်ထားသည့် စည်းကမ်းများကို လိုက်နာကြစေလိုကြောင်း၊

-           နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်အတွက် အားကိုးရသော စာရင်းပညာကျွမ်းကျင်သူများ ဖြစ်ရန် ကြိုးပမ်းကြစေလိုကြောင်း။

၄။        အခမ်းအနားကို နံနက်(၀၉:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

The Auditor General of the Union received the delegation led by Ms. Kelly Tek, Deputy Secretary of U.S. Embassy

U Maw Than, the Auditor General of the Union, received the delegation led by Ms. Kelly Tek, Deputy Secretary of the Embassy of the United States of America in Yangon, at the call room of the Office of the Auditor General of the Union, Nay Pyi Taw at 1:00 p.m. on January 22, 2020.

During the meeting, they discussed the collaboration between the United States and Myanmar by sending the staff to training courses for capacity building, matters of prioritized areas and possible opportunities, the annual report prepared by the United States Government on budget and fiscal transparency of countries all over the world, support provided by the United States Government if needed, matters of Financial Audit, Compliance Audit and Performance Audit conducted by the Office of the Auditor General of the Union, processes of submitting audit reports by the Union Auditor General and Region/State Auditor Generals as well as experiences and challenges regarding relevant scopes of public sector and private sector audits.

The Permanent Secretary, Director General of the Audit Department, Deputy Permanent Secretary and Deputy Director Generals from the Office of the Auditor General of the Union attended the meeting.

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း အမေရိကန်သံရုံးမှ ဒုတိယအတွင်းဝန် Ms. Kelly Tek ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၂) ရက်နေ့၊ နေ့လယ် ၁:၀၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဦးမော်သန်းသည် ရန်ကုန်မြို့ရှိအမေရိကန်သံရုံးမှ ဒုတိယအတွင်းဝန် Ms. Kelly Tek ဦးဆောင်သော အဖွဲ့အား ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊  ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် အမေရိကန်-မြန်မာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုအဖြစ် ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေးအတွက် သင်တန်းများစေလွှတ်နေမှုဆိုင်ရာ ကိစ္စရပ်များ၊ ဦးစားပေး နယ်ပယ်များနှင့် အခွင့်အလမ်းများဆိုင်ရာ ကိစ္စရပ်များ၊ ကမ္ဘာတစ်ဝန်းရှိနိုင်ငံများ၏ ရသုံးမှန်းခြေ ငွေစာရင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များတွင် ပွင့်လင်းမြင်သာမှု စသည်တို့နှင့်စပ်လျဉ်း၍ အမေရိကန်အစိုးရ၏ နှစ်စဉ်အစီရင်ခံစာ ပြုစုထုတ်ပြန်မှုနှင့် လိုအပ်နေသောနေရာများတွင် ပံ့ပိုးကူညီမှုများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတွင် လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများဖြစ်သည့် ဘဏ္ဍာရေးရှင်းတမ်းများစစ်ဆေးခြင်း၊ ဥပဒေ၊စည်းမျဉ်းများလိုက်နာမှုစစ်ဆေးခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်များ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်များ၏ စာရင်းစစ်အစီရင်ခံစာတင်သွင်းမှု လုပ်ငန်းစဉ်အဆင့်ဆင့်၊ ပြည်သူပိုင်ကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍစာရင်းစစ်ဆေးမှုတို့၏ သက်ဆိုင်ရာ နယ်ပယ်များနှင့် စပ်လျဉ်းသည့် အတွေ့အကြုံများ၊ စိန်ခေါ်မှုများကို ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ  တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတွင် IT Strategy Meeting ကျင်းပပြုလုပ်ခြင်း

ပြည်ထောင်စုစာရင်းစစ်ချူပ်ရုံးမှ ကြီးမှူးကျင်းပသော ပထမအကြိမ် သက်ကြီးပူဇော်ပွဲ အခမ်းအနား

Pages

Subscribe to Front page feed