၁။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဝန်ထမ်းများ အဂတိလိုက်စားမှုမှ တားဆီးကာကွယ်နိုင်ရေးအတွက် ဉပဒေ၊ နည်းဉပဒေ၊ ညွှန်ကြားချက်၊ ကျင့်ဝတ်သိက္ခာများနှင့်အညီ လိုက်နာကျင့်သုံးနိုင်ရေးအတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် ဟောပြောပွဲများကျင်းပခဲ့ရာ ၃၁-၁-၂၀၂၀ ရက်နေ့တွင် စစ်ဆေးရေးဌာနခွဲ (၄) ခုမှ ဝန်ထမ်း ၂၁၁ ဦး၊ ၁၀-၂-၂၀၂၀ ရက်နေ့တွင် စီမံရေးရာဌာနခွဲ၊ ကွန်ပျူတာဌာနခွဲ၊ သင်တန်းကျောင်းနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံး (နေပြည်တော်) မှ ဝန်ထမ်း ၁၄၈ ဦး၊ ၁၄-၂-၂၀၂၀ ရက်နေ့တွင် စစ်ဆေးရေး ဌာနခွဲ (၄) ခုမှ ရုံးအဖွဲ့မှ ဝန်ထမ်း ၁၇၆ ဦး တက်ရောက်ခဲ့ကြပါသည်။
၂။ ထို့အတူ ပြည်ထောင်စုနယ်မြေအတွင်းရှိ နေပြည်တော်စာရင်းစစ်ရုံးတွင် ၃၁-၁-၂၀၂၀ ရက်နေ့တွင် ဝန်ထမ်း ၂၁ ဦးဖြင့် လည်းကောင်း၊ ဉတ္တရခရိုင် စာရင်းစစ်ရုံးတွင် ဉတ္တရခရိုင်၊ ဉတ္တရသီရိ ၊ ပုဗ္ဗသီရိစာရင်းစစ်ရုံးများမှ ဝန်ထမ်း ၁၉ ဦး တို့ဖြင့် လည်းကောင်း၊ ဒဏ္ခိဏခရိုင်နှင့် ဒဏ္ခိဏသီရိစာရင်းစစ်ရုံးများတွင် ဝန်ထမ်း ၁၂ ဦးဖြင့် လည်းကောင်း၊ ဇေယျသီရိမြို့နယ် စာရင်းစစ်ရုံးတွင် ဝန်ထမ်း ၅ ဦး ဖြင့်လည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ်စာရင်းစစ်ရုံးတွင် ဝန်ထမ်း ၈ ဦး ဖြင့်လည်းကောင်း၊ တပ်ကုန်းမြို့နယ် စာရင်းစစ်ရုံးတွင် ဝန်ထမ်း ၉ ဦး ဖြင့်လည်းကောင်း၊ လယ်ဝေးမြို့နယ် စာရင်းစစ်ရုံးတွင် ဝန်ထမ်း ၁၃ ဦးဖြင့်လည်းကောင်း၊ ပျဉ်းမနားမြို့နယ် စာရင်းစစ်ရုံးတွင် ဝန်ထမ်း ၁၄ ဦးတို့ဖြင့်လည်းကောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆွေးနွေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ကြပါသည်။
၃။ ဟောပြောဆွေးနွေးပွဲများတွင် အဂတိလိုက်စားခြင်း၏ အဓိပ္ပါယ်ဖွင့်ဆိုမှု အဂတိ လိုက်စားမှု အကြောင်းအရာနှင့် အတွေးအခေါ်ပြောင်းလဲခြင်းဆိုင်ရာ အချက်များ ဝန်ထမ်းများ ရိုးသားမှုနှင့် ကျင့်ဝတ်သိက္ခာတို့ကို ပေါင်းစပ်ကျင့်သုံးလိုက်နာဆောင်ရွက်ကြရန် နိုင်ငံ့ဝန်ထမ်းဉပဒေ၊ နည်းဉပဒေများပါ ကျင့်ဝတ်သိက္ခာဆိုင်ရာ စောင့်ထိန်းရမည့် အချက်များကို လေးစား လိုက်နာကြရန်၊ ရှောင်ကျဉ်ရမည့် ကျင့်ဝတ်သိက္ခာများကို တိကျစွာလိုက်နာဆောင်ရွက်ရန် အချက်များနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့မှ ဖြန့်ဝေခဲ့သော ပညာပေးလက်ကမ်းစာစောင် အမှတ်(၁) ပါအချက်များအား ရှင်းလင်းပြောကြား ဆွေးနွေးကြပါသည်။

- U Maw Than, the Auditor General of the Union, received The German Agency for International Cooperation (GIZ) Mission led by Mr. Armin Hofmann, at the Office of the Auditor General of the Union, Nay Pyi Taw at 2:00 pm on 10th February, 2020.
- During the meeting, they discussed the areas that were supported by GIZ in the implementation of Banking and Financial Sector Development Program through Banking Sector Financial Reporting Standards Implementation Committee (BFRIC), the advice on strengthening that committee, the requirements for the implementation of the Program in the next three years.
- At the meeting, the Permanent Secretary, the Director General (Audit Department) and responsible persons from the Office of the Auditor General of the Union were present.
၁။ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် ဂျာမန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ) မှ Mr.Armin Hofmann ဦးဆောင်သောအဖွဲ့အား ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့၊ နေ့လယ် ၂:၀၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
၂။ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် GIZ အထောက်အပံ့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်ကို ဘဏ်လုပ်ငန်းကဏ္ဍ ဘဏ္ဍာရေးအစီရင်ခံခြင်းစံများ အကောင်အထည်ဖော်ရေးကော်မတီ (BFRIC) မှ တစ်ဆင့် ဆောင်ရွက်နေမှုများ၊ အဆိုပါကော်မတီကို ပိုမိုအားကောင်းလာစေရန် အကြံပြုချက်များ၊ လာမည့် (၃) နှစ်အတွင်း စီမံချက်အား ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်ချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
၃။ အဆိုပါဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေး) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
စာရင်းစစ် - ၃ များ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် - ၅၀
သင်တန်းသူ/ သားများ လွှတ်တော်လေ့လာရေးခရီးအစီအစဉ်
သတင်းထုတ်ပြန်ချက်
၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်သင်တန်းကျောင်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္တာမော် ဦးဆောင်သည့် အုပ်ချုပ်သူအဖွဲ့နှင့် စာရင်းစစ် - ၃ များ လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်း အမှတ်စဉ် - ၅၀ သင်တန်းသူ / သားများ စုစုပေါင်း ၁၂၄ ဦးတို့သည် ၇ - ၂ - ၂၀၂၀ ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ၁၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ ကျင်းပမှုများကို လေ့လာခဲ့ကြပါသည်။ ပြည်သူ့လွှတ်တော်အစည်းအဝေးပြီးနောက် အမျိုးသား လွှတ်တော်သို့ ဆက်လက်သွားရောက်လေ့လာခဲ့ရာ အမျိုးသားလွှတ်တော်ရုံးတာဝန်ရှိသူများက လွှတ်တော်ရေးရာဗဟုသုတများ၊ လွှတ်တော်ရေးရာကော်မတီများ ဖွဲ့စည်းထားရှိမှု၊ လွှတ်တော်ကိုယ်စားလှယ်များ ဆောင်ရွက်သည့်လုပ်ငန်းများ စသည်တို့ကို ရှင်းလင်းပေးခဲ့ကြပြီး လေ့လာသူများက သိရှိလို၍ မေးမြန်းမှုများကို ပြန်လည်ဖြေကြား ပေးခဲ့ကြပါသည်။ ပုံမှန်အစည်းအဝေးကျင်းပမှုများနှင့် အမျိုးသားလွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများက လွှတ်တော် အသီးသီး၏ လုပ်ငန်းဆောင်ရွက်ပုံ၊ လွှတ်ရေးရာဗဟုသုတများ၊ လွှတ်တော်အဆောက်အဦး ဖွဲ့စည်းမှုဆိုင်ရာ မှတ်သားဖွယ်ရာများကို ရှင်းလင်းပေးခဲ့ကြပြီး သင်တန်းသူ/ သားများကသိရှိလို၍ မေးမြန်းမှု များကိုလည်း ပြန်လည်ဖြေကြားပေးခဲ့ကြပါသည်။