၁။ Daiwa Securities Group Inc. ၏ စီစဉ်မှုဖြင့် MICPA ၊ JICPA နှင့် Daiwa Myanmar Japan Foundation (DMJF) တို့၏ လက်ရှိပူးပေါင်းဆောင်ရွက်မှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးရန် Virtual Meeting ကို ၁၃-၁၀-၂၀၂၀ ရက်နေ့၊ နေ့လယ် ၁:၃၀ နာရီတွင် ကျင်းပခဲ့ပါသည်။
၂။ အစည်းအဝေးတွင် MICPA ၊ JICPA နှင့် DMJF တို့ လက်မှတ်ရေးထိုးထားသည့် Tri-party MOU ကို သက်တမ်းတိုးနိုင်ရေး၊ ယင်း MOU အရ သင်တန်းအစီအစဉ်များ ပို့ချပေးနိုင်ရေး၊ မြန်မာ နိုင်ငံရှိ listed company များ၏ ဘဏ္ဍာရေးရှင်းတမ်းများ စာရင်းစစ်ဆေးခြင်းအတွက် တာဝန်ရှိသော မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း (MICPA) ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ MICPA ၏ စာရင်းစစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်မှုများဆိုင်ရာ အရည်အသွေး ပိုမိုတိုးတက်စေရေး၊ ဂျပန်နိုင်ငံစာရင်းကိုင်များ၏ အတွေ့အကြုံများကို အကောင်းဆုံး အသုံးချခြင်းဖြင့် မြန်မာနိုင်ငံ၏ စာရင်းနှင့် စာရင်းစစ်ဆေးခြင်းဆိုင်ရာအရည်အသွေး ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ရေးနှင့် မြန်မာနိုင်ငံ၏ အရင်းအနှီးဈေးကွက် (capital market) ပိုမိုတိုးတက်စေရေးစသည်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
၃။ အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံရေးရာ၊ လေ့ကျင့်ရေးနှင့် သုတေသနဦးစီးဌာန)နှင့် တာဝန်ရှိသူများ၊ JICPA မှ Chief Executive ၊ Daiwa Securities Group Inc. မှ Associate Director၊ DMJF ကိုယ်စား Myanmar Securities Exchange Centre Co.Ltd – MSEC မှ Managing Director ၊ MICPA မှ ဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌတို့ တက်ရောက်ခဲ့ကြပါသည်။
1. A virtual meeting to discuss current collaboration activities and way forward for further cooperation among Myanmar Institute of Certified Public Accountants (MICPA), Japanese Institute of Certified Public Accountants (JICPA), Daiwa Myanmar Japan Foundation (DMJF) was held at 1:30 pm on 13th October 2020 by the arrangement of Daiwa Securities Group Inc.
2. At the meeting, matters related to extending the Tri-Party MOU which was signed by MICPA, JICPA and DMJF, conducting Training Program under the MOU framework, upgrading the efficiency of MICPA which is responsible to audit the financial statements of Myanmar listed companies, enhancing the quality of MICPA in auditing, improving the quality of accounting and auditing in Myanmar by utilizing experiences of Japanese accountants, and promoting the capital market in Myanmar, were discussed.
3. The Auditor General of the Union, the Director General (Audit Department), the Deputy Director General (Administration, Training and Research Department) and the responsible officials from the Office of the Auditor General of the Union, the Chief Executive from JICPA, the Associate Director from Daiwa Securities Group Inc, the Managing Director from Myanmar Securities Exchange Centre Co.Ltd – MSEC on behalf of DMJF, the Chairman and the Vice Chairman from MICPA were present at the meeting respectively.
၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ၊ ၁၄ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည့် Coronavirus Disease 2019 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေပေးအပ်ပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် နှင့် ဝန်ထမ်းများကလှူဒါန်းသည့် အလှူငွေကျပ် လေးဆယ့်နှစ်သိန်းကို ပေးအပ်လှူဒါန်းခဲ့ပါသည်၊၊
၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ၊ ၁၄ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည့် Coronavirus Disease 2019 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေပေးအပ်ပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် နှင့် ဝန်ထမ်းများကလှူဒါန်းသည့် အလှူငွေကျပ် လေးဆယ့်နှစ်သိန်းကို ပေးအပ်လှူဒါန်းခဲ့ပါသည်၊၊
