ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

E-mail Security Appliance အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ဒီပလိုမာစာရင်းကိုင် (ဒုတိယပိုင်း) အမှတ်စဉ်-၃၉ စာမေးပွဲတွင် ထူးချွန်ဆု ရရှိသူများနှင့် ဘာသာရပ်အလိုက် ထူးချွန်ဆုရရှိသူများ စာရင်းထုတ်ပြန်ခြင်း
ဒီပလိုမာစာရင်းကိုင် (ဒုတိယပိုင်း) အမှတ်စဉ်-၃၉ သင်တန်းစာမေးပွဲ Module-1 နှင့် Module-2 ပြန်လည်ဖြေဆိုသူများ အောင်စာရင်းထုတ်ပြန်ခြင်း
ဒီပလိုမာစာရင်းကိုင် (ဒုတိယပိုင်း) သင်တန်းအမှတ်စဉ် - ၃၉ စာမေးပွဲအောင်စာရင်းထုတ်ပြန်ခြင်း
မြန်မာနိုင်ငံစာရင်းကောင်စီ (၁/၂၀၂၀) အစည်းအဝေးကျင်းပခြင်း

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံစာရင်းကောင်စီ (/၂၀၂၀) အစည်းအဝေးကျင်းပခြင်း

၁။        မြန်မာနိုင်ငံစာရင်းကောင်စီ (၁/၂၀၂၀) အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၂၄) ရက်နေ့ နံနက် ၁၀:၀၀ နာရီ၌ Video Conferencing ဖြင့် ကျင်းပခဲ့ရာ မြန်မာနိုင်ငံစာရင်းကောင်စီ ဥက္ကဋ္ဌ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ကောင်စီဝင်များ တက်ရောက်ခဲ့ကြပါသည်။

၂။         အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က အဖွင့်အမှာစကားပြောကြားပြီး ကောင်စီ၏ ၁/၂၀၁၉ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ပြင်ဆင်သည့်ကောင်စီဥပဒေအား အင်္ဂလိပ်ဘာသာသို့ပြန်ဆိုမှု၊ နည်းဥပဒေမူကြမ်းရေးဆွဲမှု၊ အလုပ်အမှုဆောင်အဖွဲ့နှင့် ကော်မတီများ ပြန်လည် ဖွဲ့စည်းမှု၊ ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များ၊ ရုံးအမိန့်များ၊ အစည်းအဝေး/ Seminar/ Workshop ကျင်းပမှု၊ အပြည်ပြည်ဆိုင်ရာစာရင်းပညာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင် ရွက်မှု၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်အသင်း၏ လုပ်ငန်းဆောင်ရွက်မှု၊ အစိုးရကဏ္ဍစာရင်း လုပ်ငန်းနယ်ပယ်တွင် လုပ်ကိုင်ဆောင်ရွက်နေသည့် စာရင်းပညာရှင်နှင့် စာရင်းကျွမ်းကျင်သူအင်းအားနှင့် ကောင်စီရုံးမှတ်တမ်းများအရ ပုဂ္ဂလိကကဏ္ဍစာရင်းနယ်ပယ်တွင် လုပ်ကိုင်ဆောင်ရွက်နေသည့် စာရင်း ပညာရှင်များ၏အင်အားအခြေအနေနှင့် စာရင်းကောက်ယူမည့်အခြေအနေ စသည်တို့ကို တင်ပြဆွေးနွေးခဲ့ ကြပါသည်။

၃။        ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ကောင်စီဥက္ကဋ္ဌက လုပ်ငန်းတာဝန်များ ပြည့်မြောက်အောင်မြင်စေ ရေး၊ နိုင်ငံပိုင်ကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍတို့တွင် စာရင်းပညာဖွံ့ဖြိုးရေးတို့အတွက် ကောင်စီဝင်များအနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ဝိုင်းဝန်းကြိုးပမ်းကြရန် မှာကြားခဲ့ပါသည်။

၄။        အစည်းအဝေးကို နေ့လည် ၁၂:၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

လက်မှတ်ရပြည်သူ့စာရင်းကိုင် (ဒုတိယပိုင်း) သင်တန်းအမှတ်စဉ်-၄၄ အား Online စနစ်ဖြင့် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာခြင်း
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ၁၆-၁၁-၂၀၂၀ ရက်နေ့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီး/ ပြည်နယ် စာရင်းစစ်ချုပ်ရုံးများ၏ အဆင့်မြင့်အရာရှိကြီးများအကြား ဗဟုသုတအမြင်များ ဖလှယ်ခြင်း၊ ဆွေးနွေးခြင်း

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

၁၆-၁၁-၂၀၂၀ ရက်နေ့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီး/ ပြည်နယ် စာရင်းစစ်ချုပ်ရုံးများ၏ အဆင့်မြင့်အရာရှိကြီးများအကြား ဗဟုသုတအမြင်များ ဖလှယ်ခြင်း၊ ဆွေးနွေးခြင်း

၁။      ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီး/ ပြည်နယ် စာရင်းစစ်ချုပ်ရုံး များ၏ အဆင့်မြင့်အရာရှိကြီးများအကြား ဗဟုသုတအမြင်များ ဖလှယ်ခြင်း၊ ဆွေးနွေး ခြင်းကို ၁၆-၁၁-၂၀၂၀ ရက်နေ့တွင် Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ပါသည်။

၂။       ဆွေးနွေးပွဲတွင် စစ်ဆေးရေးဦးစီးဌာန၊ စီမံရေးရာ၊ လေ့ကျင့်ရေးနှင့် သုတေသန ဦးစီးဌာန၊ ရုံးအဖွဲ့တို့မှ ရှင်းလင်းဆွေးနွေးကြပြီး တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ် ချုပ်ရုံး ညွှန်ကြားရေးမှူးများက သိလိုသည့်အချက်များ မေးမြန်းဆွေးနွေးခဲ့ကြပြီး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေး ကြပါသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်များ၏ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ (၁/၂၀၂၀) ကျင်းပခြင်း

ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့်

တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်များ၏

လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ (၁/၂၀၂၀) ကျင်းပခြင်း

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းထုတ်ပြန်ချက်

ရက်စွဲ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၁ ရက်နေ့

၁။      ပြည်ထောင်စုစာရင်းစစ်ချုပ် နှင့် တိုင်းဒေသကြီး / ပြည်နယ်စာရင်းစစ်ချုပ်များ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ (၁/၂၀၂၀) ကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများတွင် Video Conferencing စနစ်ဖြင့် ယနေ့နံနက်ပိုင်းက ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း တက်ရောက်အမှာစကား ပြောကြား ပါသည်။

၂။       ပြည်ထောင်စုစာရင်းစစ်ချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများနှင့် နေပြည်တော်ကောင်စီ စာရင်းစစ်ရုံးများအားလုံးအနေဖြင့် မိမိတို့နှင့်ပတ်သက်သော ပုဂ္ဂိုလ်အဖွဲ့အစည်းများ၊ ပြည်သူ များ၏ ယုံကြည်အားကိုးမှု ရရှိရန်ကြိုးပမ်းဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊ ယုံကြည် အားထားမှုရရှိရန် ပညာရှင်ကျင့်ဝတ်များ စောင့်ထိန်းကျင့်ကြံရမည်ဖြစ်ပါကြောင်း၊ ရိုးသား ဖြောင့်မတ်သမာဓိရှိမှု (Honesty Integrity)၊ အရည်အချင်းပြည့်စုံမှု၊ (Technical Competence)၊ လုံ့လဝိရိယနှင့် သတိသမ္ပဇဉ်ရှိမှု (Diligence Due care)၊ လျှို့ဝှက်ချက် ဆိုင်ရာထိန်းသိမ်း ဆောင်ရွက်မှု (Confidential)၊ ပြည်သူ့အကျိုးစီးပွား ဦးထိပ်တင် ဆောင်ရွက်မှု (Public Interest) တို့နှင့်အညီ ဆောင်ရွက်ပါက ပြည်သူများ၏ ယုံကြည်အားထားမှု ရရှိမည်ဖြစ်ကြောင်း၊ နိုင်ငံတကာစာရင်းစစ်ချုပ်ရုံးများက လိုက်နာရမည့် စံများ ISSAIs အရ စာရင်းစစ်ချုပ်ရုံးများသည် စစ်ဆေးခံအဖွဲ့မှလွတ်လပ်စွာရှိ၍ (Independence)၊ ဘက်လိုက်မှုကင်းပြီး (Impartiality)၊ ကိုယ်ကျိုးစီးပွား ဝိရောဓိကင်းစွာ (Conflict of interest) ဆောင်ရွက်ကြရန် လိုကြောင်း ပြောကြားပါသည်။

၂။       မိမိတို့၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန် ကျန်းမာပြီး ကိုယ်ခံအား ကောင်းရန် လိုအပ်ကြောင်း ၊ အထူးသဖြင့် ယခု ကဲ့သို့ Covid ရောဂါဖြစ်ပွား ကျရောက်နေချိန်တွင် ကံ၊ စိတ်၊ ဉတု၊ အာဟာရဆိုသည့်အချက် (၄) ခု အပြင် မိမိနေအိမ်တွင် ရှိရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန်၊ လုပ်ငန်းဆောင်ရွက်ရန် အပြင်ထွက်စဉ် နှာခေါင်းစည်း တပ်ဆင်ရန်၊ လက်အိတ်စွပ်ရန်၊ မကြာခဏ လက်ဆေး ကြောသန့်စင်ရန်၊ တစ်ရပ်တစ်ကျေးမသွားရန်တို့ကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်သို့ သွားရက်၊ နားရက်များလည်းသတ်မှတ်ထားရှိသဖြင့် နားရက်များတွင် မိမိ အတွက် လုပ်ငန်းခွင်အတွက် အကျိုးရှိစေမည့် ကိစ္စများကို ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ စစ်ဆေးရေးလုပ်ငန်းတွင် Financial Audit (FA), Compliance Audit (CA), Performance Audit (PA)တို့ ဆောင်ရွက်ရာ၌ Covid ကာလအတွင်း ရငွေများ၊ သုံးစွဲငွေများ၊ အန္တရာယ်သက်သာစေရေး၊ စားဝတ်နေရေးထောက်ပံ့ပေးငွေ၊ စီးပွားရေးကျဆင်းမှုသက်သာရန် ချေးငွေ၊ ထောက်ပံ့လျော့ပေးမှုဆိုင်ရာ သုံးငွေများစစ်ဆေးရန်ပါ တိုးမြှင့်လာသည့်အတွက် စိန်ခေါ်မှုများကို အောင်မြင်စွာ ရင်ဆိုင်ရမည် ဖြစ်ကြောင်း၊  လုပ်ငန်းဆောင်ရွက်ရာတွင် ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ အသိပညာအမျှော်အမြင်ထားရှိ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားပါသည်။ ၃။   ယခုကဲ့သို့သော လုပ်ငန်းညှိ အစည်းအဝေးကြီးအောင်မြင်ရေး အချိန်သတ်မှတ်ချက်အတွင်း ပြီးဆုံးနိုင်ရန်၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ တင်ပြချက်များ အဓိက သာမည ခွဲခြားပြီး ထိထိရောက်ရောက် အချင်းချင်းတင်ပြ ဆွေးနွေးချက်များ အာရုံစိုက်ရန်၊ အထူးသဖြင့် မှတ်သားဖွယ်အသိပညာ ဗဟုသုတဖြန့်ဝေမှုများမှ နည်းနာပညာများ ရယူရန် တိုက်တွန်းပါကြောင်း၊ လုပ်ငန်းဆောင်ရွက်မှု ကိစ္စရပ်အားလုံးအတွက် သတိရှိစွာဖြင့် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသွားပါသည်။

၄။      ထို့နောက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ် များမှ Video Conferencing စနစ်ဖြင့် ဆွေးနွေးတင်ပြကြပါသည်။

၅။      အဆိုပါလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

၆။      လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို နိုဝင်ဘာလ (၁၂) ရက်နေ့အထိ ဆက်လက်ကျင်းပသွား ပါသည်။

Pages

Subscribe to Front page feed