အဂတိလိုက်စားမှုတားဆီးကွယ်ရေးအဖွဲ့၊ ပညာပေးလက်ကမ်းစာစောင်(၃) ရှင်းလင်း ဆွေးနွေးခြင်းကို ရုံးအဖွဲ့( ဦးစီးရုံး၊ စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲ) ၊ ရုံးအဖွဲ့ ( မူဝါဒ၊ ဥပဒေ လုပ်ထုံးလုပ်နည်းစိစစ်ရေးနှင့် လုပ်ငန်းစစ်ဆေးရေးဌာနခွဲ၊ ဌာနတွင်းစာရင်းစစ်နှင့်ဘဏ္ဍာရေး ဌာနခွဲ) ၊ ရုံးအဖွဲ့ ( ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ ၊ အုပ်ချုပ်ရေး နှင့် လူ့အရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲ) ၊ စီမံရေးရာလေ့ကျင့်ရေးနှင့် သုတေသနဦးစီးဌာန၊ ၊ စီမံရေးရာနှင့် လေ့ကျင့်ရေးဌာန (ပစ္စည်း/ဘတ်ဂျက်)၊ စီမံရေးရာနှင့် လေ့ကျင့်ရေးဌာန (ဝန်ထမ်းရေးရာ/ သင်တန်းကျောင်း)နှင့် စစ်ဆေးရေးဦးစီးဌာန၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူးများက ဝန်ထမ်းများအား ရှင်းလင်းဆွေးနွေး ပေးကြပါသည်။
အဂတိလိုက်စားမှုတားဆီးကွယ်ရေးအဖွဲ့၊ ပညာပေးလက်ကမ်းစာစောင်(၃) ရှင်းလင်း ဆွေးနွေးခြင်းကို ရုံးအဖွဲ့( ဦးစီးရုံး၊ စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲ) ၊ ရုံးအဖွဲ့ ( မူဝါဒ၊ ဥပဒေ လုပ်ထုံးလုပ်နည်းစိစစ်ရေးနှင့် လုပ်ငန်းစစ်ဆေးရေးဌာနခွဲ၊ ဌာနတွင်းစာရင်းစစ်နှင့်ဘဏ္ဍာရေး ဌာနခွဲ) ၊ ရုံးအဖွဲ့ ( ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ ၊ အုပ်ချုပ်ရေး နှင့် လူ့အရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲ) ၊ စီမံရေးရာလေ့ကျင့်ရေးနှင့် သုတေသနဦးစီးဌာန၊ ၊ စီမံရေးရာနှင့် လေ့ကျင့်ရေးဌာန (ပစ္စည်း/ဘတ်ဂျက်)၊ စီမံရေးရာနှင့် လေ့ကျင့်ရေးဌာန (ဝန်ထမ်းရေးရာ/ သင်တန်းကျောင်း)နှင့် စစ်ဆေးရေးဦးစီးဌာန၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူးများက ဝန်ထမ်းများအား ရှင်းလင်းဆွေးနွေး ပေးကြပါသည်။
IDI-ASEANSAI Joint Webinar on Strengthening SAI Audit of SDG Implementation was chaired by SAI Malaysia and attended by representatives from ASEANSAI member countries at 1:30 pm on 9th September 2020 virtually with Blackboard platform to disseminate the awareness of IDI SDGs Audit Model (ISAM) among Heads of SAIs and senior officials before ASEANSAI members conduct Performance Audit on the Implementation of SDGs of the United Nations.
The meeting started with an opening address delivered by Hon. Mr.Khalid Abdullah Khan, Deputy Auditor General from the Performance Audit Department of SAI Malaysia, which is the Chair of ASEANSAI and Knowledge Sharing Committee - KSC.
During the meeting, Mr. Yudi Budiman, Manager from the Professional and Relevant SAIs Department of IDI discussed the objective of the meeting and invited panelists for discussion. Representatives from SAI Malaysia, SAI Indonesia, SAI Thailand and SAI Myanmar discussed SAI audits of SDG implementation respectively.
After the panel discussion, Ms. Archana Shirsat, Deputy Director General of IDI, introduced and discussed IDI SDGs Audit Model established to conduct linking with 2030 Agenda for Sustainable Development of the United Nations. Then panelists discussed regarding the questions raised by participants, led by Mr.Yudi Budiman as the Moderator. The closing remark was delivered by Hon. Mr. Khalid Khan Abdullah Khan, and the meeting concluded at 3:30 pm.
The Union Auditor General, the Permanent Secretary, the Director General (Audit Department), the Deputy Permanent Secretary, Deputy Director Generals and senior officials from the Office of the Auditor General of the Union were present at the meeting.
ကုလသမဂ္ဂ၏ SDG အကောင်အထည်ဖော်မှုဆိုင်ရာ Performance Audit ကို မဆောင်ရွက်မီ Heads of SAIs နှင့် Senior Officials များအကြား IDI SDGs Audit Model (ISAM) awareness ဖြစ်စေရန် ရည်ရွယ်၍ IDI-ASEANSAI Joint Webinar on Strengthening SAI Audit of SDG Implementation ကို SAI Malaysia က ဦးဆောင်၍ အဖွဲ့ဝင်နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များဖြင့် ၉-၉-၂၀၂၀ ရက်နေ့၊ နေ့လယ် ၁:၃၀ နာရီတွင် Blackboard platform ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ASEANSAI နှင့်Knowledge Sharing Committee-KSC ဥက္ကဋ္ဌဖြစ်သည့် SAI Malaysia မှ Performance Audit Department ၏ ဒုတိယစာရင်းစစ်ချုပ်ဖြစ်သူ Hon. Mr. Khalid Khan Abdullah Khan ကအဖွင့်မိန့်ခွန်းပြောကြား၍ အစည်းအဝေးကို စတင်ပါသည်။
အစည်းအဝေးတွင် IDI ၏ Professional and Relevant SAIs Department မှ Manager ဖြစ်သူ Mr. Yudi Budiman က အစည်းအဝေးကျင်းပရသည့် ရည်ရွယ်ချက်ကိုဆွေးနွေးပြီး panelist များကို ပါဝင်ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ပါသည်။ မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့မှ ကိုယ်စားလှယ်များက ကုသသမဂ္ဂက ချမှတ်ထားသည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် စပ်လျဉ်းသည့် စာရင်းစစ်ဆေးခြင်းကို ဆွေးနွေးခဲ့ကြပါသည်။
Panel Discussion ပြီးဆုံးသည့်အခါတွင် IDI ၏ ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သည့် Ms.Archana Shirsat ကကုလသမဂ္ဂ၏ ၂၀၃၀ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအစီအမံများနှင့် ချိတ်ဆက်၍ စာရင်းစစ်ဆေးရန်ချမှတ်ထားသည့် IDI SDG Audit Model ကိုမိတ်ဆက်ဆွေးနွေးပါသည်။ ထို့နောက် တက်ရောက်လာသောအဖွဲ့ဝင်များ၏ မေးမြန်းချက်များကို Mr. Yudi Budiman က ဦးဆောင်၍ panelists များနှင့် အပြန်အလှန်ဆွေးနွေးခဲ့ပါသည်။ ထို့နောက် Mr. Khalid Khan Abdullah Khan က အစည်းအဝေးနိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး မွန်းလွဲ ၃: ၃၀ နာရီတွင် အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး) ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
With the aim of developing knowledge sharing programmes among ASEANSAI member countries through exchange of ideas, experiences and current practices in the field of audit, ASEANSAI 2nd Knowledge Sharing Committee (KSC) Biennial meeting 2020-2021 was chaired by SAI Malaysia, the Chair of ASEANSAI and Knowledge Sharing Committee, and attended by representatives from ASEANSAI member countries at 8:00 am on 9th September 2020 virtually with Zoom platform.
At the meeting, H.E YBhg. Mr. Datuk Nik Azman Nik Abdul Majid, the Auditor General of SAI Malaysia, delivered the opening speech and the meeting was held with 13 activities of the agenda.
During the meeting, they discussed the planned activities in 2020-2021, revision on the ToR of KSC, appointment of Knowledge Sharing Experts (KSE) for 2022 and 2023, appointment of focal persons to streamline the communication, coordination and collaboration (CCC) among KSC members, funding of KSC activities and donor support of KSC activities, and the meeting concluded at 11:30 am.
The Union Auditor General in his capacity as the Vice Chair of ASEANSAI, the Permanent Secretary, the Director General (Audit Department), the Deputy Permanent Secretary and responsible senior officials from the Office of the Auditor General of the Union were present at the meeting.
ASEANSAI အဖွဲ့ဝင်နိုင်ငံများအကြား စစ်ဆေးရေးနယ်ပယ်တွင် အတွေးအမြင်များ၊ အတွေ့ အကြုံများနှင့် လက်တွေ့ကျင့်သုံးဆောင်ရွက်နေမှုများကို မျှဝေလျက် Knowledge Sharing Programme များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဒုတိယအကြိမ် Knowledge Sharing Committee (KSC) Biennial meeting 2020-2021 ကို ASEANSAI နှင့် Knowledge Sharing Committee ဥက္ကဋ္ဌ ဖြစ်သော SAI Malaysia က ဦးဆောင်၍ ASEANSAI အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များဖြင့် ၉-၉-၂၀၂၀ ရက်နေ့ ၊ နံနက် ၈:၀၀ နာရီတွင် Zoom Platform ဖြင့် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် SAI Malaysia ၏စာရင်းစစ်ချုပ် H.E YBhg. Mr. Datuk Nik Azman Nik Abdul Majid က အဖွင့်မိန့်ခွန်း ပြောကြားပြီး အစည်းအဝေးကို အစီအစဉ် ၁၃ ခုဖြင့် ကျင်းပခဲ့ ပါသည်။
အစည်းအဝေးတွင် ၂၀၂၀-၂၀၂၁ ခုနှစ်အတွက် ရေးဆွဲထားသည့်လုပ်ငန်းစဉ်များအား ဆွေးနွေးခြင်း၊ KSC ၏ ToR ပြင်ဆင်ထားမှုများအပေါ် ပြန်လည်ဆွေးနွေးခြင်း၊ ၂၀၂၂ ခုနှစ်နှင့်၂၀၂၃ ခုနှစ်အတွက် Knowledge Sharing Experts (KSE) များရွေးချယ်ခန့်အပ်ခြင်း၊ KSC အဖွဲ့ဝင်များအကြား ဆက်သွယ်မှု၊ ပူးပေါင်းဆောင်ရွက်မှုများ အဆင်ပြေလွယ်ကူနိုင်စေရန် Focal Persons များ ခန့်အပ်ခြင်း၊ KSC မှ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် ရန်ပုံငွေရရှိရေးနှင့် Donor Support နှင့်စပ်လျဉ်း သည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး နံနက် ၁၁:၃၀ နာရီတွင် အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ ASEANSAI ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သည့် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး) ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိ သူများတက်ရောက်ခဲ့ကြပါသည်။
ASEANSAI Task Force Meeting was chaired by SAI Malaysia and attended by representatives from ASEANSAI member countries at 12:30 pm on 8th September 2020 virtually with Zoom Platform to make recommendations, conduct studies and discussions on the need for legal capacity of ASEANSAI and share the results with all member countries.
At the meeting, H.E YBhg. Mr. Datuk Nik Azman Nik Abdul Majid, Auditor General of SAI Malaysia and Chairman of ASEANSAI delivered the opening speech by recalling the conclusion of Executive Committee meeting held at 8:00 am and the meeting was held with six activities of the agenda.
During the Meeting, they discussed the Terms of Reference (TOR) for the Establishment of Task Force on ASEANSAI Legal Capacity (TFALC) and to conduct study on the need of legal capacity. And it was agreed to appoint SAI Indonesia as the Chair of Task Force on ASEANSAI Legal Capacity (TFALC) by ASEANSAI members and the meeting concluded at 3:00 pm.
The Union Auditor General in his capacity as the Vice Chair of ASEANSAI, the Permanent Secretary, the Director General (Audit Department), the Deputy Permanent Secretary and responsible senior officials from the Office of the Auditor General of the Union were present at the meeting.
ASEANSAI ၏ Legal Capacity ပိုင်းဆိုင်ရာ လိုအပ်ချက်များအပေါ် အကြံပြုချက်များ ၊ လေ့ လာဆန်းစစ်မှုများ၊ ဆွေးနွေးမှုများပြုလုပ်ရန်နှင့် ယင်းမှရရှိလာသည့် ရလဒ်များကို အဖွဲ့ဝင်နိုင်ငံ များအားလုံးထံသို့ ပြန်လည်ဖြန့်ဝေနိုင်ရန် ရည်ရွယ်၍ ASEANSAI Task Force Meeting ကို SAI Malaysia မှဦးဆောင်ပြီး ASEANSAI အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များဖြင့် ၈-၉-၂၀၂၀ ရက် နေ့၊ နေ့လယ် ၁၂:၃၀ နာရီတွင် Zoom Platform ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ASEANSAI ဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံစာရင်းစစ်ချုပ် H.E YBhg. Mr. Datuk Nik Azman Nik Abdul Majid က နံနက် ၈:၀၀ နာရီတွင်ကျင်းပခဲ့သော Executive Committee Meeting တွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို အကျဉ်းချုပ်၍ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီး အစည်းအဝေးကို အစီအစဉ် ၆ ရပ်ဖြင့် ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် ASEANSAI ၏ Legal Capacity နှင့်စပ်လျဉ်းသည့်အဖွဲ့ ဖွဲ့စည်းရေး ဆိုင်ရာ Terms of Reference (ToR) နှင့် ASEANSAI အဖွဲ့အတွင်း ဥပဒေရေးရာလိုအပ်ချက်များ၊ လေ့လာရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး အင်ဒိုနီးရှားနိုင်ငံစာရင်းစစ်ချုပ်ရုံးအား ASEANSAI Legal Capacity အဖွဲ့ဥက္ကဋ္ဌအဖြစ်ခန့်အပ်ရန် ASEANSAI အဖွဲ့ဝင်များက သဘောတူညီခဲ့ကြပြီး နေ့လယ် ၃:၀၀ နာရီတွင် အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ ASEANSAI ၏ ဒုတိယဥက္ကဋ္ဌဖြစ်သည့် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေး) ၊ ဒုတိယအမြဲတမ်းအတွင်းဝန် နှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြပါသည်။
