ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းထုတ်ပြန်ချက်
၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ( ၂၅ )ရက်နေ့
၁။ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ( ၂၄ ) ရက်နေ့တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နှင့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများတွင် လက်ထောက်စာရင်းစစ်မှူးများ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် - ၅၁ သင်တန်းများဖွင့်လှစ်ခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတွင် သင်တန်းသူ / သင်တန်းသား ( ၅၁ ) ဦး၊ ကချင်ပြည်နယ်စာရင်းစစ်ချုပ်ရုံးတွင် သင်တန်းသူ / သင်တန်းသား ( ၆ ) ဦး ၊ စစ်ကိုင်းတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးတွင် သင်တန်းသူ / သင်တန်းသား ( ၂၆ ) ဦး၊ တနင်္သာရီတိုင်း ဒေသကြီးစာရင်းစစ်ချုပ်ရုံးတွင် သင်တန်းသူ / သင်တန်းသား ( ၁၀ ) ဦး၊ ပဲခူးတိုင်း ဒေသကြီး စာရင်းစစ်ချုပ်ရုံးတွင် သင်တန်းသူ / သင်တန်းသား ( ၃၈ ) ဦး၊ မကွေးတိုင်း ဒေသကြီး စာရင်းစစ်ချုပ်ရုံးတွင် သင်တန်းသူ / သင်တန်းသား ( ၁၅ ) ဦး၊ ရခိုင်ပြည်နယ် စာရင်းစစ်ချုပ်ရုံးတွင် သင်တန်းသူ / သင်တန်းသား ( ၂၉ ) ဦး၊ ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံးတွင် သင်တန်းသူ / သင်တန်းသား ( ၃၇ ) ဦး နှင့် ဧရာဝတီတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးတွင် သင်တန်းသူ / သင်တန်းသား ( ၂၄ ) ဦး စုစုပေါင်း ( ၂၃၆ ) ဦး ဖြစ်သော်လည်း ရခိုင်ပြည်နယ်စာရင်းစစ်ချုပ်ရုံးတွင် COVID – 19 ဖြစ်ပွားမှုအခြေ အနေကြောင့် သင်တန်းဖွင့်လှစ်နိုင်မှုမရှိခဲ့သဖြင့် စုစုပေါင်း ( ၂၀၇ ) ဦး သင်တန်းတက် ရောက်ခဲ့ပါသည်။
၂။ အဆိုပါသင်တန်းဖွင့်လှစ်မှုတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါအတိုင်း သင်တန်းဖွင့် လမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည် -
- ယခုဖွင့်လှစ်သော သင်တန်းသည် လက်ထောက်စာရင်းစစ်မှူးများအတွက် လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းဖြစ်၍ အရေးကြီးသောသင်တန်းဖြစ်ကြောင်း၊
- လက်ထောက်စာရင်းစစ်မှူးများသည် အခြေခံစာရင်းပညာ သင်ယူတတ်မြောက်ပြီးသူများ ဖြစ်ကြသော်လည်း လုပ်ငန်းခွင်တွင် လက်တွေ့ကျကျ ထိထိရောက်ရောက် တာဝန်ထမ်းဆောင်နိုင်ရန် ကျွမ်းကျင်မှုများ လိုအပ်နေသေးသည့်အတွက် ကျွမ်းကျင်သင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊
- လက်ထောက်စာရင်းစစ်မှူးများသည် နိုင်ငံပိုင်ကဏ္ဍစာရင်းစစ်များ (Public Sector Auditors) ဖြစ်ကြသဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေအရ အပ်နှင်းထားသော စာရင်းစစ်ဆေးခြင်းလုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင် ကြရမည်ဖြစ်ကြောင်း၊
- ယခုသင်တန်းတွင် စာရင်းစစ်ဆေးခြင်းဆိုင်ရာ အခြေခံသဘောတရားများ၊ အခြေခံစာရင်းပညာများ၊ စာရင်းစစ်ဆေးရာတွင် ကျင့်သုံးရမည့် စည်းမျဉ်းစည်းကမ်းများ၊ ဘဏ္ဍာရေးစည်းမျဉ်းများ၊ ဝန်ထမ်းစည်းမျဉ်းများ၊ စာရင်းစစ်ဆေးခြင်း နှင့် စပ်လျဉ်း၍ ISSAI Based Financial Audit, ISSAI Based Performance Audit, ISSAI Based Complainance Audit ၊ စောင့်ထိန်း ရမည့်ကျင့်ဝတ်များနှင့် ခေါင်းဆောင်မှုအပေါ်လိုက်ပါခြင်းစသည့် စာရင်းစစ်များ သိသင့် သိထိုက်သည်များကို ပို့ချပေးသွားမှာဖြစ်ကြောင်း၊
- ဘာသာရပ်ဆိုင်ရာသင်ကြားတဲ့ ကထိကများအနေနဲ့ မိမိတို့သင်ကြားတဲ့ ဘာသာရပ်တွေကို လက်တွေ့စာရင်းစစ်ဆေးတဲ့အခါမှာ Apply လုပ်လို့ရ အောင်ချိတ်ဆက်သင်ကြားပေးရန်၊ သင်ကြားတဲ့ဘာသာရပ်များကိုလည်း စာရင်းစစ်အမြင်နဲ့ ချဉ်းကပ်ပို့ချပေးရန်၊ မိမိရဲ့အတွေ့အကြုံကောင်းများကို မျှဝေသင်ကြားပေးစေရန် မှာကြားလိုကြောင်း၊
- လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချရမည့် ဗဟုသုတ၊ ပညာများကို ပို့ချပေး ခြင်းဖြစ်၍ ပို့ချသည့်သင်ခန်းစာများအားလုံး ကျေညက်ဖို့လိုကြောင်း၊
- သင်တန်းသူ/သားများသည် နိုင်ငံပိုင်ကဏ္ဍစာရင်းစစ်များဖြစ်ကြပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပါ ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ စာရင်းနှင့် လုပ်ငန်းစစ်ဆေးခြင်း လုပ်ငန်းတာဝန်များကိုပါ ကျေပွန်စွာထမ်းဆောင်ကြ ရမှာဖြစ်ကြောင်း၊ မိမိရဲ့လုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်ဖို့လိုအပ်တဲ့ အသိပညာ၊ အတတ်ပညာများကို ကျွမ်းကျင်မှုအရည်အချင်းပြည့်ဝနေရေး အစဉ်ကြိုးစားအားထုတ်နေကြဖို့လိုကြောင်း၊
- ဘဏ္ဍာရေးစာရင်းစစ်ဆေးခြင်း၊ လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးခြင်း၊ လိုက်နာမှု စစ်ဆေးခြင်းအပါအဝင် စစ်ဆေးရေးအထောက်အကူပြု ဘာသာရပ်အားလုံးကို လက်တွေ့လုပ်ငန်းခွင်မှာ ပြန်လည်အသုံးချရမည်ဖြစ်၍ သင်တန်းကာလအစ မှ အဆုံးအထိ ဇွဲလုံ့လရှိရှိ လေ့လာဆည်းပူးရန် မှာကြားလိုကြောင်း၊
- မိမိ၏ အထက်အကြီးအကဲက မိမိအပေါ် မျှော်လင့်သော အားကိုးအားထား ပြုနိုင်မှု(Reliability) ၊ အပေါင်းလက္ခဏာဆောင်သောအမြင်ရှိမှု(Positivism) ၊ တိုးတက်အောင်မြင်အောင် လုပ်ကိုင်လိုသောဆန္ဒရှိမှု (Ambition) ၊ ကြိုးစား အားထုတ်မှု (Effort) နှင့် အဖွဲ့အစည်းအပေါ်သစ္စာရှိမှု (Loyalty) အချက်များ ကိုလည်း ဖြည့်ဆည်းနိုင်အောင်ကြိုးစားကြရန် မှာကြားလိုကြောင်း၊
- သင်တန်းတွင် ပို့ချခဲ့သည်များကို ပြန်လည်ဆန်းစစ်သော စာမေးပွဲဖြေဆိုကြ ရမှာဖြစ်သဖြင့် ကြိုးစားလေ့လာသင်ယူကြစေလိုပြီး နိုင်ငံအတွက် အားကိုးရ သော စာရိတ္တကောင်းမွန်သော ဝန်ထမ်းကောင်းများဖြစ်ရေး ကြိုးပမ်းကြဖို့ တိုက်တွန်းမှာကြားခဲ့ပါသည်။

- Office of the Auditor General of the Union held the fourteenth Waso robe-offering ceremony in accordance with the instruction of the National Level Central Committee for Prevention, Control and Treatment of COVID-19 at the Assembly Hall of this Office, Nay Pyi Taw at 10:00 AM on August 12, 2020.
- At the ceremony, venerable Buddhist monks from Phayarkyi Monastery and Yadanar Bummithara Monastery in Pyinmana were present and the staff of the Office of the Auditor General of Union led by U Maw Than, Union Auditor General offered Waso robes and provisions to the monks.
- Then Union Auditor General and the Staff adopted five precepts from the venerable monks and shared the merits gained. After the ceremony, monks were offered meals and the staff were treated to Monghinga.
၁။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (၁၄) ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ၂၀၂၀ ပြည့်နှစ် ၊ ဩဂုတ်လ ၁၂ ရက်နေ့ ၊ နံနက် ၁၀:၀၀ နာရီတွင် ဤရုံး၊ စုပေါင်းခန်းမ၌ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီမှ ညွှန်ကြားချက်နှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။ အဆိုပါဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ ပျဉ်းမနားမြို့၊ ဘုရားကြီးကျောင်းတိုက်နှင့် ရတနာဘုမ္မိသာရကျောင်းတိုက်များရှိ သံဃာတော်အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများက ဝါဆိုသင်္ကန်းနှင့်တကွ လှူဖွယ်ပစ္စည်းအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြပါသည်။
၃။ ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့်တကွ ရုံးဝန်ထမ်းများသည် သံဃာတော် အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး အနုမောဒနာတရားနာယူ၍ ရေစက် သွန်းချအမျှဝေကြပြီးနောက် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကာ ရုံးဝန်ထမ်း များအား မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးပါသည်။
နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက်စတုတ္ထတစ်နှစ်တာကာလအတွင်း ပြုပြင်ပြောင်းလဲ တိုးတက်မှုအခြေအနေများကို ၈-၆-၂၀၂၀ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၇)၌ ၁၃:၀၀ နာရီမှ ၁၅:၀၀ နာရီအတွင်း ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ အခမ်းအနားသို့ ဤရုံး မှ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ ပြီး သတင်းထောက်များ၏ မေးမြန်းချက်များအား ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် အမြဲတမ်းအတွင်းဝန်တို့မှ ပြန်လည်ဆွေးနွေးရှင်းလင်းခဲ့ပါသည်။
Video မှတ်တမ်း (၂)

နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက်စတုတ္ထတစ်နှစ်တာကာလအတွင်း ပြုပြင်ပြောင်းလဲ တိုးတက်မှုအခြေအနေများကို ၈-၆-၂၀၂၀ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၇)၌ ၁၃:၀၀ နာရီမှ ၁၅:၀၀ နာရီအတွင်း ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ အခမ်းအနားသို့ ဤရုံးမှ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး သတင်းထောက်များ၏ မေးမြန်းချက်များအား ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် အမြဲတမ်းအတွင်းဝန်တို့မှ ပြန်လည်ဆွေးနွေးရှင်းလင်းခဲ့ပါသည်။
Video မှတ်တမ်း (၁)