ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့်တာဝန်ရှိသူများ IDI-ASOSAI SAI Leadership and Key Stakeholder Conversation Webinar သို့ တက်ရောက်ခြင်း

INTOSAI Development Initiative-IDI နှင့် အာရှတိုက်ဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASOSAI) တို့ ပူးပေါင်း၍ ၇-၁၂-၂၀၂၀ ရက်နေ့၊ နေ့လယ် ၁၂:၃၀ တွင် IDI-ASOSAI SAI Leadership and Key Stakeholder Conversation Webinar ကို ကျင်းပခဲ့ပြီး ယင်း webinar သို့ ASOSAI ခေါင်းဆောင်ပိုင်းမှ ပုဂ္ဂိုလ်များနှင့် stakeholder များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် IDI က COVID-19 အတွက် အရေးပေါ်ရန်ပုံငွေအသုံးပြုရာတွင်  ပွင့်လင်း မြင်သာမှု၊ တာဝန်ယူမှုနှင့် အားလုံးပါဝင်မှုတို့အပေါ် လိုက်နာဆောင်ရွက်မှုဆိုင်ရာ ပူးပေါင်းစာရင်းစစ် ဆေးခြင်း (TAI Audits- Global Cooperative Compliance Audits of Transparency, Accountability and Inclusiveness of the use of emergency funding for COVID-19) ၏ ဦးတည်ချက်များနှင့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို မိတ်ဆက်ဆွေးနွေးခဲ့ပါသည်။ ထို့နောက် တရုတ်နိုင်ငံစာရင်းစစ်ချုပ်ရုံး၊ အင်ဒိုနီးရှားနိုင်ငံစာရင်းစစ်ချုပ်ရုံး၊ မော်လ်ဒိုက်နိုင်ငံစာရင်းစစ်ချုပ်ရုံးနှင့် INTOSAI လိုက်နာဆောင်ရွက်မှုစစ်ဆေးခြင်းဆိုင်ရာ ဆပ်ကော်မတီတို့က COVID-19 အတွက် အရေးပေါ်ရန်ပုံငွေ အသုံးပြုမှုအပေါ် စာရင်းစစ်ဆေးခြင်းများမှ ရရှိခဲ့သည့် အတွေ့အကြုံဗဟုသုတများ၊ သင်ခန်းစာများကို ဝေမျှဖလှယ်ခဲ့ကြပါသည်။ International Budget Partnership နှင့် ကမ္ဘာ့ဘဏ်တို့က TAI Audits အပေါ်ရှုထောင့်အမြင်များကို တင်ပြဆွေးနွေးခဲ့ကြပြီးနောက် IDI နှင့် ASOSAI တို့က TAI Audits နှင့်စပ်လျဉ်းသည့်  ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများကို ဆွေးနွေးခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး)၊ ဒုတိယညွန်ကြားရေးမှူးချုပ် (နည်းပညာ/စစ်ဆေးရေး) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

 

Union Auditor General and responsible officials attended the IDI-ASOSAI SAI Leadership and Key Stakeholder Conversation Webinar

INTOSAI Development Initiative-IDI and Asian Organization of Supreme Audit Institutions-ASOSAI jointly held the IDI-ASOSAI SAI Leadership and Key Stakeholder Conversation Webinar at 12:30 pm on 7th December 2020. At the webinar, the representatives from the leadership of ASOSAI and stakeholders attended.

At the meeting, IDI introduced the objectives and processes of the Global Cooperative Compliance Audits of Transparency, Accountability and Inclusiveness of the use of emergency funding for COVID-19 (TAI Audits). Then SAI China, SAI Indonesia, SAI Maldives and INTOSAI Compliance Audit Subcommittee shared their respective experiences and lessons learned from the audits of emergency funding for COVID-19. The International Budget Partnership-IBP and the World Bank discussed the stakeholders’ perspectives on TAI Audits, and the IDI and the ASOSAI discussed the way forward on TAI Audits.

At the meeting, the Union Auditor General, the Permanent Secretary, the Director General (Audit Department), the Deputy Director General (Audit/ Methodology) and responsible officials were present.

 

နိုင်ငံတကာပြည်သူ့ကဏ္ဍစာရင်းစံများ အကောင်အထည်ဖော်မှု ကြိုတင်ပြင်ဆင်ရေးကော်မတီ (IPSAS Implementation Preparatory Committee -IIPC) (၃/၂၀၂၀) အစည်းအဝေး ကျင်းပခြင်း

နိုင်ငံတကာပြည်သူ့ကဏ္ဍစာရင်းစံများ အကောင်အထည်ဖော်မှု ကြိုတင်ပြင်ဆင်ရေး ကော်မတီ (IIPC) ၃/၂၀၂၀ အစည်းအဝေးကို ၁၀-၁၂-၂၀၂၀ရက်နေ့၊ နံနက်၁၀:၀၀နာရီတွင် WebEx link ဖြင့် Online ကျင်းပခဲ့ကြပါသည်။

အဆိုပါကော်မတီအစည်းအဝေးသို့  ကော်မတီဉက္ကဋ္ဌဖြစ်သည့် ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ဒုတိယဉက္ကဋ္ဌများဖြစ်သည့် ငွေတိုက်ဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ်နှင့် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် (ကိုယ်စား) ဒုတိယညွှန် ကြားရေးမှူးချုပ် ၊ အဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာ့စီးပွားရေးဘဏ်မှ အထွေထွေမန်နေဂျာနှင့် အတွင်းရေးမှူးဖြစ်သည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဒုတိယအမြဲတမ်းအတွင်းဝန်တို့ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးတွင် ၁၁-၉-၂၀၂၀ ရက်နေ့တွင်ကျင်းပခဲ့သော ၂/၂၀၂၀ အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်ရ မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် Chart of Account ရေးဆွဲရေးနှင့်စပ် လျဉ်း၍ လက်ရှိဆောင်ရွက်နေမှုအခြေအနေများနှင့် Chart of Account နှင့် Government Finance Statistics (GFS) ချိတ်ဆက်ဆောင်ရွက်ရမည့် အခြေအနေတို့နှင့်စပ်လျဉ်း၍ ငွေတိုက်ဦးစီးဌာနကလည်းကောင်း၊ အများလက်ခံကျင့်သုံးနေသည့် စာရင်းထားနည်းစနစ်မှ နိုင်ငံတကာပြည်သူ့ကဏ္ဍစာရင်းစံများ (IPSAS) သို့ အသွင်ကူးပြောင်းရေးနှင့်စပ်လျဉ်း၍ သိရှိဆောင်ရွက်ရန်လိုအပ်သည့် IPSAS နှင့် IFRS ဆက်နွယ်မှုများနှင့် Presentation of Budget Information in Financial Statements တို့ကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက လည်းကောင်း၊ GFS Methodology အရ Administration Classification ၊ Economic Classification နှင့် Macroeconomic Analysis ပြုလုပ်ခြင်းနှင့်စပ်လျဉ်း၍ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနကလည်းကောင်း အသီးသီးဆွေးနွေး တင်ပြခဲ့ကြပါသည်။

Holding the IPSAS Implementation Preparatory Committee – IIPC (3/2020) Meeting

International Public Sector Accounting Standards (IPSAS) Implementation Preparatory Committee – IIPC (3/2020) Online Meeting was held by WebEx link at 10:00 am on 10th December, 2020.

The Permanent Secretary from the Office of the Auditor General of the Union, Chair of the committee, the Director General from the Department of Treasury and the Deputy Director General on behalf of the Director General from the Department of Budget as Vice Chairs of the committee, Director General and Deputy Director General from the Office of the Auditor General of the Union, Deputy Director Generals from the Central Bank of Myanmar,  Department of Planning and the General Manager from the Myanmar Economic Bank as members, and the Deputy Permanent Secretary from the Office of the Auditor General of the Union as the Secretary of the committee, attended the online meeting.

In the meeting, the progress of implementation on the decisions of 2/2020 IIPC meeting which was held on 11th September, 2020 and the matters to be taken forward were discussed. Moreover, regarding the Chart of Account, “Current implementing Activities and Activities to be Related between the Chart of Account and Government Finance Statistics (GFS)” was discussed by the  Department of Treasury; regarding the transition from the generally accepted accounting principles to the IPSAS, “Relation between IPSAS and IFRS”, and “Presentation of Budget Information in Financial Statements” were discussed by the Office of the Auditor General of the Union; and “Administration Classification, Economic Classification and Macroeconomic Analysis according to the GFS Methodology” was discussed by the Department of Budget respectively.

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ကြီးမှူးကျင်းပသော သက်ကြီးပူဇော်ပွဲအခမ်းအနားသို့ ကြွရောက်ပေးပါရန် လေးစားစွာဖိတ်ကြားခြင်း
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ကြီးမှူးကျင်းပသော သက်ကြီးပူဇော်ပွဲအခမ်းအနားသို့ ကြွရောက်ပေးပါရန် လေးစားစွာဖိတ်ကြားခြင်း
13th Collective Maha Kathina donation ceremony held at the Office of the Auditor General of the Union

13th  Collective Maha Kathina donation ceremony of the Office of the Auditor General of the Union was held at the Bayargyi and the Yadanar Bhumithara monasteries on 26 November, 2020. Maha Kathina robe and offertories, kyats 4,999,600 in cash and worth kyats 2,441,450 in kind, totaling amount kyats 7,441,550 were offered to the monks. Venerable Sayadaws recited the Paritta Suttas, preached a sermon and merits for the donations made were shared.

Staff attended the ceremony from The Office of the Auditor General of the Union and  Nay Pyi Taw Audit office.

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ (၁၃) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အခမ်းအနား ကျင်းပခြင်း

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ (၁၃) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အခမ်းအနားအား ဘုရားကြီးကျောင်းတိုက်နှင့်     ရတနာဘုမ္မိသာရကျောင်းတိုက်တို့၌ ၂၆-၁၁-၂၀၂၀ ရက်နေ့ ၀၇:၀၀ နာရီတွင်  ကျင်းပရာ  ကထိန်လျာဉတ်သင်္ကန်းကြီး နှင့်   လှူဖွယ်ဝတ္ထုအစုစု ငွေကျပ်  ၄,၉၉၉,၆၀၀   နှင့် ပစ္စည်းတန်ဖိုး ကျပ် ၂,၄၄၁,၉၅၀ စုစုပေါင်း ကျပ်  ၇,၄၄၁,၅၅၀  တို့အား     သံဃာတော်အရှင်သူမြတ်များထံ    ဆက်ကပ်လှူဒါန်းပြီး ဆရာတော်များမှ ပရိတ် တရားတော်များ ရွတ်ပွားချီးမြှင့်ခြင်း၊ အနုမောဒနာတရားဟောကြားချီးမြှင့်ခြင်းနှင့် လှူဒါန်းမှု အစုစု တို့အတွက် ရေစက်သွန်းချ အမျှဝေခြင်းတို့ကို ပြုလုပ်ကြပါသည်။

          အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် နေပြည်တော်စာရင်းစစ်ရုံးတို့မှ ဝန်ထမ်းများတက်ရောက်ကြပါသည်။

စာရင်းကျွမ်းကျင်သူများ၏ အဆင့်သတ်မှတ်ချက် ဖြည့်စွက်သတ်မှတ်ခြင်း အမိန့်ကြော်ငြာစာ အမှတ်(၂၈/၂၀၂၀)
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝိသာခါ ပုဏ္ဏမီဂုဏ်ဝေ သီလရှင်ပရဟိတစာသင်တိုက်အတွင်းရှိ သီလရှင်များအတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဝန်ထမ်းများမှ အလှူငွေကျပ်ဆယ်သိန်း လှူဒါန်းခြင်း

၁။      နေပြည်တော် လယ်ဝေးမြို့ ဝိသာခါ ပုဏ္ဏမီဂုဏ်ဝေ သီလရှင်ပရဟိတ စာသင်တိုက်အတွင်းရှိ သီလရှင်များအတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဝန်ထမ်းများက လှူဒါန်းသည့် အလှူငွေ ဆပ်ကပ်လှူဒါန်းပွဲ ကို ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ဝိသာခါ ပုဏ္ဏမီဂုဏ်ဝေ သီလရှင်ပရဟိတစာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။       အဆိုပါလှူဒါန်းပွဲတွင် ဝိသာခါ ပုဏ္ဏမီဂုဏ်ဝေ သီလရှင်ပရဟိတစာသင်တိုက် ဆရာကြီး ဒေါ်ဇေယျသိင်္ဂီ ဂန္ထဝါစကပဏ္ဍိတ၊ ဝိနယဝိဒူအား ဒုတိယအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးများနှင့် လက်ထောက်ညွှန်ကြားရေးမှူးတို့မှ အလှူငွေ ကျပ် ဆယ်သိန်းနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။

 

Pages

Subscribe to Front page feed