ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

၈-၁၂-၂၀၂၂ ရက်နေ့တွင် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့်စာရင်းစစ်သင်တန်းကျောင်း (Advanced Accounting and Auditing Training School) ဖွင့်ပွဲအခမ်းအနားကို ၈-၁၂-၂၀၂၂ ရက်နေ့ နံနက် ၉ နာရီတွင် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဉီးစိုင်းလုံးဆိုင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့်  ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ဒုတိယစာရင်းစစ်ချုပ်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းမှ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးတို့က အဆင့်မြင့်စာရင်းကိုင်နှင့်စာရင်းစစ်သင်တန်းကျောင်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် သင်တန်းကျောင်းဆောင်ရှေ့မြက်ခင်းပြင်တွင် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်တို့က သင်တန်းကျောင်းကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် သင်တန်းကျောင်းအတွင်းရှိ စာသင်ခန်းများ၊ Theatre ခန်းမ၊ စာကြည့်တိုက်နှင့် သင်တန်းသားအိပ်ဆောင်များကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ယင်းနောက် သင်တန်းကျောင်း၊ မြေညီထပ်၊ ခတ္တာခန်းမတွင် အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်းဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်းသီချင်း Video Clip အား ပြသခဲ့သည်။

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်က အစိုးရစာရင်းကိုင်နှင့်စာရင်းစစ်သင်တန်းကျောင်းကို ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေအရ ခန့်အပ်ခဲ့သည့် နိုင်ငံတော်စာရင်းစစ်ချုပ်၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ၂၀၀၉ ခုနှစ်တွင် နေပြည်တော်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး နိုင်ငံ့ဝန်ထမ်းများအတွက် ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲမှုကို အထောက်အကူဖြစ်စေမည့် စာရင်းကိုင်နှင့်ရုံးလုပ်ငန်း ကျွမ်းကျင်မှုသင်တန်းများနှင့် စာရင်းပညာရပ်ဆိုင်ရာသင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျက်ရှိပါကြောင်း၊  နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည့် အရည်အချင်းပြည့်ဝပြီး ကျင့်ဝတ်သိက္ခာမြင့်မားသည့် စာရင်းပညာရှင်များ၊ စာရင်းကျွမ်းကျင်သူများ ပိုမိုလေ့ကျင့်မွေးထုတ်ပေးနိုင်ရန်၊ နိုင်ငံပိုင်နှင့်ပုဂ္ဂလိကပိုင်ကဏ္ဍ နှစ်ရပ်လုံးအတွက် စာရင်းကိုင်နှင့် စာရင်းစစ်ပညာသင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရန်နှင့် စာရင်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယခုသင်တန်းကျောင်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက် အရည်အသွေးမြင့်လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်မည့် သင်တန်းကျောင်းကြီး ပေါ်ထွက်လာခြင်းဖြစ်သဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ သမိုင်းမှတ်တိုင်တစ်ခုလည်းဖြစ်ပါကြောင်း၊ ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ဆောက်လုပ်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်၍ ဂုဏ်ယူဖွယ် မော်ကွန်းတစ်ခုလည်း ဖြစ်ပါကြောင်း၊ စာရင်းပညာနှင့် စာရင်းစစ်ပညာရပ်များသာမက စာရင်းကိုင်နှင့်စာရင်းစစ်ကျင့်ဝတ်များ လိုက်နာဆောင်ရွက်ရေးနှင့် စိတ်ဓာတ်နှင့်ခံယူချက်မြင့်မားရေးတို့ကိုလည်း အလေးထား သင်ကြားပို့ချပေးလျက်ရှိပါကြောင်း၊ ဆက်လက်၍ နိုင်ငံတကာအဆင့်မီ သင်ကြားမှုနည်းစနစ် နှင့် ခေတ်မီသင်ကြားရေးပစ္စည်းများဖြင့် သင်ကြားပို့ချနိုင်ရန်အတွက်လည်း  လိုအပ်သည့် အရင်းအမြစ်များကို နှစ်စဉ် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ခိုင်ခိုင်အောင်က သင်တန်းကျောင်းဆိုင်ရာအချက်အလက်များ၊ လက်ရှိဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် သင်တန်းများ၊ တိုးချဲ့ဖွင့်လှစ်သွားမည့်သင်တန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး သင်တန်းကျောင်းဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

၂-၁၂-၂၀၂၂ ရက်နေ့တွင် လက်မှတ်ရပြည်သူ့စာရင်းကိုင် (ပထမပိုင်း) သင်တန်း၊ အမှတ်စဉ် - ၄၆ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း

မြန်မာနိုင်ငံစာရင်းကောင်စီက ကြီးမှူးကျင်းပသည့် လက်မှတ်ရပြည်သူ့စာရင်းကိုင် (Certified Public Accountant–CPA) (ပထမပိုင်း) သင်တန်း၊ အမှတ်စဉ် - ၄၆ သင်တန်းဆင်းပွဲအခမ်းအနားကို ၂-၁၂-၂၀၂၂ ရက်နေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဦးတင်ဦးက လက်မှတ်ရပြည်သူ့စာရင်းကိုင်သင်တန်းများကို အရည်အချင်းပြည့်ဝသည့် စာရင်းပညာရှင်အရေအတွက် တိုးပွားစေရန် ရည်ရွယ်ပြီး ၁၉၇၂ ခုနှစ်မှစ၍ ဖွင့်လှစ်ခဲ့ရာ ယခုအချိန်တွင် စာရင်းပညာရှင် ၂၆၆၆ ဦးကို မွေးထုတ်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ယနေ့နိုင်ငံတော်တည်ဆောက်ရေးကာလတွင် နိုင်ငံတော်ဘဏ္ဍာကို ထိရောက်စွာစီမံခန့်ခွဲနိုင်ရန်အတွက် စာရင်းပညာရှင်များ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးသဖြင့် စာရင်းပညာ၏တန်ဖိုးကို သိရှိနားလည်ရန် လိုအပ်ပါကြောင်း၊ ထို့အပြင် အတတ်ပညာသာမက ကျင့်ဝတ်သိက္ခာလိုက်နာမှုနှင့် အသိပညာများတိုးပွားစေရန်ကိုလည်း ကိုယ်တိုင်လေ့ကျင့်ကြိုးစားအားထုတ်ကြရန် လိုအပ်ပါကြောင်း။

လက်မှတ်ရပြည်သူ့စာရင်းကိုင်သင်တန်းသည် ဘွဲ့လွန်သင်တန်းတစ်ခုဖြစ်ပြီး   စာရင်းပညာရှင်အဖြစ် သတ်မှတ်ပေးသည့် သင်တန်းတစ်ခုလည်းဖြစ်၍ သင်တန်းသားများ၏ အသက်မွေးဝမ်းကျောင်းအတွက် များစွာအထောက်အပံ့ဖြစ်စေမည်ဖြစ်ပါကြောင်း၊ ယနေ့လက်မှတ်ရပြည်သူ့စာရင်းကိုင် (ပထမပိုင်း) သင်တန်းဆင်းများသည် စာရင်းပညာရှင်တစ်ဉီးဖြစ်စေမည့် လေ့လာသင်ယူမှု ပထမအဆင့်ကို ရောက်ရှိနေပြီဖြစ်သဖြင့် မိမိတို့၏ရည်မှန်းချက်များ ပြည့် မြောက်စေရေးအတွက် ဆန္ဒ၊ ဝီရိယ၊ ပညာပေါင်းစပ်၍ မကြာမီဖြေဆိုရမည့် စာမေးပွဲတွင် ရလဒ်ကောင်းများရရှိစေရန် အားသွန်ခွန်စိုက်ကြိုးစားပြီး အရည်အချင်းပြည့်ဝသော စာရင်းပညာရှင်များဖြစ်စေရေး ကြိုးပမ်းကြစေလိုပါကြောင်း မှာကြားခဲ့သည်။

အဆိုပါသင်တန်းကို နေပြည်တော်သင်တန်းကျောင်းတွင်  သင်တန်းသား ၁၃၅ ဦးကို စာသင်ခန်းတက်ရောက် (Face To Face) ဖြင့်လည်းကောင်း၊ သင်တန်းသား ၂၉ ဦးကို Online ဖြင့်လည်းကောင်း၊ စုစုပေါင်း သင်တန်းသား ၁၆၄ ဦး  သင်ကြားပို့ချပေးခဲ့သည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် စာသင်ခန်းတက်ရောက် (Face To Face) သင်တန်းသားတို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းမျဉ်းများနှင့်အညီ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမမှလည်းကောင်း၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း (MICPA) မှ တာဝန်ရှိသူများနှင့် Online သင်တန်းသားတို့က Virtual စနစ်ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြသည်။

၃၀-၁၁-၂၀၂၂ ရက်နေ့တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ပဲခူးတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးနှင့် ခရိုင်၊ မြို့နယ် စာရင်းစစ်ရုံးများမှတာဝန်ခံအရာထမ်းများ တွေ့ဆုံခြင်း

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးသည် တာဝန်ရှိသူများနှင့်အတူ ၃၀-၁၁-၂၀၂၂ ရက်နေ့နံနက် ၉ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးနှင့် ခရိုင်၊ မြို့နယ်စာရင်းစစ်ရုံး တာဝန်ခံအရာထမ်းများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့သည်။

ဦးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ်က ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် ပြည်သူ့ ဘဏ္ဍာစီမံခန့်ခွဲစနစ်ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် ပြည်ထောင်စုစာရင်းစစ်ချုပ် ဉပဒေနှင့်အညီ  စစ်ဆေးခြင်းဖြင့် ကြီးကြပ်ထိန်းကျောင်းပေးလျက်ရှိပါကြောင်း၊ သို့ပါ၍ မိမိတို့ရုံး၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များကို သိရှိနားလည်ရန် လိုအပ်သကဲ့သို့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကျွမ်းကျင်မှုအရည်အသွေးများ ပြည့်ဝနေရန်လည်း လိုအပ်ပါကြောင်း၊ လုပ်ငန်းသဘာဝအရ အဖွဲ့ဖြင့် ဆောင်ရွက်ရသည့် ပညာရပ်ဆိုင်ရာလုပ်ငန်းဖြစ်၍ အပြန်အလှန်လေးစားမှုဖြင့် စည်းလုံးညီညွတ်စွာဆောင်ရွက်ကြရန်နှင့် လုပ်ငန်းဆိုင်ရာ အသိပညာ၊ ဗဟုသုတများကို စဉ်ဆက်မပြတ် လေ့လာသင်ယူနေကြရမည် ဖြစ်ပါကြောင်း၊ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျွမ်းကျင်မှုရှိစွာ၊ ရိုးသားဖြောင့်မတ် သိက္ခာသမာဓိရှိစွာ၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ထို့ပြင် စာရင်းစစ်ကျင့်ဝတ်သိက္ခာစောင့်ထိန်းမှုနှင့် သတင်းအချက်အလက် လုံခြုံမှုတို့ကိုလည်း အထူးဂရုပြုဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် နိုင်ငံတော်အပေါ်သစ္စာစောင့်သိလျက် မွန်မြတ်သောစိတ် စေတနာများဖြင့် ပြည်သူ့အကျိုးရှေးရှုဆောင်ရွက်နိုင်သည့် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြစေလိုပါကြောင်း မှာကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး၊ ညွှန်ကြားရေးမှူးနှင့် ခရိုင်၊ မြို့နယ်စာရင်းစစ်ရုံး တာဝန်ခံအရာထမ်းများက လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ အသီးသီးရှင်းလင်းတင်ပြကြသည်။ ယင်းနောက် အမြဲတမ်းအတွင်းဝန်က တင်ပြချက်များနှင့် စပ်လျဉ်း၍ ထပ်မံဖြည့်စွက်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုစာရင်းစစ်ချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ပဲခူးတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး၊ညွှန်ကြားရေးမှူးနှင့် ခရိုင်၊ မြို့နယ်စာရင်းစစ်ရုံးများမှ တာဝန်ခံအရာထမ်းများ စုစုပေါင်း ၅၀ဉီး တက်ရောက်ခဲ့ ကြသည်။

၂၉-၁၁-၂၀၂၂ ရက်နေ့တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊မြောက်ပိုင်းခရိုင် အတွင်းရှိ ခရိုင်၊မြို့နယ်စာရင်းစစ်ရုံးများမှဝန်ထမ်းများ တွေ့ဆုံခြင်း

Pages

Subscribe to Front page feed