မြန်မာနိုင်ငံစာရင်းကောင်စီ နှစ် (၅၀) ပြည့် ရွှေရတုအအထိမ်းအမှတ် အခမ်းအနားကို ၁၆-၁၂-၂၀၂၂ ရက်နေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဦးတင်ဦး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးဝင်းတည်၊ ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဒုတိယဥက္ကဋ္ဌ(၁) ဒေါ်နိုင်သက်ဦး၊ ကာကွယ်ရေးဉီးစီးချုပ်ရုံး (ကြည်း)ညွှန်ကြားရေးမှူးချုပ်(ငွေစာရင်းရုံး)၊ ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးမှ ဧည့်သည် တော်များ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူးများ ၊ တပ်မတော် ကြည်း၊ ရေ၊ လေ စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ်ရုံးမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံစာရင်းကောင်စီဝင်များ၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းမှ တာဝန်ရှိသူများနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဝန်ထမ်းများက စုပေါင်းခန်းမနှင့် အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်းခန်းမမှလည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် စာရင်းစစ်ချုပ်ရုံးများမှ ဝန်ထမ်းများ၊ အစိုးရဌာန၊ အဖွဲ့အစည်းများမှ စာရင်းပညာရှင်များနှင့် စာရင်းကျွမ်းကျင်သူများ၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းဝင်များနှင့် စာရင်းပညာစိတ်ပါဝင်စားသူများက Virtual စနစ်ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဦးတင်ဦးက အဖွင့်မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံစာရင်းကောင်စီကို ၁၉၇၂ ခုနှစ်မှ စတင်၍ ကျင့်ဝတ်သိက္ခာမြင့်မားပြီး အရည်အချင်းပြည့်မီသော စာရင်းပညာရှင်များ တိုးပွားလာစေရန်၊ စာရင်းပညာရပ်များ အစဉ်တစိုက် ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတကာစံများနှင့်အညီ လိုက်နာကျင့်သုံးနိုင်ရန်ရည်ရွယ်၍ ဖွဲ့စည်းဆောင်ရွက်လာခဲ့သည်မှာ ယခုအခါ နှစ် (၅၀) ရွှေရတုတိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ယခုအခမ်းအနားကို နှစ် (၅၀) ကာလအတွင်း မြန်မာနိုင်ငံစာရင်းကောင်စီနှင့် မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း၊ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ စာရင်းပညာရှင်များ ပူးပေါင်း၍ နိုင်ငံပိုင်နှင့်ပုဂ္ဂလိကပိုင်ကဏ္ဍနှစ်ရပ်လုံးတွင် စာရင်းပညာဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်မှုများကို ဂုဏ်ပြုသောအားဖြင့် ကျင်းပရခြင်းဖြစ်ပါကြောင်း။
ယနေ့နိုင်ငံတော်တည်ဆောက်ရေးကာလတွင် နိုင်ငံ၏ဘဏ္ဍာငွေစီမံခန့်ခွဲမှုအားကောင်းစေရန်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် စာရင်းပညာရှင်များ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ သို့ပါ၍ စာရင်းပညာရပ်များ ထွန်းကားပြန့်ပွားစေရေးနှင့် စာရင်းပညာရှင်များ ပိုမိုပေါ်ထွန်းလာစေရေးတို့အတွက် မြန်မာနိုင်ငံစာရင်းကောင်စီ၏ “စာရင်းပညာပြည့်ဝစွာဖြင့် ပျံ့သင်းဂုဏ်ရည်စာရင်းကောင်စီ” ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း၊ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ စာရင်းပညာရှင်များ ပူးပေါင်း၍ သမိုင်းအစဉ်အလာကောင်းများကို နောင်ရာပြည့်နှစ်များတိုင်အောင် ဆက်လက်ထိန်းသိမ်း လက်ဆင့်ကမ်းဆောင်ရွက်သွားကြစေလိုပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ(၁) ဒေါ်နိုင်သက်ဦးက မြန်မာနိုင်ငံစာရင်းကောင်စီ၏ နှစ် (၅၀) ပြည့် ရွှေရတုတိုင် ဖြစ်ပေါ်ပြောင်းလဲတိုးတက်မှုမှတ်တိုင်များကို တင်ပြခဲ့သည်။
ယင်းနောက် မြန်မာနိုင်ငံစာရင်းကောင်စီ နှစ် (၅၀) ပြည့် ရွှေရတုအထိမ်းအမှတ်သီချင်း Video Clip အား ဖွင့်လှစ်ပြခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံစာရင်းကောင်စီနာယကကြီးများနှင့် ဝါရင့်စာရင်းပညာရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ဂါရဝပြုပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များသည် မြန်မာနိုင်ငံစာရင်းကောင်စီ နှစ် (၅၀) ပြည့် ရွှေရတုအထိမ်းအမှတ်အနေဖြင့် ခင်းကျင်းပြသထားသည့် စာရင်းစစ်ချုပ်ရုံးသမိုင်းကြောင်းနှင့်မှတ်တမ်းများ ဓာတ်ပုံပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ထို့နောက် အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ လက်မှတ်ရပြည်သူ့ စာရင်းကိုင်သင်တန်း (ပထမပိုင်း၊ ဒုတိယပိုင်း) နှင့် ဒီပလိုမာစာရင်းကိုင်သင်တန်း (ပထမပိုင်း၊ ဒုတိယပိုင်း) တို့တွင် ထူးချွန်စွာအောင်မြင်သူများနှင့် ဆုရရှိသောစာတမ်းရှင်များအား ဆုချီးမြှင့်ခြင်း၊ မဂ္ဂဇင်းကလောင်ရှင်များ၊ တေးသီချင်းသီကုံးစပ်ဆိုသူ၊ မြန်မာနိုင်ငံစာရင်းကောင်စီနှစ် (၅၀)ပြည့် ဆောင်ပုဒ်ရေးသားသူ၊ Logo ဒီဇိုင်းရေးဆွဲသူနှင့် အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ၊ ဆပ်ကော်မတီအသီးသီးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အထိမ်းအမှတ်လက်ဆောင်များ ပေးအပ်ခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသူများအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
အခမ်းအနားတတိယပိုင်းတွင် “နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာ စံများ၏ လမ်းပြမြေပုံနှင့် မြန်မာနိုင်ငံ၌ ယင်း၏စိန်ခေါ်မှုများ”နှင့် “စာရင်းစစ်နှင့်စာရင်းကိုင်များ၏ အနာဂတ်အခန်းကဏ္ဍ” ခေါင်းစဉ်တို့ဖြင့် စကားဝိုင်းဆွေးနွေးပွဲများ ကျင်းပပြီး စကားဝိုင်းဆွေးနွေးသူများအား ဂုဏ်ပြုလက်မှတ်များချီးမြှင့်ခဲ့သည်။
ယင်းနောက် ဒုတိယစာရင်းစစ်ချုပ်က နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနား ကို ရုပ်သိမ်းခဲ့သည်။

မြန်မာနိုင်ငံစာရင်းကောင်စီ နှစ် (၅၀) ပြည့် ရွှေရတုအအထိမ်းအမှတ် အကြိုစာတမ်း ဖတ်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၄ ရက်မှ ၁၅ ရက်ထိ နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပခဲ့သည်။
စာတမ်းဖတ်ပွဲသို့ ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ (၁) ဒေါ်နိုင်သက်ဉီး၊ ဒုတိယဥက္ကဋ္ဌ (၂) ဦးဝမ်းတင်၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံစာရင်းကောင်စီနှင့် မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းတို့မှ တာဝန်ရှိသူများ၊ စာတမ်းရှင်များ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဝန်ထမ်းများနှင့် အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များက စုပေါင်းခန်းမနှင့်အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်းခန်းမမှလည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံးမှဝန်ထမ်းများ၊ အစိုးရဌာနအဖွဲ့အစည်းများမှ စာရင်းပညာရှင်များနှင့်စာရင်းကျွမ်းကျင်သူများ၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း ဝင်များနှင့် စာရင်းပညာစိတ်ဝင်စားသူများက Virtual စနစ်ဖြင့်လည်းကောင်း စုစုပေါင်း ၃၅၄ ဦး တက်ရောက်ခဲ့ကြသည်။
စာတမ်းဖတ်ပွဲပထမနေ့တွင် မြန်မာနိုင်ငံစာရင်းကောင်စီဒုတိယဥက္ကဋ္ဌ(၂) မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းဥက္ကဋ္ဌ ဦးဝမ်းတင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အိအိခိုင်က “နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများ (IPSASs) လိုက်နာကျင့်သုံးနိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်မှုများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခိုင်ဇင်ဝင်းက “စာရင်းပညာရှင်များ မွေးထုတ်ပေးလျက်ရှိသော မြန်မာနိုင်ငံစာရင်းကောင်စီ၏ ဆောင်ရွက်ချက်များ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝေမာသန်းဝင်းက “အစိုးရရင်းနှီးမြှုပ်နှံမှုတွင်ပါဝင်သည့် ဖက်စပ်ကုမ္ပဏီများနှင့် အစိုးရနှင့်ပုဂ္ဂလိကတို့ နည်းလမ်းအမျိုးမျိုးဖြင့် ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းများအား စစ်ဆေးသည့် အများပြည်သူသို့ စာရင်းဝန်ဆောင်မှုပေးသည့် လုပ်ငန်းလုပ်ကိုင်သူ (PAPP) များ၏ အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့်လည်းကောင်း စာတမ်းများကို ဖတ်ကြားဆွေးနွေးခဲ့ကြသည်။
စာတမ်းဖတ်ပွဲဒုတိယနေ့တွင် မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးမိုးကျော်က “အငယ်စား၊ အလတ်စားအဖွဲ့အစည်းများနှင့်သက်ဆိုင်သော နိုင်ငံတကာဆိုင်ရာဘဏ္ဍာရေးအစီရင်ခံခြင်းစံများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း ဘုတ်အဖွဲ့ဝင် ဒေါ်ခင်ပြည့်ဖြိုးက “မြန်မာနိုင်ငံအတွက်အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် လိုက်နာကျင့်သုံးရန် အငယ်စားစာရင်းဆိုင်ရာမူဘောင် (Micro Accounting Model – MAM)” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Capstone Group Founder ဉီးသူလှိုင်ထွန်းနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းခင်အေးမွန်က “The Impact of Digital Transformation for Accountancy Professional in Myanmar and Digitalization Audit in Public Sector” ခေါင်းစဉ်ဖြင့်လည်းကောင်း စာတမ်းများဖတ်ကြားခဲ့ကြပြီး Online နှင့် In-Person တက်ရောက်သူများ၏ မေးခွန်းများအား ပြန်လည်ဖြေကြား၍ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ (၁) ဒေါ်နိုင်သက်ဦးက ယခုအခမ်းအနားသည် မြန်မာနိုင်ငံစာရင်းကောင်စီမှ မွေးထုတ်ပေးခဲ့သည့် အစိုးရနှင့်ပုဂ္ဂလိကဏ္ဍရှိ စာရင်းပညာရှင်များ ပူးပေါင်းဆောင်ရွက်နိုင်မှု သမိုင်းမှတ်တိုင် တစ်ခုဖြစ်ပါကြောင်း၊ စာတမ်းဖတ်ပွဲမှ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် အခြားဝန်ကြီးဌာန များပူးပေါင်း၍ နိုင်ငံပိုင်ကဏ္ဍတွင် နိုင်ငံတကာစံများ (IPSASs) လိုက်နာကျင့်သုံးရေးဆောင် ရွက်လျက်ရှိသည့်အခြေအနေများ၊ မြန်မာနိုင်ငံစာရင်းကောင်စီ၏ စာရင်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံတွင်းနှင့် အာဆီယံဒေသတွင်း ပူးပေါင်းမှုများ၊ နိုင်ငံ၏လိုအပ်ချက်အရ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများလိုက်နာကျင့်သုံးရမည့် ဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံနှင့် စာရင်းဆိုင်ရာမူဘောင်များ၊ စာရင်းပညာရှင်များအပေါ် ဒီဂျစ်တယ်အသွင်ကူးပြောင်းမှု၏ သက်ရောက်မှုများနှင့် IT Audit ဆိုင်ရာများကို လေ့လာသိရှိ ရသည့်အတွက် စာတမ်းဖတ်ပွဲသို့ တက်ရောက်လာသူများအနေဖြင့် မိမိတို့နှင့် သက်ဆိုင်ရာ နယ်ပယ်အလိုက် ပြန်လည်အသုံးချနိုင်သည့် အကျိုးကျေးဇူးများရရှိမည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံစာရင်းကောင်စီအနေဖြင့်လည်း လတ်တလောနှင့်ရှေ့ကာလများတွင် စာရင်းပညာဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သင့်သည်များကို မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့ စာရင်းကိုင်များအသင်းတို့ပူးပေါင်း၍ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
အဆိုပါစာတမ်းဖတ်ပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းမှ စာရင်းပညာရှင်များအပါအဝင် အကဲဖြတ်ဒိုင် ၁၂ ဦး က အကောင်းဆုံးစာတမ်းရှင်သုံးဦးအား ရွေးချယ်၍ မြန်မာနိုင်ငံစာရင်းကောင်စီ နှစ် (၅၀) ပြည့် ရွှေရတုအထိမ်းအမှတ်အခမ်းအနားနေ့၌ ဆုချီးမြှင့်သွားမည်ဖြစ်သည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်သင်တန်းကျောင်းတွင် ဖွင့်လှစ်သည့် လက်ထောက်ညွှန်ကြားရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း၊ အမှတ်စဉ် (၃/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၁၂-၁၂-၂၀၂၂ ရက်နေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပရာ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဒုတိယစာရင်းစစ်ချုပ်က ယခုသင်တန်းကို အများလက်ခံကျင့်သုံးလျက်ရှိသည့် စာရင်းစစ်စံ (Generally Accepted Auditing Standard-GAAS) မှ စာရင်းစစ်ချုပ်ရုံးများလိုက်နာရမည့် နိုင်ငံတကာစံ (International Standards of Supreme Audit Institutions - ISSAIs) သို့ ကူးပြောင်းဆောင်ရွက်ရာတွင် နိုင်ငံတကာစံများကို သိရှိနားလည်ပြီး စနစ်တကျ လိုက်နာဆောင်ရွက်နိုင်ရန်၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် စစ်ဆေးရေးစွမ်းဆောင်ရည်မြင့်မားစွာဖြင့် အရည်အသွေးပြည့်ဝသော စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာများ ထုတ်ပြန်မှုတွင် ပိုမိုအထောက်အကူပြုနိုင်ရန်နှင့် တိုင်းဒေသကြီး/ ပြည်နယ်၊ ဒေသရုံးများတွင် ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် “ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်စေရေးထိန်းကျောင်းပေး” ဟူသော ဆောင်ပုဒ်နှင့်အညီ ခွင့်ပြုဘဏ္ဍာရန်ပုံငွေများကို လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် စနစ်တကျစီမံခန့်ခွဲသုံးစွဲစေရေးတို့အတွက် စစ်ဆေးခြင်းဖြင့် ထိန်းကျောင်းပေးလျက်ရှိပါကြောင်း၊ သို့ပါ၍ လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် ပြည်သူ့အတွက် ထိရောက်အကျိုးရှိသည့် ရလဒ်ကောင်းများ ရရှိစေရန်အတွက် စစ်ဆေးရေးနှင့်စီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်မှုအရည်အချင်းများသာမက အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် မိမိရုံးဝန်ထမ်းများအပေါ် မှန်ကန်မျှတစွာဉီးဆောင်နိုင်သည့် အရည်အချင်းများပြည့်ဝနေရန် လိုအပ်ပါကြောင်း၊ ထို့အပြင် ပြည်သူ့ဘဏ္ဍာငွေကြေးစီမံခန့်ခွဲမှုစနစ်နှင့်ဆက်စပ်သည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များကို စဉ်ဆက်မပြတ် လေ့လာမှတ်သားနေရမည် ဖြစ်ပါကြောင်း။
ယခုသင်တန်းတွင် ပုံမှန်သင်ကြားပို့ချမှုများအပြင် စစ်ဆေးရေးအတွေ့အကြုံ၊ ဗဟုသုတများကို ပြန်လည်မျှဝေပေးနိုင်ရေးအတွက် အဖွဲ့ငယ်များခွဲ၍ စာတမ်းများ ဆွေးနွေးတင်ပြမှု အစီအစဉ်ကိုလည်း ဆောင်ရွက်ထားရှိပါကြောင်း၊ သို့ပါ၍ သင်တန်းသားများအနေဖြင့် ယခုသင်တန်းမှရရှိခဲ့သည့် အသိပညာ၊ ဗဟုသုတများကို မှတ်သား၍ လက်တွေ့လုပ်ငန်းခွင်၌ ပြန်လည်အသုံးချခြင်း၊ ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေသော ပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးခြင်းတို့ဖြင့် ပြည်သူများယုံကြည်အားထားရသည့် အရည်အသွေးပြည့်ဝ၍ ကျင့်ဝတ်သိက္ခာမြင့်မားသော ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြစေလိုပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (နေပြည်တော်) သင်တန်းကျောင်း၊ ကျောင်းအုပ်က သင်တန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ဒီဇင်ဘာ ၁၂ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၉ ရက်အထိ လေးပတ်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး ရုံးချုပ်နှင့် နေပြည်တော်စာရင်းစစ်ရုံးတို့မှ သင်တန်းသား သုံးဦး၊ တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံးများနှင့် ဒေသစာရင်းစစ်ရုံးတို့မှ သင်တန်းသား ၈၈ ဦး၊ စုစုပေါင်း သင်တန်းသား ၉၁ ဦး တက်ရောက်ကြမည်ဖြစ်ကာ ISSAI Based Financial Audit, ISSAI Based Performance Audit, ISSAI Based Compliance Audit အပါအဝင် ဘာသာရပ် (၆) ခုကို သင်ကြားပို့ချသွားမည်ဖြစ်သည်။
သင်တန်းဖွင့်ပွဲသို့ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။