မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းနာယက မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးသည် ၂၅-၁၁-၂၀၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန် မြို့ရှိ မြန်မာနိုင်ငံစာရင်းကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည့် မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း(Myanmar Institute of Certified Public Accountants - MICPA)၏ (၁၅) ကြိမ်မြောက် အထွေထွေအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားခဲ့သည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌက နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက်ရန်အတွက် ကဏ္ဍပေါင်းစုံမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရာတွင် စာရင်းပညာဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးသည့်ကဏ္ဍတစ်ရပ်ဖြစ်ပါကြောင်း၊ နိုင်ငံတကာအဆင့်မီသည့် စာရင်းပညာရှင်များ ပေါ်ထွန်းလာရေး၊ စာရင်းပညာရှင်အရေအတွက် တိုးတက်စေရေး၊ ကျင့်ဝတ်သိက္ခာ လိုက်နာစောင့်ထိန်းစေရေး နှင့်စာရင်းပညာရပ်ဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် မြန်မာနိုင်ငံစာရင်းကောင်စီ၏ စိစစ်ကြီးကြပ်မှုဖြင့် MICPA အသင်း၏ဆောင်ရွက်မှုများသည် ပုဂ္ဂလိကကဏ္ဍအတွက် များစွာအရေးပါကြောင်း။
သို့ပါ၍ နိုင်ငံတကာအဆင့်မီ စာရင်းပညာရှင်အရေအတွက် တိုးပွားစေရေးနှင့် စာရင်းပညာဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် MICPA အသင်းအနေဖြင့် မြန်မာနိုင်ငံစာရင်းကောင်စီ၏ ကြီးကြပ်မှုဖြင့် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်သွားကြစေလိုပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် အစည်းအဝေးသဘာပတိ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း နာယက ဦးသိန်းမြင့်နှင့် မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းဥက္ကဋ္ဌ ဦးဝမ်းတင်တို့က အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ဘုတ်အဖွဲ့၏ ၂၀၂၀-၂၀၂၁ နှင့် ၂၀၂၁-၂၀၂၂ ခုနှစ်များအတွက် နှစ်ပတ်လည်အစီရင်ခံစာ၊ အသင်း၏ ဘဏ္ဍာရေးရှင်းတမ်းနှင့် စာရင်းစစ်အစီရင်ခံစာတို့ကို ဖတ်ကြားတင်ပြအတည်ပြုခြင်းနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် စာရင်းစစ်ခန့်အပ်အတည်ပြုခြင်းတို့ကို အစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ကြသည်။
အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း ဘုတ်အဖွဲ့ဝင် ၂၀ ဦး တက်ရောက်ခဲ့ကြပြီး အသင်းဝင် ၂၂၅ ဦးက Zoom Online မှတစ်ဆင့် တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏အသိပညာမျှဝေရေးအစီအစဉ် (Knowledge Sharing Program-KSP) အရ ကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ် (၂၄) ကို “စည်းမျဉ်းစည်းကမ်းနှင့် ညီညွတ်မှုမရှိသော စစ်ဆေးတွေ့ရှိချက်များ” ခေါင်းစဉ်ဖြင့် ၂၄-၁၁-၂၀၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပခဲ့ရာ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆွေးနွေးပွဲတွင် ဒုတိယစာရင်းစစ်ချုပ်က ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် စာရင်းစစ်ဆေးခြင်းအမျိုးအစား (၃)မျိုးဖြစ်သည့် ဘဏ္ဍာရေးစာရင်းစစ်ဆေးခြင်း (Financial Audit)၊ လုပ်ငန်းဆောင် ရွက်မှုစစ်ဆေးခြင်း (Performance Audit)၊ လိုက်နာဆောင်ရွက်မှုစစ်ဆေးခြင်း (Compliance Audit) ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဉပဒေ၊ စည်းမျဉ်းများ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်ပျက်ကွက်မှုများသည် ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ စာရင်းပြုစု ရေးဆွဲမှုနှင့် လုပ်ငန်းဆောင်ရွက်မှုများအပေါ် များစွာသက်ရောက်မှုရှိသည်ဖြစ်သဖြင့် လိုက်နာဆောင်ရွက်မှုစစ်ဆေးခြင်းသည်လည်း အရေးကြီးသည့်စစ်ဆေးခြင်းတစ်ရပ်ဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ရသုံးခန့်မှန်းခြေငွေစာရင်းအကောင်အထည်ဖော်မှုအပေါ် ဘဏ္ဍာရေးစာရင်းစစ်ဆေးတွေ့ရှိချက်များကို လိုက်နာဆောင်ရွက်မှုရှုထောင့်မှ “စည်းမျဉ်းစည်းကမ်းနှင့် ညီညွတ်မှုမရှိသော စစ်ဆေးတွေ့ရှိချက် များ” ခေါင်းစဉ်ဖြင့်ဆွေးနွေးတင်ပြသွားမည်ဟု သိရှိရပါကြောင်း။
သို့ပါ၍ ယနေ့ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများ၏ တင်ပြချက်များပါ စစ်ဆေးတွေ့ရှိချက်များတွင် အသုံးပြုခဲ့သော စံသတ်မှတ်ချက်များ၊ စစ်ဆေးရေး ရည်မှန်းချက်များ၏ ခိုင်မာမှု၊ ပြည့်စုံလုံလောက်မှုနှင့် အကြံပြုချက်များ၏ ထိရောက်မှုတို့ကို မိမိတို့ဖြတ်သန်းခဲ့သည့် အတွေ့အကြုံ၊ ဗဟုသုတများနှင့်ပေါင်းစပ်၍ အပြုသဘောဆွေးနွေး အကြံပြုခြင်းများ ပြုလုပ်ကြစေလိုပါကြောင်း၊ ထို့အပြင် သိရှိလိုသည်များကို စိတ်ပါဝင်စားစွာ ပါဝင်ဆွေးနွေးမေးမြန်းခြင်းဖြင့် မေးခွန်းတည်ဆောက်တတ်မှု၊ တွေးခေါ်နိုင်မှုနှင့် တင်ပြမှုစွမ်းရည်များ တိုးတက်မြင့်မားစေပြီး အသိပညာမျှဝေဆွေးနွေးပွဲ၏ ရည်ရွယ်ချက်များ ပြည့်မြောက်အောင်မြင်စေရေးကြိုးစား ကြစေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ညိုမီလွင်နှင့် ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မြင့်အောင်တို့က ပြည်ပအကူအညီရရှိမှုအား ရသုံးမှန်းခြေငွေစာရင်းသို့ စာရင်းတင်သွင်းမှု ၊ ပြည်ပချေးငွေဖြင့် ဆောင်ရွက်သည့် စီမံကိန်း လုပ်ငန်းများတွင် မူလလျာထားခွင့်ပြုငွေအတိုင်း ဆောင်ရွက်နိုင်မှု၊ ငှားရမ်းခရငွေများဌာန ငွေစာရင်းသို့ပေးသွင်းမှု၊ စာချုပ်စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု၊ စာချုပ်ချုပ်ဆိုရာတွင် သတ်မှတ်ညွှန်ကြားချက်များနှင့်အညီချုပ်ဆိုမှု ၊ ပစ္စည်းရောင်းချရငွေများအတွက် ဘဏ္ဍာရေးစည်းမျဉ်း နှင့်အညီလိုက်နာဆောင်ရွက်မှု၊ ဌာနပိုင်မြေနှင့် အဆောက်အဦငှားရမ်းခရငွေများကို အထက်အဆင့်ဆင့်သို့ တင်ပြခွင့်ပြုချက်ရယူမှုနှင့် ပစ္စည်းဝယ်ယူရာတွင် ခြိုးခြံချွေတာမှုရှုထောင့်မှ ထိရောက်စွာ ဆောင်ရွက်မှုများနှင့်စပ်လျဉ်း သည့် စစ်ဆေးတွေ့ရှိချက်များကို အသီးသီးရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက အပြန်အလှန် ဆွေးနွေးမေးမြန်းခြင်း၊ အကြံပြုခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။
ဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန် ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြား ရေးမှူးများနှင့် ဦးစီးအရာရှိများ စုစုပေါင်း (၄၅၄) ဦးတို့က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းများနှင့်အညီ စုပေါင်းခန်းမနှင့် နေပြည်တော်သင်တန်းကျောင်းခန်းမ၊ မြန်မာနိုင်ငံ စာရင်းကောင်စီရုံးခန်းနှင့် တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံးတို့မှ Virtualစနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။

နိုင်ငံနှင့်ပြည်သူ့အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားပြီး ပြည်ထောင်စုစာရင်းစစ်ချူပ်ရုံး၏ “ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုတိုးတက်ကောင်းမွန်စေရေးထိန်းကျောင်းပေး” ဆောင်ပုဒ်နှင့်အညီ စစ်ဆေးရေးနှင့်ရုံးလုပ်ငန်းတာဝန်များကို ကြိုးပမ်းဆောင်ရွက်နေကြသည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းမိသားစုများ၏ ဂုဏ်ပြုမိတ်ဆုံစားပွဲကို ၂၄-၁၁-၂၀၂၂ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စားရိပ်သာ၌ ကျင်းပခဲ့သည်။
မိတ်ဆုံစားပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးက ဝန်ထမ်းများသည် မိမိတို့ ဌာန၏ ရည်မှန်းချက်တာဝန်များအောင်မြင်စေရန် အဆင့်အလိုက် ပူးပေါင်းဆောင်ရွက်နေကြသည့် လုပ်ဖော်ကိုင်ဖက်များဖြစ်ကြောင်း၊ တာဝန်ကျေပွန်မှု၊ လုပ်ငန်းများအား စည်းကမ်းရှိရှိ၊ သစ္စာရှိရှိ စိတ်ဝင်တစားလုပ်ဆောင်နေမှုများကို အသိအမှတ်ပြု အလေးထားပါကြောင်း၊ ယခုထက် ပိုမိုနွေးထွေးစွာ မိသားစုစိတ်ဓာတ်ဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ညီညီညွတ်ညွတ် ဆက်လက်ဆောင်ရွက်ကြစေလိုပါကြောင်း လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ (စစ်ဆေးရေး/ စီမံ)၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများသည် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအရာထမ်း၊ အမှုထမ်းများနှင့်အတူ နံနက်စာ အတူတကွ သုံးဆောင်ခဲ့ကြသည်။