ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

၅-၁-၂၀၂၃ ရက်နေ့တွင် လက်ထောက်ညွှန်ကြားရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း အမှတ်စဉ် (၃/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း

လက်ထောက်ညွှန်ကြားရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်းအမှတ်စဉ် (၃ /၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ၅-၁-၂၀၂၃ ရက်နေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦး တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။
သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က လက်ထောက်ညွှန်ကြားရေးမှူးများသည် လုပ်ငန်းဆောင်ရွက်မှုများကို အနီးကပ် ကြီးကြပ်လမ်းညွှန်ရသူများဖြစ်ပြီး အရေးပါသည့် ရာထူးတာဝန်ကို ထမ်းဆောင်နေကြသူများဖြစ်၍ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများသာမက ခေါင်းဆောင်မှုနှင့် ပြုမူပြောဆိုဆက်သွယ်မှုဆိုင်ရာ အရည်အသွေးများ ပြည့်ဝနေရန်လည်း အရေးကြီးပါကြောင်း၊ သို့ပါ၍ ယခုသင်တန်းတွင် ပုံမှန်သင်ကြားပို့ချမှုများအပြင် ဆွေးနွေးတင်ပြမှုနှင့် ပူးပေါင်းဆောင်ရွက်မှုစွမ်းရည်များ တိုးတက်မြင့်မားစေရန်၊ အသိပညာများကို မျှဝေဖလှယ်ခြင်း၊ ဆင့်ပွားပို့ချခြင်းစသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ သင်ကြားမှုနည်းလမ်းတစ်ခုဖြစ်သည့် Trainee Oriented Teaching Method ဖြင့် စာတမ်းများ ပြုစုဖတ်ကြားတင်ပြခြင်း အစီအစဉ်အားထည့်သွင်း၍ ဆောင်ရွက်စေခဲ့ပါကြောင်း၊ Learning is never ending ဆိုသည့်အတိုင်း သင်တန်းမှပို့ချမှုများဖြင့် ရပ်တန့်မနေဘဲ ကိုယ်တိုင်လေ့လာ သင်ယူမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်၍ လက်တွေ့လုပ်ငန်းခွင်တွင် ထိရောက်စွာ ပြန်လည်အသုံးချခြင်းဖြင့် စွမ်းဆောင်ရည်များတိုးတက်စေရေး ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
သင်တန်းသားများအနေဖြင့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်ရုံးစည်းကမ်း၊ ဝန်ထမ်းစည်းကမ်းများကို လေးစားလိုက်နာ၍ ကျင့်ဝတ်သိက္ခာ စောင့်ထိန်းမှု ပိုမိုမြင့်မားပြီး ရိုးသားဖြောင့်မတ်သော ခံယူချက်ကောင်း၊ စိတ်စေတနာကောင်းများဖြင့် လုပ်ငန်းခွင်တွင် ပျော်ရွှင်အောင်မြင်သည့် ဝန်ထမ်းကောင်းများဖြစ်စေရေး ကြိုးစားကြစေလိုကြောင်း တိုက်တွန်းမှာကြားခဲ့သည်။
အဆိုပါသင်တန်းကို ၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ မှစ၍ (၄) ပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး ရုံးချုပ်၊တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများနှင့် ဒေသစာရင်းရုံးများမှ သင်တန်းသား စုစုပေါင်း (၉၁) ဦး တက်ရောက်ပြီးမြောက်ခဲ့သည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

၃-၁-၂၀၂၃ ရက်နေ့တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဝန်ထမ်းမိသားစု အားကစားပြိုင်ပွဲနှင့်ထမနဲထိုးပြိုင်ပွဲများကျင်းပခြင်း
၂၉-၁၂-၂၀၂၂ ရက်နေ့တွင် “နိုင်ငံ့ဝန်ထမ်းတိုင်း သိရှိလိုက်နာကျင့်သုံးရမည့် နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်နည်းဥပဒေများ” ခေါင်းစဉ်ဖြင့် အသိပညာမျှဝေဆွေးနွေးပွဲကျင်းပခြင်း
၃-၁-၂၀၂၃ ရက်နေ့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဝန်ထမ်းမိသားစု အားကစားပြိုင်ပွဲနှင့်ထမနဲထိုးပြိုင်ပွဲများကျင်းပခြင်း

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းမိသားစု အားကစားပြိုင်ပွဲများကို ၃-၁-၂၀၂၃ ရက်နေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်းရှေ့၌ ကျင်းပခဲ့သည်။
အဆိုပါ အားကစားပြိုင်ပွဲများသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦး၊ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြိုင်ပွဲဝင်များနှင့် ဝန်ထမ်းမိသားစုများ ပျော်ရွှင်စွာ တက်ရောက်ပါဝင်ဆင်နွှဲခဲ့ကြသည်။
အားကစားပြိုင်ပွဲတွင် မီတာ (၅၀)၊ မီတာ (၁၀၀) အပြေးပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ခြေပူးပြိုင်ပွဲ၊ ဆန်ကောရွက်ပြိုင်ပွဲနှင့် အပ်ထိုးပြိုင်ပွဲ စသည့်ကစားနည်းများဖြင့် ပြိုင်ပွဲဝင်များက အားကစားစိတ်ဓာတ်ပြည့်ဝစွာ အနိုင်မခံအရှုံးမပေးဘဲ အားကြိုးမာန်တက် အကောင်းဆုံးပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ အမှတ်ပေးဒိုင်လူကြီးများက အမှတ်ပေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ စိစစ်အကဲဖြတ်အမှတ်ပေးခဲ့ကြပြီး ဝန်ထမ်းမိသားစုများက သောင်းသောင်းဖြဖြ အားပေးခဲ့ကြသည်။
ထို့နောက် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက အားကစားပြိုင်ပွဲ အမျိုးအစားများအလိုက် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား အသီးသီးဆုများ ချီးမြှင့်ပေးခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်သည် ဝန်ထမ်းများနှင့်အတူ ရင်းရင်းနှီးနှီး နေ့လယ်စာအတူတကွ သုံးဆောင်ခဲ့ကြသည်။
ဆက်လက်၍ မွန်းလွဲ ၃ နာရီတွင် ထမနဲထိုးပြိုင်ပွဲကို ကျင်းပရာ ပြိုင်ပွဲဝင်အသင်းများက အသင်းလိုက်စည်းလုံးညီညွတ်စွာ အားကြိုးမာန်တက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများက ဆုရရှိသူများကို ဆုများချီးမြှင့်ခဲ့သည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာမျှဝေရေးအစီအစဉ် (Knowledge Sharing Program-KSP) အရ ကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ် (၂၅) ကို “နိုင်ငံ့ဝန်ထမ်းတိုင်း သိရှိလိုက်နာကျင့်သုံးရမည့် နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်နည်းဥပဒေများ” ခေါင်းစဉ်ဖြင့် ၂၉-၁၂-၂၀၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပရာ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆွေးနွေးပွဲတွင် ဒုတိယစာရင်းစစ်ချုပ်က အသိပညာ၊ ဗဟုသုတ (Knowledge) သည် လုပ်ငန်းတာဝန်များကို အောင်မြင်ပြီးမြောက်အောင်ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် လုပ်ဆောင်နိုင်စွမ်းအားတစ်ရပ် ဖြစ်ပါကြောင်း၊ အသိပညာ၊ ဗဟုသုတကြွယ်ဝပြည့်စုံသည့် ဝန်ထမ်းများရှိမှသာ ဌာန၊ အဖွဲ့အစည်း၏ ရည်မှန်းချက်ပန်းတိုင်များ ပြည့်မြောက်အောင်မြင်နိုင်ပြီး လူ့ဘောင်အကျိုးစီးပွားကို ပိုမိုသယ်ပိုးဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ သို့ပါ၍ Knowledge Worker များ တိုးပွားစေရန် ရည်ရွယ်လျက် အသိပညာမျှဝေဆွေးနွေးပွဲများ ကျင်းပခဲ့သည်မှာ ယခုအကြိမ်သည် (၂၅) ကြိမ်မြောက် ဖြစ်ပါကြောင်း။
ယနေ့ဆွေးနွေးပွဲတွင် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဝန်ထမ်းရွေးချယ်ခန့်ထားခြင်း၊ တာဝန်နှင့်အခွင့်အရေးများ၊ အငြိမ်းစားယူခြင်းနှင့် ဝန်ထမ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာသတ်မှတ်ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ လက်တွေ့ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများ နှင့်ပေါင်းစပ်ပြီး ပြည့်ပြည့်စုံစုံဆွေးနွေးပေးသွားမည်ဟု သိရှိရပါကြောင်း၊ ဝန်ထမ်းများအတွက် ဝန်ထမ်းဆိုင်ရာ ခံစားခွင့်များနှင့် စည်းမျဉ်းစည်းကမ်းများကို ပိုမိုရှင်းလင်းတိကျစွာ သိရှိနားလည်ပြီး ဉပဒေ၊စည်းမျဉ်းများနှင့်အညီ လိုက်နာကျင့်သုံးဆောင်ရွက်နိုင်မှု ပိုမိုအားကောင်းလာခြင်း၊ စစ်ဆေးရေးလုပ်ငန်းများတွင် ပြန်လည်အသုံးချနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ သို့ပါ၍ ဝန်ထမ်းများအနေဖြင့် ယနေ့ဆွေးနွေးမည့် အကြောင်းအရာများကို ဂရုပြုလေ့လာမှတ်သားခြင်းနှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခြင်းတို့ဖြင့် ဤရုံး၏ “ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုတိုးတက်ကောင်းမွန်စေရေး ထိန်းကျောင်းပေး”၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဟူသောဆောင်ပုဒ်များနှင့်အညီ ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုး သယ်ပိုးဆောင်ရွက်နိုင်သည့် ဝန်ထမ်းကောင်းများဖြစ်စေရေး ကြိုးစားကြစေလိုပါကြောင်း တိုက်တွန်းမှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဝန်ထမ်းရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှအောင်ကြည်က နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများဖြစ်ပေါ်လာပုံ၊ ဝန်ထမ်းရွေးချယ်ခန့်ထားခြင်းဆိုင်ရာပြဋ္ဌာန်းချက်များ၊ ဝန်ထမ်းများ၏တာဝန်နှင့်အခွင့်အရေးများ၊ ပြစ်မှုနှင့်စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာပြဋ္ဌာန်းချက်များ၊ အငြိမ်းစားယူခြင်းနှင့် ဝန်ထမ်းမှတ်တမ်းဆိုင်ရာပြဋ္ဌာန်းချက်များကို လက်တွေ့ဆောင်ရွက်ခဲ့သည့် ဖြစ်စဉ်သာဓကများနှင့်ပေါင်းစပ်၍ ရှင်းလင်းဆွေး‌နွေးခဲ့သည်။
ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။
ဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန် ၊ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် လက်ထောက်ညွှန်ကြားရေးမှူးများက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင်လည်းကောင်း၊ ဦးစီးအရာရှိများက နေပြည်တော်သင်တန်းကျောင်းခန်းမတွင်လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံး ညွှန်ကြားရေးမှုးများနှင့် ဝန်ထမ်းများက Online ဖြင့်လည်းကောင်း စုစုပေါင်း (၅၀၉) ဦး တက်ရောက်ခဲ့ကြသည်။

MAC နှစ် (၅၀) ပြည့် ရွှေရတုအထိမ်းအမှတ် ဓာတ်ပုံပြပွဲမှတ်တမ်းလွှာ

Pages

Subscribe to Front page feed