News and Activities
၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ၊ ၁၄ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည့် Coronavirus Disease 2019 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေပေးအပ်ပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် နှင့် ဝန်ထမ်းများကလှူဒါန်းသည့် အလှူငွေကျပ် လေးဆယ့်နှစ်သိန်းကို ပေးအပ်လှူဒါန်းခဲ့ပါသည်၊၊
နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးနှင့် ရေးထိုးခဲ့သည့် MOU အရ နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံး၏ အကူအညီဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော လုပ်ငန်းများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေးရန်ရည်ရွယ်၍ နှစ်ပတ်လည်အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၁ ရက်နေ့၊ နေ့လယ် ၁:၃၀ နာရီတွင် Microsoft Teams Platform ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဂတိလိုက်စားမှုတားဆီးကွယ်ရေးအဖွဲ့၊ ပညာပေးလက်ကမ်းစာစောင်(၃) ရှင်းလင်း ဆွေးနွေးခြင်းကို ရုံးအဖွဲ့( ဦးစီးရုံး၊ စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲ) ၊ ရုံးအဖွဲ့ ( မူဝါဒ၊ ဥပဒေ လုပ်ထုံးလုပ်နည်းစိစစ်ရေးနှင့် လုပ်ငန်းစစ်ဆေးရေးဌာနခွဲ၊ ဌာနတွင်းစာရင်းစစ်နှင့်ဘဏ္ဍာရေး ဌာနခွဲ) ၊ ရုံးအဖွဲ့ ( ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ ၊ အုပ်ချုပ်ရေး နှင့် လူ့အရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲ) ၊ စီမံရေးရာလေ့ကျင့်ရေးနှင့် သုတေသနဦးစီးဌာန၊ ၊ စီမံရေးရာနှင့် လေ့ကျင့်ရေးဌာန (ပစ္စည်း/ဘတ်ဂျက်)၊ စီမံရေးရာနှင့် လေ့ကျင့်ရေးဌာန (ဝန်ထမ်းရေးရာ/ သင်တန်းကျောင်း)နှင့် စစ်ဆေးရေးဦးစီးဌာန၊ ဌာနခွဲများမှ ည
ကုလသမဂ္ဂ၏ SDG အကောင်အထည်ဖော်မှုဆိုင်ရာ Performance Audit ကို မဆောင်ရွက်မီ Heads of SAIs နှင့် Senior Officials များအကြား IDI SDGs Audit Model (ISAM) awareness ဖြစ်စေရန် ရည်ရွယ်၍ IDI-ASEANSAI Joint Webinar on Strengthening SAI Audit of SDG Implementation ကို SAI Malaysia က ဦးဆောင်၍ အဖွဲ့ဝင်နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များဖြင့် ၉-၉-၂၀၂၀ ရက်နေ့၊ နေ့လယ် ၁:၃၀ နာရီတွင် Blackboard platform ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
ASEANSAI အဖွဲ့ဝင်နိုင်ငံများအကြား စစ်ဆေးရေးနယ်ပယ်တွင် အတွေးအမြင်များ၊ အတွေ့ အကြုံများနှင့် လက်တွေ့ကျင့်သုံးဆောင်ရွက်နေမှုများကို မျှဝေလျက် Knowledge Sharing Programme များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဒုတိယအကြိမ် Knowledge Sharing Committee (KSC) Biennial meeting 2020-2021 ကို ASEANSAI နှင့် Knowledge Sharing Committee ဥက္ကဋ္ဌ ဖြစ်သော SAI Malaysia က ဦးဆောင်၍ ASEANSAI အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များဖြင့် ၉-၉-၂၀၂၀ ရက်နေ့ ၊ နံနက် ၈:၀၀ နာရီတွင် Zoom Platform ဖြင့် ကျင်းပ ပြုလုပ်ခဲ့ပါသည်။




