News and Activities
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏အသိပညာမျှဝေရေးအစီအစဉ် (Knowledge Sharing Program-KSP) အရ ကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ် (၂၄) ကို “စည်းမျဉ်းစည်းကမ်းနှင့် ညီညွတ်မှုမရှိသော စစ်ဆေးတွေ့ရှိချက်များ” ခေါင်းစဉ်ဖြင့် ၂၄-၁၁-၂၀၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပခဲ့ရာ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းနာယက မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးသည် ၂၅-၁၁-၂၀၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန် မြို့ရှိ မြန်မာနိုင်ငံစာရင်းကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည့် မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း(Myanmar Institute of Certified Public Accountants - MICPA)၏ (၁၅) ကြိမ်မြောက် အထွေထွေအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားခဲ့သည်။
နိုင်ငံနှင့်ပြည်သူ့အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားပြီး ပြည်ထောင်စုစာရင်းစစ်ချူပ်ရုံး၏ “ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုတိုးတက်ကောင်းမွန်စေရေးထိန်းကျောင်းပေး” ဆောင်ပုဒ်နှင့်အညီ စစ်ဆေးရေးနှင့်ရုံးလုပ်ငန်းတာဝန်များကို ကြိုးပမ်းဆောင်ရွက်နေကြသည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းမိသားစုများ၏ ဂုဏ်ပြုမိတ်ဆုံစားပွဲကို ၂၄-၁၁-၂၀၂၂ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စားရိပ်သာ၌ ကျင်းပခဲ့သည်။



