News and Activities
၁။ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဦးမော်သန်းသည် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးမှ အကြံပေးများဖြစ်ကြသော Mr. Steven Bower နှင့် Mr. Colin Hatehins ဦးဆောင်သော အဖွဲ့အား ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ (၂၇)ရက်နေ့ နေ့လယ် ၂း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
၂။ ထိုသို့ တွေ့ဆုံရာတွင် တည်ဆဲအခွန်ဥပဒေ ဆိုင်ရာကိစ္စရပ်များ၊ လက်ရှိအခွန်ထမ်းများ၏ လိုက်နာ ဆောင်ရွက်မှုအခြေအနေ နှင့် ပြုပြင်ပြောင်းလဲသင့်သည်များကို ဆွေးနွေးခဲ့ကြပါသည်။
၁။ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် European Union (EU) မှ Senior Development Consultant ဖြစ်သူ Mr. Thomas Thomsen ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ (၂၄) ရက်နေ့ ၊ နေ့လယ် ၂:၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
၁။ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် ICAEW မှ Head of International Capacity Building ဖြစ်သူ Dr. Mark Campbell ဦးဆောင်သော အဖွဲ့အား ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ(၂၄)ရက်နေ့ နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ခဲ့ပါသည်။
၁။ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၁ ) ရက် နံနက် ၀၉း၀၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ဒီပလိုမာစာရင်းကိုင် (ပထမပိုင်း) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပရာ မြန်မာနိုင်ငံ စာရင်းကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။
၁။ ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုု အမှတ်စဉ် (၂၂၇) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ရာ ပြည်ထောင်စု စာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဆင်းလမ်းညွှန် အမှာစကားပြော ကြားခဲ့ပါသည်။
၁။ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍစာရင်းစစ်ဆေးရာတွင် အထောက်အကူဖြစ်စေရန်အတွက် ထုတ်လုပ်မှု အပေါ် ခွဲဝေခံစားသည့် သဘောတူစာချုပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Workshop on Production Sharing Contract-PSC) ကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်၌ ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့မှ (၂၀) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။


