ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

၂၀၁၇-၂၀၁၈ ပညာသင်နှစ် ဒီပလိုမာစာရင်းကိုင် (ဒုတိယပိုင်း) သင်တန်း ဆင်းပွဲ အခမ်းအနား

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

သတင်းထုတ်ပြန်ချက်   

 ၂၀၁၈ ခုနှစ်၊   မတ်လ ( ၂၉ ) ရက်

၁။       ၂၀၁၈ ခုနှစ်၊ မတ်လ ( ၂၉ ) ရက်နေ့ နံနက်   ၀၉း၀၀   နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ဒီပလိုမာစာရင်းကိုင် (ဒုတိယပိုင်း) သင်တန်း ဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ရာ မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက် ၍ သင်တန်းဆင်းလမ်းညွှန် အမှာစကားပြောကြားခဲ့ပါသည်။

၂။       အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိက များနှင့် သင်တန်းသား/သင်တန်းသူ (၁၃၁) ဦး တက်ရောက်ခဲ့ကြပါသည်။

၃။       အခမ်းအနားတွင် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါ တို့ကို လမ်းညွှန်မှာကြားခဲ့ပါသည်-

-        စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးကို အခြေခံသည့် စနစ်ဖြစ်သောကြောင့် ကုမ္ပဏီများ၊ ဖက်စပ်လုပ်ငန်းများ၊ အစုစပ်လုပ်ငန်းများပေါ်ပေါက်လာပြီး လုပ်ငန်းများ ၏ မှန်ကန်တိကျသော စာရင်းဇယားများသည် လုပ်ငန်း၏ အောင်မြင်မှု၊ ဆုံးရှုံးမှုကို ဖော်ညွှန်းနေကြောင်း၊

-        နိုင်ငံတော်၏ လူသားစွမ်းရည်အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာရင်းပညာ တတ်ကျွမ်းသူများ အများအပြား မွေးထုတ်ပေးလျက်ရှိကြောင်း၊    

-        ပြည်ပမှ Grants, Aids, Loans များ အများအပြား ရရှိလျက်ရှိပြီး ယင်းငွေများဖြင့် ဆောင်ရွက်သော လုပ်ဆောင်ချက်များကို မှန်ကန်စွာ စစ်ဆေးရန်အတွက် စာရင်း ပညာရှင် အများအပြား လိုအပ်နေကြောင်း၊

-        စာရင်းပညာရှင်များအနေဖြင့် စာရင်းပညာဆိုင်ရာ အရည်အချင်း အတွေ့အကြုံများ ပြည့်ဝနေရန် လိုအပ်သည့်အပြင် စောင့်ထိန်းနေရမည့် ကျင့်ဝတ်သိက္ခာများ စည်းကမ်း များနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊

-        စာမေးပွဲတွင် အောင်မှတ်အနေဖြင့် အမှတ်(၄၀)သတ်မှတ်ထားပါကြောင်း၊ ဖြေဆိုရမည့် ဘာသာရပ်(၆)ခုကို Module 1, Module 2, ခွဲခြားသတ်မှတ်ထားပြီး Accounting ၊ Auditing နှင့် Costing ဘာသာရပ်တို့ကို Module 1၊ Financial Reporting ၊ Financial and Service Regulations နှင့် Information & Communication Technology and System Development ဘာသာရပ်တို့ကို Module 2 အနေနှင့် သတ်မှတ်ထားပြီး ကနဦးဖြေဆိုချိန်မှာ ဘာသာရပ်အားလုံး ဖြေဆိုကြရမည်ဖြစ် ကြောင်း၊ Module တစ်ခုထဲမှ ဘာသာရပ်အားလုံးအောင်မြင်ပြီး အခြား Module တစ်ခု ထဲမှ ဘာသာရပ်တစ်ခုခု ကျရှုံးခဲ့လျှင် Module တစ်ခုအောင်မြင်သည်ဟု သတ်မှတ် ကြောင်း၊ ကျရှုံးသည့် Module ထဲမှ ဘာသာရပ် အားလုံးအား တစ်ဆက်တည်း ၃ ကြိမ်အထိ ပြန်လည်ဖြေဆိုခွင့်ပြုထားပြီး အောင်မြင်မှုမရှိခဲ့လျှင်ဖြစ်စေ စာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်း မရှိခဲ့လျှင်ဖြစ်စေ ကနဦး စာမေးပွဲဖြေဆိုသည့်အတိုင်း ဘာသာရပ် အားလုံးကို ပြန်လည်ဖြေဆိုရမည်ဖြစ်ကြောင်း၊

-        ကျရှုံးသည့် Module တွင်ပါဝင်သည့်ဘာသာရပ်တိုင်း ၂၀ မှတ် အနည်းဆုံး ရရှိပြီး တစ်ဘာသာခြင်း ပျမ်းမျှရမှတ် ၂၅ မှတ်ရှိရန်လိုကြောင်း၊ သို့မှသာ ကျန် Module ကို အောင်မြင်သည်ဟုသတ်မှတ်ကြောင်း၊      

-        စာမေးပွဲ၏ အဆင့်အတန်း၊ အောင်မြင်သူများ၏ အရည်အသွေးကို ထိန်းသိမ်းမြှင့်တင် ကြစေလိုကြောင်း၊

-        မိမိတို့ နားလည်တတ်ကျွမ်းမှုကို အဆင့်မြင့်မြင့် ပြသကြရန် လိုကြောင်း၊

၄။       သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက်   ၀၉ း ၃၀  နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။