ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

နောက်ခံသမိုင်း

၁။  မြန်မာနိုင်ငံစာရင်းကောင်စီ (MAC) ကို ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီ၏ ၁၂-၁-၁၉၇၂ ရက်စွဲပါ ဥပဒေအမှတ်-၂ (၁၉၇၂ ခုနှစ် မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေ) အရ စတင်ဖွဲ့စည်းခဲ့ပါသည်။

၂။  ထို့နောက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ ၈-၃-၁၉၉၄ ရက်စွဲပါ ဥပဒေ အမှတ် ၁/၉၄ (၁၉၉၄ ခုနှစ် မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေ) အရ MAC ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး ၁၉၇၂ ခုနှစ် မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေကို ရုပ်သိမ်းခဲ့ပါသည်။

၃။  ထို့နောက် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေ (၂၀၁၅ ခုနှစ် ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၃၁) ကို ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းခဲ့ပြီး ၁၉၉၄ ခုနှစ် မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေကို ရုပ်သိမ်းခဲ့ပါသည်။

၄။  ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၉ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၅) ကို ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းခဲ့ပါသည်။

၅။  ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေအရ မြန်မာနိုင်ငံစာရင်းကောင်စီကို အောက်ပါပုဂ္ဂိုလ်များဖြင့် (၄) နှစ်တစ်ကြိမ် ပြန်လည်ဖွဲ့စည်းပါသည်-

(က) ပြည်ထောင်စုစာရင်းစစ်ချုပ် ဥက္ကဋ္ဌ
(ခ) ဒုတိယစာရင်းစစ်ချုပ် ဒုတိယဥက္ကဋ္ဌ (၁)
(ဂ) အသင်းဥက္ကဋ္ဌ ဒုတိယဥက္ကဋ္ဌ (၂)
(ဃ) တိုင်းဒေသကြီးနှင့် ပြည်နယ်စာရင်းစစ်ချုပ်များ အဖွဲ့ဝင်
(င) ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အဖွဲ့ဝင်
(စ) ညွှန်ကြားရေးမှူးချုပ်၊ ပြည်တွင်းအခွန်များဦးစီးဌာန အဖွဲ့ဝင်
(ဆ) ညွှန်ကြားရေးမှူးချုပ်၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန အဖွဲ့ဝင်
(ဇ) စီးပွားရေးတက္ကသိုလ်များမှ ၅ ဦးထက်မပိုသော ပါမောက္ခချုပ်များ အဖွဲ့ဝင်
(ဈ) အသင်းမှ ကိုယ်စားလှယ် ၉ ဦး အဖွဲ့ဝင်
(ည) ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် အဖွဲ့ဝင်
(ဋ) ၅ ဦးထက်မပိုသောသင့်လျော်သည့် နိုင်ငံသားစာရင်းပညာရှင်များ အဖွဲ့ဝင်
(ဌ) ညွှန်ကြားရေးမှူးချုပ်၊ စီမံရေးရာ၊ လေ့ကျင့်ရေးနှင့်သုတေသနဦးစီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အတွင်းရေးမှူး
(ဍ) အသင်းအတွင်းရေးမှူး တွဲဖက်အတွင်းရေးမှူး
History
  1. Myanmar Accountancy Council was organized by the Union of Myanmar Revolution Council Law No. 2 dated 12-1-1972 (Myanmar Accountancy Council Law, 1972)
  2. Then, Myanmar Accountancy Council was reorganized by the State Law and Order Restoration Council’ Law No. 1/94 dated 8-3-1994 (Myanmar Accountancy Council Law, 1994) and Myanmar Accountancy Council Law, 1972 was repealed.
  3. Then, Myanmar Accountancy Council Law (The Pyitdaungsu Hluttaw Law No. 31, 2015) was enacted by the Pyitdaungsu Hluttaw and Myanmar Accountancy Council Law, 1994 was repealed in 2015.
  4. The Law Amending the Myanmar Accountancy Council Law (The Pyidaungsu Hluttaw Law No. 5, 2019) was enacted by the Pyitdaungsu Hluttaw in 2019.
  5. The Myanmar Accountancy Council is reorganized once ever four years according to the Myanmar Accountancy Council Law, 2015;
(a) Auditor General of the Union Chairman
(b) Deputy Auditor General Vice-Chairperson (1)
(c) Chairperson of the Association Vice-Chairperson (2)
(d) Division and State Autiors-General Members
(e) Vice-Chairperson, Central Bank of Myanmar Member
(f) Director General, Internal Revenue Department Member
(g) Director General, Directorate of Investment and Companies Administration Member
(h) Rectors from the Universities of Economics not exceeding 5 in number Members
(i) Nine representatives from the Association Members
(j) Vice-Chairperson, Union of Myanmar Federation of Chambers of Commerce and Industry Member
(k) suitable citizen accounting professionals not exceeding 5 in number Members
(l) Director General, Administration, Training and Research Department, Office of the Union Auditor-General Secretary`
(m) Secretary of the Association Joint-Secretary
အ‌‌ရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASEANSAI)

နောက်ခံသမိုင်း

အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့  ဖွဲ့စည်းတည်ထောင်ခြင်း သဘောတူညီချက်ကို အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ ဘာလီကျွန်းတွင် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် အတည်ပြုခဲ့ပါသည်။ ASEANSAI ကို ၂၀၁၅ ခုနှစ်တွင် အာဆီယံ အသိုက်အဝန်း ဖွဲ့စည်းမည့် ရည်မှန်းချက်နှင့်အညီ ဖွဲ့စည်းတည်ထောင်ခြင်းဖြစ်ပြီး ASEANSAI သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိပြီး လွတ်လပ်၍ နိုင်ငံရေးနှင့်သက်ဆိုင်ခြင်းမရှိသော ကျွမ်းကျင်မှုဆိုင်ရာ အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ASEANSAI တွင် အဖွဲ့ဝင်အဖြစ် ASEAN အဖွဲ့ဝင် (၁၀) နိုင်ငံ၏ အမြင့်ဆုံးသော စာရင်းစစ်ချုပ်ရုံးများ ကနဦးပါဝင်ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည်လည်း အဖွဲ့ဝင်စာရင်းစစ်ချုပ်ရုံးတစ်ခု ဖြစ်ပါသည်။

ရည်ရွယ်ချက်

အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASEANSAI) ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)  စာရင်းစစ်အဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်စေရန်အလို့ငှာ အများပြည်သူဆိုင်ရာ စာရင်းစစ်ဆေးခြင်းနယ်ပယ်တွင် ဗဟုသုတနှင့်အတွေ့အကြုံများကိုဖလှယ်ခြင်း၊ မျှဝေခြင်းအားဖြင့်  ASEANSAI အဖွဲ့ဝင်များအကြား ပူးပေါင်းဆောင်ရွက်ခြင်းနှင့် နားလည်ခြင်းတို့ကို မြှင့်တင်ရန်နှင့်ကျွမ်းကျင်မှုဆိုင်ရာအရည်အသွေး တည်ဆောက်ရန်။

(ခ)  အကောင်းဆုံး အလေ့အထများကို မျှဝေခြင်းနှင့် လေ့လာသင်ယူခဲ့သော သင်ခန်းစာများဖလှယ်ခြင်းအားဖြင့် ASEANSAI အဖွဲ့ဝင်များအကြား သုတေသနပြုလုပ်ခြင်း၊ လေ့ကျင့်သင်ကြားခြင်းနှင့် စဉ်ဆက်မပြတ်ပညာပေးခြင်းတို့ကို မြှင့်တင်မည့် အထောက်အကူပြု ပတ်ဝန်းကျင်တစ်ခု ဖြည့်ဆည်းပေးရန်။

(ဂ)  အများပြည်သူဆိုင်ရာ စာရင်းစစ်ဆေးခြင်းနယ်ပယ်တွင် သတင်းအချက်အလက်ဗဟိုဌာနတစ်ခုအဖြစ်လည်းကောင်း၊ ASEAN နှင့် အခြားအပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၏ ချိတ်ဆက်မှုတစ်ခုအဖြစ်လည်းကောင်း ဆောင်ရွက်ရန်။

ဖွဲ့စည်းပုံ

(ASEANSAI) ကို စုံညီအစည်းအဝေး၊ အလုပ်အမှုဆောင်အဖွဲ့၊ ကော်မတီများနှင့် အတွင်းရေးမှူးချုပ်ရုံးတို့ဖြင့် ဖွဲ့စည်းခဲ့ကြပါသည်။ အမှုဆောင်အဖွဲ့ကို ASEANSAI ၏ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့နှင့် ဖွဲ့စည်းထားပါသည်။ ကော်မတီ (၄) ခု မှာ Knowledge Sharing Committee ၊ Strategic Planning Committee၊ Training Committee နှင့် Rules and Procedures Committee တို့ ဖြစ်ပါသည်။ အတွင်းရေးမှူးချုပ်ရုံးသည် အလုပ်အမှုဆောင်အဖွဲ့၏ စီမံခန့်ခွဲရေးဆိုင်ရာ အထောက်အကူပေးပါသည်။

လုပ်ဆောင်ချက်များ

ASEANSAI ၏ လုပ်ဆောင်ချက်များတွင် အောက်ပါတို့ ပါဝင်သည်-

(က) အများပြည်သူဆိုင်ရာ စာရင်းစစ်ဆေးခြင်းနယ်ပယ်တွင် အကောင်းဆုံးအလေ့အထများ ၊ စံများနှင့် နည်းပညာများအတွက် အချက်အလက်ဘဏ်တစ်ခုကို ဖန်တီးထိန်းသိမ်းရန်။

(ခ)  အများပြည်သူဆိုင်ရာ စာရင်းစစ်ဆေးခြင်းနယ်ပယ်တွင် ဗဟုသုတ၊ အတွေ့အကြုံများဖလှယ်မှုနှင့် ဆက်နွယ်သည့် နှီးနှောဖလှယ်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ လေ့လာမှုများ သို့မဟုတ် အခြားလှုပ်ရှားမှုများကို စီစဉ်ဆောင်ရွက်ရန်။

(ဂ)  ASEANSAI အဖွဲ့ဝင်များအကြား ကောင်းမွန်သော စီမံအုပ်ချုပ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို မြှင့်တင်နိုင်သည့် အခြားလုပ်ဆောင်ချက်များကို ဆောင်ရွက်ရန်။

အကျိုးကျေးဇူး

ASEANSAI တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခြင်းအားဖြင့် ရရှိမည့်အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

  • ASEANSAI တွင် ပါဝင်သည့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်သည့် အာဆီယံအသိုက်အဝန်းအား ကာကွယ်စောင့်ရှောက်နိုင်ရန်အလို့ငှာ အများပြည်သူဆိုင်ရာကဏ္ဍ စာရင်းစစ်ဆေးခြင်းနယ်ပယ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံ များရှိ စာရင်းစစ်ချုပ်ရုံးများအကြား နားလည်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုအပိုင်း မြင့်မားလာနိုင်ခြင်း၊
  • ကောင်းမွန်သည့်အုပ်ချုပ်ရေးစနစ်နှင့် အဖွဲ့ဝင်နိုင်ငံများအကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သည့် အာဆီယံအသိုက်အဝန်းတွင် တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ အများပြည်သူသို့ တာဝန်ခံမှုနှင့်ပွင့်လင်းမြင်သာမှုကို တိုးမြင့်လာစေခြင်း။

http://www.aseansai.org

ASEANSAI

Background

On November 16, 2011, ten SAIs gathered in Bali, Indonesia, and confirmed  Agreement on the Establishment of ASEANSAI. The ASEANSAI is founded in line with the objective of the establishment of the ASEAN community in 2015 and is a professional organization which is autonomous, independent and non-political. The ASEANSAI initiative comprises of the Supreme Audit Institutions of ten ASEAN Member States as Member of ASEANSAI and Myanmar SAI is also one of the member SAIs.

Objectives

 The objectives of the ASEANSAI are as follows:

  • To build capacity and promote cooperation and understanding among the Members of ASEANSAI through the exchange and sharing of knowledge and experiences in the field of public sector auditing so as to strengthen the audit institutions.
  • To provide a conducive environment and facilities to promote research, training and continuous education among the Member of the ASEANSAI through the sharing of best practices and exchange of lessons learned.
  • To serve as a centre of information and as an ASEAN link with other international organizations and institutions in the field of public sector auditing.

Organization Structure

  • ASEANSAI comprises of the Assembly, the Executive Committee, the Committees and the Secretariat. The Assembly comprises of all members of ASEANSAI and the Executive Committee comprises of the Chairman and the Vice Chairman of ASEANSAI. The four committees of ASEANSAI are Strategic Planning Committee, Rules and Procedures Committee, Training Committee, and Knowledge Sharing Committee. The Secretariat provides administrative support to the Executive Committee.

Functions 

The functions of the ASEANSAI include the following:

  • To create and maintain a data bank of best practices, standards and methodologies in the field of public sector auditing.
  • To organize seminars, workshops, studies, or other activities related to the exchange of knowledge and experiences in the field of public sector auditing.
  • To undertake other activities that will promote good governance and cooperation among members of the ASEANSAI.

Benefits

The benefits obtained as a member of the ASEANSAI are as follows:

  • Able to promote understanding and cooperation among the Supreme Audit Institutions of ASEAN Member States in the field of public sector auditing in order to safeguard a stable and prosperous ASEAN Community.
  • Able to result in the enhancement of public accountability and transparency with the stability and prosperity in ASEAN community where there is good governance system and closer cooperation among the member countries.

http://www.aseansai.org

 

အာရှတိုက်ဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASOSAI)

နောက်ခံသမိုင်း

အာရှတိုက်ဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့သည် အပြည်ပြည်ဆိုင်ရာစာရင်းစစ်ချုပ်ရုံးများ အဖွဲ့၏ ဒေသတွင်းအဖွဲ့အစည်း (၇) ခုထဲမှ တစ်ခုဖြစ်ပါသည်။ ၁၉၇၈ ခုနှစ်၊ စက်တင်ဘာလ တွင် ASOSAI Charter ကိုလည်းကောင်း၊ ၁၉၇၉ ခုနှစ်၊ မေလတွင် ASOSAI Rules and Regulations ကိုလည်းကောင်း၊ အသီးသီးရေးဆွဲပြဋ္ဌာန်းနိုင်ခဲ့ပြီး အဖွဲ့ဝင် (၁၁) နိုင်ငံဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ ASOSAI သည် ပဓာနအဖွဲ့ဝင် (Charter Member) များ၊ အဖွဲ့ဝင်များ (Members) နှင့် အရံအဖွဲ့ဝင်များ (Associate Member) ဖြင့် ဖွဲ့စည်းထားရာ လက်ရှိတွင် အဖွဲ့ဝင် SAI စုစုပေါင်း (၄၆) ခု ရှိနေပြီ ဖြစ်ပါသည်။

ဦးတည်ချက်နှင့်လုပ်ငန်းတာဝန်များ

ASOSAI ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)  နိုင်ငံပိုင်ကဏ္ဍစာရင်းစစ်ဆေးခြင်းနယ်ပယ်တွင် အကြံဉာဏ်များနှင့်အတွေ့အကြုံ၊ ဗဟုသုတများ ဖလှယ်ခြင်းဖြင့် အဖွဲ့ဝင်အဖွဲ့အစည်းများအကြား နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို  တိုးမြှင့်ရန်၊

(ခ)  အစိုးရစာရင်းစစ်များ၏ အရည်အသွေးနှင့် လုပ်ငန်းစွမ်းဆောင်ရည်များ ပိုမိုတိုးတက်စေရန်အတွက် လေ့ကျင့်သင်ကြားပေးမှုနှင့် စဉ်ဆက်မပြတ် လေ့လာဆည်းပူးမှုများ ဆောင်ရွက်နိုင်ရေးအတွက် အထောက်အပံ့များပံ့ပိုးရန်၊

(ဂ)  နိုင်ငံပိုင်စစ်ဆေးရေးကဏ္ဍရှိ အခြားအဖွဲ့အစည်းများနှင့်လည်း ဆက်သွယ်နိုင်ရေးနှင့် သတင်းအချက်အလက်များရရှိနိုင်ရေး ဗဟိုဌာနအဖြစ် ဆောင်ရွက်ရန်၊

(ဃ)  ဒေသတွင်းအုပ်စုအဖွဲ့များအကြားနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ အစိုးရစာရင်းစစ်များအကြား ညီအစ်ကိုသွေးသားရင်းချာသဖွယ် ပိုမိုနီးကပ်သော ညှိနှိုင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်။

ASOSAI လုပ်ငန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)  သုတေသနပြုလုပ်ခြင်းကို တိုက်တွန်းပြီး အဆင့်မြှင့်တင်ခြင်းနှင့် စာရင်းစစ်ဆေးခြင်းနှင့် ၎င်းနှင့်ဆက်စပ်သည့် နယ်ပယ်ကဏ္ဍများတွင် သုတေသနစာတမ်းနှင့် အတတ်ပညာဆိုင်ရာဆောင်းပါးများ ထုတ်ပြန်မှုကို တာဝန်ယူဆောင်ရွက်ခြင်း၊

(ခ)  နိုင်ငံပိုင်ကဏ္ဍစာရင်းစစ်ဆေးခြင်းနယ်ပယ်ရှိ  အကြံဉာဏ်များနှင့် အတွေ့အကြုံများကို ဝေမျှဖလှယ်နိုင်ရန်အတွက် ညီလာခံအစည်းအဝေးများနှင့် နှီးနှောဖလှယ်ပွဲများ စီစဉ်ကျင်းပပေးခြင်း၊

                    (ဂ)  ASOSAI ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များ ပြီးမြောက်စေရန် လိုအပ်မှုရှိနိုင်သည့် အခြားလုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။

ASOSAI နှင့်ဆက်သွယ်ဆောင်ရွက်ခြင်းဖြင့် ရရှိလာသည့် အကျိုးကျေးဇူးများ

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် ၁၉၉၆ ခုနှစ်တွင် ASOSAI အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပါသည်။ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခြင်းဖြင့်ရရှိသည့် အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)  အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲတိုးတက်နေသည့် စာရင်းကိုင်၊ စာရင်းစစ်ဆိုင်ရာ အတတ်ပညာများ၊ နည်းပညာများနှင့် ဗဟုသုတများရရှိနိုင်ခြင်း၊

(ခ)  ခေတ်မီသည့် အစိုးရစာရင်းစစ်ဆေးခြင်းဆိုင်ရာ နည်းလမ်းများ၊ နည်းနိဿယျများဖြင့် စစ်ဆေးရေးလုပ်ငန်းများတွင် အကျိုးရှိစွာနှင့်ထိရောက်စွာ အသုံးချနိုင်ခြင်း၊

(ဂ)  စာရင်းကိုင်၊ စာရင်းစစ်အတတ်ပညာပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များ  ပိုမိုကောင်းမွန်လာခြင်း၊

(ဃ)  အဖွဲ့ဝင်နိုင်ငံများထံမှ စာရင်းကိုင်၊ စာရင်းစစ်ပညာရပ်ဆိုင်ရာ အတွေ့အကြုံများနှင့်ဗဟုသုတများကို ရရှိနိုင်ခြင်း၊

(င)  ASOSAI အဖွဲ့မှ ကမကထပြု၍ကျင်းပသည့် အာရှတိုက်ဒေသတွင်းအုပ်စုအတွင်းရှိ အလုပ်ရုံဆွေးနွေးပွဲများ၊ အစည်းအဝေးများ၊ သင်တန်းများနှင့် webinar များသို့ တက်ရောက်နိုင်သည့် အခွင့်အလမ်းကောင်းများရရှိခြင်း၊

(စ)  အထက်ပါ အခွင့်အလမ်းကောင်းများအသုံးချခြင်းဖြင့် စာရင်းစစ်ဝန်ထမ်းများ၏ ကျွမ်းကျင်မှုများနှင့် လုပ်ငန်းစွမ်းဆောင်ရည်တို့ကို အဆင့်တိုးမြှင့်နိုင်ပြီး ကမ္ဘာနှင့်အမှီ ရင်ဘောင်တန်းအောင် ဆောင်ရွက်နိုင်ခြင်း၊

(ဆ)  ASOSAI WGEA Cooperative Audit နှင့် IDI-ASOSAI TAI Audit တို့တွင် ပါဝင်ဆောင်ရွက်ခွင့်ရရှိခြင်း။

http://www.asosai.org

ASOSAI

Background

Asian Organization of Supreme Audit Institutions (ASOSAI) is one of the Regional Groups of the International Organization of Supreme Audit Institutions (INTOSAI). In September 1978 and May 1979, the Charter for ASOSAI and the Rules and Regulations of ASOSAI were promulgated respectively and ASOSAI was firstly established in 1979 with 11 members. The Membership of the ASOSAI consists of Charter Members, Members and Associate Members. Now, the membership has grown to 46 SAIs.

Objectives and Functions

The objectives of ASOSAI are:

  • To promote understanding and cooperation among member institutions through exchange of ideas and experiences in the field of public audit.
  • To provide facilities for training and continuing education for government auditors, with a view to improving quality and performance.
  • To serve as a center of information and as a regional link with institutions in other parts of the world in the field of public audit.
  • To promote closer collaboration and brotherhood among auditors in the service of the governments of the respective member institutions and among regional groups.

The functions of ASOSAI are:

  • Encouraging and promoting research and undertaking publication of research papers and professional articles in auditing and related fields;
  • Organizing conferences and seminars for the exchange of ideas and experiences in the field of public audit;
  • Performing such other functions as may be necessary in keeping with its objectives.

Benefits of relationship with ASOSAI

Myanmar SAI becomes a member of ASOSAI, one of the seven Regional Organizations of INTOSAI in 1996.

As a member of ASOSAI, the Office of the Auditor General of the Union gains the following benefits:

  • ability to gain advanced auditing and accounting techniques, knowledge which are changing and improving from time to time;
  • ability to do effective and efficient applications with respect to government auditing techniques and methods;
  • ability to upgrade professional accounting and auditing skills;
  • ability to gain accounting and auditing knowledge and experiences from member countries;
  • ability to get chances to participate in training programs, seminars, workshops and webinars sponsored and held by ASOSAI within Asia Regional Group;
  • ability to upgrade skills and abilities of audit staff by applying above opportunities and keep abreast of the world;
  • ability to participate in ASOSAI WGEA Cooperative Audit and IDI-ASOSAI TAI Audit.

http://www.asosai.org

နိုင်ငံတကာစာရင်းစစ်ချုပ်ရုံးများအဖွဲ့ (INTOSAI)

နောက်ခံသမိုင်း

နိုင်ငံတကာစာရင်းစစ်ချုပ်ရုံးများအဖွဲ့ (INTOSAI) သည် အမြဲတမ်းအဖွဲ့အစည်းတစ်ခုအဖြစ် ဖွဲ့စည်းထားသည့် ကိုယ်ပိုင်စီရင်ဆုံးဖြတ်ခွင့်ရှိသော၊ လွတ်လပ်သော၊ အတတ်ပညာနှင့်ဆိုင် သော၊ နိုင်ငံရေးနှင့်သက်ဆိုင်မှုမရှိသော အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။

စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည့် ၁၉၅၃ ခုနှစ်တွင် INTOSAI ၌ အဖွဲ့ဝင်နိုင်ငံ (၃၄) နိုင်ငံရှိခဲ့ရာမှ ယခုအခါ INTOSAI တွင်-       

   - Full Members- ၁၉၅ နိုင်ငံ၊

   - Associate Members- ၅ နိုင်ငံနှင့်

   - Affiliate Member- ၁ နိုင်ငံအထိ ရှိလာပြီဖြစ်ပါသည်။

ဉီးတည်ချက်

INTOSAI ၏ အဓိကဉီးတည်ချက်မှာ အစိုးရကဏ္ဍစာရင်းစစ်ဆေးခြင်းနယ်ပယ်ရှိ အခြားသော နိုင်ငံတကာအဖွဲ့အစည်းများ၊ သက်ဆိုင်ပတ်သက်သူများ (stakeholders) နှင့်အတူ ၎င်း၏ အဖွဲ့ဝင်များဖြစ်ကြသော ကမ္ဘာတစ်ဝန်းရှိနိုင်ငံများ၏ စာရင်းစစ်ချုပ်ရုံးများအကြား အကြံဉာဏ် များ၊ ဗဟုသုတများနှင့် အတွေ့အကြုံများ ဝေမျှဖလှယ်ခြင်းကို အဆင့်မြှင့်တင်ရန် ဖြစ်ပါသည်။

INTOSAI ၏ အခြေခံမူများသည် အဖွဲ့ဝင်များအားလုံး၏ တန်းတူညီမျှမှုနှင့် INTOSAI တွင် ၎င်းတို့၏ ဆန္ဒအလျှောက် ပါဝင်ဆောင်ရွက်မှုတို့အပေါ်တွင် အမြဲတမ်းမဏ္ဍိုင်ပြုလျက်ရှိပါသည်။

လုပ်ငန်းတာဝန်များ

INTOSAI ၏ လုပ်ငန်းတာဝန်များမှာ-

   - SAI များအား အပြန်အလှန် ထောက်ပံ့မှုပေးရန်၊

   - အကြံဉာဏ်များ၊ ဗဟုသုတများနှင့် အတွေ့အကြုံများ ဝေမျှဖလှယ်ခြင်းကို မြေတောင်မြှောက်ပေးရန်၊

   - နိုင်ငံတကာလူမှုအသိုက်အဝန်းအတွင်းတွင် SAI များ၏ ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုထားသော ပြည်သူ့အသံတစ်သံအဖြစ် ဆောင်ရွက်ရန်၊

   - နိုင်ငံပိုင်ကဏ္ဍစာရင်းစစ်ဆေးခြင်းအတွက် စံများသတ်မှတ်ရန်၊

   - ကောင်းမွန်သော အမျိုးသားအုပ်ချုပ်မှုစနစ်ကို အဆင့်မြှင့်တင်ရန်၊

   - SAI ၏ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် စဉ်ဆက်မပြတ်သော လုပ်ငန်းဆောင်ရွက်မှုတိုးတက်ရေးတို့ကို ထောက်ပံ့ပေးရန် စသည်တို့ဖြစ်ပါသည်။

ဒေသတွင်းအဖွဲ့အစည်းများ

INTOSAI သည် ဒေသအပေါ်အခြေပြုလျက် ၎င်း၏အဖွဲ့ဝင်များ၏ အတတ်ပညာဆိုင်ရာနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အဆင့်မြှင့်တင်ရေးရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသည့် သက်ဆိုင်ရာ ကိုယ်ပိုင်စီရင်ဆုံးဖြတ်ခွင့်ရှိသော အဖွဲ့အစည်းများအား ဒေသတွင်းအဖွဲ့အစည်းများအဖြစ် အသိအမှတ်ပြုလျက်ရှိပါသည်။

INTOSAI Governing Board သည် အောက်ပါဒေသတွင်းအဖွဲ့အစည်း (၇) ခု ကို အသိအမှတ်ပြုထားပါသည်-

စဉ် အကြောင်းအရာ အတိုကောက်
Organization of Latin American and Caribbean Supreme Audit Institutions OLACEFS
African Organization of Supreme Audit Institutions AFROSAI
Arab Organization of Supreme Audit Institutions ARABOSAI
Asian Organization of Supreme Audit Institutions ASOSAI
Pacific Association of Supreme Audit Institutions PASAI
Caribbean Organization of Supreme Audit Institutions CAROSAI
European Organization of Supreme Audit Institutions EUROSAI

INTOSAI နှင့်ဆက်သွယ်ဆောင်ရွက်ခြင်းဖြင့် ဆက်သွယ်ဆောင်ရွက်ခြင်းဖြင့် ရရှိလာသည့် အကျိုးကျေးဇူးများ

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် ၁၉၉၅ ခုနှစ်တွင် INTOSAI သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပါသည်။ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခြင်းဖြင့်ရရှိသည့် အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

   - အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲတိုးတက်နေသည့် စာရင်းကိုင်၊ စာရင်းစစ်ဆိုင်ရာ အတတ် ပညာများ၊ နည်းပညာများနှင့် ဗဟုသုတများရရှိနိုင်ခြင်း၊

   - ခေတ်မီသည့် အစိုးရစာရင်းစစ်ဆေးခြင်းဆိုင်ရာ နည်းလမ်းများ၊ နည်းနိဿယျများဖြင့် စစ်ဆေးရေးလုပ်ငန်းများတွင် အကျိုးရှိစွာနှင့် ထိရောက်စွာ အသုံးချနိုင်ခြင်း၊

   - စာရင်းကိုင်၊ စာရင်းစစ်အတတ်ပညာပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များ  ပိုမိုကောင်းမွန်လာခြင်း၊

   - အဖွဲ့ဝင်နိုင်ငံများအကြား စာရင်းကိုင်၊ စာရင်းစစ်ပညာရပ်ဆိုင်ရာ အတွေ့အကြုံ၊ ဗဟုသုတများ အချင်းချင်းဖလှယ်၍ တွေ့ကြုံလာရသည့် အခက်အခဲ၊ အဟန့်အတား၊ စိန်ခေါ်မှုများကို ပူးပေါင်းဖြေရှင်းကျော်လွှားနိုင်ခြင်း၊

   - INTOSAI မှ ကမကထပြု၍ ကျင်းပသော သင်တန်းအစီအစဉ်များ၊ နှီးနှောဖလှယ်ပွဲများနှင့် အလုပ်ရုံဆွေးနွေးပွဲများသို့ တက်ရောက်နိုင်သည့် အခွင့်အလမ်းကောင်းများ ရရှိခြင်း၊

   - အထက်ပါ အခွင့်အလမ်းကောင်းများကို အသုံးချခြင်းဖြင့် စာရင်းစစ်ဝန်ထမ်းများ၏ ကျွမ်းကျင်မှုများနှင့် လုပ်ငန်းစွမ်းဆောင်ရည်တို့ကို အဆင့်တိုးမြှင့်နိုင်ပြီး ကမ္ဘာနှင့်အမှီ ရင်ဘောင်တန်းအောင် ဆောင်ရွက်နိုင်ခြင်း၊

   - INTOSAI မှ ထုတ်ဝေသည့် သုံးလပတ်ဂျာနယ်များ၊ မဂ္ဂဇင်းစာစောင်များနှင့် အခါအားလျော်စွာဖြန့်ဝေသည့် ထုတ်ပြန်ချက်များမှတစ်ဆင့် နိုင်ငံတကာစာရင်းကိုင်စံများ၊ နိုင်ငံတကာစာရင်းစစ်စံများနှင့်စပ်လျဉ်း၍ အသစ်ပြဋ္ဌာန်းမှု၊ ပြောင်းလဲမှုများနှင့် လတ်တလောပြဿနာရပ်များနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များကို  ရယူသိရှိနိုင်ခြင်း။

http://www.intosai.org

 

INTOSAI

Background

The International Organization of Supreme Audit Institutions (INTOSAI) is an autonomous, independent, professional and nonpolitical organization established as a permanent institution.

At the time of its foundation in 1953, INTOSAI had 34 members. At present, INTOSAI has:

   - 195 Full Members,

   - 5 Associate Members and

   - 1 Affiliate Member.

Objective

The main aim of INTOSAI is to promote the exchange of ideas, knowledge and experience between its members, the Supreme Audit Institutions (SAIs) of countries around the globe, with other international organizations and stakeholders in the field of government auditing.

INTOSAI’s time-proven principles have always revolved around the equality of all members and their voluntary participation in INTOSAI.

Functions

The functions of INTOSAI are as follows:

   - To provide mutual support to SAIs;

   - To foster the exchange of ideas, knowledge, and experiences;

   - To act as a recognized global public voice of SAIs within the international community;

   - To set standards for public sector auditing;

   - To promote good national governance; and

   - To support SAI capacity development, cooperation and continuous performance improvement.

Regional Organizations

INTOSAI recognizes Regional Organizations as related autonomous entities, established for the purpose of promoting the professional and technical cooperation of its members on a regional basis.

The INTOSAI Governing Board has recognized the following seven Regional Organizations:  

No.

Particular

Abbreviation

1

Organization of Latin American and Caribbean Supreme Audit Institutions   

OLACEFS

2

African Organization of Supreme Audit Institutions

AFROSAI

3

Arab Organization of Supreme Audit Institutions

ARABOSAI

4

Asian Organization of Supreme Audit Institutions

ASOSAI

5

Pacific Association of Supreme Audit Institutions

PASAI

6

Caribbean Organization of Supreme Audit Institutions

CAROSAI

7

European Organization of Supreme Audit Institutions

EUROSAI

Benefits of relationship with INTOSAI

Myanmar SAI becomes a member of INTOSAI in 1995, and the benefits obtained as a member of INTOSAI are:

   - ability to learn advanced audit and accounting techniques, knowledge which are changing and improving from time to time;

   - ability to do effective and efficient applications with respect to government auditing techniques and methods;

   - ability to upgrade professional accounting and auditing skills;

   - ability to overcome obstructions, difficulties and challenges by exchanging and sharing accounting and auditing knowledge and experiences among member countries;

   - ability to get chances to participate in training programs, seminars, workshops sponsored by INTOSAI;

   - ability to upgrade skills and abilities of audit staff by applying above opportunities and keep abreast of the world;

   - ability to access recent development and changes in international accounting standards, international auditing standards and current issues through quarterly journals and magazines published from INTOSAI.

http://www.intosai.org

 

ပြည်ထောင်စုနယ်မြေ

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

နေပြည်တော်စာရင်းစစ်ရုံး
ခရေလမ်း ၊ ပေါင်းလောင်း(၂)ရပ်ကွက် ၊ ပျဉ်းမနားမြို့
နေပြည်တော်
ဖုန်း      : ၀၆၇-၅၅၀၂၂၈

ညွှန်ကြားရေးမှူးရုံး

------- ၊ ညွှန်ကြားရေးမှူး
ဖုန်း    : ၀၆၇-၅၅၀၂၂၈

ခရိုင်နှင့် မြို့နယ်စာရင်းစစ်ရုံးများ

စဉ်   ခရိုင်နှင့် မြို့နယ်စာရင်းစစ်ရုံးများ
  ဒက္ခိဏခရိုင်
  (၁) ဇမ္ဗူသီရိမြို့နယ်
  (၂) ဒက္ခိဏသီရိမြို့နယ်
  (၃) ပျဉ်းမနားမြို့နယ်
  (၄) လယ်ဝေးမြို့နယ်
  ဥတ္တရခရိုင်
  (၁) ဇေယျာသီရိမြို့နယ်
  (၂) တပ်ကုန်းမြို့နယ်
  (၃) ပုဗ္ဗသီရိမြို့နယ်
  (၄) ဉတ္တရသီရိမြို့နယ်
Union Territory

Union Auditor-General Office

Naypyitaw District Audit Office
Khayay Road, Paung Laung (2) Quarter
Naypyitaw
Phone:  067-24684 

2.8.15.1 Director Office
----------- , Director
Phone:  067-550228

2.8.15.2  Township Audit Offices

Sr. No Township Audit Offices
1   Dekkhinathiri Distirct
  (1) Zabuthiri Township
  (2) Dekkhinathiri Township
  (3) Pyinmana Township
  (4) Lawe Township
2   Ottara District
  (1) Zeyathiri Township
  (2) Tatkong Township
  (3) Pobbathiri Township
  (4) Ottara Township

Pages

Subscribe to Front page feed