ပြည်နယ်စာရင်းစစ်ချုုပ်ရုံး
ချင်းပြည်နယ်စာရင်းစစ်ချုပ်ရုံး
ဒါအိုချိမ်းလမ်း ၊ ဈေးဟောင်းရပ်ကွက် ၊ ဟားခါးမြို့
ချင်းပြည်နယ်
ဖုန်း : ၀၇၀-၂၁၀၉၅
ဖက်စ်: ၀၇၀-၂၁၇၉၅
ညွှန်ကြားရေးမှူးရုံး
ဒေါ်ဥမ္မာအောင်၊ ညွှန်ကြားရေးမှူး
ဖုန်း : ၀၇၀-၂၁၀၉၅
ခရိုင်နှင့်မြို့နယ်စာရင်းစစ်ရုံးများ
| စဉ် | ခရိုင်နှင့်မြို့နယ်စာရင်းစစ်ရုံးများ | |
|---|---|---|
| ၁ | ဖလမ်းခရိုင် | |
| (၁) | တီးတိန်မြို့နယ် | |
| (၂) | တွန်းဇံမြို့နယ် | |
| (၃) | ဖလမ်းမြို့နယ် | |
| ၂ | မင်းတပ်ခရိုင် | |
| (၁) | ကန်ပက်လက်မြို့နယ် | |
| (၂) | ပလက်ဝမြို့နယ် | |
| (၃) | မတူပီမြို့နယ် | |
| (၄) | မင်းတပ်မြို့နယ် | |
| ၃ | ဟားခါးခရိုင် | |
| (၁) | ဟားခါးမြို့နယ် | |
| (၂) | ထန်တလန် မြို့နယ် | |
State Auditor-General Office
Chin State Auditor –General Office
Dauchin Road, Old Bazaar Quarter
Hakha
Chin State
Phone: 070-21095
Fax: 070-21795
2.8.4.1 Director Office
Daw Ohnmar Aung, Director
Phone: 070-21095
2.8.4.2 District and Township Audit Offices
| Sr.No | District and Township Audit Offices | |
|---|---|---|
| 1 | Falam District | |
| (1) | Tiddim Township | |
| (2) | Tonzang Township | |
| (3) | Falam Township | |
| 2 | Mindat District | |
| (1) | Kanpetlet Township | |
| (2) | Paletwa Township | |
| (3) | Matupi Township | |
| (4) | Mindat Township | |
| 3 | Hakha District | |
| (1) | Hakha Township | |
| (2) | Htantalan Township | |
ပြည်နယ်စာရင်းစစ်ချုပ်ရုံး
ကရင်ပြည်နယ်စာရင်းစစ်ချုပ်ရုံး
ဇွဲကပင်လမ်း ၊ အမှတ်(၄)ရပ်ကွက် ၊ ဘာအံမြို့
ကရင်ပြည်နယ်
ဖုန်း : ၀၅၈-၂၁၀၉၂
ဖက်စ်: ၀၅၈-၂၁၀၉၂
ညွှန်ကြားရေးမှူးရုံး
ဦးအောင်စိုး၊ ညွှန်ကြားရေးမှူး
ဖုန်း : ၀၅၈-၂၁၀၉၂
မိုဘိုင်း : ၀၉-*********
ခရိုင်နှင့်မြို့နယ်စာရင်းစစ်ရုံးများ
| စဉ် | ခရိုင်နှင့် မြို့နယ်စာရင်းစစ်ရုံးများ | ||
|---|---|---|---|
| ၁ | ကော့ကရိတ်ခရိုင် | ||
| (၁) | ကော့ကရိတ်မြို့နယ် | ||
| (၂) | ကြာအင်းဆိပ်ကြီးမြို့နယ် | ||
| ၂ | ဘားအံခရိုင် | ||
| (၁) | ဘားအံမြို့နယ် | ||
| (၂) | လှိုင်းဘွဲ့မြို့နယ် | ||
| (၃) | သံတောင်ကြီးမြို့နယ် | ||
| ၃ | မြဝတီခရိုင် | ||
| (၁) | မြဝတီမြို့နယ် | ||
| ၄ | ဖာပွန်ခရိုင် | ||
| (၁) | ဖာပွန်မြို့နယ် | ||
State Auditor-General Office
Kayin State Auditor –General Office
Zwekabin Road, No.4 Quarter
Hpa-An
Kayin State
Phone: 058-21092
Fax: 058-21092
2.8.3.1 Director Office
U Aung Soe, Director
Phone: 058-21092
Mobile: 09-********
2.8.3.2 District and Township Audit Offices
| Sr.No | District and Township Audit Offices | |
|---|---|---|
| 1 | Kawkareik District | |
| (1) | Kawkareik Township | |
| (2) | Kya-in-Seikkyi Township | |
| 2 | Hpa-An District | |
| (1) | Hpa-An Township | |
| (2) | Hlaingbwe Township | |
| (3) | Thandaunggyi Township | |
| 3 | Myawadi District | |
| (1) | Myawadi Township | |
| 4 | Papun District | |
| (1) | Papun Township | |
ပြည်နယ်စာရင်းစစ်ချုုပ်ရုံး
ကယားပြည်နယ်စာရင်းစစ်ချုပ်ရုံး
ဦးနီလမ်း ၊ ဒေါ်ဥခူရပ်ကွက် ၊ လွိုင်ကော်မြို့
ကယားပြည်နယ်
ဖုန်း : ၀၈၃-၂၁၀၉၀
ဖက်စ်: ၀၈၃-၂၂၄၉၄
ညွှန်ကြားရေးမှူးရုံး
ဦးမောင်မောင်ခင်၊ ညွှန်ကြားရေးမှူး
ဖုန်း : ၀၈၃-၂၁၀၉၀
ခရိုင်နှင့်မြို့နယ်စာရင်းစစ်ရုံးများ
| စဉ် | ခရိုင်နှင့် မြို့နယ်စာရင်းစစ်ရုံးများ | |
|---|---|---|
| ၁ | လွိုင်ကော်ခရိုင် | |
| (၁) | ဒီမော့ဆိုမြို့နယ် | |
| (၂) | ဖရူးဆိုမြို့နယ် | |
| (၃) | လွိုင်ကော်မြို့နယ် | |
| ၂ | ဘော်လခဲခရိုင် | |
| (၁) | ဖားဆောင်းမြို့နယ် | |
| (၂) | မယ်စဲ့မြို့နယ် | |
State Auditor-General Office
Kayah State Auditor –General OfficeU Ni Road, Daw Ou Khu Quarter, Loikaw, Kayah State Phone : 083-21090
Fax : 083-22494
2.8.2.2 Director Office U Mg Mg Khin, Director
Phone : 083-21090
2.8.2.2 District and Township Audit Offices
| Sr. No | District and Township Audit Offices | |
|---|---|---|
| 1 | Loikaw District | |
| (1) | Dimawhso Township | |
| (2) | Pruhso Township | |
| (3) | Loikaw Township | |
| 2 | Bawlake District | |
| (1) | Phasawng Township | |
| (2) | Mae Se Township | |
ပြည်နယ်စာရင်းစစ်ချုုပ်ရုံး
ကချင်ပြည်နယ်စာရင်းစစ်ချုုပ်ရုံး
ရုံးကြီးလမ်း ၊ သီတာရပ်ကွက် ၊ မြစ်ကြီးနားမြို့
ကချင်ပြည်နယ်
ဖုန်း ၀၇၄-၂၂၄၁၉
ဖက်စ် ၀၇၄-၂၄၁၉၄
ညွှန်ကြားရေးမှူးရုံး
ဒေါ်---------၊ ညွှန်ကြားရေးမှူး
ဖုန်း : ၀၇၄-၂၂၄၁၉
ခရိုင်နှင့်မြို့နယ်စာရင်းစစ်ရုံးများ
| စဉ် | ခရိုင် နှင့် မြို့နယ်စာရင်းစစ်ရုံးများ | |
|---|---|---|
| ၁ | ပူတာအိုခရိုင် | |
| (၁) | ပူတာအိုမြို့နယ် | |
| (၂) | မချမ်းဘောမြို့နယ် | |
| ၂ | ဗန်းမော်ခရိုင် | |
| (၁) | ဗန်းမော်မြို့နယ် | |
| (၂) | မိုးမောက်မြို့နယ် | |
| (၃) | မန်စီမြို့နယ် | |
| (၄) | ရွှေကူမြို့နယ် | |
| ၃ | မြစ်ကြီးနားခရိုင် | |
| (၁) | တနိုင်းမြို့နယ် | |
| (၂) | မြစ်ကြီးနားမြို့နယ် | |
| (၃) | ဝိုင်းမော်မြို့နယ် | |
| ၄ | မိုးညှင်းခရိုင် | |
| (၁) | ဖားကန့်မြို့နယ် | |
| (၂) | မိုးကောင်းမြို့နယ် | |
| (၃) | မိုးညှင်းမြို့နယ် | |
State Auditor-General Office
Kachin State Auditor –General Office
Yonegyi Road,Thidar Quarter
Myitkyina
Kachin State
Phone: 074-22419
Fax: 074-24194
2.8.1.1 Director Office
Daw -------, Director
Phone: 074-22419
2.8.1.2 District and Township Audit Offices
| Sr. No | District and Township Audit Offices | |
|---|---|---|
| 1 | Putao District | |
| (1) | Putao Township | |
| (2) | Machanbaw Township | |
| 2 | Bhamo District | |
| (1) | Bhamo Township | |
| (2) | Momauk Township | |
| (3) | Mansi Township | |
| (4) | Shwegu Township | |
| 3 | Myitkyina District | |
| (1) | Tanai Township | |
| (2) | Myitkyina Township | |
| (3) | Waingmaw Township | |
| 4 | Mohnyin District | |
| (1) | Pharkant Township | |
| (2) | Mogaung Township | |
| (3) | Mohnyin Township | |
(၁) စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း
၁။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ဒေသစာရင်းစစ်ရုံးအသီးသီးတို့သည် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေနှင့်အညီ ဘဏ္ဍာရေးစာရင်းစစ်ဆေးခြင်း (Financial Audit) ၊ လိုက်နာဆောင်ရွက်မှုစစ်ဆေးခြင်း (Compliance Audit) နှင့် လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးခြင်း (Performance Audit) တို့ကို ဆောင်ရွက်ပြီး စစ်ဆေးအစီရင်ခံတင်ပြလျက်ရှိပါသည်။
၂။ နှစ်ပတ်လည် စစ်ဆေးရေးစီမံချက်နှင့် သုံးလပတ်စစ်ဆေးရေးစီမံချက်များရေးဆွဲ၍ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ စစ်ဆေးရမည့် ဌာနအဖွဲ့အစည်းများ၏ Risk Area များ ရှာဖွေခြင်း၊ စစ်ဆေးရန် အရေးပါမှုသတ်မှတ်ခြင်း၊ အချက်အလက်များ တောင်းခံရယူ၍ စိစစ်သုံးသပ်ခြင်း၊ နှိုင်းယှဉ်စိစစ်ခြင်းများကိုဆောင်ရွက်ပြီး စစ်ဆေးရမည့်အဖွဲ့အစည်းတစ်ခုချင်းအလိုက် စစ်ဆေးရေးအစီအစဉ်များရေးဆွဲပါသည်။ စစ်ဆေးရေး အစီအစဉ်များရေးဆွဲပြီးနောက် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အစီရင်ခံစာမူကြမ်းပြုစုခြင်း၊ အစီရင်ခံစာထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်ပါသည်။ ထို့နောက် အစီရင်ခံစာအပေါ် စစ်ဆေးရမည့်အဖွဲ့အစည်းများ၏ အရေးယူဆောင်ရွက်မှုများကို စိစစ်သုံးသပ်ပါသည်။ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံး များမှပေးပို့သည့် ထူးခြားသည့် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာများကိုစိစစ်၍ လိုအပ်သည်များကို ဆက်လက်အရေးယူခြင်းနှင့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများ၏ စစ်ဆေးရေးလုပ်ငန်းကို ကြီးကြပ်လမ်းညွှန်ခြင်းတို့ကို ပြုလုပ်ပါသည်။
၃။ စစ်ဆေးရာတွင် သိရှိလိုသောအချက်အလက်များနှင့်စပ်လျဉ်း၍ အောက်ပါတို့ကို ဆောင်ရွက်ရပါသည်-
(က) စစ်ဆေးရမည့်ဌာန၊ အဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း (Discussion) ၊
(ခ) အတည်ပြုရန်လိုအပ်သော စစ်ဆေးတွေ့ရှိချက်များအတွက် ဌာန၊ အဖွဲ့အစည်းမှ တာဝန်ရှိသူများအား တွေ့ဆုံမေးမြန်းခြင်း (Interview) ၊
(ဂ) ဌာနအဖွဲ့အစည်းမှ တင်ပြသည့် အချက်အလက်အထောက်အထားများအား စိစစ်သုံးသပ်ခြင်း (Doucument Review) နှင့် ခွဲခြမ်းစိတ်ဖြာစိစစ်ခြင်း (Analysing)၊
(ဃ) မေးခွန်းများ (Questionnaire) အသုံးပြု၍မေးမြန်းခြင်း၊
(င) မျက်မြင်စိစစ်အတည်ပြုရန် လိုအပ်သည့်နယ်ပယ်များအား မျက်မြင်ကြည့်ရှုစစ်ဆေးခြင်း (Physical Examination) ၊
(စ) တာဝန်ရှိသူများထံမှ စာဖြင့်အတည်ပြုချက်ရယူခြင်း (Confirmation) ။
၄။ စစ်ဆေးစဉ်အတွင်း အောက်ပါတို့ကို ဆောင်ရွက်ရပါသည်-
(က) စစ်ဆေးရေးအဖွဲ့အတွင်း ဆွေးနွေးပြီးအစီရင်ခံစာ (မူကြမ်း) ပြုစုခြင်း၊
(ခ) စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာ (မူကြမ်း) ပြုစုပြီးနောက် စီမံခန့်ခွဲသူအဆင့်ဆင့်ထံ တင်ပြပြီး စီမံခန့်ခွဲသူအဆင့်ဆင့်၏ ဆွေးနွေးလမ်းညွှန်ချက်များနှင့်အညီ ပြုပြင်မွမ်းမံခြင်း၊
(ဂ) အစီရင်ခံစာ (မူကြမ်း) အား သက်ဆိုင်ရာဌာန၊အဖွဲ့အစည်းသို့ပေးပို့၍ အတည်ပြုချက် ရယူခြင်း၊
(ဃ) စစ်ဆေးရေးလုပ်ငန်းအပြီးသတ်ဆောင်ရွက်ခြင်း (Winding up ) ၊
(င) ဌာန၊ အဖွဲ့အစည်း၏ ပြန်ကြားချက်များအားစိစစ်ပြီး လိုအပ်သည်များ ပြုပြင်မွမ်းမံခြင်း၊
(စ) အပြီးသတ်အစီရင်ခံစာထုတ်ပြန်နိုင်ရေးအတွက် စီမံခန့်ခွဲသူအဆင့်ဆင့်ထံတင်ပြခြင်း၊
(ဆ) အစီရင်ခံစာအား သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းသို့ပေးပို့ခြင်း၊
(ဇ) ပြည်ထောင်စုစာရင်းစစ်ချုပ်၏ ဆောင်ရွက်ချက်များနှင့် စစ်ဆေးတွေ့ရှိချက်များကို နိုင်ငံတော်သမ္မတထံသို့ တင်ပြသည်နှင့်တစ်ပြိုင်တည်း ပြည်ထောင်စုလွှတ်တော်သို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ဉပဒေနှင့်အညီ အစီရင်ခံတင်ပြခြင်း။
၅။ အစီရင်ခံစာပါ အကြံပြုချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအား သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းမှ ပြန်ကြားလာပါက အစီရင်ခံစာပါ အကြံပြုချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု (Follow up) အား အထောက်အထားများဖြင့်စိစစ်ပြီး လက်ခံခြင်း၊ ပြီးပြတ်ခြင်းမရှိဘဲ ထပ်မံစစ်ဆေးရန် လိုအပ်သည့်အချက်များရှိပါက နောင်စစ်ဆေးချိန်တွင် ထည့်သွင်းစစ်ဆေးနိုင်ရေးအတွက် ဆောင်ရွက်ရပါသည်။ အစီရင်ခံစာပါ အရေးယူဆောင်ရွက်မှုအား အချိန်မီမပြန်ကြားခြင်းနှင့် မပြီးပြတ်သေးသည့် အကြံပြုချက်များအတွက် သက်ဆိုင်ရာဌာနအဖွဲ့အစည်းသို့ စီမံခန့်ခွဲမှုအကြောင်းကြားစာ (Management Letter) ထုတ်ပြန်ခြင်းကိုလည်း ဆောင်ရွက်ပါသည်။ ဌာနအဖွဲ့အစည်းများ၏ စာရင်းစစ်အစီရင်ခံစာအပေါ် လိုက်နာဆောင်ရွက်မှုအခြေအနေအား ပြန်လည်စိစစ်သုံးသပ်မှုပြုခြင်းအားဖြင့် ပြည်သူ့ဘဏ္ဍာထိန်းကျောင်းမှု ပိုမိုကောင်းမွန်လာစေရန်အတွက်လည်း အထောက်အကူပြုနိုင်ပါသည်။
၆။ ဆောင်ရွက်လျက်ရှိသည့် စစ်ဆေးသည့် အမျိုးအစားများမှာ အောက်ပါတို့ဖြစ်ပါသည်-
(က) ဘဏ္ဍာရေးစာရင်းများ စစ်ဆေးခြင်း
ဘဏ္ဍာရေးနှစ်အလိုက် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၏ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှ ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရပါသည်။ ထို့အပြင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့် ဆက်စပ်ဆောင်ရွက်သော ကြွေးမြီ၊ အပ်ငွေ၊ ယာယီစသည့် စာရင်းများဆိုင်ရာ ရငွေ၊ ပေးငွေစာရင်းကိုလည်း ဆောင်ရွက်ရပါသည်။ ယင်းသို့ ဆောင်ရွက်မှုအတွက် ထုတ်ပြန်ထားသော နှစ်ချုပ်စာရင်းများသည် အများလက်ခံကျင့်သုံးနေသောစာရင်းကိုင်မူများ သို့မဟုတ် နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းကိုင်စံများ သို့မဟုတ် ဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာ နိုင်ငံတကာစံများနှင့် တည်ဆဲဘဏ္ဍာရေးစည်းမျဉ်းများ၊ တည်ဆဲညွှန်ကြားချက် များနှင့်အညီ အစဉ်တစိုက်ရေးဆွဲတင်ပြထားခြင်းရှိ မရှိ သေချာစေရန် စစ်ဆေးသူအနေဖြင့် လွတ်လပ်စွာစစ်ဆေး၍ ကျိုးကြောင်းဆီလျော်သည့် စာရင်းစစ်ထင်မြင်ယူဆချက် ပေးခြင်းဖြစ်ပါသည်။
(ခ) လိုက်နာဆောင်ရွက်မှု စစ်ဆေးခြင်း
အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ဆောင်ချက်များ၊ သတင်းအချက်အလက်များသည် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းကလိုက်နာရမည့် ဉပဒေ၊ နည်းဉပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းနှင့် ညီညွတ်မှုရှိ မရှိကို လွတ်လပ်စွာအကဲဖြတ်စစ်ဆေးခြင်း ဖြစ်ပါသည်။
(ဂ) လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးခြင်း
အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ တာဝန်ယူဆောင်ရွက်နေသော လုပ်ငန်းအစီအစဉ်များ သို့မဟုတ် လုပ်ငန်းဆောင်ရွက်ချက်များသည် စီးပွားရေးတွက်ခြေကိုက်မှု၊ စွမ်းဆောင်ရည်ပြည့်ဝမှု၊ ထိရောက်အောင်မြင်မှု၊ ချမှတ်ထားသောရည်မှန်းချက်များနှင့် အညီ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေတို့ကို လွတ်လပ်စွာ စစ်ဆေးဆောင်ရွက်ခြင်း ဖြစ်ပါသည်။ လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးခြင်းသည် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများက ချမှတ်ထားသောရည်မှန်းချက်များ၊ ဆုံးဖြတ်ချက်များအပေါ်တွင် အခြေခံ၍ ရည်မှန်းချက်အတိုင်း ထိရောက်ပြီး စွမ်းဆောင်ရည်ပြည့်ဝစွာ အကောင်အထည်ဖော်နိုင်မှုအခြေအနေကို အဓိကထား၍ လွတ်လပ်စွာ စစ်ဆေးဆောင်ရွက်ခြင်း ဖြစ်ပါသည်။
(ဃ) သီးသန့်တာဝန်ပေးချက်/ ညှိနှိုင်းချက်အရ စစ်ဆေးခြင်း
ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေနှင့်အညီ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကဖြစ်စေ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတစ်ခုခု၊ ပြည်ထောင်စုဝန်ကြီးဌာန တစ်ခုခု သို့မဟုတ် နေပြည်တော်ကောင်စီကဖြစ်စေ ယင်း၏ လုပ်ငန်းတစ်ရပ်ရပ်အား စစ်ဆေးပေးရန် ပြည်ထောင်စုစာရင်းစစ်ချုပ်အား ညှိနှိုင်းလာပါက လိုအပ်သလို စစ်ဆေးပြီးနောက် တွေ့ရှိချက်များကို သက်ဆိုင်ရာအဖွဲ့အစည်းများသို့ ပေးပို့ရပါသည်။ ထို့အပြင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် နေပြည်တော်ကောင်စီတို့၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုကို စစ်ဆေးရန် ပြည်ထောင်စုလွှတ်တော်က တာဝန်ပေးအပ်လာလျှင် စစ်ဆေး ၍ ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံတင်ပြရပါသည်။
စစ်ဆေးတွေ့ရှိချက်များအရ အရေးယူဆောင်ရွက်ခြင်း
၇၊၊ အဖွဲ့အစည်းများသည် စစ်ဆေးစဉ်ကာလအတွင်းမှာပင် မေးမြန်းချက်များကို ရှင်းလင်းဖြေကြားရန်နှင့် စစ်ဆေးတွေ့ရှိချက်များအပေါ် လိုအပ်သလို အရေးယူဆောင်ရွက်သွားရန် ဖြစ်ပါသည်၊၊ အစီရင်ခံစာ ထုတ်ပြန်ပြီးသည့်အခါတွင်လည်း အရေးယူ ဆောင်ရွက်မှုကို သင့်တော်သည့်ကာလအတွင်း သက်ဆိုင်ရာအဖွဲ့အစည်းက ပြန်ကြားပေးရန် လိုအပ်ပါသည်၊၊ ပြန်ကြားရန်ကာလကို အစီရင်ခံစာပေးပို့စဉ်ကပင် သတ်မှတ်ပေးထားပါသည်၊၊ စစ်ဆေးတွေ့ရှိချက်အပေါ် မူတည်၍ သက်ဆိုင်ရာအဖွဲ့အစည်းသည် အောက်ဖော်ပြပါနည်းလမ်းများအတိုင်း ဆောင်ရွက်ရမည်ဖြစ်ပါသည်-
(က) ချက်ချင်းအရေးယူရန်ကိစ္စများ၊၊ လောလောဆယ် ဖြစ်ပေါ်နေသည့် လေလွင့်ပြုန်းတီးမှု၊ ယိုဖိတ်မှု၊ ပျက်စီးမှု၊ နစ်နာဆုံးရှုံးမှု၊ အလွဲသုံးစားမှုများကို ချက်ချင်းရပ်တန့်သွားအောင် ဆောင်ရွက်ရပါမည်၊၊
(ခ) ဥပဒေအရ အရေးယူရန်ကိစ္စ၊၊ ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေများနှင့် ငြိစွန်းသည့် မသမာမှု၊ အလွဲသုံးစားမှုများကို ဥပဒေကြောင်းအရ ဆက်လက်အရေးယူရပါမည်၊၊ ထို့အပြင် တွေ့ရှိထားသော အထောက်အထားများအရ ဌာနဆိုင်ရာစုံစမ်းစစ်ဆေးမှုကို တစ်ပြိုင်တည်း ပြုလုပ်ရပါမည်၊၊
(ဂ) ဌာနဆိုင်ရာစုံစမ်းအရေးယူရန်ကိစ္စ၊၊ အစီရင်ခံစာအရ စစ်ဆေးတွေ့ရှိချက်တစ်ရပ်သည် ဥပဒေကြောင်းအရ အရေးယူရန်မခိုင်လုံသော်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းအကြီးအကဲက ဝန်ထမ်း၏ပေါ့လျော့မှု၊ တာဝန်လစ်ဟင်းမှုတို့ကြောင့် နစ်နာဆုံးရှုံးမှုမျိုးဖြစ်ကြောင်း ယူဆသည့်ကိစ္စရပ်များတွင် ဌာနဆိုင်ရာစုံစမ်းစစ်ဆေးခြင်းဖြင့် အရေးယူနိုင်ပါသည်၊၊
(ဃ) သာမန်သိရှိရန်နှင့် အရေးယူရန်ကိစ္စ၊၊ အချို့စစ်ဆေးတွေ့ရှိချက်များမှာ သာမန်မျှဖြစ်၍ နောင်တွင် ပြုပြင်ဆောင်ရွက်သွားပါက ပိုမိုကောင်းမွန်သွားနိုင်စရာ အကြောင်းရှိလျှင် အခါအားလျော်စွာ ပြုပြင်ပြောင်းလဲသွားလျှင် လုံလောက်ပါ သည်၊၊
၈၊၊ အစီရင်ခံစာအရ အဖွဲ့အစည်း၏ဝန်ထမ်းအား အရေးယူရန်ကိစ္စဖြစ်ပေါ်ပါက ပဏာမစုံစမ်းမှုကို ပြန်လည်ပြုလုပ်ရန်မလိုဘဲ စစ်ဆေးတွေ့ရှိချက်ကိုပင် စွဲချက်တင်ရန် အထောက်အထားအဖြစ် မှတ်ယူ၍ ဌာနဆိုင်ရာစုံစမ်းစစ်ဆေးမှုကို ဆက်လက်ပြုလုပ် ရပါမည်။
၉၊၊ ဒေသစာရင်းစစ်ရုံးများ၏ အစီရင်ခံစာများအပေါ် သက်ဆိုင်ရာစစ်ဆေးရမည့်အဖွဲ့အစည်းများက သင့်တင့်သောအချိန်ကာလအတွင်း သင့်လျော်စွာ အရေးယူဆောင်ရွက်မပေးလျှင် သို့မဟုတ် ပြီးပြတ်ခြင်းမရှိသောကိစ္စများရှိလျှင် ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးအထိ အဆင့်ဆင့်တင်ပြ၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် အဖွဲ့အစည်းများ၏ အရေးယူဆောင်ရွက်မှု ပြီးပြတ်သည်အထိ ကြီးကြပ်ဆောင်ရွက်ပါသည်၊၊
(၂) သဘောထားမှတ်ချက်ပြန်ကြားပေးခြင်း
၁၀။ ဝန်ကြီးဌာနအသီးသီးနှင့် အဖွဲ့အစည်းများမှ သဘောထားမှတ်ချက်တောင်းခံမှုများကို မြန်မာ နိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာစည်းမျဉ်း ၃၅/၂၀၁၇၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက အခါအားလျော်စွာ ထုတ်ပြန်သည့် အမိန့်၊ ညွှန်ကြားချက်များ၊ သက်ဆိုင်ရာသဘောတူစာချုပ်ပါ စည်းကမ်းသတ်မှတ်ချက်များ၊ ယခင်နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတို့မှ ထုတ်ပြန်သည့် ညွန်ကြားချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှထုတ်ပြန်သည့် အမိန့်၊ ညွှန်ကြားချက်များ၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်များ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အမိန့်ကြော်ငြာစာများဖြင့်စိစစ်၍ သဘောထားမှတ်ချက် ပြန်ကြားလျက်ရှိပါသည်။ ထို့ပြင် စာရင်းပိုင်းဆိုင်ရာ သဘောထားမှတ်ချက် တောင်းခံမှုများကိုလည်း စာရင်းစံများနှင့်အညီစိစစ်၍ သဘောထားမှတ်ချက် ပြန်ကြားလျက်ရှိပါသည်။
I. Conducting the Audits
1. The Office of the Auditor General of the Union and the regional Audit Offices conduct Financial Audit, Compliance Audit and Performance Audit, and submit the audit reports in line with the Auditor General of the Union Law.
2. The audits are conducted after preparing the Annual Audit Plan and Quarterly Audit Plan. Risk areas of the audited entities are identified, materiality of the subject matters is determined, and the requested data and information are reviewed, compared and analyzed, and audit programs are prepared for each audited entity. After that, executing the audit processes, preparing the draft audit report, and issuing the audit report are conducted. And then actions taken by the audited entities on the audit report are reviewed. Then the audit reports including significant findings sent by Offices of the Auditor General of Regions/States are reviewed, necessary follow-up actions are taken, and audit processes of Offices of the Auditor General of Regions/States are overseen and guided.
3. Regarding the information needed for the audits, the following processes are performed:
(a) Discussing with the responsible persons from the audited entities (Discussion);
(b) Interviewing the responsible persons from the audited entities regarding the information which need to be confirmed (Interview);
(c) Reviewing the documents provided by the audited entities (Document Review) and Analysing them (Analysing);
(d) Asking with questionnaires (Questionnaire);
(e) Conducting physical examination in the areas where physical confirmations are necessary (Physical Examination);
(f) Obtaining writing confirmations from responsible persons (Confirmation);
4. During the course of the audit, the following processes are performed:
(a) Preparing the draft audit report after the discussion within the audit team,
(b) Modifying the draft report in accordance with the instructions of each level of the audit management after preparing and submitting it to each level of the audit management,
(c) Sending the draft audit report to respective audited entities for getting confirmation,
(d) Winding-up the audit,
(e) Modifying after the review of the audited entities’ representations where necessary,
(f) Submitting the audit report to each level of the audit management for issuing the final report,
(g) Sending the audit report to respective audited entities and
(h) Submitting the report on the performance and audit findings of the Union Auditor General to the President of the Union and the Pyidaungsu Hluttaw simultaneously in line with the Auditor General of the Union Law.
5. Reviewing the follow-up actions on the recommendations in the audit report with supporting documents provided by the audited entities when the respective audited entity informs about the completion of the status on the recommendations in the audit report and the matters those are not accepted, completed and need to be re-audited are taken into account in the next audits which have to be performed. Sending management letters to the audited entities regarding the matters those have no informing in time on the actions taken and the incomplete recommendations in the report is also exercised. Enhancing the public financial management can be supported by reviewing the progress of taking follow-up actions of the audited entities on the audit report.
6. The types of audit being conducted are as follows:
(a) Financial Audit
Budget estimates of the Union and Regions or States of the government departments or organizations under the State Fund are implemented. Moreover, the accounts of receipts and payments of Public Debt, Deposit and Suspense relating to the Union Budget are conducted. Financial audit is to give appropriate audit opinion by the auditor after conducting the audit independently to ensure that annual financial statements for such implementation are prepared and presented consistently in accordance with Generally Accepted Accounting Principles or International Public Sector Accounting Standards or International Financial Reporting Standards, existing financial rules and instructions.
(b) Compliance Audit
Compliance Audit is an independent review of whether the activities, financial performance and information of the government departments and government organizations follow the laws, rules, procedures, orders, instructions and regulations of respective government departments and government organizations or not.
(c) Performance Audit
Performance Audit is an independent examination of the situation of economy, efficiency, effectiveness and development according to the planned objectives of work plans or activities undertaken by the government departments and government organizations. Performance Audit is an independent examination focused on the situation of effective and efficient implementation based on the planned objectives and decisions of related government departments and government organizations.
(d) Audit as per Special Assignment/ Coordination
This Audit is conducted if the President of the Union, Speaker of the Pyidaungsu Hluttaw, Speaker of the Pyithu Hluttaw or Speaker of the Amyotha Hluttaw or any union level organization, any union ministry or Nay Pyi Taw Council request in line with the Auditor General of the Union Law to audit any of its activities; and the findings are presented to the relevant organizations after auditing. And also the report shall be submitted to the Pyidaungsu Hluttaw if the Pyidaungsu Hluttaw assigns the Union Auditor General to audit the implementation of works of the union level organizations, union ministries, government departments, government organizations and Nay Pyi Taw Council.
Taking follow-up actions on the audit findings
7. The audited entities are required to give representation during the course of the audit and to take necessary action on the audit findings. They are also needed to reply within a reasonable period of time regarding taking follow-up action after the reports had been issued to them. The required period of time for the response has been set since the issuance of the report. The respective entity shall perform as per the following procedures based on the audit findings:
(a) Matters that need immediate action: An immediate action should be taken to stop at once wastage, damage, loss and embezzlement currently occurring.
(b) Matters that need legal action: A follow-up legal action shall be taken on fraud and abuse that are bound to existing laws. A parallel departmental enquiry shall be performed in accordance with the audit evidence.
(c) Matters that need departmental enquiry: According to an audit finding in the report, although legal action is invalid, action can be taken through departmental enquiry where the head of the organization assumes that the loss occurred due to the negligence and dereliction of the personnel.
(d) Issues raised for information and improvement: As some audit findings are normal, it is sufficient that follow-up actions are taken occasionally where enhancement could be made in the future.
8. If, according to the report, action that has to be taken against the staff of the audited entity occurs, no preliminary enquiry needs to be made; the finding can be assumed to be the evidence of a formal charge against them, and a departmental enquiry shall proceed.
9. If the respective audited entities do not take actions appropriately on the audit reports of the regional audit offices within appropriate period of time or there are incomplete matters, the cases are submitted level by level up to the Office of the Auditor General of the Union (OAG) and the OAG oversees the follow-up actions until the completion.
II. Replying to a request for comment
10. When comments are requested by the respective ministries and organizations, they are replied after being analyzed with Myanmar Financial Management Regulations 35/2017, orders and instructions issued periodically by Ministry of Planning and Finance, terms and conditions included in the relevant contracts, instructions issued by the former President’s Office and the Union Government Office, orders and instructions issued by the State Administration Council, instructions of the Central Committee on Prevention, Control and Treatment of Coronavirus Disease – 2019 (Covid-19) and notifications of the Office of the Auditor General of the Union. In addition, the requested comments related to accounting also are reviewed and replied after being analyzed with relevant accounting standards.
