၂။ ၂၀၁၅ ခုနှစ်၊ မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေအရ မြန်မာနိုင်ငံစာရင်းကောင်စီကို အောက်ပါ ပုဂ္ဂိုလ်များဖြင့် ၄ နှစ်တစ်ကြိမ် ပြန်လည်ဖွဲ့စည်းပါသည် -
| (က) ပြည်ထောင်စုစာရင်းစစ်ချုပ် | ဥက္ကဋ္ဌ |
| (ခ) ဒုတိယစာရင်းစစ်ချုပ် | ဒုတိယဥက္ကဋ္ဌ (၁) |
| (ဂ) မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းဥက္ကဋ္ဌ | ဒုတိယဥက္ကဋ္ဌ (၂) |
| (ဃ) တိုင်းဒေသကြီးနှင့် ပြည်နယ်စာရင်းစစ်ချုပ်များ | အဖွဲ့ဝင် |
| (င) ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် | အဖွဲ့ဝင် |
| (စ) ညွှန်ကြားရေးမှူးချုပ်၊ ပြည်တွင်းအခွန်များဦးစီးဌာန | အဖွဲ့ဝင် |
| (ဆ) ညွှန်ကြားရေးမှူးချုပ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန | အဖွဲ့ဝင် |
| (ဇ) စီးပွားရေးတက္ကသိုလ်များမှ ၅ဦးထက်မပိုသော ပါမောက္ခချုပ်များ | အဖွဲ့ဝင် |
| (ဈ) အသင်းမှ ကိုယ်စားလှယ် ၉ ဦး | အဖွဲ့ဝင် |
| (ည) ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကုန်သည်များ နှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် | အဖွဲ့ဝင် |
| (ဋ) ၅ ဦးထက်မပိုသော သင့်လျော်သည့် နိုင်ငံသားစာရင်းပညာရှင်များ | အဖွဲ့ဝင် |
| (ဌ) ညွှန်ကြားရေးမှူးချုပ်၊ စီမံရေးရာ၊ လေ့ကျင့်ရေးနှင့် သုတေသန ဦးစီးဌာန | အတွင်းရေးမှူး |
| (ဍ) မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းအတွင်းရေးမှူး | တွဲဖက်အတွင်းရေးမှူး |
မြန်မာနိုင်ငံစာရင်းကောင်စီ၏ လုပ်ငန်းတာဝန်များ
မြန်မာနိုင်ငံစာရင်းကောင်စီမှ အောက်ပါလုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိပါသည်-
(က) အစိုးရဌာနများ၊ အဖွဲ့အစည်းများကစာရင်းပညာနှင့်စပ်လျဉ်း၍ အကြံဉာဏ်များ တောင်းခံပါက အကြံဉာဏ်များပေးခြင်း၊
(ခ) စာရင်းပညာဆိုင်ရာသင်တန်းများကို ဖွင့်လှစ်ခြင်း၊ ဒီပလိုမာ၊ အောင်လက်မှတ်များ ပေးအပ်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း၊
(ဂ) စာရင်းပညာနှင့်စပ်လျဉ်း၍ လက်တွေ့သင်ကြားပေးရေးအတွက် စီစဉ်ဆောင်ရွက်ခြင်း၊ စာရင်းကိုင်အလုပ်သင် လုပ်သက်သတ်မှတ်ခြင်း၊ အလုပ်သင်ကြားပေးနိုင်သည့် စာရင်းကိုင်အဖြစ် အသိအမှတ်ပြုခြင်း၊
(ဃ) နိုင်ငံခြားတိုင်းပြည်များမှ စာရင်းပညာဆိုင်ရာလက်မှတ်နှင့်ဘွဲ့များကို စိစစ်အသိအမှတ်ပြုခြင်း၊ ယင်းသို့ အသိအမှတ်ပြုသည့် လက်မှတ် သို့မဟုတ် ဘွဲ့ရရှိထားသည့် နိုင်ငံသားများအား မှတ်ပုံတင်နိုင်ရန် လိုအပ်ချက်များကို သတ်မှတ်ခြင်း၊
(င) သင့်လျော်သည့်ပုဂ္ဂိုလ်တစ်ဦးအား မှတ်ပုံတင်အရာရှိအဖြစ်ခန့်ထားပြီး၊ စာရင်းကိုင်အလုပ်သင် မှတ်ပုံတင်ခြင်း၊ သင်တန်းဆရာမှတ်ပုံတင်ခြင်း၊ ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်းမှတ်ပုံတင်ခြင်း၊ လက်မှတ်ရပြည်သူ့စာရင်းကိုင် (ပြည့်မီ) မှတ်ပုံတင်ခြင်း၊ အများပြည်သူသို့ စာရင်းဝန်ဆောင်မှုပေးသည့် လုပ်ငန်းလုပ်ကိုင်သူမှတ်ပုံတင်ခြင်း၊ စာရင်းစစ်လုပ်ငန်းမှတ်ပုံတင်ခြင်းနှင့် အများပြည်သူသို့ စာရင်းဝန်ဆောင်မှုပေးသည့် လုပ်ငန်းမှအပဖြစ်သော စာရင်းလုပ်ငန်းမှတ်ပုံတင်ခြင်း ကိစ္စရပ်များဆောင်ရွက်ခြင်း၊
(စ) စာရင်းပညာခေတ်မီတိုးတက်စေရေးကို ရှေးရှု၍ ဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာ စာရင်းပညာအဖွဲ့အစည်းများနှင့်ဆက်သွယ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊
(ဆ) မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေ၏ ရည်ရွယ်ချက်များ ပြည့်မြောက်အောင်မြင်စေရန်အတွက် ကော်မတီများကို ကောင်စီဝင်များ၊ လက်မှတ်ရပြည်သူ့စာရင်းကိုင် (ပြည့်မီ) များနှင့် သင့်လျော်သော နိုင်ငံသားများဖြင့်ဖွဲ့စည်းခြင်း၊
(ဇ) စာရင်းကိုင်အလုပ်သင်ကြားပေးနိုင်မည့် အစိုးရဌာနများ၊ အဖွဲ့အစည်းများ၊ အလုပ်သင်ကြားပေးနိုင်သည့် စာရင်းကိုင်များ၏အမည်စာရင်းကို သတ်မှတ်ခြင်း၊ ပြင်ဆင်သတ်မှတ်ခြင်း၊ ယင်းလုပ်ပိုင်ခွင့်များကို စာရင်းကိုင်အလုပ်သင်နှင့် သင်တန်းကြီးကြပ်ရေး ကော်မတီအား လွှဲအပ်ဆောင်ရွက်စေခြင်း၊
(ဈ) မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေအရ ဖွင့်လှစ်သော စာရင်းပညာဆိုင်ရာသင်တန်းများ သင်ကြားပို့ချမှု အဆင့်မီ၊ မမီ လိုအပ်သလို စိစစ်သုံးသပ်ခြင်း၊
(ည) လိုအပ်သောကော်မတီများ၊ အဖွဲ့များကိုဖွဲ့စည်း၍ ယင်းကော်မတီများ၊ အဖွဲ့များ၏ တာဝန်များကို သတ်မှတ်ပေးခြင်း၊
(ဋ) စာရင်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဖွဲ့စည်းထားသော မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းအား လမ်းညွှန်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း၊
(ဌ) တာဝန်ပျက်ကွက်သော သို့မဟုတ် စာရင်းပညာရှင် ကျင့်ဝတ်သိက္ခာဖောက်ဖျက်သော သို့မဟုတ် အကျင့်စာရိတ္တပျက်ပြားရာရောက်သော စာရင်းကိုင်အလုပ်သင်များ၊ လက်မှတ်ရပြည်သူ့စာရင်းကိုင်များနှင့် ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်းလုပ်ကိုင်သူများကို အရေးယူခြင်း၊
(ဍ) စာရင်းကောင်စီဥပဒေပါ ရည်ရွယ်ချက်များ ထမြောက်အောင်မြင်စေရန် ဆောင်ရွက်ခြင်း။
၁၉၇၂ ခုနှစ်မှ စတင်၍ လက်မှတ်ရပြည်သူ့စာရင်းကိုင်သင်တန်းနှင့် ဒီပလိုမာစာရင်းကိုင်သင်တန်းများကို ဖွင့်လှစ်ခဲ့ပြီး ၃၀-၄-၂၀၂၁ နေ့အထိ လက်မှတ်ရပြည်သူ့စာရင်းကိုင် (၂၆၂၈) ဦးနှင့် ဒီပလိုမာစာရင်းကိုင် (၄၇၁၄) ဦး မွေးထုတ်ပေးပြီး ဖြစ်ပါသည်။
၂၈-၄-၂၀၂၂ နေ့အထိ မှတ်ပုံတင်ထားသည့် သင်တန်းဆရာ (၁၅၀) ဦး၊ ကိုယ်ပိုင်စာရင်းကိုင် သင်တန်းကျောင်း (၁၈) ကျောင်း၊ လက်မှတ်ရပြည်သူ့စာရင်းကိုင် (ပြည့်မီ) (၁၂၀၄) ဦး ၊ အများပြည်သူသို့ စာရင်းဝန်ဆောင်မှုပေးသည့် လုပ်ငန်းလုပ်ကိုင်သူ (၁၄၅၅) ဦး၊ စာရင်းစစ်လုပ်ငန်း (တစ်ဦးတည်းပိုင်) (၂၈၄) ခု၊ စာရင်းစစ်လုပ်ငန်း (အစုစပ်) (၁၇) ခု၊ စာရင်းစစ်လုပ်ငန်း (ကုမ္ပဏီ) (၃၅) ခု၊ အများပြည်သူသို့ စာရင်းဝန်ဆောင်မှုပေးသည့် လုပ်ငန်းမှအပဖြစ်သော စာရင်းလုပ်ငန်း (တစ်ဦးတည်းပိုင်) (၆၅) ခု၊ အများပြည်သူသို့ စာရင်းဝန်ဆောင်မှုပေးသည့် လုပ်ငန်းမှအပဖြစ်သော စာရင်းလုပ်ငန်း (အစုစပ်) (၃) ခု၊ အများပြည်သူသို့စာရင်းဝန်ဆောင်မှုပေးသည့်လုပ်ငန်းမှအပဖြစ်သောစာရင်းလုပ်ငန်း(ကုမ္ပဏီ-နိုင်ငံသား) (၇၂) ခု၊ အများပြည်သူသို့ စာရင်းဝန်ဆောင်မှုပေးသည့်လုပ်ငန်းမှအပဖြစ်သော စာရင်းလုပ်ငန်း (ကုမ္ပဏီ-နိုင်ငံခြားသား) (၂၆) ခု ရှိပါသည်။
The duties of the Myanmar Accountancy Council
The Myanmar Accountancy Council is undertaking the following duties-
- Advising requirements concerning accountancy and accounting of Government departments and business entities;
- Opening, managing and supervising accountancy training courses and awarding diploma and examination certificates;
- laying down programme and regulations for practical training of Apprentice Accountant, prescribing the apprenticeship as an accountant, approving the Certified Public Accountant who can provide apprentice;
- scrutinizing and recognizing the foreign accounting certificates and degrees, and prescribing the requirements for the registration of citizens who hold such certificates or degrees;
- Appointing a suitable person as a registrar to perform the registration of the apprentice accountant, the registration of the teacher, the registration of the private accounting training schools, the registration of Certified Public Accountants (Full-fledged), the registration of Professional Accountant in Public Practice, the registration of Audit Firm and the registration of Non-audit Services.
- Communicating and cooperating with international accounting entities in order to promote and modernize the accounting.
- forming committees with members of the Council, the Certified Public Accountants (Full-fledged) and the suitable citizens in order to achieve the objectives of the Myanmar Accountancy Law;
- prescribing and amending the list of the government departments, organizations and the Certified Public Accountants who can provide apprentice; delegating those authorities to the Supervisory Committee for apprentice accountants and Private Accounting Training Schools;
- Analyzing whether the teaching of the accounting training schools, opened by the Myanmar Accountancy Council Law, are standardized or not;
- forming the necessary committees and the boards; and prescribing the duties of those committees and boards;
- directing and supervising the Myanmar Institute of Certified Public Accountants organized for developing of accounting;
- taking action against the apprentice accountants, Certified Public Accountants and Practising Accountants who are negligent of their duties, or who violate their code of professional ethics;
- Implementing the objectives of the Myanmar Accountancy Law to be achieved;
The Certified Public Accountant and Diploma Accountant Training Courses are opened since 1972; and 2628 the Certified Public Accountants and 4714 Diploma Accountants were passed until 30-4-2021.
There are 150 training teachers, 18 private accounting training schools, 1204 the Certified Public Accountants (Full-fledged), 1455 Professional Accountants in Public Practice, 284 audit firms (sole proprietorship), 17 audit firms (partnership), 35 audit firms (company incorporated), 65 non-audit services (sole proprietorship), 3 non-audit services (partnership), 72 non-audit services (company incorporated-citizens), 26 non-audit services (company incorporated-foreigners) are registered until 28-4-2022.
In order to achieve the objectives of the Myanmar Accountancy Law the following executive committee and the committees are organized;
(i) Supervisory Committee for apprentice accountants and Private Accounting Training Schools;
(ii) Curriculum Committee;
(iii) Examination Committee;
(iv) Accounting Standards Committee;
(v) Audit Monitoring Committee;
(vi) Accounting Monitoring Committee;
(vii) Practising Registration Certificate Scrutiny Committee;
(viii) Diploma Accountant and Certified Public Accountant Certificate Scrutiny Committee
The duties and powers of the committees
The executive committee was formed according to the Section 12, Section 13 of the Myanmar Accountancy Council Law and the council 1/2020 meeting resolution, and the following committees were formed according to the Section 20(a) of the Myanmar Accountancy Council Law and the council 1/2020 meeting resolution-
- Supervisory Committee for apprentice accountants and Private Accounting Training Schools;
- Curriculum Committee;
- Examination Committee;
- Accounting Standards Committee;
- Audit Monitoring Committee;
- Accounting Monitoring Committee;
- Practising Registration Certificate Scrutiny Committee;
- Diploma in Accountancy and Certified Public Accountant Certificate Scrutiny Committee.
Supervisory Committee for apprentice accountants and Private Accounting Training Schools
There are 8 members included in the Supervisory Committee for apprentice accountants and Private Accounting Training Schools and the duties and powers of the committee are as follows-
(a) checking and permitting the applications for the apprentice accountant, completion of the apprentices as an accountant, submission of resignation;
(b) supervising and disciplining the apprentice accountant;
(c) checking, prescribing and permitting the applications for the person who provides the training for the apprentice accountant;
(d) permitting to register and renew the applications for the accounting training schools and the trainer, supervising and disciplining them;
(e) supervising the training;
(f) submitting to the nearest Executive Committee for the special circumstances in matters mentioned in sub-paragraphs (a) to (e);
(g) submitting to the Council through the Executive Committee for the issuance of the necessary instructions for the schools and trainers;
(h) releasing the training programmes, training schdules, selecting the trainers, checking and releasing the percentage of attendance, releasing the student’s personal number, allowing to resign as a student, permitting to change the school attended;
(i) holding the occasional meeting;
(j) obtaining the approval of the committee members by means of sending circulation letters for the urgent matters;
(k) sending the quarterly report for the committee’s performance to the council office at the first week of the month after the end of the third month and submitting this report to the Executive Committee meeting and the Council meeting.
Curriculum Committee
There are 14 members included in the Curriculum Committee and the duties and powers of the committee are as follows-
(a) submitting to the Council through the Executive Committee for the prescribing of curriculums for the Diploma in Accountancy Training course, the Certified Public Accountant Training course and training courses conducted by the Council from time to time;
(b) submitting to the Executive Committee for the amending in accordance with international education standards, adding and cancelling the curriculums prescribed if necessary;
(c) submitting to the Council through the Executive Committee for the preparation and publication of subject textbooks for the trainings and amending them if necessary;
(d) holding the occasional meeting;
(e) obtaining the approval of the committee members by means of sending circulation letters for the urgent matters;
(f) sending the quarterly report for the committee’s performance to the council office at the first week of the month after the end of the third month and submitting this report to the Executive Committee meeting and the Council meeting.
Examination Committee
There are 9 members included in the Examination Committee and the duties and powers of the committee are as follows-
(a) prescribing the examination date for the entrance exams, the examinations of Diploma in Accountancy training courses, the Certified Public Accountant training courses, the qualifying tests for Certified Public Accountant and other training courses; selecting the examinars for each subject and prescribing their duties; supervising the holding of examination, supervising and managing the correction of answer papers; issuing the results;
(b) analysing the standards of exam questions,
(c) negotiating with examinars if required,
(d) holding the occasional meeting;
(e) obtaining the approval of the committee members by means of sending circulation letters for the urgent matters;
(f) sending the quarterly report for the committee’s performance to the council office at the first week of the month after the end of the third month and submitting this report to the Executive Committee meeting and the Council meeting.
Accounting Standards Committee
There are 29 members included in the Accounting Standards Committee and the duties and powers of the committee are as follows-
(a) prescribing the accounting standards, Financial Reporting Standards and Auditing Standards from time to time, amending these stanadards in line with Internatinal Standards and submitting to the Council through the Executive Committee;
(b) communicating with the international organizations to be able to carry out the activites under sub-paragraph (a);
(c) establishing ehtical standards and submitting them to the Executive Committee;
(d) arranging the training required to comply with these standards; publishing the supporting textbooks;
(e) submitting to the Council through the Executive Committee for the issuance of the necessary instructions;
(f) holding the occasional meeting;
(g) obtaining the approval of the committee members by means of sending circulation letters for the urgent matters;
(h) sending the quarterly report for the committee’s performance to the council office at the first week of the month after the end of the third month and submitting this report to the Executive Committee meeting and the Council meeting.
Audit Monitoring Committee
There are 11 members included in the Audit Monitoring Committee and the duties and powers of the committee are as follows-
(a) preparing the procedures, guide, manual and quality control programme to be followed by Professional Accountant in Public Practice and submitting to the Executive Committee;
(b) arranging the training required and publishing the supporting textbooks to comply with the programmes under sub-paragraph (a);
(c) submitting to the Council through the Executive Committee for the issuance of the necessary instructions;
(d) examining and submitting to the Executive Committee for failure to comly with the standards and procedures set by the Council in accordance with the law;
(e) scrutining and reporting to the Executive Committee for the taking action in accordance with the law against the Professional Accountant in Public Practice who have failed to follow the duties prescribed in Section 66 of the law or violates the code of ethics prescribed in Section 68 of the law and the prohibitions prescribed in Section 88, 88-a, 88-b of the law;
(f) holding the occasional meeting;
(g) obtaining the approval of the committee members by means of sending circulation letters for the urgent matters;
(h) sending the quarterly report for the committee’s performance to the council office at the first week of the month after the end of the third month and submitting this report to the Executive Committee meeting and the Council meeting.
Accounting Monitoring Committee
There are 11 members included in the Accounting Monitoring Committee and the duties and powers of the committee are as follows-
(a) arranging the training required, submitting to the Executive Committee to publish the supporting textbooks to comply with the standards and code of ethics for the practising accountants set by the Council;
(b) submitting to the Council through the Executive Committee for the issuance of the necessary instructions;
(c) submitting to the Executive Committee for taking action inaccordance with the law for the failure to follow the stanadards, notifications and instructions issued from time to time prscribed by the Council;
(d) scrutining and reporting to the Executive Committee for the taking action in accordance with the law against the pofessional accountants and accounting technicians who have failed to follow the duties prescribed in Section 66 of the law or violates the code of ethics prescribed in Section 68 of the law and the prohibitions prescribed in Section 88, 88-a, 88-b of the law;
(e) holding the occasional meeting;
(f) obtaining the approval of the committee members by means of sending circulation letters for the urgent matters;
(g) sending the quarterly report for the committee’s performance to the council office at the first week of the month after the end of the third month and submitting this report to the Executive Committee meeting and the Council meeting.
Practising Registration Certificate Scrutiny Committee
There are 10 members included in the Practising Registration Certificate Scrutiny Committee
and the duties and powers of the committee are as follows;
(a) sumbmitting to the Executive Committee from time to time the requirements that need to be amended for the registration or renewal of the accounting by each business organization or individual applicants;
(b) reviewing the applications, if necessary, for the registration or renewal of accounting which have been initially analysed by the council office, asking the applicants to submit other documents, submitting to the Council through the Executive Committee to allow those who meet the qualifications;
(c) reviewing the applications, if necessary, for the suspension or termination of accounting which have been initially analysed by the council office, submitting to the Council through the Executive Committee to allow those who meet the requirements;
(d) submitting to the Executive Committee the points to be complied with according to the type of accounting license and the activites that are not allowed to be performed;
(e) permitting the foreign professional accountant to practise accounting prescribed in Chapter XIV of the law, scrutinizing and submitting to the Council through the Executive Committee in accordance with the provisions of Sections 58 and 60;
(f) holding the occasional meeting;
(g) obtaining the approval of the committee members by means of sending circulation letters for the urgent matters;
(h) sending the quarterly report for the committee’s performance to the council office at the first week of the month after the end of the third month and submitting this report to the Executive Committee meeting and the Council meeting.
Diploma in Accountancy and Certified Public Accountant Certificate Scrutiny Committee
There are 11 members included in the Diploma in Accountancy and Certified Public Accountant Certificate Scrutiny Committee and the duties and powers of the committee are as follows;
(a) submitting to the Executive Committee the the requirements and procdeures
deemed necessary to be amended for the registration as a Diploma in Accountancy or Certified Public Accountant (Passed) or Certified Public Accountant (Full-fledged);
(b) submitting to the Executive Committee, if necessary, the requirements and procdeures required for the renewal of registration;
(c) checking and permitting the application of the citizen holding foreign degree or certificate of accounting who pass the qualifying tests for Certified Public Accountant to register as a Certified Public Accountant (Passed) or Certified Public Accountant (Full-fledged), reporting to the Executive Committee if there are any special issues;
(d) scrutinizing the provisions and methods for implementing the provisions of Section 26 of the law and submitting to the Executive Committee;
(e) holding the occasional meeting;
(f) obtaining the approval of the committee members by means of sending circulation letters for the urgent matters;
(g) sending the quarterly report for the committee’s performance to the council office at the first week of the month after the end of the third month and submitting this report to the Executive Committee meeting and the Council meeting.
မြန်မာနိုင်ငံစာရင်းကောင်စီ ဥပဒေ
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့
မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေ
(နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေ အမှတ် ၁/၉၄)
၁၃၅၅ ခုနှစ် ၊ တပို့တွဲလပြည့်ကျော် ၁၁ ရက်
(၁၉၉၄ ခုနှစ် ၊ မတ်လ ၈ ရက် )
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် အောက်ပါဥပဒေကို ပြဋ္ဌာန်း လိုက်သည်၊၊
အခန်း(၁)
အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်
၁၊၊ ဤဥပဒေကို မြန်မာနိုင်ငံစာရင်းကောင်စီ ဥပဒေဟုခေါ်တွင်စေရမည်၊၊
၂၊၊ ဤဥပဒေတွင်ပါရှိသောအောက်ပါစကားရပ်များသည်ဖော်ပြပါအတိုင်းအဓိပ္ပာယ်သက်ရောက်
စေရမည်-
(က) ကောင်စီဆိုသည်မှာဤဥပဒေအရ ဖွဲ့စည်းသည့် မြန်မာနိုင်ငံစာရင်းကောင်စီကိုဆိုသည်၊
(ခ) စာရင်းပညာဆိုသည်မှာ စာရင်းပြုစုခြင်း၊ စာရင်းကိုင်ခြင်း၊ စာရင်းစစ်ခြင်း၊ စာရင်းရှင်းခြင်း၊
ဘဏ္ဍာရေးစီမံခန့်ခွဲခြင်း၊ စီမံခန့်ခွဲမှုဆိုင်ရာသတင်းအချက်အလက်ပေးသည့်စနစ်ကျင့်သုံး
ခြင်းတို့ကိုဆိုသည်၊၊ယင်းစကားရပ်တွင် ကောင်စီကသတ်မှတ်သည့် စာရင်းပညာရပ်များ
လည်းပါဝင်သည်၊
(ဂ) စာရင်းကိုင်အလုပ်သင်ဆိုသည်မှာလက်မှတ်ရပြည်သူ့စာရင်းကိုင်ဖြစ်ရန်ကောင်စီ၏ ခွင့်ပြု
ချက်အရ လက်တွေ့ အလုပ်သင်အဖြစ် မှတ်ပုံတင်ထားသူကိုဆိုသည်၊
(ဃ) စာရင်းကိုင်အလုပ်သင်လုပ်သက် ဆိုသည်မှာ ကောင်စီကသတ်မှတ်သည့်စာရင်းပညာကို
လက်တွေ့သင်ကြားရမည့်ကာလကို ဆိုသည်၊
(င) လက်မှတ်ရပြည်သူ့စာရင်းကိုင်ဆိုသည်မှာလက်မှတ်ရပြည်သူ့စာရင်းကိုင်စာမေးပွဲအောင်မြင်
ရမည့်အပြင်စာရင်းကိုင်အလုပ်သင်လုပ်သက်အတွင်းလက်တွေ့လုပ်ငန်းများကို ကျေနပ်ဖွယ်
ရာဆောင်ရွက်ပြီးဆုံး၍ လက်မှတ်ရပြည်သူ့စာရင်းကိုင်အဖြစ်မှတ်ပုံတင်ထားသူကိုဆိုသည်၊
(စ) ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်း လုပ်ကိုင်သူဆိုသည်မှာ လက်မှတ်ရပြည်သူ့စာရင်းကိုင်အဖြစ်
မှတ်ပုံတင်ပြီးနောက် စာရင်းပညာဆိုင်ရာလုပ်ငန်းကို အဓိကအသက်မွေးဝမ်းကျောင်းအဖြစ်
လုပ်ကိုင်ရန်မှတ်ပုံတင်ထားသူကို ဆိုသည်၊၊
အခန်း(၂)
ရည်ရွယ်ချက်များ
၃၊၊ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုမည့် အရည်အချင်းပြည့်မီ
သော စာရင်းပညာရှင်များ တိုးပွားလာစေရန်၊
(ခ) စာရင်းပညာခေတ်မီတိုးတက်ရေးအတွက် ဆောင်ရွက်ရန် ၊
(ဂ) အစိုးရဌာနများ၊အဖွဲ့အစည်းများတွင်ကျင့်သုံးလျက်ရှိသောစာရင်းပညာရပ်များဖွံ့ဖြိုးတိုးတက်
ရေးအတွက်အထောက်အကူပြုရန်၊
(ဃ) စာရင်းကိုင်အလုပ်သင်၊ လက်မှတ်ရပြည်သူ့စာရင်းကိုင်နှင့် ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်း
လုပ်ကိုင်သူတို့အား ကျင့်ဝတ်သိက္ခာကိုစောင့်ထိန်းစေရန်၊၊
အခန်း(၃)
မြန်မာနိုင်ငံစာရင်းကောင်စီဖွဲ့စည်းခြင်း
၄၊၊ အစိုးရအဖွဲ့သည်-
(က) မြန်မာနိုင်ငံစာရင်းကောင်စီကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်-
(၁) စာရင်းစစ်ချုပ် ဥက္ကဋ္ဌ
(၂) တစ်ဆယ်ဦးထက်မပိုသော အဖွဲ့ဝင်များ နိုင်ငံသားစာရင်းပညာရှင်များ
(၃) လေးဦးထက်မပိုသော သင့်လျော် အဖွဲ့ဝင်များသည့် နိုင်ငံသားများ
(၄) ဥက္ကဋ္ဌတာဝန်ပေးအပ်သူ အတွင်းရေးမှူး
(ခ) လိုအပ်ပါက ဒုတိယဥက္ကဋ္ဌနှင့် တွဲဖက်အတွင်းရေးမှူးတို့ကို သတ်မှတ်နိုင်သည်၊
(ဂ) ကောင်စီ၏သက်တမ်းကို သတ်မှတ်နိုင်သည်၊
(ဃ) ကောင်စီကို လိုအပ်သလိုပြင်ဆင်ဖွဲ့စည်းနိုင်သည်၊၊
၅၊၊ ကောင်စီသည် အစိုးရဝန်ထမ်းမဟုတ်သောကောင်စီဝင်များအားချီးမြှင့်ငွေ သတ်မှတ်ခံစား ခွင့်ပြုနိုင်သည်၊၊
၆၊၊ ကောင်စီသည် စဉ်ဆက်မပြတ်ဆက်ခံဆောင်ရွက်ပိုင်ခွင့်၊ ကိုယ်ပိုင်တံဆိပ်ဖြင့် ဆောင်ရွက် ပိုင်ခွင့် ၊ တရားစွဲဆိုပိုင်ခွင့်နှင့် တရားစွဲဆိုခံနိုင်ခွင့်ရှိသည်၊၊
အခန်း(၄)
ကောင်စီ၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ
၇၊၊ ကောင်စီ၏တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) အစိုးရဌာနများ၊ အဖွဲ့အစည်းများကစာရင်းပညာနှင့်စပ်လျဉ်း၍အကြံဉာဏ်များတောင်းခံ
ပါကအကြံဉာဏ်များပေးခြင်း၊
(ခ) စာရင်းပညာဆိုင်ရာသင်တန်းများကို ဖွင့်လှစ်ခြင်း၊ ဒီပလိုမာ၊ အောင်လက်မှတ်များ ပေးအပ်
ခြင်း၊ စီမံခန့်ခွဲခြင်းနှင့်ကြီးကြပ်ကွပ်ကဲခြင်း၊
(ဂ) စာရင်းပညာနှင့်စပ်လျဉ်း၍လက်တွေ့သင်ကြားပေးရေးအတွက်စီစဉ်ဆောင်ရွက်ခြင်း၊စာရင်း
ကိုင်အလုပ်သင်လုပ်သက်သတ်မှတ်ခြင်း၊ အလုပ်သင်ကြားပေးနိုင်သည့် စာရင်းကိုင်အဖြစ ်
အသိအမှတ်ပြုခြင်း၊
(ဃ) နိုင်ငံခြားတိုင်းပြည်များမှ စာရင်းပညာဆိုင်ရာလက်မှတ်နှင့်ဘွဲ့များကိုစိစစ်အသိအမှတ်
ပြုခြင်း၊ ယင်းသို့ အသိအမှတ်ပြုသည့်လက်မှတ်သို့မဟုတ် ဘွဲ့ရရှိထားသည့် နိုင်ငံသား
များအား မှတ်ပုံတင်နိုင်ရန် လိုအပ်ချက်များကို သတ်မှတ်ခြင်း၊
(င) သင့်လျော်သည့်ပုဂ္ဂိုလ်တစ်ဦးအား မှတ်ပုံတင်အရာရှိအဖြစ်ခန့်ထားခြင်း၊ ယင်း၏ တာဝန်
ဝတ္တရားများကိုသတ်မှတ်ပေးခြင်း၊
(စ) စာရင်းပညာခေတ်မီတိုးတက်စေရေးကို ရှေးရှု၍ ဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာ
စာရင်းပညာအဖွဲ့အစည်းများနှင့်ဆက်သွယ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊
(ဆ) စာရင်းကိုင်အလုပ်သင်နှင့် သင်တန်းကြီးကြပ်ရေးကော်မတီကို ကောင်စီဝင်များနှင့်အခြား
သင့်လျော်သော နိုင်ငံသားများဖြင့်ဖွဲ့စည်းခြင်း၊
(ဇ) စာရင်းကိုင်အလုပ်သင်ကြားပေးနိုင်မည့် အစိုးရဌာနများ၊အဖွဲ့အစည်းများ၏အမည် စာရင်း
ကိုသတ်မှတ်ခြင်း၊ပြင်ဆင်သတ်မှတ်ခြင်း၊ ယင်းလုပ်ပိုင်ခွင့်များကိုစာရင်းကိုင်အလုပ်သင်နှင့်
သင်တန်းကြီးကြပ်ရေးကော်မတီအားလွှဲအပ်ဆောင်ရွက်စေခြင်း၊
(ဈ) ဤဥပဒေအရ ဖွင့်လှစ်သောစာရင်းပညာဆိုင်ရာ သင်တန်းများ သင်ကြားပို့ချမှု အဆင့် မီ၊
မမီ လိုအပ်သလို စိစစ်သုံးသပ်ခြင်း၊
(ည) လိုအပ်သောကော်မတီများ၊ အဖွဲ့များကိုဖွဲ့စည်း၍ ယင်းကော်မတီများ၊ အဖွဲ့များ၏ တာဝန်
များကို သတ်မှတ်ပေးခြင်း၊
ဖွဲ့စည်းခြင်းကို စိစစ်၍ခွင့်ပြုခြင်း၊လမ်းညွှန်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း၊
ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်း လုပ်ကိုင်သူများကို အရေးယူခြင်း၊
(ဍ) ဤဥပဒေပါ ရည်ရွယ်ချက်များ ထမြောက် အောင်မြင်စေရန် ဆောင်ရွက်ခြင်း၊၊
အခန်း(၅)
စာရင်းကိုင်အလုပ်သင်အဖြစ် မှတ်ပုံတင်ခြင်း
၈၊၊ စာရင်းကိုင်အလုပ်သင်အဖြစ် မှတ်ပုံတင်ခွင့်ရရှိလိုသူ နိုင်ငံသားသည် ကောင်စီ၏ သတ်မှတ် ချက်များနှင့်အညီ မှတ်ပုံတင်ပေးရန် ကောင်စီသို့ လျှောက်ထားနိုင်သည်၊၊
၉၊၊ ကောင်စီသည် လျှောက်ထားသူ၏ လျှောက်လွှာကို စိစစ်ပြီးနောက် သတ်မှတ်ချက်များနှင့် ကိုက်ညီပါက လျှောက်ထားသူအား-
(က) စာရင်းကိုင်အလုပ်သင်အဖြစ် ရွေးချယ်၍ မှတ်ပုံတင်ခွင့် ပြုရမည်၊
(ခ) သတ်မှတ်သည့် မှတ်ပုံတင်ကြေး၊ သင်တန်းကြေးနှင့် စာမေးပွဲဝင်ကြေးတို့ကို ပေးဆောင်
စေရမည်၊
(ဂ) မှတ်ပုံတင်တွင် စာရင်းကိုင်အလုပ်သင်အဖြစ် ရေးသွင်းထားရှိရမည်၊၊
၁၀၊၊ စာရင်းကိုင်အလုပ်သင်သည် စာရင်းကိုင်အလုပ်သင်လုပ်သက်အတွင်း လုပ်ထုံးလုပ်နည်း နှင့်အညီ သင်ကြားမှုကို ခံယူရမည်၊၊
၁၁၊၊ ကောင်စီသည် လက်မှတ်ရပြည်သူ့စာရင်းကိုင် စာမေးပွဲအောင်မြင်ပြီး စာရင်းကိုင်အလုပ် သင် လုပ်သက်အတွင်း လက်တွေ့လုပ်ငန်းများကို ကျေနပ်ဖွယ်ရာ ဆောင်ရွက်ပြီးဆုံးသူအား လက်မှတ်ရပြည်သူ့စာရင်းကိုင် အောင်လက်မှတ်ကို ထုတ်ပေးရမည်၊၊
အခန်း(၆)
လက်မှတ်ရပြည်သူ့စာရင်းကိုင်အဖြစ် မှတ်ပုံတင်ခြင်း
၁၂၊၊ လက်မှတ်ရပြည်သူ့စာရင်းကိုင်အဖြစ် မှတ်ပုံတင်ခွင့် ရရှိလိုသူ နိုင်ငံသားသည် အောက်ပါ အရည်အချင်းတစ်ရပ်ရပ်နှင့် ကိုက်ညီပါက မှတ်ပုံတင်ပေးရန် ကောင်စီသို့ လျှောက်ထားနိုင်သည်-
(က) လက်မှတ်ရပြည်သူ့စာရင်းကိုင် အောင်လက်မှတ်ရရှိသူ၊
(ခ) မှတ်ပုံတင်စာရင်းကိုင် စာမေးပွဲအောင်မြင်ပြီး နည်းခံလုပ်သက်အတွင်း လက်တွေ့လုပ်ငန်း
များကို ကျေနပ်ဖွယ်ရာ ဆောင်ရွက်ပြီးဆုံးသူ၊
(ဂ) နိုင်ငံခြားတိုင်းပြည် တစ်ခုခုကပေးအပ်ပြီး ကောင်စီကလည်း အသိအမှတ်ပြုထားသည့်
စာရင်းပညာဆိုင်ရာ လက်မှတ် သို့မဟုတ် ဘွဲ့ရရှိသူ၊
(ဃ) ၁၉၇၂ ခုနှစ်၊ မြန်မာနိုင်ငံစာရင်းကောင်စီနည်းဥပဒေများအရ မှတ်ပုံတင်စာရင်းကိုင်အဖြစ်
မှတ်ပုံတင်ထားပြီးသူ သို့မဟုတ် ယင်းသို့ မှတ်ပုံတင်ခွင့်ရှိသူ၊၊
၁၃၊၊ ကောင်စီသည် လျှောက်ထားသူ၏ လျှောက်လွှာကို စိစစ်ပြီးနောက် သတ်မှတ်ချက်များနှင့် ကိုက်ညီပါက လျှောက်ထားသူအား-
(က) မှတ်ပုံတင်ခွင့်ပြုရမည်၊
(ခ) သတ်မှတ်ထားသည့် မှတ်ပုံတင်ကြေးကို ပေးသွင်းစေရမည်၊
(ဂ) မှတ်ပုံတင်တွင် အမည်စာရင်း ရေးသွင်းပြီး လက်မှတ်ရပြည်သူ့စာရင်းကိုင် မှတ်ပုံတင်
လက်မှတ်ကို ထုတ်ပေးရမည်၊၊
၁၄၊၊
(က) လက်မှတ်ရပြည်သူ့စာရင်းကိုင်မှတ်ပုံတင်လက်မှတ်သက်တမ်းကုန်ဆုံးသဖြင့်သက်တမ်း
တိုးမြှင့်လိုသူသည်သတ်မှတ်သည့် နည်းလမ်းများနှင့်အညီကောင်စီသို့လျှောက်ထားနိုင်
သည်၊
(ခ) ကောင်စီသည်လျှောက်ထားသူအားသတ်မှတ်ထားသောမှတ်ပုံတင်ကြေးကိုပေးဆောင်စေ
၍ သက်တမ်းတိုးမြှင့်ပေးနိုင်သည်၊၊
အခန်း(၇)
ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်းကို လုပ်ကိုင်နိုင်ရန် မှတ်ပုံတင်ခြင်း
၁၅၊၊ ပုဒ်မ ၁၃ အရ မှတ်ပုံတင်ထားသည့် လက်မှတ်ရပြည်သူ့စာရင်းကိုင်သည် ကိုယ်ပိုင်စာရင်း ကိုင်လုပ်ငန်းကို အဓိက အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်လိုပါက သတ်မှတ်သည့် နည်း လမ်းများနှင့်အညီ မှတ်ပုံတင်ပေးရန် ကောင်စီသို့ လျှောက်ထားနိုင်သည်၊၊
၁၆၊၊ ကောင်စီသည် လျှောက်ထားသူ၏ လျှောက်လွှာကို စိစစ်ပြီးနောက် သတ်မှတ်ချက်များနှင့် ကိုက်ညီပါက လျှောက်ထားသူအား-
(က) မှတ်ပုံတင်ခွင့်ပြုရမည်၊
(ခ) သတ်မှတ်ထားသည့် မှတ်ပုံတင်ကြေးကို ပေးသွင်းစေရမည်၊
(ဂ) မှတ်ပုံတင်တွင်အမည်စာရင်းရေးသွင်းပြီးကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်းလုပ်ကိုင်ခွင့်လက်မှတ်
ကို ထုတ်ပေးရမည်၊၊
၁၇၊၊
(က) ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်း လုပ်ကိုင်ခွင့်လက်မှတ် သက်တမ်းကုန်ဆုံးသဖြင့် သက်တမ်း
တိုးမြှင့်လိုသူသည် သတ်မှတ်သည့်နည်းလမ်းများနှင့်အညီ ကောင်စီ သို့လျှောက်ထားနိုင်
သည်၊
(ခ) ကောင်စီသည် လျှောက်ထားသူအား သတ်မှတ်ထားသော မှတ်ပုံတင်ကြေးကို ပေးဆောင်
စေ၍ သက်တမ်းတိုးမြှင့်ပေးနိုင်သည်၊၊
အခန်း(၈)
ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်းလုပ်ကိုင်သူ၏ တာဝန်၊ ကျင့်ဝတ်သိက္ခာနှင့် ရပိုင်ခွင့်များ
၁၈၊၊ ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်း လုပ်ကိုင်သူသည် အောက်ပါတာဝန်များရှိသည်-
(က) မိမိတာဝန်ယူဆောင်ရွက်သည့် စာရင်းပညာဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ အမှန်
ကန်ဆုံး ဖြစ်နိုင်ရေးအတွက် ဆောင်ရွက်ခြင်း၊
(ခ) ဤဥပဒေအရ ထုတ်ပြန်သောနည်းဥပဒေများ၊လုပ်ထုံးလုပ်နည်းများ၊အမိန့်များ၊ ညွှန်ကြား
ချက်များကို လိုက်နာဆောင်ရွက်ခြင်း၊
(ဂ) မိမိအား ကောင်စီက ပေးအပ်သည့် စာရင်းပညာဆိုင်ရာ တာဝန်များကို ကျေပွန်စွာဆောင်
ရွက်ခြင်း၊၊
၁၉၊၊ ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်းလုပ်ကိုင်သူသည် စာရင်းပညာလုပ်ငန်းဆောင်ရွက်ရာတွင် မိမိထိန်းသိမ်းရမည့် ကျင့်ဝတ်သိက္ခာများနှင့််မညီသော အောက်ပါပြုလုပ်မှုတစ်ခုခုကို မပြုလုပ်ရ-
(က) တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ကြော်ငြာခြင်း၊ တစ်နည်းနည်းဖြင့် စာရင်းပညာ
ဆိုင်ရာ အလုပ်ကို တောင်းယူခြင်း၊ မိမိအား ငှားရမ်းစေရန် ဆောင်ရွက်ခြင်း၊
(ခ) အမြတ်ရာခိုင်းနှုန်းပေါ်တွင် အခြေတည်၍ လုပ်ခငွေတောင်းယူခြင်း၊
(ဂ) ကောင်စီက လိုအပ်၍ တောင်းဆိုသည့် စာရင်းများနှင့်စပ်လျဉ်းသည့် အချက်အလက်များ
ကို ပေးရန်ပျက်ကွက်ခြင်း၊
(ဃ) မိမိတစ်ဦးတည်းသာသိရှိစေသောအကြောင်းအချက်များကိုအလုပ်ရှင်၏ခွင့်ပြုချက်မရဘဲ
သို့မဟုတ် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မဟုတ်ဘဲ ထုတ်ဖော်ပြောဆို ခြင်း၊
(င) မိမိအားပေးအပ်သည့် စာရင်းပညာဆိုင်ရာ အလုပ်ဝတ္တရားများကို ဆောင်ရွက်ရာတွင်
ထိုက်သင့်သော သတိမထားရှိဘဲ ဆောင်ရွက်ခြင်း၊
(စ) လက်မှတ်ရပြည်သူ့စာရင်းကိုင် မဟုတ်သူများနှင့် စာရင်းစစ်ဆေးခြင်းလုပ်ငန်းများတွင်
အစုစပ်ပါဝင်ဆောင်ရွက်ခြင်း၊
(ဆ) ယခင်စာရင်းစစ်အဖြစ်ဆောင်ရွက်ခဲ့သူနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းမပြုဘဲထိုစာရင်း
စစ်ရာထူးကို လက်ခံခြင်း၊
(ဇ) စာရင်းစစ်များခန့်ထားခြင်းကိစ္စနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပါ
ပြဋ္ဌာန်းချက်များကို မလိုက်နာခြင်း၊
(ဈ) ကုမ္ပဏီညွှန်းတမ်းတွင်သော်လည်းကောင်း၊ အခြားတစ်နည်းနည်းဖြင့်သော်လည်း
ကောင်း ပုံနှိပ်ထုတ်ဝေရန် အနာဂတ်အမြတ်ငွေကို ခန့်မှန်းတွက်ချက်အတည်ပြုပေးခြင်း၊
သို့မဟုတ် တစ်နှစ်စီအတွက် အရှုံးအမြတ်များကို သီးခြားဖော်ပြခြင်းမပြုဘဲ တစ်နှစ်ထက်
ပိုသော နှစ်များအတွက် ပျမ်းမျှအမြတ်ငွေရှင်းတမ်းများကို ပုံနှိပ်ထုတ်ဝေရန် အတည်ပြု
ပေးခြင်း၊
(ည) လုပ်ငန်းရှင်က ယုံမှတ်အပ်နှံထားသည့် ငွေကြေးများကို ကိုင်တွယ်ခန့်ခွဲရပါက ယင်း
ငွေကြေးများကို စနစ်တကျ သုံးစွဲခန့်ခွဲကြောင်း သိသာပေါ်လွင်စေရေး အတွက် လိုအပ်
သော စာရင်းမှတ်တမ်းများ၊ သီးခြားဘဏ်စာရင်းများ ဖွင့်လှစ် ထိန်းသိမ်းရန် ပျက်ကွက်
ခြင်း၊၊
၂၀၊၊ ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်းလုပ်ကိုင်သူသည်-
(က) ယင်းလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်ခွင့်ရှိသည်၊
(ခ) သင့်တင့်မျှတသော လုပ်ခကို တောင်းခံပိုင်ခွင့်ရှိသည်၊
(ဂ) ကောင်စီသို့ အကြံပြုခွင့်ရှိသည်၊
(ဃ) နစ်နာချက်များကို ကောင်စီသို့ တင်ပြခွင့်ရှိသည်၊၊
အခန်း (၉)
ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်း လုပ်ကိုင်သူများအား အရေးယူခြင်း
၂၁။
(က) ကောင်စီသည် ပုဒ်မ ၁၈ တွင် ပြဋ္ဌာန်းထားသည့် တာဝန်တစ်ရပ်ရပ်ကို လိုက်နာရန် ပျက်
ကွက်သည် သို့မဟုတ် ပုဒ်မ ၁၉ တွင် ပြဋ္ဌာန်းထားသည့် ကျင့်ဝတ်သိက္ခာ တစ်ရပ်ရပ်ကို
ဖောက်ဖျက်သည်ဟု စွပ်စွဲခံရသော ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်း လုပ်ကိုင်သူအား စုံစမ်း
စစ်ဆေးနိုင်ရန် ကောင်စီဝင်အနည်းဆုံး ၁ ဦးပါဝင်သော အဖွဲ့ဝင် ၃ ဦးဖြင့် စုံစမ်းစစ်ဆေး
ရေးအဖွဲ့ကို ဖွဲ့စည်း၍ တာဝန်ပေးအပ်နိုင်သည်၊
(ခ) စုံစမ်းစစ်ဆေးရေးအဖွဲ့သည် မိမိ၏စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကိုကောင်စီက ဤကိစ္စ
ရပ်အလို့ငှာ ကောင်စီဝင် ၅ ဦးဖြင့်ဖွဲ့စည်းသည့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီသို့
တင်ပြရမည်၊
(ဂ) စည်းကမ်းထိန်းသိမ်းရေး ကော်မတီသည် အောက်ပါစီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ် တစ်ရပ်ရပ်
ကို ချမှတ်နိုင်သည်-
(၁) သတိပေးခြင်း၊
(၂) ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်း လုပ်ကိုင်ခွင့်ကို ကာလအပိုင်းအခြား သတ်မှတ်၍
ရုပ်သိမ်းခြင်း၊
(၃) ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်း လုပ်ကိုင်ခွင့် လက်မှတ်ကို ပယ်ဖျက်ခြင်း၊
၂၂။ စည်းကမ်းထိန်းသိမ်းရေးကော်မတီသည်အကျင့်စာရိတ္တ ပျက်ပြားရာရောက်သည့် ပြစ်မှုဖြင့် ပြစ်မှု
ထင်ရှားစီရင်ခြင်းခံရသော ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်း လုပ်ကိုင်သူအား အောက်ပါစီမံခန့်ခွဲ ရေးဆိုင်ရာ
ပြစ်ဒဏ်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်-
(က) ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်းလုပ်ကိုင်ခွင့်ကိုကာလအပိုင်းအခြားသတ်မှတ်၍ ရုပ်သိမ်းခြင်း၊
(ခ) ကိုယ်ပိုင်စာရင်းကိုင် လုပ်ငန်းလုပ်ကိုင်ခွင့် လက်မှတ်ကို ပယ်ဖျက်ခြင်း၊
၂၃။
(က) ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်း လုပ်ကိုင်ခွင့်ကိုကာလအပိုင်းအခြားသတ်မှတ်၍ ရုပ်သိမ်းခြင်း
ခံရသူသည် သတ်မှတ်သည့်ကာလ ကုန်ဆုံးသည့်အခါ ကိုယ်ပိုင် စာရင်းကိုင်လုပ်ငန်း ပြန်
လည်မှတ်ပုံတင်ခွင့် ရရှိရေးအတွက် ကောင်စီသို့ လျှောက် ထားနိုင်သည်၊
(ခ) ကောင်စီသည်လျှောက်ထားသူအားသတ်မှတ်ထားသောအခကြေးငွေများပေးဆောင်စေ၍
ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်း လုပ်ကိုင်ခွင့်လက်မှတ် ထုတ်ပေးနိုင်သည်၊
အခန်း (၁၀)
အယူခံခြင်း
၂၄။ စည်းကမ်းထိန်းသိမ်းရေးကော်မတီက ပုဒ်မ၂၁ သို့မဟုတ် ပုဒ်မ ၂၂ အရ ချမှတ်သောအမိန့်
သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်သူသည် ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ချမှတ်သောနေ့မှ
ရက်ပေါင်း ၆၀ အတွင်း ကောင်စီသို့ အယူခံနိုင်သည်။
၂၅။ ကောင်စီသည် ပုဒ်မ၂၄ အရ တင်သွင်းသည့် အယူခံမှုများနှင့် စပ်လျဉ်း၍ အောက်ပါ လုပ်ပိုင်ခွင့်များရှိသည်-
(က) အတည်ပြုခြင်း၊
(ခ) ပယ်ဖျက်ခြင်း၊
(ဂ) ပြင်ဆင်ခြင်း၊
(ဃ) ပြန်လည်စုံစမ်းစစ်ဆေးစေခြင်း။
၂၆။ ကောင်စီ၏ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်။
အခန်း (၁၁)
တားမြစ်ချက်များ
၂၇။ မည်သူမျှ ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်း လုပ်ကိုင်ခွင့်လက်မှတ် မရှိဘဲ မြန်မာနိုင်ငံ ကုမ္ပဏီ
များ အက်ဥပဒေ သို့မဟုတ် ၁၉၅၀ ပြည့်နှစ် အထူးကုမ္ပဏီများ အက်ဥပဒေအရ ဖွဲ့စည်းတည်
ထောင်ထားသည့် ကုမ္ပဏီတွင် စာရင်းစစ်အဖြစ် လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရ။ သို့ရာတွင်
ယင်းတားမြစ်ချက်သည် အစိုးရအဖွဲ့က အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုသော
ကုမ္ပဏီတစ်ခုခုတွင် စာရင်းစစ်အဖြစ် လုပ်ကိုင်ဆောင်ရွက်သူနှင့် သက်ဆိုင်ခြင်းမရှိစေရ။
၂၈။ ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်း လုပ်ကိုင်ခွင့်ကို ကာလသတ်မှတ်၍ ရုပ်သိမ်းခြင်းခံရသူ
သို့မဟုတ် ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်း လုပ်ကိုင်ခွင့်လက်မှတ်ကို ပယ်ဖျက်ခြင်းခံရသူသည်
စည်းကမ်းထိန်းသိမ်းရေးကော်မတီကအမိန့် သို့မဟုတ်ဆုံးဖြတ်ချက်ချမှတ်သည့််နေ့မှရက်ပေါင်း
၃၀ အတွင်း ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်းလုပ်ကိုင်ခွင့်လက်မှတ်ကို ပြန်လည်အပ်နှံရန်ပျက်ကွက်
ခြင်းမရှိစေရ။
၂၉။ ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်း လုပ်ကိုင်သူသည် မည်သည့်စာရင်းဖော်ပြချက်၊ကြေညာချက်၊ ရှင်းတမ်း၊ အစီရင်ခံစာ၊ ငွေစာရင်းစာအုပ်၊ လက်မှတ် သို့မဟုတ် ပုံစံတွင်မဆို မဟုတ်မမှန်သည့် အချက်ကို သိလျက်နှင့် ထည့်သွင်းဖော်ပြခြင်းမပြုရ။
၃၀။ ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်း လုပ်ကိုင်သူသည် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ
လုပ်ငန်း၏ အစုဝင်ကသော်လည်းကောင်း၊ မိမိ၏ဝန်ထမ်းကသော်လည်းကောင်း ကြီးကြပ်ကွပ်
ကဲ၍ ပြည့်စုံစွာ စစ်ဆေးထားခြင်းမရှိသော လက်ကျန်ရှင်းတမ်း၊ အရှုံးအမြတ်စာရင်း သို့မဟုတ်
မည်သည့် စာရင်းဇယားကိုမျှ အတည်ပြုမပေးရ သို့မဟုတ် မိမိကိုယ်စား လက်မှတ်ရေးထိုးခွင့်
မပြုရ။
အခန်း (၁၂)
ပြစ်ဒဏ်များ
၃၁။ မည်သူမဆို ပုဒ်မ ၂၇ ပါပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူအား ငွေဒဏ်ကျပ် ၃၀၀၀ အထိဖြစ်စေ၊ ထောင်ဒဏ် ၃ နှစ်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ၊ ချမှတ်ရမည်။
၃၂။ မည်သူမဆို ပုဒ်မ ၂၈ ပါပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင် ခြင်း ခံရလျှင် ထိုသူအား ငွေဒဏ်ကျပ် ၅၀၀၀ အထိ ချမှတ်ရမည်။
၃၃။ မည်သူမဆို ပုဒ်မ ၂၉ သို့မဟုတ် ပုဒ်မ ၃၀ ပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူး လွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအားငွေဒဏ်ကျပ် ၅၀၀၀၀အထိဖြစ်စေ၊ ထောင်ဒဏ် ၇ နှစ်အထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
အခန်း (၁၃)
အထွေထွေ
၃၄။
(က) ကောင်စီ၏ကုန်ကျစရိတ်များကို စာရင်းစစ်ချုပ်ရုံးက ကျခံရမည်၊
(ခ) ကောင်စီ၏ ရံုံးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် လိုအပ်သော ဝန်ထမ်းများကို စာရင်းစစ်
ချုပ်ရုံးက စုစည်းသတ်မှတ်ပေးရမည်၊
၃၅။ တည်ဆဲဥပဒေတစ်ရပ်ရပ်တွင် သော်လည်းကောင်း စာချုပ်စာတမ်း တစ်ခုခုတွင်သော် လည်းကောင်း၊ အမှတ်အသား တစ်ခုခုတွင်သော်လည်းကောင်း မှတ်ပုံတင်စာရင်းကိုင်ဟုရည်ညွှန်း ထားလျှင် ထိုရည်ညွှန်းချက်သည် ဤဥပဒေတွင် အဓိပ္ပာယ်ဖော်ပြထားသည့် လက်မှတ်ရ ပြည်သူ့စာရင်းကိုင်ကို ရည်ညွှန်းသည်ဟု မှတ်ယူရမည်။
၃၆။ ၁၉၇၂ ခုနှစ်၊ မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေအရ ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံစာရင်း
ကောင်စီသည် ဤဥပဒေအရ မြန်မာနိုင်ငံစာရင်းကောင်စီကို ဖွဲ့စည်းခြင်းမပြုမီ ဤဥပဒေအရ
ဖွဲ့စည်းသည်ဟု မှတ်ယူရမည်။
၃၇။ ၁၉၇၂ ခုနှစ်၊ မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေအရ ထုတ်ပြန်ခဲ့သော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များနှင့် ညွှန်ကြားချက်များကို ဤဥပဒေနှင့် မဆန့်ကျင်သရွေ့ ဆက်လက်ကျင့်သုံးနိုင်သည်။
၃၈။ ဤဥပဒေပါပြဋ္ဌာန်းချက်များကို ဆောင်ရွက်နိုင်ရန် -
(က) စာရင်းစစ်ချုပ်သည် လိုအပ်သော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို အစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်၊
(ခ) ကောင်စီသည် လိုအပ်သောအမိန့်၊ ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။
၃၉။ ၁၉၇၂ ခုနှစ် မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။
(ပုံ) သန်းရွှေ
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့
The State Law and Order Restoration Council
The Myanmar Accountancy Council Law
(The State Law and Order Restoration Council Law No. 1/94)
The 11th Waning Day of Tabodwe, 1355 M.E.
(8th March ,1994)
The State Law and Order Restoration Council hereby enacts the following Law:
Chapter I
Title and Definition
- This Law shall be called the Myanmar Accountancy Council Law.
- The following expressions contained in this Law shall have the meanings given hereunder:
- Council means the Myanmar Accountancy Council constituted under this Law;
- Accountancy means functions pertaining to book keeping, accounting, auditing, settling of accounts, financial management and management information systems. This expression also includes such accounting functions as are prescribed by the Council;
- Apprentice Accountant means a person registered as an apprentice with the permission of the Council to qualify as a Certified Public Accountant;
- Apprentice Service means the period of service prescribed by the Council for practical training in Accountancy;
- Certified Public Accountant means a person who, having passed the Certified Public Accountant Examination and having satisfactorily completed the prescribed practical training during the period of apprentice service, is registered as a Certified Public Accountant;
- Practising Accountant means a person who, having been enrolled as a Certified Public Accountant, is registered to practise Accountancy as a main profession.
Chapter II
Objectives
- The objectives of this Law are as follows:
- augmenting the work force of qualified accountants, who will contribute towards the economic development of the State.,
- working for the advancement of Accountancy;
- contributing towards the development of accounting principles and practices in government departments and organizations;
- ensuring that Apprentice Accountants, Certified Public Accountants, and Practising Accountants observe their respective codes of ethics.
Chapter III
Formation of the Myanmar Accountancy Council
Chapter IV
Duties and Powers of the Council
Chapter V
Registration of the Apprentice Accountant
Chapter VII
Registration of the Practising Accountant
Chapter VIII
The Duties, Ethics and Rights of the Practising Accountant
Chapter IX
Taking of action against Practising Accountants
Chapter X
Appeal
Chapter XI
Prohibitions
Chapter XII
Penalties
Chapter XIII
Miscellaneous
- The Government:
- shall constitute the Myanmar Accountancy Council with the following persons:
- The Auditor General Chairman
- Citizen members of the accountancy profession, not exceeding Members
10 in number - suitable citizens not exceeding 4 in number Members
- a person assigned by the Chairman Secretary
- may determine the Vice Chairman and the Joint ¬Secretary, if necessary;
- may determine the tenure of the Council;
- may reconstitute the Council as may be necessary.
- shall constitute the Myanmar Accountancy Council with the following persons:
- The Council may grant honorarium to its members who are not government servants.
- The Council shall have perpetual succession and a common seal with the power to sue and be sued.
- The duties and powers of the Council are as follows:
- giving advice to government departments and organizations on matters concerning Accountancy, if such advice is sought;
- conducting, managing, and supervising training course in Accountancy conferring diplomas and certificates therefor;
- arranging for practical training pertaining to Accountancy, prescribing the period of apprentice service and recognizing the accountants who can provide training;
- scrutinizing and recognizing certificates and degrees in Accountancy from foreign countries, and stipulating requirements For citizens who hold such certificates or degrees to be registered;
- appointing a suitable person as the Registrar and prescribing his duties and responsibilities;
- communicating and cooperating with international accounting institutions with a view to promoting development of Accountancy:
- forming the Apprenticeship and Training Supervisory Committee with Council members and other suitable Citizens;
- prescribing and/or altering the list of government departments and organization which can provide training in Accountancy, and delegating such powers to the Apprenticeship and Training Supervisory Committee;
- reviewing. as may be necessary whether the training provided at the Accountancy courses conducted under this Law is up to specified standards;
- forming necessary committees and boards and prescribing the duties thereof;
- scrutinizing and allowing the establishment of professional institutions for development of Accountancy profession and providing guidance and supervision thereon;
- taking action against the Practising Accountants who are negligent of their duties or who violate their code of professional ethics;
- carrying out measures for successful fulfilment of the objectives of this Law.
- A citizen of registration as an Apprentice Accountant may apply to the Council in accordance with the stipulations of the Council.
- If after scrutiny the Council find that the application is in conformity with the stipulation it shall;
- select and allow registration as an Apprentice Accountant
- cause the prescribed registration fees, tuition fees, examination fees, to be paid:
- enroll as Apprentice Accountant in the Register.
- The Apprentice Accountant shall pursue his studies during the period of apprentice service in accordance with the procedures;
- The Council shall issue the Certified Public Accountant certificate to any person who, after having passed the Certified Public Accountant examination, has satisfactorily completed he practical training during the period of apprentice service.
Charter VI
Registration of the Certified Public Accountant - A citizen desirous of registration as a Certified Public Accountant may apply to the Council for such registration, if the possesses any of the following qualifications:
- a person who holds the Certified Public Accountant certificate;
- a person who, having passed the Registered Accountant examination, has satisfactorily completed the practical training within the period of articleship;
- a person who holds an Accountancy certificate or degree conferred by any foreign country and recognized by the Council;
- a person, who has been registered as a Registered Accountant under the Myanmar Accountancy Law, 1972 or a person who is entitled to be so registered.
- If after scrutiny the Council finds that the application is in conformity with the stipulations it shall:
- allow registration;
- cause the prescribed registration fees to be paid;
- issue a certificate of registration as a Certified Public Accountant, after entering the name in the register.
-
- On expiry of the tenure of the certificate of registra¬tion as a Certified Public Accountant a person desirous of extending such tenure may apply to the Council in the manner prescribed.
- The Council may extend the tenure after causing payment of the prescribed fees to be made.
- If the Certified Public Accountant who is registered under section 13 is desirous of practising Accountancy as a main profession, he may apply to the Council to be so registered in the manner prescribed.
- If after scrutiny the Council finds that the application is in conformity with the stipulations it shall;
- allow registration;
- cause the prescribed registration fees to be paid;
- issue a Certificate of Practice as a Practising Accountant, after entering his name in the register.
-
- On expiry of the tenure of the Certificate of Practice as a Practising Accountant a person desirous of extending such tenure may apply to the Council in the manner prescribed.
- The Council may extend the tenure after causing payment of the prescribed fees to be made.
- Practising Accountant has the following duties:
- performing as accurately as possible any work pertaining to Accountancy that he has undertaken;
- complying with the rules, procedures, orders and directives issued under this Law;
- carrying out efficiently the accounting duties assigned to him by the Council.
- In undertaking any work pertaining to Accountancy, Practising Accountant shall not commit any one of the following acts which are contrary to the code of professional ethics that he must observe:
- advertising directly or indirectly; soliciting Accountancy work, and acting to get oneself appointed in any manner;
- demanding fees based on a percentage of profits,
- failing to furnish particulars in connection with the accounts which the Council may call for when necessary;
- disclosing any confidential information to which he alone has access, without the approval of the client or without being required by any existing laws;
- carrying out the Accountancy work with which he is entrusted without exercising due professional care;
- entering into partnership for auditing work with persons other than a Certified Public Accountant;
- accepting a post as auditor previously held by another auditor without communicating with him;
- failing to comply with the provisions of the Myanmar Companies Act in respect of the appointment of auditors;
- giving estimates of and certifying future profits for publication in a prospectus or in any other manner, or certifying for publication statements of average profits over a period of more than one year without specifying the profits or losses for each year respectively;
- failing to maintain necessary accounting records and separate bank accounts for moneys entrusted by his clients, in order to show that such, moneys are managed in a systematic manner.
- A Practising Accountant has the right to;
- practise Accountancy as a profession:
- claim reasonable professional fees;
- advise the Council;
- submit any grievances to the Council.
-
- The Council may form and assign a three member Inquiry Committee, consisting of at least one Council member to investigate the Practising Accountant who is alleged to have failed in any one of the duties prescribed in section 18, or to have violated any one of the professional ethics prescribed in section 19.
- The Inquiry Committee shall submit a report of its findings to the Disciplinary Committee, consisting of 5 Council members, formed for this purpose by the Council.
- The Disciplinary Committee may mete out any of the following administrative penalties:
- giving a warning;
- withdrawing the right to practise as an Accountant for a fixed period of time;
- cancelling the Certificate of Practice as a Practising Accountant.
- The Disciplinary Committee may any mete out of the following administrative penalties on the Practising Accoun¬tant who has been convicted of an offence amounting to misconduct:
- withdrawing the Certificate of Practice as a Practising Accountant for a fixed period of time;
- cancelling the Certificate of Practice as a Practising Accountant.
-
- A person whose Certificate of Practice as a Practising Accountant has been withdrawn for a fixed period of time may, at the end of such period, apply to the Council for re registration as a Practising Accountant.
- The Council may issue the Certificate of Practice as a Practising Accountant to the applicant after causing payment of the prescribed fees to be made.
- Any person, who is not satisfied with an order or decision made by the Disciplinary Committee under section 21 or section 22, may file an appeal to the Council within 60 days from the date on which such an order or decision was made.
- The Council has the following powers in respect of appeals submitted under section 24:
- confirming;
- setting aside
- altering
- causing a reinquiry to be made.
- The decision of the Council shall be final and conclusive.
- No person shall act as an auditor of any company established under the Myanmar Companies Act or the Special Company Act, 1950, without holding a Certificate of Practice as a Practising Accountant. Provided that, such prohibition shall not apply to a person serving as an auditor in any company exempted by the Government through a notification.
- A person whose Certificate of Practice w a Practising Accountant has been withdrawn for a fixed period of time or whose Certificate of Practice has been cancelled shall not fall to surrender the Certificate of Practice within 30 days of the date on which the Disciplinary Committee nets made the order or the decision.
- A Practising Accountant shall not mention any information which he knows to be incorrect in any account, notice, statement, report, cash book, certificate or form.
- A Practising Accountant shall not certify or allow anyone else to sign on his behalf a balance sheet, profit and loss account, any statement or schedule whatsoever, which has not been completely verified under his own supervision or that of a partner of his firm, or a member of his staff.
- Whoever violates the provision of section 27 shall, on conviction be punished with a fine which may extend to kyats 3,000 or with imprisonment for a term which may extend to 3 years or with both.
- Whoever violates the provision of section 28 shall, on conviction be punished with a fine which may extend to kyats 5,000.
- Whoever violates the provision of section 29 or section 30 shall, on conviction be punished with a fine which may extend to kyats 50,000 or with imprisonment 1 for a term which may extend to 7 years or with both.
-
- The expenditures of the Council shall: be borne by the Office of the Auditor General.
- The Office of the Auditor General shall establish the required staff to perform the office work of the Council.
- If any reference is made to a Registered Accountant either in any existing law or in any document or in any record, such reference shall be deemed to refer also to a Certified Public Accountant as defined in this Law.
- The Myanmar Accountancy Council, which was formed under the Myanmar Accountancy Council Law, 1972, shall, before the Myanmar Accountancy Council under this Law, can be constituted be deemed to have been constituted under this Law.
- The rules, procedures, notifications, orders and directives issued under the Myanmar Accountancy Council Law, 1972 may continue to be applicable in so far as they are not inconsistent with the provisions of this Law.
- In order to carry out the provisions of this Law:
- the Auditor General may, with the approval of Government issue such rules, and procedures as may be necessary ;
- the Council may issue orders and directives as may be necessary.
- The Myanmar Accountancy Council Law, 1972 is hereby repealed.
(Sd) Than Shwe
Senior General
Chairman
State Law and Order Restoration Council
mfrs for sme final.pdf
myanmar standard on auditing part 1
myanmar standards on auditing 2
msa i notification
sme notification
၁။ ပြည်ထာင်စုစာရင်းစစ်ချုပ်ရုံးသည် မြန်မာနိုင်ငံစာရင်းကောင်စီ သက်တမ်းများတစ်လျှောက် ကောင်စီ၏ရုံးလုပ်ငန်းများကို ဆောင်ရွက်ပေးပါသည်။
၂။ ကောင်စီ၏လုပ်ငန်းများ ဆောင်ရွက်ရန် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စီမံရေးရာ၊ လေ့ကျင့်ရေးနှင့်သုတေသနဦးစီးဌာန၊ မြန်မာနိုင်ငံစာရင်းကောင်စီရုံး၏ ဖွဲ့စည်းပုံအရ ဝန်ထမ်းအင်အားအခြေအနေကို အောက်တွင်ဖော်ပြပါသည်-
| စဉ် | ရာထူး | ခွင့်ပြု (ဦး) |
| ၁။ | ညွှန်ကြားရေးမှူး | ၁ |
| ၂။ | ဒုတိယညွှန်ကြားရေးမှူး | ၁ |
| ၃။ | လက်ထောက်ညွှန်ကြားရေးမှူး | ၂ |
| ၄။ | ဦးစီးအရာရှိ | ၄ |
| ၅။ | စာရင်းစစ်မှူး | ၁၁ |
| ၆။ | ဒုတိယစာရင်းစစ်မှူး | ၂၂ |
| ၇။ | လက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူး/ အကြီးတန်းလက်နှိပ်စက် | ၁ |
| ၈။ | ယာဉ်မောင်း (၄) | ၁ |
| ၉။ | အငယ်တန်းလက်နှိပ်စက်/ ဒု-လက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူး | ၇ |
| ၁၀။ | ဒု-လက်ထောက်စာရင်းစစ်မှူး (အလုပ်သင်) | ၁၅၀ |
| ၁၁။ | အမှုတွဲထိန်း | ၄ |
| ၁၂။ | ရုံးအကူ | ၃ |
| ၁၃။ | အစောင့် | ၄ |
| ၁၄။ | လုပ်သား (ဥယျာဉ်) | ၃ |
| ၁၅။ | သန့်ရှင်းရေးအကူ | ၆ |
| စုစုပေါင်း | ၂၂၀ | |
မြန်မာနိုင်ငံစာရင်းကောင်စီရုံး၊ ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို အောက်တွင်ဖော်ပြပါသည်-
| စဉ် | ဌာနခွဲအမည် | လုပ်ငန်းဆောင်ရွက်မှု |
| (က) | ဒီပလိုမာစာရင်းကိုင်သင်တန်းဌာနခွဲ | ပထမပိုင်းနှင့်ဒုတိယပိုင်းသင်တန်းများဖွင့်လှစ်ခြင်း၊ စာမေးပွဲကျင်းပခြင်း၊ အောင်စာရင်းထုတ်ပြန်ခြင်း |
| (ခ) | လက်မှတ်ရပြည်သူ့စာရင်းကိုင်သင်တန်းဌာနခွဲ | ပထမပိုင်းနှင့်ဒုတိယပိုင်းသင်တန်းများ ဖွင့်လှစ်ခြင်း၊ စာမေးပွဲကျင်းပခြင်း၊ အောင်စာရင်းထုတ်ပြန်ခြင်း |
| (ဂ) | အရည်အချင်းစစ်သင်တန်းဌာနခွဲ | စာမေးပွဲကျင်းပခြင်း၊ အောင်စာရင်းထုတ်ပြန်ခြင်း |
| (ဃ) | စာရင်းကိုင်အလုပ်သင်ဌာနခွဲ | အလုပ်သင်ဆင်းရန်လျှောက်ထားသူများကိုစိစစ်၍ အလုပ်သင်နေရာခွဲဝေပေးသည့် ရုံးအမိန့်ထုတ်ပြန်နိုင်ရန် တင်ပြ ခြင်း၊အလုပ်သင်များ၏အလုပ်သင်ကြားမှုမှတ်တမ်း၊ရုံးတက်ရုံးဆင်းမှတ်တမ်းများကိုစိစစ်ကြီးကြပ်ခြင်း၊အလုပ်သင် လုပ်သက်ပြည့်မြောက်သူများနှင့် နုတ်ထွက်သူများကို စိစစ်၍ ရုံးအမိန့်ထုတ်ပြန်နိုင်ရန် တင်ပြခြင်း |
| (င) | ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်းများနှင့် သင်တန်း ဆရာများဌာနခွဲ | ကနဦးနှင့်သက်တမ်းတိုးမှတ်ပုံတင်လျှောက်ထားမှုကို စိစစ်တင်ပြ၍ မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း |
| (စ) | လက်မှတ်ရပြည်သူ့စာရင်းကိုင် (ပြည့်မီ) (CPA-FF) နှင့် အများပြည်သူသို့ စာရင်းဝန်ဆောင်မှုပေးသည့် စာရင်း လုပ်ငန်းလုပ်ကိုင်သူ (PAPP) ဌာနခွဲ | ကနဦးနှင့်သက်တမ်းတိုးမှတ်ပုံတင်လျှောက်ထားမှုကို စိစစ်တင်ပြ၍ မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း |
| (ဆ) | စာရင်းစစ်လုပ်ငန်းနှင့်အများပြည်သူသို့စာရင်း ဝန်ဆောင်မှုပေးသည့် လုပ်ငန်းမှအပဖြစ်သော စာရင်းလုပ်ငန်းဌာနခွဲ | ကနဦးနှင့်သက်တမ်းတိုးမှတ်ပုံတင်လျှောက်ထားမှုကို စိစစ်တင်ပြ၍ မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း |
| (ဇ) | ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းဌာနခွဲ | အပြည်ပြည်ဆိုင်ရာ စာရင်းပညာအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း၊ အစိုးရ ဌာနများနှင့်လုပ်ငန်းအဖွဲ့အစည်းများမှကောင်စီသို့တင်ပြသည့်ကိစ္စများ၊ IFRS၊ ဥပဒေ၊ နည်းဥပဒေပြင်ဆင်ရေး၊ ပြုစု ထုတ်ပြန်ရေးကိစ္စများ ဆောင်ရွက်ခြင်း |
| (ဈ) | စီမံရေးရာဌာနခွဲ | ဘတ်ဂျက်၊ ဝန်ထမ်း၊ ပစ္စည်းစာရင်းနှင့်စပ်လျဉ်း၍ စီမံရေးရာကိစ္စများဆောင်ရွက်ခြင်း |
Organizational Structure of Myanmar Accountancy Council
- The Office of the Auditor General of the Union provides the office functions of the Council throughout the tenure of the Myanmar Accountancy Coucil.
- To carry out the activities of the Council, the Organization Structure of the Myanmar Accountacny Council Office of the Administration, Training and Research Department of the Office of the Auditor General of the Union is as follows;
|
Sr.No. |
Position |
Allowed (no. of person) |
|
1. |
Director |
1 |
|
2. |
Deputy Director |
1 |
|
3. |
Assistant Director |
2 |
|
4. |
Staff Officer |
4 |
|
5. |
Senior Auditor |
11 |
|
6. |
Deputy Senior Auditor |
22 |
|
7. |
Assistant Computer Operator/ Senior Typewriter |
1 |
|
8. |
Driver (4) |
1 |
|
9. |
Junior Typewriter / Deputy Assistant Computer Operator |
7 |
|
10. |
Deputy Assistant Senior Auditor (Apprentice Accountant) |
150 |
|
11. |
Case file holder |
4 |
|
12. |
Peon |
3 |
|
13. |
Security Guard |
4 |
|
14. |
Worker (Garden) |
3 |
|
15. |
Cleaning Helper |
6 |
|
|
Total |
220 |
ကောင်စီ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
(က) ဒီပလိုမာစာရင်းကိုင်သင်တန်း၊ လက်မှတ်ရပြည်သူ့စာရင်းကိုင်သင်တန်း၊ ဌာနဆိုင်ရာသင်တန်းများနှင့် အခြားသင်တန်းများ ဖွင့်လှစ်ခြင်း၊ ဖွင့်လှစ်ခွင့်ပြုခြင်း၊ စီမံခန့်ခွဲခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း၊ အရည်အချင်းစစ်စာမေးပွဲများပြုလုပ်ခြင်း၊ သင်တန်းနှင့် စာမေးပွဲဆိုင်ရာ စည်းမျဉ်းများချမှတ်ခြင်း၊ ဒီပလိုမာနှင့်အောင်လက်မှတ်များ ပေးအပ်ခြင်း၊
(ခ) ဒီပလိုမာစာရင်းကိုင်သင်တန်း၊ လက်မှတ်ရပြည်သူ့စာရင်းကိုင်သင်တန်း၊ ဌာနဆိုင်ရာသင်တန်းများနှင့် အခြားသင်တန်းများ၏ သင်ရိုးညွှန်းတမ်းများကို ချမှတ်ပြဋ္ဌာန်းခြင်း၊ လိုအပ်သလို ပြင်ဆင်ခြင်း၊ ထိုသင်တန်းများအတွက် ဘာသာရပ်ဆိုင်ရာ ပြဋ္ဌာန်းစာအုပ်များ စီစဉ်ခြင်း၊
(ဂ) စာရင်းကိုင်အလုပ်သင် လက်တွေ့သင်ကြားရေး၊ စဉ်ဆက်မပြတ် စာရင်းပညာလေ့လာဆည်းပူးရေး လုပ်ငန်းအစီအစဉ်နှင့်စည်းမျဉ်းများ ချမှတ်ဆောင်ရွက်ခြင်း၊
(ဃ) စာရင်းကိုင်စံများ၊ စာရင်းစစ်စံများ ၊ ကျင့်ဝတ်သိက္ခာဆိုင်ရာ စံများ၊ စာရင်းလုပ်ငန်းလုပ်ကိုင်သူများ လက်ခံကျင့်သုံးရမည့် လုပ်ငန်းစဉ် ၊ လုပ်ငန်းလမ်းညွှန်၊ စံများ၊ လက်စွဲ၊ စာရင်းလုပ်ငန်း အရည်အသွေးထိန်းသိမ်းရေး အစီအစဉ်များ ချမှတ်ပြဋ္ဌာန်းခြင်း၊ ထိုပြဋ္ဌာန်းချက်များကို လက်တွေ့လိုက်နာကျင့်သုံးနိုင်ရေးအတွက် လိုအပ်သည့် သင်တန်းများစီစဉ်ခြင်း၊ ညွှန်ကြားချက်များထုတ်ပြန်ခြင်း၊ ပြဋ္ဌာန်းချက်အထောက်အကူပြု စာအုပ်စာတမ်းများ ထုတ်ဝေခြင်း၊
(င) ကောင်စီက ချမှတ်ပြဋ္ဌာန်းထားသည့် စံများ၊ အစီအစဉ်များကို လက်တွေ့လိုက်နာကျင့်သုံးမှု ရှိ မရှိ စောင့်ကြည့်စိစစ်ခြင်း၊ စစ်ဆေးခြင်း၊ လိုက်နာကျင့်သုံးရန် ပျက်ကွက်မှုအတွက် ဤဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ အရေးယူခြင်း၊
(စ) အပြည်ပြည်ဆိုင်ရာ စာရင်းပညာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် အပြန်အလှန် အသိအမှတ်ပြုရေး သဘောတူညီချက်များကို အပြည်ပြည်ဆိုင်ရာ စာရင်းပညာအဖွဲ့အစည်းများနှင့် ချုပ်ဆိုခြင်း၊
(ဆ) ပြည်တွင်းပြည်ပမှ စာရင်းပညာဆိုင်ရာ လက်မှတ်နှင့်ဘွဲ့များကို စိစစ်၍ အသိအမှတ်ပြုခြင်း၊ ယင်းသို့ အသိအမှတ်ပြုသည့် လက်မှတ် သို့မဟုတ် ဘွဲ့ရရှိထားသည့် နိုင်ငံသားများအား မှတ်ပုံတင်နိုင်ရန် လိုအပ်ချက်များကို သတ်မှတ်ခြင်း၊
(ဇ) သင့်လျော်သည့် ပုဂ္ဂိုလ်တစ်ဦးအား မှတ်ပုံတင်အရာရှိအဖြစ် ခန့်ထားခြင်း၊ ယင်း၏ တာဝန်ဝတ္တရားများကို သတ်မှတ်ပေးခြင်း၊
(ဈ) ဤဥပဒေပါ ရည်ရွယ်ချက်များ ပြည့်မြောက်ရေးအတွက် ကောင်စီက ဆောင်ရွက်သည့် လုပ်ငန်းစဉ်များတွင် လက်မှတ်ရပြည်သူ့စာရင်းကိုင် (အောင်) များနှင့် လက်မှတ်ရပြည်သူ့စာရင်းကိုင် (ပြည့်မီ) များ ပါဝင်ဆောင်ရွက်ရေးအတွက် တာဝန်သတ်မှတ် လွှဲအပ်ပေးခြင်း၊ ယင်းသို့ တာဝန်ယူဆောင်ရွက်မှုများကို ကြီးကြပ်ခြင်း၊
(ည) စာရင်းလုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင် လက်မှတ်ထုတ်ပေးရေးအတွက် ပြည့်စုံရမည့် လက်တွေ့လုပ်ငန်း အတွေ့အကြုံနှင့် လုပ်သက်ကာလ၊ ကျင့်သုံးရမည့် လုပ်ငန်း နည်းစနစ်နှင့် အခြားလိုအပ်ချက်မာျးကို စာရင်းလုပ်ငန်း နယ်ပယ်အလိုက်၊ စာရင်းလုပ်ငန်း အမျိုးအစားအလိုက် သတ်မှတ်ခြင်း၊
(ဋ) ဤဥပဒေပါ ရည်ရွယ်ချက်များ ပြည့်မြောက်ရေးအတွက် လုပ်ငန်းဆောင်ရွက်ရမည့် ကော်မတီများ၊ လုပ်ငန်းအဖွဲ့များကို ကောင်စီဝင်များ၊ သင့်လျော်သည့် စာရင်းပညာရှင်များဖြင့် လိုအပ်သလို ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း၊ လမ်းညွှန်ကြီးကြပ်ခြင်း၊
(ဌ) စာရင်းလုပ်ငန်း လုပ်ကိုင်သူများအတွက် လိုအပ်သည့် လုပ်ငန်း လမ်းညွှန်မှုများ ထုတ်ပြန်ခြင်း၊ ဤဥပဒေအရ ဆောင်ရွက်သည့် ကိစ္စရပ်များအတွက် လိုအပ်သည့်အချက်အလက်များကို စာရင်းလုပ်ငန်းလုပ်ကိုင်သူများထံမှ ရယူခြင်း၊
(ဍ) ဒီပလိုမာစာရင်းကိုင်သင်တန်းနှင့် လက်မှတ်ရပြည်သူ့စာရင်းကိုင်သင်တန်းများကို သတ်မှတ်သင်ရိုးညွှန်းတမ်းနှင့်အညီ အဆင့်မီသင်ကြားမည့် ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်းများ ဖွင့်လှစ်ဆောင်ရွက်ရန် တင်ပြခြင်းကို စိစစ်ခွင့်ပြုခြင်း၊ လမ်းညွှန်ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း၊
(ဎ) နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် ကောင်စီဝင်များ၊ ကောင်စီ၏ ကော်မတီဝင်များအား စရိတ်ချီးမြှင့်ငွေ သတ်မှတ်ခံစားခွင့်ပြုခြင်း၊
(ဏ) အစိုးရဌာနများ၊ လုပ်ငန်းအဖွဲ့အစည်းများ၏ စာရင်းပညာ၊ စာရင်းလုပ်ငန်းနှင့် စပ်လျဉ်းသည့် လိုအပ်ချက်အတွက် အကြံပြုခြင်း၊
(တ) တာဝန်ပျက်ကွက်သော သို့မဟုတ် စာရင်းပညာရှင် ကျင့်ဝတ်သိက္ခာဖောက်ဖျက်သော စာရင်းလုပ်ငန်းလုပ်ကိုင်သူ ၊ လက်မှတ်ရပြည်သူ့စာရင်းကိုင် (အောင်)၊ လက်မှတ်ရပြည်သူ့စာရင်းကိုင်း (ပြည့်မီ) ၊ စာရင်းကိုင်အလုပ်သင်များ၊ စာရင်းကျွမ်းကျင်သူများကို အရေးယူခြင်း။
ကော်မတီများ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည် -
မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မ ၁၃ နှင့် ၂၄-၁၁-၂၀၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကောင်စီ ၁/၂၀၂၀ အစည်းအဝေးဆုံးဖြတ်ချက်အရ အလုပ်အမှုဆောင်အဖွဲ့နှင့် ဥပဒေပုဒ်မ ၂၀ (က) နှင့် ၂၄-၁၁-၂၀၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကောင်စီ ၁/၂၀၂၀ အစည်းအဝေးဆုံးဖြတ်ချက်အရ အောက်ပါကော်မတီ (၈) ခုတို့ကို ၄-၁၂-၂၀၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာများဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်-
(၁) စာရင်းကိုင်အလုပ်သင်နှင့် ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်းများကြီးကြပ်ရေးကော်မတီ
(၂) သင်ရိုးညွှန်းတမ်းကော်မတီ
(၃) စာစစ်ကော်မတီ
(၄) စာရင်းဆိုင်ရာစံများကော်မတီ
(၅) စာရင်းစစ်လုပ်ငန်းဆိုင်ရာစောင့်ကြည့်စစ်ဆေးရေးကော်မတီ
(၆) စာရင်းကိုင်လုပ်ငန်းဆိုင်ရာစောင့်ကြည့်စစ်ဆေးရေးကော်မတီ
(၇) စာရင်းလုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်စိစစ်ရေးကော်မတီ
(၈) ဒီပလိုမာစာရင်းကိုင်နှင့်လက်မှတ်ရပြည်သူ့စာရင်းကိုင်လက်မှတ်စိစစ်ရေးကော်မတီ
စာရင်းကိုင်အလုပ်သင်နှင့် ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်းများကြီးကြပ်ရေးကော်မတီ
စာရင်းကိုင်အလုပ်သင်နှင့် ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်းများ ကြီးကြပ်ရေးကော်မတီ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) စာရင်းကိုင်အလုပ်သင်ဆောင်ရွက်ခွင့်ပြုရန် လျှောက်ထားမှု၊ သတ်မှတ်အလုပ်သင်လုပ် သက်ပြည့်မြောက်မှု၊ နုတ်ထွက်ခွင့်တင်ပြမှုများကို စိစစ်ခွင့်ပြုခြင်း၊
(ခ) စာရင်းကိုင်အလုပ်သင်များအား ကြီးကြပ်ခြင်းနှင့် စည်းကမ်းထိန်းသိမ်းခြင်း၊
(ဂ) စာရင်းကိုင်အလုပ်သင်ကြားပေးနိုင်သူအဖြစ် လျှောက်ထားလာမှုများအား စိစစ်သတ်မှတ်ခွင့်ပြုခြင်း၊
(ဃ) ကျောင်းဖွင့်လှစ်ခွင့်ပြုရန်နှင့် သင်တန်းဆရာအဖြစ် ခွင့်ပြုရန် လျှောက်ထားလာမှုများကို မှတ်ပုံတင်ခွင့်ပြုခြင်း၊ သက်တမ်းတိုးခွင့်ပြုခြင်း၊ ကြီးကြပ်ခြင်းနှင့် စည်းကမ်းထိန်းသိမ်းခြင်း၊
(င) သင်တန်းဖွင့်လှစ်သင်ကြားမှုများကို ကြီးကြပ်ခြင်း၊
(စ) အပိုဒ်ခွဲ (က) မှ (င) အထိ ကိစ္စရပ်များတွင် ထူးခြားသည့်အခြေအနေများအတွက် အနီးစပ်ဆုံးကျင်းပသည့် အလုပ်အမှုဆောင်အဖွဲ့သို့ တင်ပြခြင်း၊
(ဆ) ကျောင်းများနှင့် သင်တန်းဆရာများအတွက် လိုအပ်သည့်ညွှန်ကြားချက်များ ထုတ်ပြန်နိုင်ရန် အလုပ်အမှုဆောင်အဖွဲ့မှတစ်ဆင့် ကောင်စီသို့တင်ပြခြင်း၊
(ဇ) သင်တန်းအစီအစဉ် ထုတ်ပြန်ခြင်း၊ သင်တန်းအချိန်စာရင်း ထုတ်ပြန်ခြင်း၊ သင်တန်းဆရာ ရွေးချယ်ခန့်အပ်ခြင်း၊ ကျောင်းတက်ချိန် ရာခိုင်နှုန်းပြည့်မီမှု ရှိ၊ မရှိ စိစစ်ထုတ်ပြန်ခြင်း၊ သင်တန်းသားကိုယ်ပိုင်အမှတ်ထုတ်ပြန်ခြင်း၊ သင်တန်းသားနုတ်ထွက်ခွင့်ပြုခြင်း၊ ကျောင်းပြောင်းလဲတက်ရောက်မှုများကို စိစစ်ခွင့်ပြုခြင်း၊
(ဈ) အခါအားလျော်စွာ အစည်းအဝေးကျင်းပပြုလုပ်ခြင်း၊
(ည) အလျင်အမြန် ဆောင်ရွက်ရမည့်ကိစ္စရပ်များအတွက် ကော်မတီအဖွဲ့ဝင်များ၏ သဘောတူချက်ကို လှည့်လည်စာဖြင့် ရယူဆောင်ရွက်ခြင်း၊
(ဋ) ၃ လပတ်အလိုက် ကော်မတီ၏လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို ၃ လပတ်ကုန်ဆုံးပြီး နောက်လပထမပတ်တွင် ကောင်စီရုံးသို့ပေးပို့ခြင်းနှင့် ကောင်စီအလုပ်အမှုဆောင်အစည်းအဝေးနှင့် ကောင်စီအစည်းအဝေးတို့တွင် တင်ပြခြင်း။
သင်ရိုးညွှန်းတမ်းကော်မတီ
သင်ရိုးညွှန်းတမ်းကော်မတီ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) ဒီပလိုမာစာရင်းကိုင်သင်တန်း၊ လက်မှတ်ရပြည်သူ့စာရင်းကိုင်သင်တန်းနှင့် ကောင်စီက အခါအားလျော်စွာ သတ်မှတ်ဖွင့်လှစ်သင်ကြားခွင့်ပြုသည့်သင်တန်းများ၏ သင်ရိုးညွှန်း တမ်းများကို ချမှတ်ပြဋ္ဌာန်းခြင်းအတွက် အလုပ်အမှုဆောင်အဖွဲ့မှတစ်ဆင့် ကောင်စီသို့ တင်ပြခြင်း၊
(ခ) ပြဋ္ဌာန်းပြီးသင်ရိုးညွှန်းတမ်းများကို ပြင်ဆင်ရန်လိုအပ်ပါက နိုင်ငံတကာပညာရေးစံနှုန်းများနှင့် ညီညွတ်အောင် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းတို့အတွက် အလုပ်အမှုဆောင်အဖွဲ့သို့ တင်ပြခြင်း၊
(ဂ) သင်တန်းများအတွက် ဘာသာရပ်ဆိုင်ရာပြဋ္ဌာန်းစာအုပ်များ ပြုစုထုတ်ပြန်ခြင်းနှင့် လိုအပ်ပါက မွမ်းမံပြင်ဆင်ခြင်းတို့အတွက် အလုပ်အမှုဆောင်အဖွဲ့မှတစ်ဆင့် ကောင်စီသို့တင်ပြခြင်း၊
(ဃ) အခါအားလျော်စွာ အစည်းအဝေးကျင်းပပြုလုပ်ခြင်း၊
(င) အလျင်အမြန် ဆောင်ရွက်ရမည့်ကိစ္စရပ်များအတွက် ကော်မတီအဖွဲ့ဝင်များ၏ သဘောတူချက်ကို လှည့်လည်စာဖြင့် ရယူဆောင်ရွက်ခြင်း၊
(စ) ၃ လပတ်အလိုက် ကော်မတီ၏လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို ၃ လပတ်ကုန်ဆုံးပြီး နောက်လပထမပတ်တွင် ကောင်စီရုံးသို့ပေးပို့ခြင်းနှင့် ကောင်စီအလုပ်အမှုဆောင်အစည်းအဝေးနှင့် ကောင်စီအစည်းအဝေးတို့တွင် တင်ပြခြင်း၊
စာစစ်ကော်မတီ
စာစစ်ကော်မတီ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) ဝင်ခွင့်စာမေးပွဲများ၊ ဒီပလိုမာစာရင်းကိုင်သင်တန်းများ၊ လက်မှတ်ရပြည်သူ့စာရင်းကိုင်သင်တန်းများ၊ လက်မှတ်ရပြည်သူ့စာရင်းကိုင် အရည်အချင်းစစ် စာမေးပွဲများနှင့် အခြား သင်တန်းများအတွက် စာမေးပွဲများကျင်းပမည့်နေ့ရက်များ သတ်မှတ်ခြင်း၊ ဘာသာရပ်အလိုက် စာစစ်မှူးများ ရွေးချယ်သတ်မှတ်ခြင်း၊ စာစစ်မှူးများ၏ တာဝန်များကို သတ်မှတ်ခြင်း၊ စာမေးပွဲကျင်းပမှုကို ကြီးကြပ်ခြင်း၊ အဖြေလွှာစစ်ဆေးမှုအတွက် ကြီးကြပ်စီမံခြင်း၊ အောင်စာရင်းထုတ်ပြန်ခြင်း၊
(ခ) စာမေးပွဲမေးခွန်းများ၏ အဆင့်အတန်းကို စိစစ်သုံးသပ်ခြင်း၊
(ဂ) လိုအပ်ပါက စာစစ်မှူးများနှင့် တွေ့ဆုံညှိနှိုင်းခြင်း၊
(ဃ) အခါအားလျော်စွာ အစည်းအဝေး ကျင်းပပြုလုပ်ခြင်း၊
(င) အလျင်အမြန် ဆောင်ရွက်ရမည့်ကိစ္စရပ်များအတွက် ကော်မတီအဖွဲ့ဝင်များ၏ သဘောတူချက်ကို လှည့်လည်စာဖြင့် ရယူဆောင်ရွက်ခြင်း၊
(စ) ၃ လပတ်အလိုက် ကော်မတီ၏လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို ၃ လပတ်ကုန်ဆုံးပြီး နောက်လပထမပတ်တွင်ကောင်စီရုံးသို့ပေးပို့ခြင်းနှင့် ကောင်စီအလုပ်အမှုဆောင်အစည်းအဝေးနှင့် ကောင်စီအစည်းအဝေးတို့တွင် တင်ပြခြင်း။
စာရင်းဆိုင်ရာစံများကော်မတီ
စာရင်းဆိုင်ရာစံများ ကော်မတီ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) စာရင်းကိုင်စံများ၊ ဘဏ္ဍာရေးဆိုင်ရာအစီရင်ခံခြင်းစံများနှင့် စာရင်းစစ်စံများကို အခါအားလျော်စွာသတ်မှတ်ခြင်း၊ နိုင်ငံတကာစံများနှင့်အညီ ပြင်ဆင်ခြင်းများကို အလုပ်အမှုဆောင်အဖွဲ့မှတစ်ဆင့် ကောင်စီသို့တင်ပြခြင်း၊
(ခ) အပိုဒ်ခွဲ (က) ပါ လုပ်ငန်းရပ်များဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊
(ဂ) ကျင့်ဝတ်သိက္ခာဆိုင်ရာစံများကို ပြုစုသတ်မှတ်၍ အလုပ်အမှုဆောင်အဖွဲ့သို့တင်ပြခြင်း၊
(ဃ) ယင်းစံများကို လိုက်နာကျင့်သုံးနိုင်ရေးအတွက် လိုအပ်သည့်သင်တန်းများစီစဉ်ခြင်း၊ ပြဋ္ဌာန်းချက်အထောက်အကူပြုစာအုပ်စာတမ်းများ ထုတ်ဝေခြင်း၊
(င) လိုအပ်သည့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်ရန် အလုပ်အမှုဆောင်အဖွဲ့မှတစ်ဆင့် ကောင်စီသို့တင်ပြခြင်း၊
(စ) အခါအားလျော်စွာ အစည်းအဝေးကျင်းပပြုလုပ်ခြင်း၊
(ဆ) အလျင်အမြန်ဆောင်ရွက်ရမည့် ကိစ္စရပ်များအတွက် ကော်မတီအဖွဲ့ဝင်များ၏ သဘောတူချက်ကို လှည့်လည်စာဖြင့် ရယူဆောင်ရွက်ခြင်း၊
(ဇ) ၃ လပတ်အလိုက် ကော်မတီ၏လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို ၃ လပတ်ကုန်ဆုံးပြီး နောက်လပထမပတ်တွင်ကောင်စီရုံးသို့ပေးပို့ခြင်းနှင့် ကောင်စီအလုပ်အမှုဆောင် အစည်းအဝေးနှင့် ကောင်စီအစည်းအဝေးတို့တွင်တင်ပြခြင်း။
စာရင်းစစ်လုပ်ငန်းဆိုင်ရာ စောင့်ကြည့်စစ်ဆေးရေးကော်မတီ
စာရင်းစစ်လုပ်ငန်းဆိုင်ရာ စောင့်ကြည့်စစ်ဆေးရေးကော်မတီ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) အများပြည်သူသို့ စာရင်းဝန်ဆောင်မှုပေးသည့် လုပ်ငန်းလုပ်ကိုင်သူများ လက်ခံကျင့်သုံးရမည့်လုပ်ငန်းစဉ်၊ လုပ်ငန်းလမ်းညွှန်၊ လက်စွဲ၊ စာရင်းလုပ်ငန်းအရည်အသွေးထိန်းသိမ်းရေးအစီအစဉ်များကို ပြုစုစိစစ်၍ အလုပ်အမှုဆောင်အဖွဲ့သို့ တင်ပြခြင်း၊
(ခ) အပိုဒ်ခွဲ (က) ပါ လုပ်ငန်းစဉ်များကို လက်တွေ့လိုက်နာကျင့်သုံးနိုင်ရေးအတွက် လိုအပ်သည့်သင်တန်းများစီစဉ်ခြင်း၊ ပြဋ္ဌာန်းချက်အထောက်အကူပြုစာအုပ်စာတမ်းများထုတ်ဝေရန် ပြုစုစိစစ်၍ အလုပ်အမှုဆောင်အဖွဲ့သို့ တင်ပြခြင်း၊
(ဂ) လိုအပ်သည့်ညွှန်ကြားချက်များ ထုတ်ပြန်နိုင်ရန် အလုပ်အမှုဆောင်အဖွဲ့မှတစ်ဆင့် ကောင်စီသို့တင်ပြခြင်း၊
(ဃ) ကောင်စီက သတ်မှတ်ပြဋ္ဌာန်းထားသည့် စံများနှင့်အစီအစဉ်များကို လက်တွေ့လိုက်နာကျင့်သုံးရန် ပျက်ကွက်မှုအတွက် ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ အရေးယူရန်စိစစ်၍ အလုပ်အမှုဆောင်အဖွဲ့သို့ တင်ပြခြင်း၊
(င) ဥပဒေပုဒ်မ ၆၆ ပါ တာ၀န်ပျက်ကွက်သော သို့မဟုတ် ဥပဒေပုဒ်မ ၆၈ ပါ ကျင့်၀တ်သိက္ခာနှင့် ပုဒ်မ ၈၈၊ ၈၈-က၊ ၈၈-ခ ပါတားမြစ်ချက်များကို ဖောက်ဖျက်သော အများပြည်သူသို့ စာရင်းဝန်ဆောင်မှုပေးသည့် လုပ်ငန်းလုပ်ကိုင်သည့်စာရင်းပညာရှင်၊ စာရင်းကျွမ်းကျင်သူများကို ဥပဒေနှင့်အညီ အရေးယူရန် စိစစ်၍ အလုပ်အမှုဆောင်အဖွဲ့သို့ တင်ပြခြင်း၊
(စ) အခါအားလျော်စွာ အစည်းအဝေးကျင်းပပြုလုပ်ခြင်း၊
(ဆ) အလျင်အမြန် ဆောင်ရွက်ရမည့်ကိစ္စရပ်များအတွက် ကော်မတီအဖွဲ့ဝင်များ၏ သဘောတူချက်ကို လှည့်လည်စာဖြင့် ရယူဆောင်ရွက်ခြင်း၊
(ဇ) ၃ လပတ်အလိုက် ကော်မတီ၏လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို ၃ လပတ်ကုန်ဆုံးပြီး နောက်လပထမပတ်တွင်ကောင်စီရုံးသို့ပေးပို့ခြင်းနှင့် ကောင်စီအလုပ်အမှုဆောင်အစည်းအဝေးနှင့် ကောင်စီအစည်းအဝေးတို့တွင် တင်ပြခြင်း။
စာရင်းကိုင်လုပ်ငန်းဆိုင်ရာ စောင့်ကြည့်စစ်ဆေးရေးကော်မတီ
စာရင်းကိုင်လုပ်ငန်းဆိုင်ရာ စောင့်ကြည့်စစ်ဆေးရေးကော်မတီ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ကောင်စီကသတ်မှတ်ထားသည့် စာရင်းကိုင်လုပ်ငန်းလုပ်ကိုင်သူများ လက်ခံကျင့်သုံးရမည့် စံများ၊ ကျင့်ဝတ်သိက္ခာဆိုင်ရာစံများကို လက်တွေ့လိုက်နာကျင့်သုံးနိုင်ရေးအတွက် လိုအပ်သည့် သင်တန်းများစီစဉ်ခြင်း၊ ပြဋ္ဌာန်းချက်အထောက်အကူပြု စာအုပ်စာတမ်းများထုတ်ဝေရန် ပြုစုစိစစ်၍ အလုပ်အမှုဆောင်အဖွဲ့သို့ တင်ပြခြင်း၊
(ခ) လိုအပ်သည့်ညွှန်ကြားချက်များ ထုတ်ပြန်နိုင်ရန် အလုပ်အမှုဆောင်အဖွဲ့မှတစ်ဆင့် ကောင်စီသို့ တင်ပြခြင်း၊
(ဂ) ကောင်စီက သတ်မှတ်ပြဋ္ဌာန်းထားသည့်စံများ၊ အခါအားလျော်စွာ ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များကို လက်တွေ့လိုက်နာကျင့်သုံးရန် ပျက်ကွက်မှုအတွက် ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ အရေးယူရန်စိစစ်၍ အလုပ်အမှုဆောင်အဖွဲ့သို့ တင်ပြခြင်း၊
(ဃ) ဥပဒေပုဒ်မ ၆၆ ပါ တာ၀န်ပျက်ကွက်သော သို့မဟုတ် ဥပဒေပုဒ်မ ၆၈ ပါ ကျင့်၀တ်သိက္ခာ နှင့် ပုဒ်မ ၈၈၊ ၈၈-က၊ ၈၈-ခ ပါတားမြစ်ချက်များကိုဖောက်ဖျက်သော စာရင်းကိုင်လုပ်ငန်းလုပ်ကိုင်သည့် စာရင်းပညာရှင်၊ စာရင်းကျွမ်းကျင်သူများကို ဥပဒေနှင့်အညီ အရေးယူရန်စိစစ်၍ အလုပ်အမှုဆောင်အဖွဲ့သို့ တင်ပြခြင်း၊
(င) အခါအားလျော်စွာ အစည်းအဝေးကျင်းပပြုလုပ်ခြင်း၊
(စ) အလျင်အမြန် ဆောင်ရွက်ရမည့်ကိစ္စရပ်များအတွက် ကော်မတီအဖွဲ့ဝင်များ၏ သဘောတူချက်ကို လှည့်လည်စာဖြင့် ရယူဆောင်ရွက်ခြင်း၊
(ဆ) ၃ လပတ်အလိုက် ကော်မတီ၏လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို ၃ လပတ်ကုန်ဆုံးပြီး နောက်လပထမပတ်တွင်ကောင်စီရုံးသို့ပေးပို့ခြင်းနှင့် ကောင်စီအလုပ်အမှုဆောင် အစည်းအဝေးနှင့် ကောင်စီအစည်းအဝေးတို့တွင် တင်ပြခြင်း။
စာရင်းလုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်စိစစ်ရေးကော်မတီ
စာရင်းလုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်စိစစ်ရေးကော်မတီ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) စာရင်းလုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်ပေးရန် သို့မဟုတ် လုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်သက်တမ်းတိုးရန် လျှောက်ထားသူတစ်ဦးချင်းအလိုက်ဖြစ်စေ၊ လုပ်ငန်းအဖွဲ့အစည်းအလိုက်ဖြစ်စေ ပြင်ဆင်ပြုပြင်ရန် လိုအပ်သည်ဟုယူဆသော သတ်မှတ်ချက်များအား လုပ်ငန်းအမျိုးအစားအလိုက် အခါအားလျော်စွာ အလုပ်အမှုဆောင်အဖွဲ့သို့ တင်ပြခြင်း၊
(ခ) ကောင်စီရုံးက ကနဦးစိစစ်ပြီးဖြစ်သည့် စာရင်းလုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်ပေးရန် သို့မဟုတ် လုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်သက်တမ်းတိုးရန် လျှောက်ထားမှုများကို လိုအပ်ပါက ပြန်လည်စိစစ်ခြင်း၊ လျှောက်ထားသူများကို အခြားသောစာရွက်စာတမ်း အထောက်အထားများ တင်ပြစေခြင်းနှင့် အရည်အချင်းသတ်မှတ်ချက်များနှင့် ပြည့်စုံသူများအား စာရင်းလုပ်ငန်းလုပ်ကိုင်ခွင့်ပြုရန် အလုပ်အမှုဆောင်အဖွဲ့မှတစ်ဆင့် ကောင်စီသို့တင်ပြခြင်း၊
(ဂ) ကောင်စီရုံးက ကနဦးစိစစ်ပြီးဖြစ်သည့် လုပ်ငန်းလုပ်ကိုင်ခွင့်ရပ်နားရန်/ဖျက်သိမ်းရန် လျှောက်ထားမှုများကို လိုအပ်ပါက ပြန်လည်စိစစ်ခြင်းနှင့် သတ်မှတ်ချက်များနှင့် ပြည့်စုံသူများအား လုပ်ငန်းလုပ်ကိုင်ခွင့်ရပ်နားခွင့်/ ဖျက်သိမ်းခွင့်ပြုရန် အလုပ်အမှုဆောင်အဖွဲ့မှတစ်ဆင့် ကောင်စီသို့တင်ပြခြင်း၊
(ဃ) စာရင်းလုပ်ငန်းလုပ်ကိုင်ခွင့် လက်မှတ်အမျိုးအစားအလိုက် လိုက်နာရမည့်အချက်များနှင့် ဆောင်ရွက်ခွင့်မရှိသည့် လုပ်ငန်းများကို အလုပ်အမှုဆောင်အဖွဲ့သို့ တင်ပြခြင်း၊
(င) ဥပဒေ အခန်း ၁၄ နိုင်ငံခြားသားစာရင်းပညာရှင်အား စာရင်းလုပ်ငန်းလုပ်ကိုင်ခွင့်ပြုခြင်း၊ ပုဒ်မ ၅၈ နှင့် ပုဒ်မ ၆၀ တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အလုပ်အမှုဆောင်အဖွဲ့မှတစ်ဆင့် ကောင်စီသို့ စိစစ်တင်ပြခြင်း၊
(စ) အခါအားလျော်စွာ အစည်းအဝေးကျင်းပပြုလုပ်ခြင်း၊
(ဆ) အလျင်အမြန်ဆောင်ရွက်ရမည့်ကိစ္စရပ်များအတွက် ကော်မတီအဖွဲ့ဝင်များ၏ သဘောတူချက်ကို လှည့်လည်စာဖြင့် ရယူဆောင်ရွက်ခြင်း၊
(ဇ) ၃ လပတ်အလိုက် ကော်မတီ၏လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို ၃ လပတ်ကုန်ဆုံးပြီး နောက်လပထမပတ်တွင်ကောင်စီရုံးသို့ပေးပို့ခြင်းနှင့် ကောင်စီအလုပ်အမှုဆောင် အစည်းအဝေးနှင့် ကောင်စီအစည်းအဝေးတို့တွင် တင်ပြခြင်း။
ဒီပလိုမာစာရင်းကိုင်နှင့် လက်မှတ်ရပြည်သူ့စာရင်းကိုင်လက်မှတ်စိစစ်ရေးကော်မတီ
ဒီပလိုမာစာရင်းကိုင်နှင့် လက်မှတ်ရပြည်သူ့စာရင်းကိုင်လက်မှတ်စိစစ်ရေးကော်မတီ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) ဒီပလိုမာစာရင်းကိုင် သို့မဟုတ် လက်မှတ်ရပြည်သူ့စာရင်းကိုင် (အောင်) သို့မဟုတ် လက် မှတ်ရပြည်သူ့စာရင်းကိုင် (ပြည့်မီ) အဖြစ် မှတ်ပုံတင်ရန်အတွက် ပြင်ဆင်ပြုပြင်ရန် လိုအပ် သည်ဟုယူဆသော သတ်မှတ်ချက်နှင့်နည်းလမ်းများကို အလုပ်အမှုဆောင်အဖွဲ့သို့ တင်ပြခြင်း၊
(ခ) မှတ်ပုံတင်သက်တမ်းတိုးရန်အတွက် လိုအပ်သောသတ်မှတ်ချက်နှင့်နည်းလမ်းများကို ပိုမို ကောင်းမွန်လွယ်ကူစေရန်အတွက် လိုအပ်ပါက အလုပ်အမှုဆောင်အဖွဲ့သို့ တင်ပြခြင်း၊
(ဂ) နိုင်ငံခြားစာရင်းပညာဘွဲ့ သို့မဟုတ် နိုင်ငံခြားစာရင်းပညာလက်မှတ်ရသူ နိုင်ငံသားများမှ လက်မှတ်ရပြည်သူ့စာရင်းကိုင် အရည်အချင်းစစ်စာမေးပွဲအောင်မြင်သူများကို လက်မှတ်ရပြည်သူ့စာရင်းကိုင်(အောင်) နှင့် လက်မှတ်ရပြည်သူ့စာရင်းကိုင်(ပြည့်မီ) အဖြစ် မှတ်ပုံတင်နိုင်ရန် လျှောက်ထားမှုများကို စိစစ်၍ ခွင့်ပြုခြင်း၊ ထူးခြားချက်များရှိပါက အလုပ်အမှုဆောင်အဖွဲ့သို့ တင်ပြခြင်း၊
(ဃ) ဥပဒေပုဒ်မ ၂၆ ပါ ပြဋ္ဌာန်းချက်များအား ဆောင်ရွက်နိုင်ရေးသတ်မှတ်ချက်နှင့် နည်းလမ်းများကို စိစစ်၍ အလုပ်အမှုဆောင်အဖွဲ့သို့ တင်ပြခြင်း၊
(င) အခါအားလျော်စွာ အစည်းအဝေးကျင်းပပြုလုပ်ခြင်း၊
(စ) အလျင်အမြန်ဆောင်ရွက်ရမည့် ကိစ္စရပ်များအတွက် ကော်မတီအဖွဲ့ဝင်များ၏ သဘောတူချက်ကို လှည့်လည်စာဖြင့် ရယူဆောင်ရွက်ခြင်း၊
(ဆ) ၃ လပတ်အလိုက် ကော်မတီ၏လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို ၃ လပတ်ကုန်ဆုံးပြီး နောက်လပထမပတ်တွင်ကောင်စီရုံးသို့ ပေးပို့ခြင်းနှင့်ကောင်စီအလုပ်အမှုဆောင်အစည်းအဝေးနှင့် ကောင်စီအစည်းအဝေးတို့တွင် တင်ပြခြင်း။
(a) opening, permitting to open, managing and supervising diploma accountant training courses, certified public accountant training courses, departmental training courses and other training courses, holding qualification tests, prescribing regulations related to training courses and examinations and awarding diploma and examination certificates;
(b) prescribing curriculums for diploma accountant training courses and certified public accountant training courses, departmental training courses and other training courses, revising as may be necessary and preparing textbooks related to subjects for such courses;
(c) laying down programme and regulations for practical training of Apprentice Accountant and continuous study of accounting;
(d) prescribing accounting standards, auditing standards, ethical standards, programme, guide, standards, manual, and quality control programme of Pratising Accountants be pratised; and arranging necessary training courses, issuing directives and publishing books to support textbooks for enabling to practise such stipulations;
(e) monitoring and checking whether or not the standards and programmes prescribed by the Council are observed and taking action in accord with the provisions of this law in case of failure;
(f) communicating with international accounting entities and entering into mutual agreements with international accounting entities with the permission of the Union Government;
(g) scrutinizing and recognizing local and foreign accounting certificates and degrees, and prescribing the requirements for the registration of citizens who hold such certificates or degrees;
(h) appointing a suitable person as the Registrar and prescribing his duties and responsibilities;
(i) assigning responsibilities to Certified Public Accountants (Passed) and Certified Public Accountants (Qualified) to participate in the activities of the Council to achieve the objectives of this Law and supervising their performance;
(j) prescribing the work experience and the term of service, procedures to be adopted and other requirements in terms of accounting fields and types of accounting for the issue of a prastising accounting certificate;
(k) forming committees and working groups with members of the Council; and suitable professional accountants as may be necessary to achieve the objectives of this Law and supervising them;
(l) issuing necessary guidelines for prastising accountants and collecting necessary data from them for the activities undertaken by this Law;
(m) permitting by scrutinizing the submission for the opening of private accounting training schools for the Diploma Accountant and Certified Public Accountant at standard levels in accord with prescribed curriculums and supervising, and inspecting such schools;
(n) granting honorarium and allowance to members of the Council, and committee members of the Council who are not civil service personnel;
(o) Advising requirements concerning accountancy and accounting of Government departments and business entities;
(p) taking action against Practising Accountants, Certified Public Accountant (Passed), Certified Public Accountant (Qualified), Apprentice Accountants and Accounting Technicians who are negligent of their duties, or who violate their code of professional ethics.

