ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

စာရင်းကိုင်အလုပ်သင်လက်တွေ့သင်ကြားခြင်းကိစ္စ

လက်မှတ်ရပြည်သူ့စာရင်းကိုင်နှင့် ဒီပလိုမာစာရင်းကိုင်စာမေးပွဲ အောင်လက်မှတ် ပေးအပ်ခြင်းနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်ရန်ဖိတ်ကြားခြင်း

လက်မှတ်ရပြည်သူ့စာရင်းကိုင်နှင့် ဒီပလိုမာစာရင်းကိုင်စာမေးပွဲ အောင်လက်မှတ် ပေးအပ်ခြင်းနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်ရန်ဖိတ်ကြားခြင်း

Announecement

Announecement

နိုင်ငံတကာဆက်ဆံရေး

အာဆီယံစာရင်းကိုင်များအဖွဲ့ AFA နှင့် မြန်မာနိုင်ငံစာရင်းကောင်စီဆက်သွယ်မှု

၁။    အာဆီယံစာရင်းကိုင်များအဖွဲ့ကို ၁၉၇၇ ခုနှစ် မတ်လက စတင်၍ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုအဖြစ် တည်ထောင်ခဲ့ပါသည်။  မြန်မာနိုင်ငံစာရင်းကောင်စီသည် ၁၉၉၉ ခုနှစ်မှစ၍ အာဆီယံစာရင်းကိုင်များအဖွဲ့တွင် အဖွဲ့ဝင်အဖြစ်ဝင်ရောက်ခဲ့ပါသည်။ လက်ရှိအခြေအနေတွင် ပဓာန အဖွဲ့ဝင်နိုင်ငံပေါင်း (၁၀) နိုင်ငံနှင့် အရံအဖွဲ့ (၄) ဖွဲ့ ပါရှိ ပါသည်။

၂။    AFA Council Meeting ကို တစ်နှစ်(၄)ကြိမ် အာဆီယံအဖွဲ့ဝင် နိုင်ငံများတွင် အလှည့်ကျကျင်းပပါသည်။ ၇၆ ကြိမ်မြောက် အာဆီယံစာရင်းကိုင်များအဖွဲ့ကောင်စီ အစည်းအဝေး ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်မှ ၁၂ ရက် အထိနှင့် ၁၀၅ ကြိမ်မြောက်  AFA ကောင်စီအစည်းအဝေး ၂၀၁၁ ခုနှစ်၊ သြဂုတ်လ (၁၃) ရက်မှ (၁၄) ရက်အထိ များ အား မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့ပါ သည်။ AFA Council Meeting နှင့် ညီလာခံ ကို AFA Primary Members နှင့် AFA Associate Member များမှ မပျက်မကွက် တက်ရောက်ရပါသည်။

International Relation

Relationship between AFA and Myanmar Accountancy Council (MAC)

1.    The ASEAN Federation of Accountants (AFA) was organized in March, 1977. It is a Non-governmental organization (NGO). Myanmar Accountancy Council has become the primary member of AFA since 1999. Now, there are 10 primary member countries and 4 associate member countries.

2.    AFA council meeting is held 4 times a year at member countries on a rotation basis.76th AFA Council meeting was hosted by Myanmar from 10th to 12th January 2003 and 105th AFA Council meeting was held in Myanmar from 13th to 14th August 2011. Primary and Associate member have to attend AFA Council meeting and conference.

ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်းမှတ်ပုံတင်ခြင်း

၁။    ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်း P.A အဖြစ် စတင် မှတ်ပုံတင်ရန်အတွက် အောက်ပါ အထောက်အထားများ တင်ပြရန် လိုအပ်ပါသည်-

(က)    စီးပွားရေးတက္ကသိုလ် မှ B.Com (သို့) B.Act အောင်လက်မှတ် (သို့) ဒီပလိုမာစာရင်း ကိုင် ဒုတိယပိုင်း အောင်လက်မှတ် မူရင်း+မိတ္တူ၊

(ခ)    လက်မှတ်ရပြည်သူ့စာရင်းကိုင် ဒုတိယပိုင်း အောင်လက်မှတ် မူရင်း+မိတ္တူ၊

(ဂ)    နိုင်ငံသားစိစစ်ရေး ကတ်ပြား မူရင်း+မိတ္တူ၊

(ဃ)    မှတ်ပုံတင်စာရင်းကိုင် ဒုတိယပိုင်းစာမေးပွဲ အောင် လက်မှတ် မူရင်း+မိတ္တူ၊ နည်းခံလုပ်သက်အတွင်း လက်တွေ့ လုပ်ငန်းများကို ကျေနပ်ဖွယ်ရာဆောင်ရွက် ခဲ့ပြီးဖြစ်၍ နည်းခံလုပ်သက် အတွက် သက်ဆိုင်ရာထောက်ခံချက် ပူးတွဲ ပါရှိရမည် (သို့မဟုတ်) R.A အောင်မြင်၍ နည်းခံလုပ်သက်ပြီး မြောက်ပြီးမှတ်ပုံတင်စာရင်းကိုင် ကတ်ပြား၊ "မ''နံပါတ် Register ရေးသွင်းထားသူ၊ မှတ်ပုံတင်စာရင်းကိုင်လက်မှတ် မူရင်း+ မိတ္တူ တင်ပြရမည်။

(င)    P.A ပြုလုပ်သူအတွက် ဝန်ထမ်းဖြစ်ခဲ့ပါက အစိုးရ အလုပ်မှ နုတ်ထွက်ကြောင်း     အထောက်အထားတင်ပြရန်၊ ပင်စင်စားဖြစ်ပါက ပင်စင်ရုံးအမိန့်တင်ပြရန်၊

(စ)    P.A မှတ်ပုံတင်လက်မှတ် မြန်မာ (သို့မဟုတ်) အင်္ဂလိပ် တစ်မျိုးပြုလုပ်ပါက     မှတ်ပုံတင်ကြေး ကျပ် ၁၀,၀၀၀ ပေး သွင်းထားသည့်ပြေစာ နှင့် (၃)လအတွင်း     ရိုက်ထားသော ပတ်(စ်)ပို့ ဓါတ်ပုံ(၂)ပုံ၊

(ဆ)    P.A မှတ်ပုံတင်လက်မှတ် (မြန်မာ+အင်္ဂလိပ်) (၂) မျိုး ပြုလုပ်ပါက မှတ်ပုံ တင်ကြေး  ကျပ် ၁၀,၅၀၀ ပေးသွင်းထား သည့်ပြေစာ နှင့် (၃) လ အတွင်း ရိုက်ထားသော ပတ်(စ်)ပို့ ဓါတ်ပုံ (၄)ပုံ၊

၂။    ကာယကံရှင်ကိုယ်တိုင် လာရောက်လျှောက်ထားရန် လိုအပ်ပါသည်။ ကိုယ်စားခွင့်မပြုပါ။

၃။    အပိုဒ်(၁)ပါ လိုအပ်ချက်များ ပြည့်စုံသူများအား PA မှတ်ပုံတင်လက်မှတ် ထုတ်ပေးပါမည်။

၄။    P.A မှတ်ပုံတင် သက်တမ်းတိုး ပြုလုပ်သူများအတွက် အောက်ပါအထောက်အထားများ တင်ပြရန် လိုအပ်ပါသည်-

(က)  P.A ကတ်ပြားနောက်ကျောဇယားမကုန်သေးပါက မူရင်းတင်ပြရန်နှင့် နောက်ကျော ဘက်ဇယားကုန်နေပါက ယင်းကတ်ပြားမိတ္တူတင်ပြရန်၊

(ခ)    P.A မှတ်ပုံတင်လက်မှတ် မြန်မာ (သို့မဟုတ်) အင်္ဂလိပ် တစ်မျိုးပြုလုပ်ပါက မှတ်ပုံတင်ကြေး ကျပ် ၁၀,၀၀၀ ပေးသွင်း ထားသည့်ပြေစာနှင့် (၃)လအတွင်း   ရိုက်ထားသော ပတ်(စ်) ပို့ ဓါတ်ပုံ(၂)ပုံ၊

(ဂ)    P.A မှတ်ပုံတင်လက်မှတ် (မြန်မာ+အင်္ဂလိပ်) (၂) မျိုးပြုလုပ်ပါက မှတ်ပုံတင်ကြေး  ကျပ် ၁၀,၅၀၀ ပေးသွင်း ထားသည့်ပြေစာ နှင့် (၃) လအတွင်း ရိုက်ထားသော  ပတ်(စ်)ပို့ ဓါတ်ပုံ (၄) ပုံ၊

(ဃ)    P.A သက်တမ်းတိုးရန် နှစ်ပြတ်ခဲ့ပါက နှစ်ပြတ်ကြေး တစ်နှစ် ၄,၀၀၀ ကျပ်နှုန်းဖြင့်     နှစ်ပြတ်သည့် အရေအတွက် အတိုင်း ပေးသွင်းရန်နှင့် P.A သက်တမ်းတိုးသည့်     နှစ် အတွက် နှစ်စဉ်ကြေး မြန်မာတစ်မျိုး (သို့) အင်္ဂလိပ် တစ်မျိုး အတွက်  ကျပ် ၁၀,၀၀၀နှင့် ဓါတ်ပုံ (၂) ပုံ၊ (သို့မဟုတ်) မြန်မာ+အင်္ဂလိပ် ပြုလုပ်ပါက     ကျပ်၁၀,၅၀၀ နှင့် ပတ်(စ်)ပို့ ဓါတ်ပုံ (၄) ပုံ၊

(င)    နှစ်စဉ်ဇန်နဝါရီလအတွင်း သက်တမ်းတိုးကာလ သတ်မှတ်ထားပါသဖြင့် ဇန်နဝါရီ     လကုန်(၃၁) ရက်ထက် ကျော်မှ လာရောက်သက်တမ်းတိုးသူများ နောက်ကျကြေး ကျပ် ၄,၀၀၀ ပေးသွင်းရန်၊

လက်မှတ်ရပြည်သူ့စာရင်းကိုင်နှင့် ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်း လုပ်ကိုင်ခွင့် မှတ်ပုံတင် အသစ်လျှောက်ထားခြင်း၊ သက်တမ်းတိုးခြင်းများ ဆောင်ရွက်ရာတွင် ကိုယ်စားလှယ် လွှဲစာဖြင့် ဆောင်ရွက်ခြင်းကို ခွင့်မပြု

 

 

 

 

 

Practising Accountant (PA) Registration

1.    For first time registration as a Practising Accountant (PA), the applicant must attach/submit the following documents-

(a)    B.Com or B.Act Certificate from Institutes of Economics or Diploma in Accountancy (DA) part II Passed Certificate (Original and Copy)
(b)    CPA Part II Passed Certificate (Original and Copy)
(c)    National Registration Card/Citizenship Card (Original and Copy)
(d)    Registered Accountants Part II Passed Certificate (Original and Copy) and recommendation for full fledge apprentices (or) a person who, having  passed the Registered Accountant (RA), has satisfactorily completed the practical training within the period of articleship, has registered as a holder of “Ma” no. Registered Accountant Card, must submit Registered Accountant Certificate (original and copy)
(e)    If Applicant was Government Servant, he/she must submit evidence of resignation and if applicant was person who has retired, he/she must submit Pension order.
(f)    Receipt of Registration Fees Kyats 10,000 paid and 2 Passport size photos (taken within 3 months) for Registered Practising Accountant Certificate in either Myanmar or English language
(g)    Receipt of Registration Fees Kyats 10,500 paid and 4 Passport size photos (taken within 3 months) for Registered Practising Accountant Certificate in both Myanmar and English Language

2.    Applicants must apply by themselves and application submitted by representatives of applicants is not allowed.

3.     The applicant who meets the above requirements shall be issued the Registered Practising Accountant (PA) Certificate.

4.    For the extension of the tenure of the Registered Practising Accountant (PA) Certificate, the following documents should be attached/ submitted.

(a)    Applicants need to show the original Practising Accountant Registration Card when table, which is back of Registration Card, has place or blank to fill cash received date and cash receipt or chalan numbers. If there is no blank in the back of registration card to fill cash received date and cash receipt or chalan numbers, applicants need to show the copy of Practising Accountant Registration Card 
(b)    Receipt of Registration Fees Kyats 10,000 paid and 2 Passport size photos (taken within 3 months) for extension of the tenure of the Registered Practising accountant Certificate in either Myanmar or English Language
(c)    Receipt of Registration Fees Kyats 10,500 paid and 4 Passport size photos (taken within 3 months) for the extension of the tenure of the Registered Practising Accountant Certificate in both Myanmar and English Language
(d)    Applicant who interrupted to apply for the extension of the tenure of the Registered Practising Accountant Certificate must pay normal registration fees and penalty fees Kyats 4,000 for each year
(e)    Applicant who applies to extend the tenure of the Registered Practising Accountant Certificate beyond prescribed registration period (from 1st to 31st January yearly), must pay not only normal registration fees but also late registration fees Kyats 4,000

ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်းမှတ်ပုံတင်ခြင်း

အများပြည်သူသို့စာရင်းဝန်ဆောင်မှုပေးသည့်လုပ်ငန်းလုပ်ကိုင်သူ (Professional Accountant in Public Practice - PAPP) မှတ်ပုံတင်ခြင်း

ကနဦးမှတ်ပုံတင်လျှောက်ထားခြင်း

(၁) CPA (full-fledged) မှတ်ပုံတင်သက်တမ်း ၁ နှစ်ပြည့်ပြီးသူသည် PAPP ကနဦးမှတ်ပုံတင်ရန် လျှောက်ထားနိုင်ပြီး ယင်းသို့လျှောက်ထားရာတွင် မြန်မာနိုင်ငံစာရင်းကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် -၂၇/၂၀၁၈ နှင့်အညီ အောက်ပါအထောက်အထားများ အပြည့်အစုံဖြင့် ကာယကံရှင်ကိုယ်တိုင် လာရောက်လျှောက်ထားရမည် ဖြစ်ပါသည်-

   (က) ကိုယ်တိုင်ရေးလျှောက်လွှာ

   (ခ) MICPA membership ကတ် (မူရင်းနှင့်မိတ္တူ) (သက်ဆိုင်ရာ ပြက္ခဒိန်နှစ်တွက် သက်တမ်းတိုးပြီး ဖြစ်ရပါမည်။)

   (ဂ) CPD နာရီ မှတ်တမ်းအထောက်အထားများ (စတင်လျှောက်ထားသည့်နေ့မတိုင်မီ ၁၂ လ အတွင်း CPD နာရီ အနည်းဆုံး ၂၀ နာရီ ပြည့်မီရမည်ဖြစ်ပါသည်။)

   (ဃ) မှတ်ပုံတင်မည့် ပြက္ခဒိန်နှစ်မတိုင်မီနှစ်တွင် မြန်မာနိုင်ငံတွင် ၁၈၃ ရက်ထက်မနည်း နေထိုင်သူဖြစ်ကြောင်း ကိုယ်တိုင်ခံဝန်ချက်

   (င) အခြားလုပ်ငန်းအဖွဲ့အစည်းတစ်ရပ်ရပ်တွင် အချိန်ပြည့်တာဝန်ထမ်းဆောင်နေသူ မဟုတ်ကြောင်း ကိုယ်တိုင်ခံဝန်ချက်

   (စ) လျှောက်ထားသည့် ပြက္ခဒိန်နှစ်အတွက် အများပြည်သူသို့ စာရင်းဝန်ဆောင်မှုပေးသည့်လုပ်ငန်းကို မိမိ၏အဓိကအသက်မွေးဝမ်းကြောင်းလုပ်ငန်းအဖြစ် မြန်မာနိုင်ငံအတွင်းတွင် လုပ်ကိုင်မည်ဖြစ်ကြောင်း ကိုယ်တိုင်ခံဝန်ချက်

   (ဆ) CPA (full-fledged) မှတ်ပုံတင်ကတ် (မူရင်းနှင့်မိတ္တူ)

(၂) မှတ်ပုံတင်စာရင်းကိုင် (R.A) လက်မှတ်ရရှိထားသူများသည် မှတ်ပုံတင်စာရင်းကိုင်လက်မှတ် (မူရင်း+ မိတ္တူ) နှင့်အတူ အထက်အပိုဒ်(၁)(က)မှ(စ)ထိ အထောက်အထားများ ပြည့်စုံစွာတင်ပြ၍လျှောက်ထားရမည်။

(၃) တင်ပြရမည့် အထောက်အထားများ ပြည့်စုံပါက မြန်မာနိုင်ငံစာရင်းကောင်စီရုံးက စိစစ်လက်ခံပြီး စာရင်းလုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်စိစစ်ရေးကော်မတီသို့ သဘောထားမှတ်ချက်တောင်းခံ၍ ကော်မတီဝင်များထံမှ သဘောတူကြောင်း ပြန်ကြားချက်ရရှိပါက လျှောက်ထားသူများက လျှောက်လွှာကြေး နှင့် ကနဦးမှတ်ပုံတင်ကြေးပေးသွင်းခြင်း၊ ပတ်စပို့အရွယ် ဓါတ်ပုံ (၂) ပုံနှင့်အတူ ကနဦးလျှောက်လွှာဖြည့်သွင်း ခြင်းတို့ကို ပြုလုပ်ပြီးနောက် မြန်မာနိုင်ငံစာရင်းကောင်စီရုံးက မှတ်ပုံတင်လက်မှတ်ထုတ်ပေးမည်ဖြစ်ပါသည်။

(၄) PAPP ကနဦးမှတ်ပုံတင်ခြင်းဆိုင်ရာ သတ်မှတ်အခကြေးငွေများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ် အကြောင်းအရာ ကျပ်
လျှောက်လွှာကြေး ၁,၀၀၀
မှတ်ပုံတင်ကြေး ၄၅,၀၀၀

မှတ်ပုံတင်သက်တမ်းတိုးလျှောက်ထားခြင်း

(၅) PAPP မှတ်ပုံတင်သက်တမ်းတိုးလျှောက်ထားရာတွင် မြန်မာနိုင်ငံစာရင်းကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် -၂၇/၂၀၁၈ နှင့်အညီ အောက်ပါအထောက်အထားများအပြည့်အစုံဖြင့် ကာယကံရှင်ကိုယ်တိုင် လာရောက်လျှောက်ထားရမည် ဖြစ်ပါသည်-

   (က) သက်တမ်းတိုးလျှောက်လွှာ

   (ခ) PAPP မှတ်ပုံတင်ကတ် (မူရင်းနှင့်မိတ္တူ)

   (ဂ) MICPA membership ကတ် (မူရင်းနှင့်မိတ္တူ) (သက်ဆိုင်ရာပြက္ခဒိန်နှစ်တွက် သက်တမ်းတိုးပြီး ဖြစ်ရပါမည်။)

   (ဃ) CPD နာရီ မှတ်တမ်းအထောက်အထားများ (သတ်တမ်းတိုးမည့် ပြက္ခဒိန်နှစ်မတိုင်မီ ကပ်လျက်ရှိသောနှစ်၏ နိုဝင်ဘာလမတိုင်မီ (၁၂) လအတွင်း CPD နာရီ အနည်းဆုံး ၂၀ နာရီ ပြည့်မီရမည်ဖြစ်ပြီး တစ်ဆက်တည်းသုံးနှစ်တွင် စုစုပေါင်းနာရီ ၁၂၀ ပြည့်မီရမည် ဖြစ်ပါသည်။)

   (င) မှတ်ပုံတင်မည့်ပြက္ခဒိန်နှစ်မတိုင်မီနှစ်တွင် မြန်မာနိုင်ငံတွင် ၁၈၃ ရက်ထက်မနည်း နေထိုင်သူဖြစ်ကြောင်း ကိုယ်တိုင်ခံဝန်ချက်

   (စ) အခြားလုပ်ငန်းအဖွဲ့အစည်းတစ်ရပ်ရပ်တွင် အချိန်ပြည့်တာဝန်ထမ်းဆောင်နေသူ မဟုတ်ကြောင်း ကိုယ်တိုင်ခံဝန်ချက်

(၆) PAPP နှစ်စဉ်မှတ်ပုံတင်သက်တမ်းတိုးခြင်းအတွက် သတ်မှတ်အခကြေးငွေများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ် အကြောင်းအရာ ကျပ်
လျှောက်လွှာကြေး ၁,၀၀၀
မှတ်ပုံတင်သက်တမ်းတိုးကြေး ၄၅,၀၀၀
နောက်ကျကြေး (ဇန်နဝါရီလအတွင်း) ၅၀,၀၀၀
နောက်ကျကြေး (ဖေဖော်ဝါရီလမှ ဧပြီလအတွင်း) ၅၀၀,၀၀၀
သက်တမ်းပြတ်ကြေး တစ်နှစ်လျှင် ၁၀၀,၀၀၀

စာရင်းစစ်လုပ်ငန်း (Audit Firm) မှတ်ပုံတင်ခြင်း

ကနဦးမှတ်ပုံတင်ခြင်း

(၁) Audit Firm ကနဦးမှတ်ပုံတင်ရန် လျှောက်ထားရာတွင် မြန်မာနိုင်ငံစာရင်းကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် -၁၂/၂၀၁၅ နှင့်အညီ အောက်ပါအထောက်အထားများ အပြည့်အစုံဖြင့် လျှောက်ထားနိုင်ပါသည်-

     တစ်ဦးတည်းပိုင်လုပ်ငန်း

     (က) Copy of valid Public Practice Accountant Certificate

     (ခ) Copy of stationery/ letterhead to be used in signing of auditor’s report

     (ဂ) Copy of Tax clearance from Internal Revenue Department

     (ဃ) ကိုယ်တိုင်လျှောက်ထားခြင်းမဟုတ်ပါက ကိုယ်စားလှယ်လွှဲစာနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)

     အစုစပ်လုပ်ငန်း

     (က) Copy of valid Public Practice Accountant Certificate of all partners

     (ခ) Copy of Certificate or Registration, if any

     (ဂ) Copy of signed Partnership Deeds/ Memorandum of Agreement

     (ဃ) Copy of stationery/ letterhead to be used in signing of auditor’s report

     (င) Copy of Tax clearance from Internal Revenue Department

     (စ) ကိုယ်တိုင်လျှောက်ထားခြင်းမဟုတ်ပါက ကိုယ်စားလှယ်လွှဲစာနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)

     ကုမ္ပဏီ

     (က) Copy of valid Public Practice Accountant Certificate of all shareholders

     (ခ) Copy of Certificate of Incorporation

     (ဂ) Copy of signed Memorandum of Associations and Articles of Associations or constitution

     (ဃ) Copy of commercial tax registration certificate

     (င) Copy of stationery/ letterhead to be used in signing of auditor’s report

     (စ) Copy of Tax clearance from Internal Revenue Department

     (ဆ) ကိုယ်တိုင်လျှောက်ထားခြင်းမဟုတ်ပါက ကိုယ်စားလှယ်လွှဲစာနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)

(၂) တင်ပြရမည့် အထောက်အထားများ ပြည့်စုံပါက မြန်မာနိုင်ငံစာရင်းကောင်စီရုံးက စိစစ်လက် ခံပြီး စာရင်းလုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်စိစစ်ရေးကော်မတီသို့ သဘောထားမှတ်ချက်တောင်းခံ၍ ကော်မတီဝင်များထံမှ သဘောတူကြောင်း ပြန်ကြားချက်ရရှိပါက လျှောက်ထားသူများက ကနဦးမှတ်ပုံတင်ကြေး ပေးသွင်းရမည်ဖြစ်ပြီး ယင်းနောက် မြန်မာနိုင်ငံစာရင်းကောင်စီရုံးက မှတ်ပုံတင်လက်မှတ် ထုတ်ပေးမည်ဖြစ်ပါသည်။

(၃) Audit Firm ကနဦးမှတ်ပုံတင်ခြင်းအတွက် သတ်မှတ်အခကြေးငွေများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ် အကြောင်းအရာ ကျပ်
လျှောက်လွှာကြေး ၁,၀၀၀
မှတ်ပုံတင်ကြေး (စာရင်းစစ်လုပ်ငန်းကိုယ်စားလက်မှတ်ရေးထိုးမည့် PAPP တစ်ဦးလျှင်) ၁၅၀,၀၀၀

မှတ်ပုံတင်သက်တမ်းတိုးခြင်း

(၁) Audit Firm မှတ်ပုံတင်သက်တမ်းတိုးရန် လျှောက်ထားရာတွင် မြန်မာနိုင်ငံစာရင်းကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ်  -၁၂/၂၀၁၅ နှင့်အညီ အောက်ပါအထောက်အထားများ အပြည့်အစုံဖြင့် လျှောက်ထားနိုင်ပါသည်-

     တစ်ဦးတည်းပိုင်လုပ်ငန်း

     (က) Copy of valid Public Practice Accountant Certificate

     (ခ) Copy of Tax clearance from Internal Revenue Department

     (ဂ) ကိုယ်တိုင်လျှောက်ထားခြင်းမဟုတ်ပါက ကိုယ်စားလှယ်လွှဲစာနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)

     (ဃ) ကောင်စီက အခါအားလျော်စွာ တောင်းခံသည့် စာရွက်စာတမ်းအချက်အလက်များ

     (င) ကနဦးမှတ်ပုံတင်လျှောက်ထားစဉ်က တင်ပြခဲ့သည့်အချက်အလက်များတွင် ပြင်ဆင်ပြောင်းလဲမှုရှိပါက ယင်းပြင်ဆင်ပြောင်းလဲသည့်အချက်အလက်များ

     အစုစပ်လုပ်ငန်း

     (က) Copy of valid Public Practice Accountant Certificate of all partners

     (ခ) Copy of Tax clearance from Internal Revenue Department

     (ဂ) ကိုယ်တိုင်လျှောက်ထားခြင်းမဟုတ်ပါက ကိုယ်စားလှယ်လွှဲစာနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)

     (ဃ) ကောင်စီက အခါအားလျော်စွာ တောင်းခံသည့် စာရွက်စာတမ်းအချက်အလက်များ

     (င) ကနဦးမှတ်ပုံတင်လျှောက်ထားစဉ်က တင်ပြခဲ့သည့်အချက်အလက်များတွင် ပြင်ဆင်ပြောင်းလဲမှုရှိပါက ယင်းပြင်ဆင်ပြောင်းလဲသည့်အချက်အလက်များ

     ကုမ္ပဏီ

     (က) Copy of valid Public Practice Accountant Certificate of all shareholders

     (ခ) Copy of commercial tax registration certificate

     (ဂ) Copy of Tax clearance from Internal Revenue Department

     (ဃ) ကိုယ်တိုင်လျှောက်ထားခြင်းမဟုတ်ပါက ကိုယ်စားလှယ်လွှဲစာနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)

     (င) ကောင်စီက အခါအားလျော်စွာ တောင်းခံသည့် စာရွက်စာတမ်းအချက်အလက်များ

     (စ) ကနဦးမှတ်ပုံတင်လျှောက်ထားစဉ်က တင်ပြခဲ့သည့်အချက်အလက်များတွင် ပြင်ဆင်ပြောင်းလဲမှုရှိပါက ယင်းပြင်ဆင်ပြောင်းလဲသည့်အချက်အလက်များ

(၂) Audit Firm မှတ်ပုံတင်သက်တမ်းတိုးခြင်းအတွက် သတ်မှတ်အခကြေးငွေများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

 (က ) တစ်ဦးတည်းပိုင်လုပ်ငန်း

စဉ် အကြောင်းအရာ ကျပ်
လျှောက်လွှာကြေး ၁,၀၀၀
မှတ်ပုံတင်သက်တမ်းတိုးကြေး (စာရင်းစစ်လုပ်ငန်းကိုယ်စား လက်မှတ်ရေးထိုးမည့် PAPP တစ်ဦးလျှင်) ၁၅၀,၀၀၀
နောက်ကျကြေး (ဇန်နဝါရီလအတွင်း) ၃၀,၀၀၀
နောက်ကျကြေး (ဖေဖော်ဝါရီလမှ ဧပြီလအတွင်း) ၃၀၀,၀၀၀
သက်တမ်းပြတ်ကြေး (တစ်နှစ်လျှင်) ၃၀,၀၀၀

 (ခ) အစုစပ်လုပ်ငန်း/ ကုမ္ပဏီ

စဉ် အကြောင်းအရာ ကျပ်
လျှောက်လွှာကြေး ၁,၀၀၀
မှတ်ပုံတင်သက်တမ်းတိုးကြေး ၁၅၀,၀၀၀
  နောက်ကျကြေး (ဇန်နဝါရီလအတွင်း) ၁၀၀,၀၀၀
  နောက်ကျကြေး (ဖေဖော်ဝါရီလမှ ဧပြီလအတွင်း) ၁,၀၀၀,၀၀၀
  သက်တမ်းပြတ်ကြေး (တစ်နှစ်လျှင်) ၁၀၀,၀၀၀

 

အများပြည်သူသို့စာရင်းဝန်ဆောင်မှုပေးသည့်လုပ်ငန်းမှအပဖြစ်သော စာရင်းလုပ်ငန်း (Non-Audit Service) မှတ်ပုံတင်ခြင်း

ကနဦးမှတ်ပုံတင်ခြင်း

(၁) Non-Audit Service ကနဦးမှတ်ပုံတင်ရန် လျှောက်ထားရာတွင် မြန်မာနိုင်ငံစာရင်းကောင်စီ ၏ အမိန့်ကြော်ငြာစာအမှတ် - ၁၃/၂၀၁၅ နှင့် ၁၅/၂၀၁၉ တို့နှင့်အညီ အောက်ပါအထောက်အထားများ အပြည့်အစုံဖြင့် လျှောက်ထားနိုင်ပါသည်-

     တစ်ဦးတည်းပိုင်လုပ်ငန်း

     (က) Copy of letterhead seal to be used

     (ခ) 1 Passport size photo

     (ဂ) Profile of the owner

     (ဃ) Copy of Education Certificate

     (င) Letter outlining past work experience

     (စ) Copy of owner’s NRC Card/ Passport

     (ဆ) Copy of Tax clearance from Internal Revenue Department

     (ဇ) ကိုယ်တိုင်လျှောက်ထားခြင်းမဟုတ်ပါက ကိုယ်စားလှယ်လွှဲစာနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)

     အစုစပ်လုပ်ငန်း

     (က) Copy of Certificate or Registration, if any

     (ခ) Copy of signed Partnership Deeds/ Memorandum of Agreement

     (ဂ) Copy of letterhead to be used

     (ဃ) Passport size photos of the all partners

     (င) Profiles of the all partners

     (စ) Copy of Education Certificates of the all partners

     (ဆ) Letter outlining past work experiences of the all partners

     (ဇ) Copy of Partners’ NRC Card/ Passport

     (ဈ) Copy of Tax clearance from Internal Revenue Department

     (ည) ကိုယ်တိုင်လျှောက်ထားခြင်းမဟုတ်ပါက ကိုယ်စားလှယ်လွှဲစာနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)

     ကုမ္ပဏီ

     (က) Copy of Certificate of Incorporation (company incorporated in Myanmar)/ Certificate of Registration (branch office registered in Myanmar)

     (ခ) Copy of Permit under Section 27A of Myanmar Companies Act (Foreign Company များအတွက်သာ)

     (ဂ) Copy of recent audited financial statements

     (ဃ) Copy of commercial tax registration certificate

     (င) Copy of letterhead to be used

     (စ) Copy of Education Certificates of the professional staff

     (ဆ) Letter outlining past work experiences of the professional staff

     (ဇ) Copy of shareholder’s and directors’ NRC Card/ Passport

     (ဈ) Copy of Tax clearance from Internal Revenue Department

     (ည) ကိုယ်တိုင်လျှောက်ထားခြင်းမဟုတ်ပါက ကိုယ်စားလှယ်လွှဲစာနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)

(၂) တင်ပြရမည့် အထောက်အထားများ ပြည့်စုံပါက မြန်မာနိုင်ငံစာရင်းကောင်စီရုံးက စိစစ်လက်ခံပြီး စာရင်းလုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်စိစစ်ရေးကော်မတီသို့ သဘောထားမှတ်ချက်တောင်းခံ၍ ကော်မတီဝင်များထံမှ သဘောတူကြောင်း ပြန်ကြား ချက်ရရှိပါက လျှောက်ထားသူများက ကနဦးမှတ်ပုံတင်ကြေး ပေးသွင်းရမည်ဖြစ်ပြီး ယင်းနောက် မြန်မာနိုင်ငံစာရင်းကောင်စီရုံးက မှတ်ပုံတင်လက်မှတ်ထုတ်ပေးမည်ဖြစ်ပါသည်။

(၃) Non-Audit Service ကနဦးမှတ်ပုံတင်ခြင်းအတွက် သတ်မှတ်အခကြေးငွေများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

       (က) တစ်ဦးတည်းပိုင်လုပ်ငန်း        

စဉ် အကြောင်းအရာ ကျပ်
လျှောက်လွှာကြေး ၁၀,၀၀၀
မှတ်ပုံတင်ကြေး ၁၅၀,၀၀၀

       (ခ) အစုစပ်လုပ်ငန်း/ ကုမ္ပဏီ

စဉ် အကြောင်းအရာ ကျပ်
လျှောက်လွှာကြေး ၁၀,၀၀၀
မှတ်ပုံတင်ကြေး ၄၅၀,၀၀၀

မှတ်ပုံတင်သက်တမ်းတိုးခြင်း

(၁) Non-Audit Service မှတ်ပုံတင်သက်တမ်းတိုးရန် လျှောက်ထားရာတွင် မြန်မာနိုင်ငံစာရင်းကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် - ၁၃/၂၀၁၅ နှင့် ၁၅/၂၀၁၉ တို့နှင့်အညီ အောက်ပါအထောက်အထားများ အပြည့်အစုံဖြင့် လျှောက်ထားနိုင်ပါသည်-

       တစ်ဦးတည်းပိုင်လုပ်ငန်း

       (က) Copy of letterhead seal to be used

       (ခ) 1 Passport size photo

       (ဂ) Profile of the owner

       (ဃ) Copy of Education Certificate

       (င) Letter outlining past work experience

       (စ) Copy of owner’s NRC Card/ Passport

       (ဆ) Copy of Tax clearance from Internal Revenue Department

       (ဇ) ကိုယ်တိုင်လျှောက်ထားခြင်းမဟုတ်ပါက ကိုယ်စားလှယ်လွှဲစာနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)

      (ဈ) ကောင်စီက အခါအားလျော်စွာ တောင်းခံသည့် စာရွက်စာတမ်းအချက်အလက်များ

       အစုစပ်လုပ်ငန်း

       (က) Copy of Certificate or Registration, if any

       (ခ) Copy of signed Partnership Deeds/ Memorandum of Agreement

       (ဂ) Copy of letterhead to be used

       (ဃ) Passport size photos of the all partners

       (င) Profiles of the all partners

       (စ) Copy of Education Certificates of the all partners

       (ဆ) Letter outlining past work experiences of the all partners

       (ဇ) Copy of Partners’ NRC Card/ Passport

       (ဈ) Copy of Tax clearance from Internal Revenue Department

       (ည) ကိုယ်တိုင်လျှောက်ထားခြင်းမဟုတ်ပါက ကိုယ်စားလှယ်လွှဲစာနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား (မိတ္တူ)

       (ဋ) ကောင်စီက အခါအားလျော်စွာ တောင်းခံသည့် စာရွက်စာတမ်းအချက်အလက်များ

       ကုမ္ပဏီ

       (က) Copy of Certificate of Incorporation (company incorporated in Myanmar)/ Certificate of Registration (branch office registered in Myanmar)

       (ခ) Copy of Permit under Section 27A of Myanmar Companies Act (Foreign Company များအတွက်သာ)

       (ဂ) Copy of recent audited financial statements

       (ဃ) Copy of commercial tax registration certificate

       (င) Copy of letterhead to be used

       (စ) Copy of Education Certificates of the professional staff

       (ဆ) Letter outlining past work experiences of the professional staff

       (ဇ) Copy of shareholder’s and directors’ NRC Card/ Passport

       (ဈ) Copy of Tax clearance from Internal Revenue Department

       (ည) ကိုယ်တိုင်လျှောက်ထားခြင်းမဟုတ်ပါက ကိုယ်စားလှယ်လွှဲစာနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)

       (ဋ) ကောင်စီက အခါအားလျော်စွာ တောင်းခံသည့် စာရွက်စာတမ်းအချက်အလက်များ

(၂) Non-Audit Service မှတ်ပုံတင်သက်တမ်းတိုးခြင်းအတွက် သတ်မှတ်အခကြေးငွေများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

       (က ) တစ်ဦးတည်းပိုင်လုပ်ငန်း

စဉ် အကြောင်းအရာ ကျပ်
လျှောက်လွှာကြေး ၁၀,၀၀၀
မှတ်ပုံတင်သက်တမ်းတိုးကြေး ၁၅၀,၀၀၀
  နောက်ကျကြေး (ဇန်နဝါရီလအတွင်း) ၃၀,၀၀၀
  နောက်ကျကြေး (ဖေဖော်ဝါရီလမှ ဧပြီလအတွင်း) ၃၀၀,၀၀၀
  သက်တမ်းပြတ်ကြေး (တစ်နှစ်လျှင်) ၃၀,၀၀၀

       (ခ) အစုစပ်လုပ်ငန်း/ ကုမ္ပဏီ

စဉ် အကြောင်းအရာ ကျပ်
လျှောက်လွှာကြေး ၁၀,၀၀၀
မှတ်ပုံတင်သက်တမ်းတိုးကြေး ၄၅၀,၀၀၀
  နောက်ကျကြေး (ဇန်နဝါရီလအတွင်း) ၁၀၀,၀၀၀
  နောက်ကျကြေး (ဖေဖော်ဝါရီလမှ ဧပြီလအတွင်း) ၁,၀၀၀,၀၀၀
  သက်တမ်းပြတ်ကြေး (တစ်နှစ်လျှင်) ၁၀၀,၀၀၀

 

သင်တန်းဆရာအဖြစ်မှတ်ပုံတင်ခြင်း

ကနဦးလျှောက်ထားခြင်း

၁။ လျှောက်လွှာကြေး ၁၀၀၀ ကျပ်ပေးသွင်းပြီး လျှောက်လွှာ (ဆရာပုံစံ-၁) ဖြင့် လျှောက်ထား ရပါမည်။ (ပူးတွဲ တင်ပြရမည့်အထောက်အထားများအပါအဝင်)

၂။ လျှောက်လွှာပါအချက်များ ပြည့်စုံပါက ကော်မတီသို့တင်ပြ၍ သဘောတူခွင့်ပြုပါက မှတ်ပုံတင်ကြေး ကျပ် ၅ သောင်းနှင့် နှစ်စဉ်ကြေး ( CPA ၁ ဘာသာ) ကျပ် ၆ သောင်း၊ ( DA ၁ ဘာသာ) ကျပ် ၄ သောင်းပေးသွင်းရန် အကြောင်းကြားမည်ဖြစ်ပါသည်။

၃။ သတ်မှတ်ကြေးများပေးသွင်းသည့်နေ့မှ ၃၀ ရက်အတွင်း မှတ်ပုံတင်လက်မှတ်ထုတ်ပေးပါ သည်။

၄။ မှတ်ပုံတင်သက်တမ်းကာလမှာ ပထမဆုံးမှတ်ပုံတင်ကြေးပေးသွင်းသည့်နေ့၏ ပြက္ခဒိန်လ အပါအဝင် ၁၂ လ (၁ နှစ်တာကာလ) ဖြစ်ပါသည်။

သက်တမ်းတိုးလျှောက်ထားခြင်း

၅။ သက်တမ်းမကုန်မီ ရက် ၉၀ ထက်မစော၊ ရက် ၆၀ ထက်နောက်မကျစေဘဲ လျှောက်ထားရမည်။

၆။ လျှောက်လွှာကြေး ၁၀၀၀ ကျပ်ပေးသွင်းပြီး လျှောက်လွှာ (ဆရာပုံစံ-၂) ဖြင့် လျှောက်ထားရမည်။ (ပူးတွဲတင်ပြရမည့်အထောက်အထားများအပါအဝင်)

၇။ လျှောက်လွှာပါအချက်များ ပြည့်စုံပါက ကော်မတီသို့တင်ပြ၍ သဘောတူခွင့်ပြုပါက နှစ်စဉ်ကြေး (CPA ၁ ဘာသာ) ကျပ် ၆ သောင်း၊ (DA ၁ ဘာသာ) ကျပ် ၄ သောင်းကို အကြောင်းကြားစာ ရရှိသည့်နေ့မှ (၁၀) ရက်အတွင်း ပေးသွင်းရန် အကြောင်းကြားပါသည်။

၈။ သတ်မှတ်ကြေးများပေးသွင်းသည့်နေ့မှ (၃၀) ရက်အတွင်း မှတ်ပုံတင်လက်မှတ်ထုတ်ပေးပါသည်။

ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်းများမှတ်ပုံတင်ခြင်း

ကနဦးလျှောက်ထားခြင်း

၁။ လျှောက်လွှာကြေး ကျပ် ၁,၀၀၀ ပေးသွင်းပြီး လျှောက်လွှာ(ကျောင်းပုံစံ-၁) မှ (ကျောင်းပုံစံ-၅) ထိဖြင့် လျှောက်ထားရမည်။ (ပူးတွဲတင်ပြရမည့်အထောက်အထားများအပါအဝင်)

၂။ လျှောက်လွှာပါအချက်များ ပြည့်စုံပါက ကော်မတီသို့တင်ပြ၍ သဘောတူခွင့်ပြုပါက မှတ်ပုံ တင်ကြေး ကျပ် ၅ သိန်းနှင့် နှစ်စဉ်ကြေး ကျပ် ၃ သိန်းကို အကြောင်းကြားစာရရှိသည့်နေ့မှ (၁၀) ရက် အတွင်း ပေးသွင်းရန် အကြောင်းကြားပါသည်။

၃။ သတ်မှတ်ကြေးများပေးသွင်းသည့်နေ့မှ ၃၀ ရက်အတွင်း မှတ်ပုံတင်လက်မှတ်ထုတ်ပေးပါ သည်။

၄။ မှတ်ပုံတင်သက်တမ်းကာလမှာ ပထမဆုံးမှတ်ပုံတင်ကြေးပေးသွင်းသည့်နေ့၏ ပြက္ခဒိန်လ အပါအဝင် ၃၆ လ (၃ နှစ်တာကာလ) ဖြစ်ပါသည်။

သက်တမ်းတိုးလျှောက်ထားခြင်း

၅။ သက်တမ်းတိုးမည့်ရက်မတိုင်မီ ကပ်လျက်ရှိသောရှေ့ (၂) လအတွင်း သက်တမ်းတိုးလျှောက်ထားရမည်။

၆။ လျှောက်လွှာကြေး ကျပ် ၁,၀၀၀ ပေးသွင်းပြီး လျှောက်လွှာ (ကျောင်းပုံစံ-၆) ဖြင့် လျှောက်ထားရမည်။ (ပူးတွဲတင်ပြရမည့်အထောက်အထားများအပါအဝင်)

၇။ လျှောက်လွှာပါအချက်များ ပြည့်စုံပါက ကော်မတီသို့တင်ပြ၍ သဘောတူခွင့်ပြုပါက သက် တမ်းတိုး မှတ်ပုံတင်ကြေး ကျပ် ၅ သိန်းနှင့် နှစ်စဉ်ကြေး ကျပ် ၃ သိန်း ပေးသွင်းရန် အကြောင်းကြား ပါသည်။

၈။ သတ်မှတ်ကြေးများပေးသွင်းသည့်နေ့မှ ၃၀ ရက်အတွင်း မှတ်ပုံတင်လက်မှတ်ထုတ်ပေးပါ သည်။

၉။ သက်တမ်းတိုးမည့်ရက်မတိုင်မီ ကပ်လျက်ရှိသော ရှေ့(၂)လအတွင်း သက်တမ်းတိုးလျှောက် ထားခြင်းမပြုနိုင်ပါက သတ်မှတ်ကာလ၏ တစ်ဆက်တည်းဖြစ်သော နောက်တစ်လအတွင်း လျှောက်လွှာကြေး ကျပ် ၁,၀၀၀ + သက်တမ်းတိုးမှတ်ပုံတင်ကြေး ကျပ် ၅ သိန်း + နှစ်စဉ်ကြေး ကျပ် ၃ သိန်း + နောက်ကျဒဏ်ကြေး ကျပ် ၈ သိန်း = ကျပ် ၁၆,၀၁,၀၀၀ ပေးသွင်းလျှောက်ထားရမည်။

၁၀။ သတ်မှတ်ကာလထက်နောက်ကျ၍ သက်တမ်းတိုးရန် လျှောက်ထားခြင်းကို ခွင့်မပြု၊ သက်တမ်းပြတ်ဟု သတ်မှတ်ပြီး ပြန်လျှောက်ချိန်တွင် လျှောက်လွှာကြေး ကျပ် ၁,၀၀၀ + သက်တမ်း တိုးမှတ်ပုံတင်ကြေး ကျပ် ၅ သိန်း + နှစ်စဉ်ကြေး

ကျပ် ၃ သိန်း + သက်တမ်းပြတ်ကြေး (၁ နှစ်လျှင်) ၁ သိန်း ပေးသွင်းရမည်။

၁၁။      ရပ်နားလိုကြောင်း အကြောင်းကြားစာနှင့်အတူ မှတ်ပုံတင်လက်မှတ်မူရင်းကို ပြန်လည်အပ်နှံထားသူများကို ပြန်လည်မှတ်ပုံတင်ချိန်တွင် သက်တမ်းပြတ်ကြေး ကောက်ခံမည်မဟုတ်ပါ။

 

 

Registration of Professional Accountant in Public Practice - PAPP

Application for Initial Registration

1.         The person, whose CPA (full-fledged) registration completed one year, shall apply himself/herself together with the following documents for the initial registration of PAPP, according to the Myanmar Accountancy Council’s Notification No. 27/2018;

(a)Self-written application letter;

(b)MICPA membership Card (Original and Copy) (must be renewed for the relevant calendar year);

(c)The documentary evidences for CPD hours attended (to be fulfilled at least 20 CPD hours within 12 months before the application date.);

(d)    Self-undertaking letter for living in Myanmar at least 183 days in the year before the relevant registration calendar year;

(e)    Self-undertaking letter for not working as a full-time employee in any other business organization;

(f)     Self-undertaking letter for doing the accounting in Public Practice as a main occupation in the relevant registration calendar year;

(g)    CPA (full-fledged) registration card (Original and Copy).

2.         The holder of Registered Accountant (R.A) certificate shall apply the PAPP registration with the original Registered Accountant (R.A) certificate (Original and Copy) and the above-mentioned Paragraph No. from 1 (a) to 1 (g).

3.         When the application meets the requirements, the Myanmar Accountancy Council office check and accept the application; and then submit to the Practising Registration Certificate Scrutiny Committee for the approval of the application; when the committee approve the application, the applicant has to pay the application fee and initial registration fee ; and fill the application form with the two passport size photos; after doing that, the Myanmar Accountancy Council office issue the registration card.

 

4.         The fees for initial registration of PAPP are as follows;

Sr.No.

Particulars

Kyats

1.

Application fee

1,000

2.

Registration fee

45,000

 

Application for Registration Renewal           

5.         According to the Myanmar Accountancy Council’s Notification No. 27/2018, the applicant must apply himself/herself together with the following documents for the registration renewal of PAPP;

(a)       the application form;

(b)       PAPP Registration Card (Original and Copy);

(c)MICPA membership Card (Original and Copy) (must be renewed for the relevant calendar year);

(d)       The documentary evidences for CPD hours attended (to be fulfilled at least 120 CPD hours within 12 months before the November of the adjacent year before the renewal calendar year.);

(e)       Self-undertaking letter for living in Myanmar at least 183 days in the year before the relevant registration calendar year;

(f)        Self-undertaking letter for not working as a full-time employee in any other business organization.

6.         The fees for registration renewal of PAPP are as follows;

Sr.No.

Particulars

Kyats

1.

Application fee

1,000

2.

Registration fee

45,000

3.

Late fee (within January)

50,000

4.

Late fee (from February to April)

500,000

5.

Term fee per annum

100,000

Audit Firm Registration

 

Initial Registration

1.         According to the Myanmar Accountancy Council’s Notification No. 12/2015, the applicant must apply for the initial registration of the audit firm together with the following documents;

Sole proprietorship

            (a)       Copy of valid Public Practice Accountant Certificate;

(b)       Copy of stationery/ letterhead to be used in signing of auditor’s report;

(c)        Copy of Tax clearance from Internal Revenue Department;

(d)       Power of attorney letter and the Citizenship Scrutiny Card (Copy) for not self-application.

Partnership

(a)       Copy of valid Public Practice Accountant Certificate of all partners;

(b)       Copy of Certificate or Registration, if any;

(c)        Copy of signed Partnership Deeds/ Memorandum of Agreement;

(d)       Copy of stationery/ letterhead to be used in signing of auditor’s report;

(e)       Copy of Tax clearance from Internal Revenue Department;

(f)        Power of attorney letter and the Citizenship Scrutiny Card (Copy) for not self-application.

Company Incorporated

(a)       Copy of valid Public Practice Accountant Certificate of all shareholders;

(b)       Copy of Certificate of Incorporation;

(c)        Copy of signed Memorandum of Associations and Articles of Associations or constitution;

(d)       Copy of commercial tax registration certificate;

(e)       Copy of stationery/ letterhead to be used in signing of auditor’s report;

(f)        Copy of Tax clearance from Internal Revenue Department;

(g)       Power of attorney letter and the Citizenship Scrutiny Card (Copy) for not self-application.

2.         When the application meets the requirements, the Myanmar Accountancy Council office check and accept the application; and then submit to the Practising Registration Certificate Scrutiny Committee for the approval of the application; when the committee approve the application, the applicant has to pay the application fee and initial registration fee ; and fill the application form with the two passport size photos; after doing that, the Myanmar Accountancy Council office issue the registration card.

3.         The fees for initial registration of audit firm are as follows;

Sr.No.

Particulars

Kyats

1.

Application fee

1,000

2.

Registration fee per one person who will sign in the audit report on behalf of the audit firm

150,000

 

Registration Renewal

1.         According to the Myanmar Accountancy Council’s Notification No. 12/2015, the applicant must apply for the registration renewal of the audit firm together with the following documents;

Sole proprietorship

            (a)       Copy of valid Public Practice Accountant Certificate;

(b)       Copy of Tax clearance from Internal Revenue Department;

(c)        Power of attorney letter and the Citizenship Scrutiny Card (Copy) for not self-application;

(d)       The documents requested by the Council from time to time;

(e)       The modified information if the facts submitted when the initial registration are changed.

 

Partnership

(a)       Copy of valid Public Practice Accountant Certificate of all partners;

(b)       Copy of Tax clearance from Internal Revenue Department;

(c)        Power of attorney letter and the Citizenship Scrutiny Card (Copy) for not self-application;

(d)       The documents requested by the Council from time to time;

(e)       The modified information if the facts submitted when the initial registration are changed.

Company Incorporated

(a)       Copy of valid Public Practice Accountant Certificate of all shareholders;

(b)       Copy of commercial tax registration certificate;

(c)        Copy of Tax clearance from Internal Revenue Department;

(d)       Power of attorney letter and the Citizenship Scrutiny Card (Copy) for not self-application;

(e)       The documents requested by the Council from time to time;

(f)        The modified information if the facts submitted when the initial registration are changed.

2.         The fees for registration renewal of the audit firm are as follows;

(a) Sole proprietorship

Sr.No.

Particulars

Kyats

1.

Application fee

1,000

2.

Registration fee per one person who will sign in the audit report on behalf of the audit firm

150,000

3.

Late fee (within January)

30,000

4.

Late fee (from February to April)

300,000

5.

Term fee per annum

30,000

(b) Partnership/ Company Incorporated

Sr.No.

Particulars

Kyats

1.

Application fee

1,000

2.

Registration fee per one person who will sign in the audit report on behalf of the audit firm

150,000

3.

Late fee (within January)

100,000

4.

Late fee (from February to April)

1,000,000

5.

Term fee per annum

100,000

 

Accounting Business apart from the Accounting in Public Practice (Non-Audit Service) Registration

 

Initial Registration

1.         According to the Myanmar Accountancy Council’s Notification No. 13/2015 and Notification No. 15/2019, the applicant may apply for the initial registration of the non-audit services together with the following documents;

Sole proprietorship

(a)       Copy of letterhead seal to be used;

(b)       1 Passport size photo;

(c)        Profile of the owner;

(d)       Copy of Education Certificate;

(e)       Letter outlining past work experience;

(f)        Copy of owner’s NRC Card/ Passport;

(g)       Copy of Tax clearance from Internal Revenue Department;

(h)       Power of attorney letter and the Citizenship Scrutiny Card (Copy) for not self-application.

Partnership

(a)       Copy of Certificate or Registration, if any;

(b)       Copy of signed Partnership Deeds/ Memorandum of Agreement;

(c)        Copy of letterhead to be used;

(d)       Passport size photos of the all partners;

(e)       Profiles of the all partners;

(f)        Copy of Education Certificates of the all partners;

(g)       Letter outlining past work experiences of the all partners;

(h)       Copy of Partners’ NRC Card/ Passport;

(i)        Copy of Tax clearance from Internal Revenue Department;

(j)        Power of attorney letter and the Citizenship Scrutiny Card (Copy) for not self-application.

Company Incorporated

(a)       Copy of Certificate of Incorporation (company incorporated in Myanmar)/ Certificate of Registration (branch office registered in Myanmar)

(b)       Copy of Permit under Section 27A of Myanmar Companies Act ( for only Foreign Companies)

(c)        Copy of recent audited financial statements

(d)       Copy of commercial tax registration certificate

(e)       Copy of letterhead to be used

(f)        Copy of Education Certificates of the professional staff

(g)       Letter outlining past work experiences of the professional staff

(h)       Copy of shareholder’s and directors’ NRC Card/ Passport

()      Copy of Tax clearance from Internal Revenue Department

(i)        Power of attorney letter and the Citizenship Scrutiny Card (Copy) for not self-application.

2.         When the application meets the requirements, the Myanmar Accountancy Council office check and accept the application; and then submit to the Practising Registration Certificate Scrutiny Committee for the approval of the application; when the committee approve the application, the applicant has to pay the application fee and initial registration fee ; and fill the application form with the two passport size photos; after doing that, the Myanmar Accountancy Council office issue the registration card.

3.         The fees for initial registration of the non-audit service are as follows;

(a) Sole proprietorship

Sr.No.

Particulars

Kyats

1.

Application fee

10,000

2.

Registration fee

150,000

 

(b) Partnership/ Company Incorporated

Sr.No.

Particulars

Kyats

1.

Application fee

10,000

2.

Registration fee

450,000

 

 

 

 

Registration Renewal

1.         According to the Myanmar Accountancy Council’s Notification No. 13/2015 and Notification No. 15/2019, the applicant may apply for the registration renewal of the non-audit services together with the following documents;

Sole proprietorship

(a)       Copy of letterhead seal to be used

(b)       1 Passport size photo

(c)        Profile of the owner

(d)       Copy of Education Certificate

(e)       Letter outlining past work experience

(f)        Copy of owner’s NRC Card/ Passport

(g)       Copy of Tax clearance from Internal Revenue Department

(h)       Power of attorney letter and the Citizenship Scrutiny Card (Copy) for not self-application.

(i)        The documents requested by the Council from time to time.

Partnership

(a)       Copy of Certificate or Registration, if any

(b)       Copy of signed Partnership Deeds/ Memorandum of Agreement

(c)        Copy of letterhead to be used

(d)       Passport size photos of the all partners

(e)       Profiles of the all partners

(f)        Copy of Education Certificates of the all partners

(g)       Letter outlining past work experiences of the all partners

(h)       Copy of Partners’ NRC Card/ Passport

(i)        Copy of Tax clearance from Internal Revenue Department

(j)        Power of attorney letter and the Citizenship Scrutiny Card (Copy) for not self-application;

(k)       The documents requested by the Council from time to time.

Company Incorporated

(a)       Copy of Certificate of Incorporation (company incorporated in Myanmar)/ Certificate of Registration (branch office registered in Myanmar)

(b)       Copy of Permit under Section 27A of Myanmar Companies Act (for only Foreign Companies)

(c)        Copy of recent audited financial statements

(d)       Copy of commercial tax registration certificate

(e)       Copy of letterhead to be used

(f)        Copy of Education Certificates of the professional staff

(g)       Letter outlining past work experiences of the professional staff

(h)       Copy of shareholder’s and directors’ NRC Card/ Passport

(i)        Copy of Tax clearance from Internal Revenue Department

(j)        Power of attorney letter and the Citizenship Scrutiny Card (Copy) for not self-application;

(k)        The documents requested by the Council from time to time.

 

2.         The fees for registration renewal of the non-audit service are as follows;

(a) Sole proprietorship

Sr.No.

Particulars

Kyats

1.

Application fee

10,000

2.

Registration fee

150,000

3.

Late fee (within January)

30,000

4.

Late fee (from February to April)

300,000

5.

Term fee per annum

30,000

 

(b) Partnership/ Company Incorporated

Sr.No.

Particulars

Kyats

1.

Application fee

10,000

2.

Registration fee

450,000

3.

Late fee (within January)

100,000

4.

Late fee (from February to April)

1,000,000

5.

Term fee per annum

100,000

Registration as a trainer

Initial application

  1. An application fee of 1,000 Kyats must be paid and the application form (Trainer Form-1) must be applied. (Including attached documents)
  2. The application is submitted to the committee if it is complete; when the committee approve, the registration fee of 50,000 Kyats and annual fee (for each subject of CPA) of 60,000 Kyats, (for each subject of DA) of 40,000 Kyats will be paid.
  3. The registration certificate is issued within 30 days from the payment date.
  4. The registration period is 12 months (1 years period) including calendar month of the first registration fees payment date.

Application for renewal

  1. The renewal must be applied 90 days before the expiration date and no later than 60 days.
  2. An application fee of 1,000 Kyats must be paid and the application form (Trainer Form-2) must be applied. (Including attached documents)
  3. The application is submitted to the committee if it is complete; when the committee approve, annual fee (for each subject of CPA) of 60,000 Kyats, (for each subject of DA) of 40,000 Kyats will be paid within 10 days from the date of receipt of the notice.
  4. The registration certificate is issued within 30 days from the payment date.

Registration of the private accounting training schools

Initial application

  1. An application fee of 1,000 Kyats must be paid and the application form (School Form-1) to (School Form-5) must be applied. (Including attached documents)
  2. The application is submitted to the committee if it is complete; when the committee approve, the registration fee of 500,000 Kyats and annual fee of 300,000 Kyats will be paid within 10 days from the date of receipt of the notice.
  3. The registration certificate is issued within 30 days from the payment date.
  4. The registration period is 36 months (3 years period) including calendar month of the first registration fees payment date.

Application for renewal

  1. The renewal must be applied within the next two months before the renewal date.
  2. An application fee of 1,000 Kyats must be paid and the application form (School Form-6) must be applied. (Including attached documents)
  3. The application is submitted to the committee if it is complete; when the committee approve, the registration fee of 500,000 Kyats and annual fee of 300,000 Kyats will be paid.
  4. The registration certificate is issued within 30 days from the payment date.
  5. If there is a failure to apply for renewal within the next two months prior to the renewal date, the renewal must be applied by paying an application fee of 1,000 Kyats + 500,000 Kyats for renewal + 300,000 Kyats for annual renewal + 800,000 Kyats for late payment = 16,01,000 Kyats.
  6. Late application is not allowed. The registration will be defined as expired; and at the time of re-application, the application fee of 1,000 Kyats + the renewal registration fee of 500,000 Kyats + the annual fee of 300,000 Kyats + the fee for no renewal (per year) of 100,000 Kyats must be paid.
  7. No renewal fee will be charged for those who return the original registration certificate with the notice of suspension.

Pages

Subscribe to Front page feed