၁။၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ( ၂၀ ) ရက်နေ့ နံနက် ၁၀း၀၀ နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်း အမှတ်စဉ် (၂၂၉)ဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဖွင့် လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။
၂။အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိက များနှင့် သင်တန်းသား/သင်တန်းသူ (၂၇၅)ဦး တက်ရောက်ခဲ့ကြပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်မှ-
- ယနေ့ဖွင့်လှစ်သော သင်တန်းတွင် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့် ဌာနအသီးသီးမှ ဝန်ထမ်းများ တတ်သင့်တတ်ထိုက်သည့် စာရင်းဆိုင်ရာ ပညာရပ်များကို သင်ကြားပို့ချပေးမည် ဖြစ်ကြောင်း၊
- ပို့ချမည့် ဘာသာရပ်များမှာ ဝန်ထမ်းတိုင်း သိထားသင့်သည့် ဝန်ထမ်းနှင့်သက်ဆိုင်သော စည်းမျဉ်းစည်းကမ်းများ၊ ဘဏ္ဍာငွေ အရအသုံးနှင့်ဆိုင်သော စည်းမျဉ်းစည်းကမ်းများနှင့် စာရင်းဆိုင်ရာ ပညာရပ်များဖြစ်ကြောင်း၊
- သင်တန်းကာလအတွင်း မိမိတို့အတွက်၊ မိမိဌာနအတွက် အကျိုးရှိအောင် ပို့ချသော သင်ခန်းစာများကို ဂရုတစိုက် လေ့လာမှတ်သားကြရန်နှင့် စိတ်ပါဝင်စားစွာ လေ့လာသင်ယူမှသာ ပို့ချသည့်ဘာသာရပ်ကို သဘောပေါက်မှာ ဖြစ်ကြောင်း၊ ကြိုးစားမှသာ စာမေးပွဲ ဖြေဆိုနိုင်မှာဖြစ်၍ မဆုတ်မနစ်သော ဇွဲဖြင့် ကြိုးစားကြစေလိုကြောင်း၊
- သင်တန်းကို မည်သည့် ရည်ရွယ်ချက်နှင့် တက်သည်ဖြစ်စေ သင်ကြားပို့ချသည့် ပညာရပ်ကို ဌာနအတွက် အကျိုးရှိစွာ အသုံးချနိုင်ရန် အမှန်တကယ် တတ်မြောက်ဖို့ လိုအပ်ကြောင်း နှင့် သင်တန်းစာမေးပွဲကို သင်တန်းဆင်း အရည်အချင်း သတ်မှတ်ချက်အဆင့်ဖြင့် ထုတ်ပြန်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ ပေးပို့သွားမှာဖြစ်ကြောင်း၊
- သင်တန်းစာမေးပွဲကို တစ်ကြိမ်သာ ဖြေဆိုခွင့်ရှိသဖြင့် အခွင့်အရေး ရရှိခိုက် ကြိုးစားကြရန်နှင့် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည်နှင့်အညီ စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ် စည်းကမ်းများကို အလေးထား လိုက်နာစောင့်ထိန်းရန် လိုအပ်ကြောင်း လမ်းညွှန် မှာကြားခဲ့ပါသည်။
၄။ သင်တန်းဖွင့်ပွဲ အခမ်းအနားကို နံနက် ၁၀း၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
၁။၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ ( ၂၀ ) ရက်နေ့ မွန်းလွဲ ( ၁၅ း ၀၀ ) နာရီအချိန်တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ စာရင်းစစ်-၃များ လုပ်ငန်းခွင် ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် ( ၄၇ ) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ရာ ပြည်ထောင်စု စာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဖွင့် လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။
၂။အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသား/သင်တန်းသူ (၁၁၃) ဦး တက်ရောက်ခဲ့ပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်မှ -
- ယခုဖွင့်လှစ်သော သင်တန်းသည် လုပ်ငန်းခွင် ကျွမ်းကျင်မှှု သင်တန်းဖြစ်၍ စာရင်းစစ်-၃များအတွက် အရေးကြီးသော သင်တန်းဖြစ်ကြောင်း၊
- စာရင်းစစ်-၃များသည် အခြေခံစာရင်းပညာ ကျွမ်းကျင်သူများဖြစ်ကြသော်လည်း လက်တွေ့လုပ်ငန်းခွင်တွင် လုပ်ဆောင်နိုင်ရန် ကျွမ်းကျင်မှုများ လိုအပ်နေသေးသည့်အတွက် သင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊
- နိုင်ငံတကာတွင် အရည်အသွေးနှင့် ပတ်သက်၍ ရှေ့တန်းတင်နေသည့်ခေတ် ဖြစ်သဖြင့် စစ်ဆေးရေးအပိုင်းတွင် အရည်အသွေး ပြည့်စုံရန်လိုအပ်ကြောင်း၊
- နိုင်ငံတော်ကဏ္ဍ စာရင်းစစ်များသည် စာရင်းများ စစ်ဆေးရာတွင် ပြည်သူကိုယ်စားပြု၍ စစ်ဆေးရခြင်းဖြစ်သဖြင့် တိုင်းပြည်ကို ပို၍ အကျိုးပြုနိုင်ကြောင်း၊
- လုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာရပ်ပိုင်းဆိုင်ရာ ဗဟုသုတများသည်လည်း အရေးကြီးသကဲ့သို့ ကျင့်ဝတ်များကိုလည်း စောင့်ထိန်းလိုက်နာဖို့ လိုအပ်ကြောင်း၊
- ကိုယ့်အထက်မှာ ရှိသည့် ပုဂ္ဂိုလ်မျုားသည် အချိန်တန်လျှင် အငြိမ်းစားယူကြမှာ ဖြစ်သောကြောင့် နောက်တက်မည့်သူများက စိတ်အား၊ ပညာအားဖြင့် ပြင်ဆင် ကြရမှာဖြစ်ကြောင်း စသည်ဖြင့် လမ်းညွှန်မှာကြားခဲ့ပါသည်။
၄။ အခမ်းအနားကို မွန်းလွဲ (၁၅း၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
Source: www.moi.gov.mm/npe/mal/
1. U Maw Than, the Auditor General of the Union received the delegation led by Dr. Mark Campbell, Director of ICAEW International Capacity Building and U Wan Tin, Chairman of Myanmar Institute of Certified Public Accountant (MICPA), at the Office of the Auditor General of the Union, Nay Pyi Taw at 10:00 A.M on 5th December, 2017.
2. In this meeting, they discussed the Quality Assurance (QA) for Audit Roadmap for Myanmar, the draft project plan for proposed implementation of that Roadmap and the proposed training or workshop on QA for auditors.
3. At the meeting, the Permanent Secretary, Director General (Audit Department) and responsible persons from the Office of the Auditor General of the Union were also present.
၁။ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းသည် ICAEW International Capacity Building ၏ Director ဖြစ်သူ Dr. Mark Campbell ဦးဆောင်သော အဖွဲ့ နှင့် MICPA ၏ ဥက္ကဋ္ဌ ဖြစ်သူ ဦးဝမ်းတင် ဦးဆောင်သော အဖွဲ့အား ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ ၊ နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
၂။ ထိုသို့ တွေ့ဆုံရာတွင် Quality Assurance (QA) for Audit Roadmap for Myanmar ဆိုင်ရာ ကိစ္စများ၊ ယင်း Roadmap အား အကောင်အထည် ဖော်မည့် စီမံကိန်း(မူကြမ်း)နှင့် စာရင်းစစ်များအား Quality Assurance နှင့်စပ်လျဉ်း၍ သင်တန်း (သို့မဟုတ်) အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ပေးနိုင်ရေး စသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
၃။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေးဦးစီးဌာန) နှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ ကြပါသည်။
1. U Maw Than, the Auditor General of the Union received the delegation led by Mr. Ee Hock Kim Gerald, President of ISCA and U Wan Tin, Chairman of MICPA at the Office of the Auditor General of the Union, Nay Pyi Taw at 3:20 P.M on 28th November, 2017.
2. In this meeting, they discussed the matters of ongoing activities for the accountancy professions and the future collaboration between MICPA and ISCA.
3. At the meeting, the Director General (Audit Department) and responsible persons from the Office of the Auditor General of the Union were also present.
၁။ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းသည် ISCA ၏ President ဖြစ်သူ Mr. Ee Hock Kim Gerald ဦးဆောင်သော အဖွဲ့ နှင့် MICPA ၏ ဥက္ကဋ္ဌ ဦးဝမ်းတင် ဦးဆောင်သော အဖွဲ့အား ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့ ၊ နေ့လယ် ၃:၂၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
၂။ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ စာရင်းပညာရှင်များအတွက် ရှေ့ဆက်လက်ဆောင်ရွက် မည့်ကိစ္စရပ်များ၊ ISCA နှင့် MICPA တို့ ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
၃။အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေးဦးစီးဌာန) နှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပါသည်။
Source: www.moi.gov.mm/npe/km/
Source: http://www.moi.gov.mm/npe/km/
