ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

စာရင်းစစ်ဆေးခြင်းမှ အပဖြစ်သော စာရင်းလုပ်ငန်းအဖြစ် မှတ်ပုံတင်ထားသည့် လုပ်ငန်းများစာရင်း ထုတ်ပြန်ခြင်း

စာရင်းစစ်လုပ်ငန်းအမည်ဖြင့် မှတ်ပုံတင်ထားသည့် လုပ်ငန်းများစာရင်း ထုတ်ပြန်ခြင်း

Donor Coordination Meeting was held

1.       U Maw Than, Union Auditor General attended Donor Coordination Meeting which participated the representatives from European Union, GIZ, UNDP, World Bank and Office of the Auditor General of Norway held on 24th May, 2018 at the Office of the Auditor General of the Union (OAGM), Nay Pyi Taw led by with the attendance of.

2.       In this meeting, Union Auditor General expressed his appreciation for providing technical assistance and support to the SAI and the aim of this meeting to avoid overlapping the assistance areas. And then, the representatives of respective Development Partners presented ongoing activities and planned projects that are coordinated with OAGM and discussions were made based on the presentations.

3.       At the meeting, the Permanent Secretary, Director General (Audit Department) and responsible persons from the Office of the Auditor General of the Union were also present.

Donor Coordination Meeting ကျင်းပပြုလုပ်ခြင်း

၁။      Development Partners များဖြစ်သော EU၊ GIZ၊ UNDP၊ World Bank နှင့် နော်ဝေစာရင်းစစ်ချုပ်ရုံးတို့မှ ကိုယ်စားလှယ်များ ပါဝင်သည့် Donor Coordination Meeting ကို ၂၀၁၈ ခုနှစ် မေလ ၂၄ ရက်နေ့ မွန်းလွဲ ၂း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်း တက်ရောက်ခဲ့ပါသည်။

၂။      အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်မှ Development Partners များအနေဖြင့် ဤရုံးအား နည်းပညာအကူအညီ ထောက်ပံ့ပေးသည့်အတွက် ကျေးဇူးတင်ရှိ ပါကြောင်းနှင့် ကူညီထောက်ပံ့ပေးသည့်နယ်ပယ်များ ထပ်နေခြင်းမျိုး မရှိစေရန်အတွက် ဤအစည်းအဝေးအား ကျင်းပခြင်းဖြစ်ပါကြောင်း ပြောကြားပြီး Development Partners များမှလည်း ဤရုံးနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များ၊ ဆက်လက် ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းများအား တင်ပြပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

၃။      အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေးဦးစီးဌာန) နှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြ ပါသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
စာရင်းမှန်ကန်အောင်လုပ်နိုင်ပါက တိုင်းပြည်၏ ဝင်ငွေတွက်ချက်သည့်အခါ မှန်မှန်ကန်ကန်ဖြစ်လာမည်
ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းသည် EU မှ Public Finance Management Expert ဖြစ်သူ Mr. Thomas Thomsen ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ

၁။      ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည်  EU မှ Public Finance Management Expert ဖြစ်သူ  Mr. Thomas Thomsen ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား  ၂၀၁၈ ခုနှစ်၊ မေလ (၂၂) ရက်နေ့၊  နံနက် ၁၀း၀၀ နာရီ တွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ ပါသည်။

၂။      ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် EU/GOPA (My Governance တို့ ကြား ဆောင်ရွက်လျက်ရှိသည့် ဤရုံး၏ မဟာဗျူဟာစီမံချက် မူကြမ်း ရေးဆွဲထားမှု အကျဉ်းချုပ် ၊ Human Resources ၊ Financial Audit တို့ နှင့် စပ်လျဉ်း၍ ဆောင်ရွက်နေမှုများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ၊ လာမည့် ၂ နှစ် အတွက် ဆောင်ရွက်မည့် လုပ်ငန်းနယ်ပယ်များ ကို ဆွေးနွေးခဲ့ကြပါသည်။

၃။      အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှုးချုပ် (စစ်ဆေးရေးဦးစီးဌာန) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

 

U Maw Than, the Auditor General of the Union received the delegation from EU led by Mr.Thomas Thomsen, Public Finance Management Expert

1. U Maw Than, the Auditor General of the Union received the delegation from EU led by Mr.Thomas Thomsen, Public Finance Management Expert , at the Office of the Auditor General of the Union, Nay Pyi Taw at 10:00 a.m on 22nd May, 2018.

2. In this meeting, they discussed summary of Draft Strategy, current and ongoing schedules regarding Human Resources, Financial Audit which are the collaboration between OAG and EU/GOPA (My Governance), and focus areas for next two year.

3. At the meeting, the Director General (Audit Department) and responsible persons from the Office of the Auditor General of the Union were also present.

အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၂၃၀) ဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့

၁။ ၂၀၁၈ ခုနှစ်၊ မေလ ( ၁၅ )ရက်နေ့ နံနက် ၁၀း၀၀ နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်း အမှတ်စဉ် (၂၃၀) ဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ကိုယ်စား အမြဲတမ်းအတွင်းဝန် တက်ရောက်၍ သင်တန်းဖွင့် လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။

၂။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိက များနှင့် သင်တန်းသား/သင်တန်းသူ(၂၂၅)ဦး တက်ရောက်ခဲ့ကြပါသည်။

၃။ အခမ်းအနားတွင် အမြဲတမ်းအတွင်းဝန်က အောက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည်-

- ဝန်ကြီးဌာန အသီးသီးရှိ အထူးသဖြင့် စာရင်းဌာနစိတ်တွင် အလုပ်လုပ်ကိုင်ကြသော ဝန်ထမ်းများမှာ ကျောင်းမှသင်ကြားပေးလိုက်သည့် ပညာရပ်များနှင့် လက်ရှိအလုပ် လုပ်ကိုင်ကြသည့် အခါ တချို့အရာများတွင် ကွာဟမှုများရှိနိုင်ကြောင်း၊

- ကျောင်းမှ သင်ကြားပို့ချပေးလိုက်သည့် ပညာရပ်များသည် knowledge လောက်သာ ရရှိပြီး၊ လက်တွေ့လုပ်ငန်းခွင် ဝင်ရောက်သည့်အခါ Skill ကျွမ်းကျင်မှုအဆင့်အထိရှိရန် လိုအပ်ကြောင်း၊

- အစိုးရဌာန၊ အဖွဲ့အစည်းများတွင် စာရင်းဝန်ထမ်းများ လုပ်ကိုင်ရသည့် စာရင်းပညာရပ် များကို စွမ်းဆောင်ရည်ပြည့်ဝစွာဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်နိုင်ရန်အတွက် သင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချပေးရခြင်းဖြစ်ပါကြောင်း၊

- ယခင်က ရန်ကုန်သင်တန်းကျောင်းတွင် အခြေခံအဆင့်သင်တန်းကို တစ်နှစ်လျှင် (၄)ကြိမ်၊ အလယ်အဆင့်နှင့် အဆင့်မြင့်သင်တန်းကို တစ်နှစ်လျှင် နှစ်ကြိမ် ဖွင့်လှစ်ခဲ့ပြီး ယခုအခါ နေပြည်တော်သင်တန်းကျောင်းတွင် သင်တန်းခန်းနှင့် ကထိကအကန့်အသတ် များကြောင့် တစ်နှစ်လျှင် (၂) ကြိမ်နှင့် (၁) ကြိမ်စီသာအသီးသီး ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊

- တချို့ဌာနများတွင် ဤသင်တန်းတက်ရောက်ပြီးမှသာ ရာထူးတိုးပေးရန်အတွက် သတ်မှတ်ချက် Criteria တစ်ချက်အနေဖြင့် သတ်မှတ်ထားကြောင်း၊ သင်တန်း တက်ရောက်ခွင့်မရသေး၍ မတက်ကြရသည့် ဝန်ထမ်းများကျန်ရှိနေကြောင်း၊

- လက်ရှိပြည်ထောင်စုစာရင်းစစ်ချုပ် လက်ထက်တွင် သင်တန်းသားဦးရေ အကန့်အသတ် ဖြင့် တက်ရောက်ခွင့်ပြုနေရခြင်းကို ဖြေရှင်းသည့် နည်းလမ်းတစ်ရပ်အဖြစ် ဝန်ကြီးဌာနများက မိမိအစီအစဉ်ဖြင့် သင်တန်းများ ဖွင့်ခွင့်ပြုခဲ့ကြောင်း၊ ထိုသင်တန်းများတွင် အငြိမ်းစားယူသွားကြသည့် ဤရုံးမှ အရာရှိကြီးများက ဤရုံး၏ သင်ရိုးညွှန်းတမ်းများအတိုင်း သင်ကြားပေးခဲ့ကြောင်း၊ စာမေးပွဲကို ဤရုံးမှ တာဝန်ယူစစ်ဆေးခြင်းဖြင့် သင်တန်းတက်ရောက်ခွင့် ပိုမိုရရှိစေခဲ့ကြောင်း၊

- မိခင်ဌာနများက သင်တန်းတက်ရောက်သူများ၏ လုပ်အား အဆုံးရှုံးခံ၍ စေလွှတ် ခြင်းဖြစ်ကြောင်း၊ သင်တန်းတက်ရောက်သူများ၏ လစ်ဟာသွားသည့် အလုပ်များကို အခြားသူများက ကူညီလုပ်ကိုင်ပေးနေရကြောင်း၊

- မိခင်ဌာနမှ သင်တန်းကာလအတွင်း လုပ်အားဆုံးရှုံးခံ၍ သင်တန်းစေလွှတ်ရခြင်းဖြစ် ၍ သင်တန်းပြီးဆုံးပြီးနောက် သင်ကြားပေးလိုက်သည့် ဘာသာရပ်များကို လက်တွေ့ လုပ်ငန်းခွင်တွင် ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊

- မိခင်ဌာနများ၏ သင်တန်းစေလွှတ်သည့် ရည်ရွယ်ချက်ပြည့်မြောက်စေရန် မိမိကိုယ်တိုင် လိုချင်စိတ်ပြင်းပြစွာ ကြိုးစားအားထုတ်ရမည်ဖြစ်ကြောင်း၊ အလုပ် လုပ်ကိုင်ရာတွင် ရိုးသား၊ ကြိုးစား၊ ဖြောင့်မတ်၊ မှန်ကန်စွာ ကြိုးစားပြီး လုပ်ကိုင်ကြစေလိုကြောင်း၊

- သင်တန်းကာလတွင် အဓိကအားဖြင့် လိုချင်စိတ်ရှိရန်၊ ပို့ချချက်များကို ထိထိမိမိ လေ့လာဆည်းပူးရန် လိုအပ်ကြောင်း၊ မိမိဌာနတွင် လက်တွေ့ကြုံတွေ့နေရသည့် အခက်အခဲများကို သင်ကြားပို့ချပေးသည့် ကထိကများကို မေးမြန်းကြပြီး သင်တန်း တက်ရောက်ရသည့် ရည်ရွယ်ချက်ကို ပြည့်ဝစေရန် ကြိုးစားကြစေလိုကြောင်း၊

၄။ သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက် ၁၀း၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

မျှော်မှန်းချက်(Vision)

ပြည်သူ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးရေး၊ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု ကောင်းမွန်စေရေး၊ ပြည်သူ့ဘဏ္ဍာငွေကြေးထိန်းကျောင်းတည့်မတ်ပေးရေးအတွက် အဓိက တာဝန်ရှိသည်နှင့်အညီ ထိရောက်စွာစစ်ဆေးဖေါ်ထုတ်၍ ပြည်သူသို့ အစီရင်ခံခြင်းဖြင့် ရှင်းလင်းတင်ပြရန် ဖြစ်ပါသည်။

Pages

Subscribe to Front page feed