ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

စာရင်းစစ် လုပ်ငန်းစဉ်၊ လုပ်ငန်းလမ်းစဉ် ၊ လက်စွဲ ၊ စာရင်းလုပ်ငန်း အရည်အသွေး ထိန်းသိမ်းရေး အစီအစဉ်များဆိုင်ရာ ညွှန်ကြားချက်ထုတ်ပြန်ခြင်း
ADB Training for Trainers Workshop

ADB Training for Trainers Workshop

ဒီပလိုမာစာရင်းကိုင် (ဒုတိယပိုင်း)သင်တန်းစာမေးပွဲတွင် ဘာသာရပ်အလိုက် ထူးချွန်ဆုရရှိသူများစာရင်းထုတ်ပြန်ခြင်းနှင့် ဒီပလိုမာစာရင်းကိုင် (ဒုတိယပိုင်း)သင်တန်းစာမေးပွဲ အောင်စာရင်း ထုတ်ပြန်ခြင်း
ညွှန်ကြားချက် အမှတ်စဉ် (၁/၂၀၁၈) ထုတ်ပြန်ခြင်း

စာရင်းစစ် လုပ်ငန်းစဉ်၊ လုပ်ငန်းလမ်းညွှန် လက်စွဲ စာရင်းလုပ်ငန်းအရည်အသွေးထိန်းသိမ်းရေး အစီအစဉ်များဆိုင်ရာ ညွှန်ကြားချက် ထုတ်ပြန်ခြင်း

အများနှင့်ဆိုင်သော စာရင်းလုပ်ငန်းလုပ်ကိုင်ခွင့် ရရှိသူများစာရင်းထုတ်ပြန်ခြင်း
ဒီပလိုမာစာရင်းကိုင် (ဒုတိယပိုင်း)သင်တန်းစာမေးပွဲတွင် ဘာသာရပ်အလိုက် ထူးချွန်ဆုရရှိသူများစာရင်းထုတ်ပြန်ခြင်းနှင့် ဒီပလိုမာစာရင်းကိုင် (ဒုတိယပိုင်း)သင်တန်းစာမေးပွဲ အောင်စာရင်း ထုတ်ပြန်ခြင်း
ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် ADB Review Mission အဖွဲ့အား လက်ခံတွေ့ဆုံ

၁။ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် ADB မှ Financial Sector Economist ဖြစ်သူ Ms. Sophie Duong Nguyen ဦးဆောင်သော ADB Review Mission အဖွဲ့အား ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်နေ့ နေ့လယ် ၃း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

၂။အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဏ္ဍနှင့် ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ADB မှ ရှေ့ဆက် လက်ဆောင်ရွက်မည့် ထောက်ပံ့မှုများ၊ နည်းပညာ အကူအညီများနှင့် OAGMအား ထောက်ပံ့ ကူညီပေးနိုင်မည့် နယ်ပယ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

၃။ အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပါသည်။

The Auditor General of the Union received ADB Review Mission

1. U Maw Than, Union Auditor General received ADB Review Mission led by Ms. Sophie Duong Nguyen, Financial Sector Economist, at the Office of the Auditor General of the Union (OAGM), Nay Pyi Taw at 3:00 PM on 25th July 2018.

2. In this meeting, they discussed the matter of ADB’s future support and technical assistance for the development of Private Sector, Financial Sector and Capital Market of Myanmar and the potential areas to support OAGM.

3. At the meeting, the responsible persons from the Office of the Auditor General of the Union were also present.

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (၁၂)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲ

၁။ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (၁၂)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၀ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် ဤရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။အဆိုပါ ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲသို့ ပျဉ်းမနားမြို့၊ ဘုရားကြီးကျောင်းတိုက်နှင့် ရတနာ ဘုမ္မိသာရကျောင်းတိုက်များရှိ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ် ရုံးဝန်ထမ်းများက ဝါဆိုသင်္ကန်းနှင့်တကွ လှူဖွယ်ပစ္စည်းအစုစုတို့ကို ဆပ်ကပ်လှူဒါန်းကြပါသည်။

၃။ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့်တကွ ရုံးဝန်ထမ်းများသည် သံဃာတော် အရှင်သူမြတ်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး အနုမောဒနာ တရားနာယူ၍ ရေစက်သွန်းချ အမျှဝေကြပြီးနောက် သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ် လှူဒါန်းကာ ရုံးဝန်ထမ်းများအား မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးပါသည်။

Pages

Subscribe to Front page feed