ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းထုတ်ပြန်ချက်
၂၀၁၈ ခုနှစ်၊ မတ်လ ( ၂၉ ) ရက်
၁။ ၂၀၁၈ ခုနှစ်၊ မတ်လ ( ၂၉ ) ရက်နေ့ နံနက် ၀၉း၀၀ နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ဒီပလိုမာစာရင်းကိုင် (ဒုတိယပိုင်း) သင်တန်း ဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ရာ မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက် ၍ သင်တန်းဆင်းလမ်းညွှန် အမှာစကားပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိက များနှင့် သင်တန်းသား/သင်တန်းသူ (၁၃၁) ဦး တက်ရောက်ခဲ့ကြပါသည်။
၃။ အခမ်းအနားတွင် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါ တို့ကို လမ်းညွှန်မှာကြားခဲ့ပါသည်-
- စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးကို အခြေခံသည့် စနစ်ဖြစ်သောကြောင့် ကုမ္ပဏီများ၊ ဖက်စပ်လုပ်ငန်းများ၊ အစုစပ်လုပ်ငန်းများပေါ်ပေါက်လာပြီး လုပ်ငန်းများ ၏ မှန်ကန်တိကျသော စာရင်းဇယားများသည် လုပ်ငန်း၏ အောင်မြင်မှု၊ ဆုံးရှုံးမှုကို ဖော်ညွှန်းနေကြောင်း၊
- နိုင်ငံတော်၏ လူသားစွမ်းရည်အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာရင်းပညာ တတ်ကျွမ်းသူများ အများအပြား မွေးထုတ်ပေးလျက်ရှိကြောင်း၊
- ပြည်ပမှ Grants, Aids, Loans များ အများအပြား ရရှိလျက်ရှိပြီး ယင်းငွေများဖြင့် ဆောင်ရွက်သော လုပ်ဆောင်ချက်များကို မှန်ကန်စွာ စစ်ဆေးရန်အတွက် စာရင်း ပညာရှင် အများအပြား လိုအပ်နေကြောင်း၊
- စာရင်းပညာရှင်များအနေဖြင့် စာရင်းပညာဆိုင်ရာ အရည်အချင်း အတွေ့အကြုံများ ပြည့်ဝနေရန် လိုအပ်သည့်အပြင် စောင့်ထိန်းနေရမည့် ကျင့်ဝတ်သိက္ခာများ စည်းကမ်း များနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊
- စာမေးပွဲတွင် အောင်မှတ်အနေဖြင့် အမှတ်(၄၀)သတ်မှတ်ထားပါကြောင်း၊ ဖြေဆိုရမည့် ဘာသာရပ်(၆)ခုကို Module 1, Module 2, ခွဲခြားသတ်မှတ်ထားပြီး Accounting ၊ Auditing နှင့် Costing ဘာသာရပ်တို့ကို Module 1၊ Financial Reporting ၊ Financial and Service Regulations နှင့် Information & Communication Technology and System Development ဘာသာရပ်တို့ကို Module 2 အနေနှင့် သတ်မှတ်ထားပြီး ကနဦးဖြေဆိုချိန်မှာ ဘာသာရပ်အားလုံး ဖြေဆိုကြရမည်ဖြစ် ကြောင်း၊ Module တစ်ခုထဲမှ ဘာသာရပ်အားလုံးအောင်မြင်ပြီး အခြား Module တစ်ခု ထဲမှ ဘာသာရပ်တစ်ခုခု ကျရှုံးခဲ့လျှင် Module တစ်ခုအောင်မြင်သည်ဟု သတ်မှတ် ကြောင်း၊ ကျရှုံးသည့် Module ထဲမှ ဘာသာရပ် အားလုံးအား တစ်ဆက်တည်း ၃ ကြိမ်အထိ ပြန်လည်ဖြေဆိုခွင့်ပြုထားပြီး အောင်မြင်မှုမရှိခဲ့လျှင်ဖြစ်စေ စာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်း မရှိခဲ့လျှင်ဖြစ်စေ ကနဦး စာမေးပွဲဖြေဆိုသည့်အတိုင်း ဘာသာရပ် အားလုံးကို ပြန်လည်ဖြေဆိုရမည်ဖြစ်ကြောင်း၊
- ကျရှုံးသည့် Module တွင်ပါဝင်သည့်ဘာသာရပ်တိုင်း ၂၀ မှတ် အနည်းဆုံး ရရှိပြီး တစ်ဘာသာခြင်း ပျမ်းမျှရမှတ် ၂၅ မှတ်ရှိရန်လိုကြောင်း၊ သို့မှသာ ကျန် Module ကို အောင်မြင်သည်ဟုသတ်မှတ်ကြောင်း၊
- စာမေးပွဲ၏ အဆင့်အတန်း၊ အောင်မြင်သူများ၏ အရည်အသွေးကို ထိန်းသိမ်းမြှင့်တင် ကြစေလိုကြောင်း၊
- မိမိတို့ နားလည်တတ်ကျွမ်းမှုကို အဆင့်မြင့်မြင့် ပြသကြရန် လိုကြောင်း၊
၄။ သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက် ၀၉ း ၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
၁။ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် နော်ဝေနိုင်ငံစာရင်းစစ်ချုုပ်ရုံးမှ Head of International Division ဖြစ်သူ Mrs. Gry Midtbo ဦးဆောင်သောအဖွဲ့အား ၂၀၁၈ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့၊ နံနက် ၉း၃၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
၂။ ထိုသို့တွေ့ဆုံရာတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း နော်ဝေစာရင်းစစ်ချုပ်ရုံးနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ ယခင်ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများအရ နောက် ကာလပူးပေါင်းဆောင်ရွက်မှုများအတွက် ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သင့် သည်များ၊ Project Document ပါ အကြောင်းအရာအကျဉ်းချုပ်နှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း ၍ ဆွေးနွေးခဲ့ကြပါသည်။
၃။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
1. U Maw Than, the Auditor General of the Union received the delegation led by Mrs. Gry Midtbo, Head of International Division from Office of the Auditor General of Norway, at the Office of the Auditor General of the Union, Nay Pyi Taw at 9:30 a.m on 19th March, 2018.
2. In this meeting, they discussed the collaboration activities implemented in 2017-2018 and the things could be changed or improved to be able to design better and more efficient activities for the next period of the collaborations based on lessons learnt in the previous year, briefing on activities in Project Document, and planning and way forward.
3. At the meeting, the Director General (Audit Department) and responsible persons from the Office of the Auditor General of the Union were also present.
၁။ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် Mission Chief Ms. Ha Vu ဦးဆောင်သော IMF FAD Mission အဖွဲ့အား ၂၀၁၈ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့၊ နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။
၂။ ထိုသို့ တွေ့ဆုံရာတွင် ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ဆောင်ရွက်သည့် Infrastructure Projectများ အကောင်အထည်ဖော်ဆောင်ရွက်သည့် လက်ရှိအနေအထား၊ ပြဿနာအခက်အခဲများ၊ နှောင့်နှေးကြန့်ကြာမှုများ၊ ဝယ်ယူရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်လွန်အသုံးစရိတ် သုံးစွဲမှုများနှင့် ယင်း Project များနှင့်စပ်လျဉ်းသည့် သုံးသပ်အကြံပြုချက်များ စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။
၃။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
