ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

ပြည်ထောင်စုစာရင်းစစ်ချုပ်သည် ASEAN Regional Project နှင့်စပ်လျဉ်း၍ ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူ များနှင့် တွေ့ဆုံဆွေးနွေးခြင်း

အစိုးရကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍတို့တွင် ထိရောက်ကောင်းမွန်သည့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေး အစီရင်ခံမှုတို့ တိုးတက်ကောင်းမွန်လာစေရေးအတွက် ကမ္ဘာ့ဘဏ်၏ အကူအညီဖြင့် မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို(၃)နိုင်ငံပူးပေါင်းဆောင်ရွက်မည့် ASEAN Regional Project နှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့၊ နံနက်၁၀:၀၀နာရီ၌ WebEx Link ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

            အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ASEAN Regional Project ဆောင်ရွက်ရသည့်ရည်ရွယ်ချက်၊ ရရှိမည့်အကျိုးကျေးဇူး၊ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ အကျိုးကျေးဇူး ရရှိမည့်နယ်ပယ်များ၊ Project အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ်နှင့် ငွေကြေးထောက်ပံ့မည့် အစီအစဉ်များ၊ မြန်မာနိုင်ငံ၏ အစိုးရကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍ တို့တွင် စာရင်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကတာဝန်ရှိသည့် ဌာန/အဖွဲ့အစည်းများနှင့် လက်ရှိကြိုးပမ်း ဆောင်ရွက်နေမှုအခြေအနေများ၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များ အသင်း၏ ရပ်တည်နေမှုအနေအထားနှင့် အခန်းကဏ္ဍတို့ကို ဆွေးနွေးခဲ့ကြပါသည်။

            အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ စီမံရေးရာ၊ လေ့ကျင့်ရေးနှင့် သုတေသနဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း ဉက္ကဋ္ဌနှင့် ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။