News and Activities
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းထုတ်ပြန်ချက်
မြန်မာနိုင်ငံစာရင်းကောင်စီ (၁/၂၀၂၀) အစည်းအဝေးကျင်းပခြင်း
၁။ မြန်မာနိုင်ငံစာရင်းကောင်စီ (၁/၂၀၂၀) အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၂၄) ရက်နေ့ နံနက် ၁၀:၀၀ နာရီ၌ Video Conferencing ဖြင့် ကျင်းပခဲ့ရာ မြန်မာနိုင်ငံစာရင်းကောင်စီ ဥက္ကဋ္ဌ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ကောင်စီဝင်များ တက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
၁၆-၁၁-၂၀၂၀ ရက်နေ့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီး/ ပြည်နယ် စာရင်းစစ်ချုပ်ရုံးများ၏ အဆင့်မြင့်အရာရှိကြီးများအကြား ဗဟုသုတအမြင်များ ဖလှယ်ခြင်း၊ ဆွေးနွေးခြင်း
၁။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီး/ ပြည်နယ် စာရင်းစစ်ချုပ်ရုံး များ၏ အဆင့်မြင့်အရာရှိကြီးများအကြား ဗဟုသုတအမြင်များ ဖလှယ်ခြင်း၊ ဆွေးနွေး ခြင်းကို ၁၆-၁၁-၂၀၂၀ ရက်နေ့တွင် Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့်
တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်များ၏
လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ (၁/၂၀၂၀) ကျင်းပခြင်း
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းထုတ်ပြန်ချက်
ရက်စွဲ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၁ ရက်နေ့
၁။နိကာယ်ငါးရပ်၊ ပိဋကတ်သုံးပုံ၊ ဗုဒ္ဓစာပေများကို အဆင့်မြင့်နည်းပညာများဖြင့် သင်ကြားပို့ချပြီး သာသနတက္ကသီလဓမ္မာစရိယ၊ သာသနတက္ကသီလ မဟာဓမ္မာစရိယနှင့် သာသနတက္ကသီလဓမ္မပါရဂူဘွဲ့ တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း၍ ပြည်တွင်း/ပြည်ပ သာသနာပြုကြမည့် သံဃာတော်အရှင်မြတ်များ ထွန်းကားလာစေရန် ဆောင်ရွက်လျက်ရှိသော နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) သို့ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဝန်ထမ်းများမှ ဆွမ်းကပ်ရန် လှူဒါန်းသည့် အလှူငွေဆက်ကပ်လှူဒါန်းပွဲကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစိုးရကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍတို့တွင် ထိရောက်ကောင်းမွန်သည့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေး အစီရင်ခံမှုတို့ တိုးတက်ကောင်းမွန်လာစေရေးအတွက် ကမ္ဘာ့ဘဏ်၏ အကူအညီဖြင့် မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို(၃)နိုင်ငံပူးပေါင်းဆောင်ရွက်မည့် ASEAN Regional Project နှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့၊ နံနက်၁၀:၀၀နာရီ၌ WebEx Link ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများဖြစ်ကြသော ADB ၊ EU ၊ ကမ္ဘာ့ဘဏ်၊ GIZ၊ IDI နှင့် နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးတို့ ပါဝင်သည့် Donor Coordination Virtual Meeting ကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ နေ့လယ် ၁:၃၀ နာရီတွင် Microsoft Team Platform ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး အစည်းအဝေးကို အစီအစဉ် (၄) ခုဖြင့် ကျင်းပခဲ့ပါသည်။





