News and Activities
၁။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (၁၄) ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ၂၀၂၀ ပြည့်နှစ် ၊ ဩဂုတ်လ ၁၂ ရက်နေ့ ၊ နံနက် ၁၀:၀၀ နာရီတွင် ဤရုံး၊ စုပေါင်းခန်းမ၌ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီမှ ညွှန်ကြားချက်နှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခြေခံစာကြည့်တိုက်ပညာသင်တန်း အမှတ်စဉ်(၁/၂၀၂၀) သင်တန်းဆင်းပွဲ အခမ်းအနားကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်ရှိ စုပေါင်းခန်းမ၌ ၂၂-၇-၂၀၂၀ ရက်နေ့၊ နံနက် ၀၉:၃၀ နာရီတွင်ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အမျိုးသားစာကြည့်တိုက်မှ ညွှန်ကြားရေးမှူးနှင့် နည်းပြများ၊ သင်တန်းသူ/သင်တန်းသား များ တက်ရောက်ခဲ့ပါသည်။
ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၆ ရက်နေ့၊ အမိန့်ကြော်ငြာစာ အမှတ် ၂၅/၂၀၂၀ ဖြင့် ဖွဲ့စည်းခဲ့သော လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများ ကြီးကြပ်ရေးကောင်စီ (၁/၂၀၂၀) အစည်းအဝေးကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ရန်ကုန်သင်တန်း ကျောင်း၌ ၂၇-၆-၂၀၂၀ ရက်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ပါသည်။
နိုင်ငံတကာပြည်သူ့ကဏ္ဍစာရင်းစံများ အကောင်အထည်ဖော်မှု ကြိုတင်ပြင်ဆင်ရေး ကော်မတီ (IIPC) ၁/၂၀၂၀အစည်းအဝေးကို ၂၃-၆-၂၀၂၀ရက်နေ့၊ နံနက်၁၀:၀၀နာရီအချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို Coronavirus Disease 2019 (COVID-19) ရောဂါဖြစ်ပွားနေသည့် ကာလ ဖြစ်ပါသဖြင့် Online အခမ်းအနားပုံစံဖြင့် ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ Zoom Application ဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန် ဒေါ်နိုင်သက်ဦး နှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်ခိုင်ခိုင်အောင် တို့ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားအား နံနက် (၁၀:၀၀) နာရီ တွင် စတင်ပြီး အစီအစဉ် (၆) ခုဖြင့် ကျင်းပခဲ့ ရာ နံနက် (၁၁:၄၅) နာရီတွင် ပြီးစီးခဲ့ပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရာတွင်လည်းကောင်း၊ နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများအပါအဝင် အစိုးရဌာန အဖွဲ့အစည်းများ၏ စာရင်းရေးသွင်းတင်ပြမှုများကို နိုင်ငံတကာစံများနှင့်အညီ ဖြစ်စေရေးဆောင်ရွက်ရာ တွင်လည်းကောင်း အထောက်အကူပြုရန်ရည်ရွယ်၍ ဉရောပသမဂ္ဂ၏အထောက်အပံ့ဖြင့် နိုင်ငံတကာ ပြည်သူ့ကဏ္ဍစာရင်းကိုင်စံများ(International Public Sector Accounting Standards-IPSAS)နှင့် နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများ(International Financial Reporting Standards-IFRS) ဆိုင်ရာ သင်တန်းများကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊
SAI PMF Assessment ကို နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံး၏ အကူအညီဖြင့် ဆောင်ရွက်ရာတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ဆောင်ရွက်ချက်များကို SAI 1 မှ SAI 25 အထိဖော်ပြထားသော အညွှန်းကိန်းများ (indicators) ပါသည့် စံများဖြင့် တိုင်းတာခဲ့ပါသည်။ SAI PMF Assessment အရ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြခြင်းအစီအစဉ်ကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁၉) ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မူဝါဒနှင့် ဥပဒေလုပ်ထုံးလုပ်နည်းစိစစ်ရေးနှင့် လုပ်ငန်းစစ်ဆေးရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်စပယ်မြတ်သွင်က ဌာနခွဲအလိုက်တာဝန်ယူဆောင်ရွက်ရမည





