News and Activities

၁။        ၁၃၈၀ပြည့်နှစ် တပေါင်းလပြည့်နေ့ ( ၂၀-၃-၂၀၁၉ ရက်နေ့ ) တွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်၌ ကျင်းပပြုလုပ်သော ဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက ပါဝင်လောင်းလှူခဲ့ပါသည်။ ၂။     အဆိုပါလောင်းလှူပွဲတွင် ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီး (၂၅၅) ပါး၊ ဘွဲ့တံဆိပ်တော်ရ သီလရှင်(၁၄) ပါး၊ အခမ်းအနားသို့ ကြွရောက်လာသည့် ဆရာတော်ကြီး (၆၂) ပါး၊ စုစုပေါင်း (၃၃၁) ပါး တို့အား လှူဖွယ်ဝတ္ထုငွေ ကျပ် ၇,၈၅၈,၅၀၀/- နှင့် ပစ္စည်းတန်ဖိုး ကျပ်၉၂၃,၃၀၀/- စုစုပေါင်း တန်ဖိုး ကျပ် ၈,၇၈၁,၈၀၀/- အား ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။
သက်ပြည့်အငြိမ်းစားယူမည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကြည်ဝင်းအား ဂုဏ်ပြုနှုတ်ဆက်သည့် အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ မတ်လ (၄) ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပခဲ့ပါသည်။
၁။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးတို့ပူးပေါင်း၍ ပတ်ဝန်းကျင်ဆိုင်ရာစာရင်းစစ်ဆေးခြင်း (Environmental Audit) အလုပ်ရုံဆွေးနွေးပွဲကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်၌ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှ (၂၀) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး သတင်းထုတ်ပြန်ချက် ၂၀၁၉ ခုနှစ်၊ မတ်လ (   ၁  ) ရက် ၁။        ၂၀၁၉ ခုနှစ်၊ မတ်လ (၁) ရက်နေ့ နံနက် (၉ : ၀၀) နာရီအချိန်တွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ရုံး၊ စုပေါင်းခန်းမ၌ စာရင်းစစ်-၁ များ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်-၃၄ သင်တန်း ဆင်းပွဲအခမ်းအနားကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ်တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်-
ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် ကမ္ဘာ့ဘဏ်မှ Lead Public Sector Specialist ဖြစ်သူ Mr. Serdar Yilmaz ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့၊ နံနက် ၉း၃၀ နာရီတွင် နေပြည်တော်ရှိ  ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။         
၁။      ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် International Federation of  Accountants (IFAC) မှ Technical Manager ဖြစ်သူ Ms. Marta Russell ၊ Association of Chartered Certified Accountants (ACCA) မှ Head of Capacity Building ဖြစ်သူ Ms. Mahalah Groves နှင့် Myanmar Institute of Certified Public Accountants (MICPA) မှ ဥက္ကဋ္ဌ ဦးဝမ်းတင်တို့ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
၁။ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၁ ) ရက် နံနက်(၀၉း၀၀) နာရီတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ဒီပလိုမာ စာရင်းကိုင် (ပထမပိုင်း) သင်တန်း အမှတ်စဉ်-၄၀ ဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ရာ မြန်မာနိုင်ငံ စာရင်းကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားပါသည်။ ၂။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။ ၃။ အခမ်းအနားတွင် မြန်မာနိုင်ငံ စာရင်းကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်က အောက်ပါ အတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည်-

Pages