News and Activities

  ၁။        ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် Institute of Singapore Chatered Accountants (ISCA) မှ President ဖြစ်သူ Mr.Kon Yin Tong ၊ Teamasek Foundation International (TF Intl)မှ Senior Director ဖြစ်သူ Mr.Gerald Yeo နှင့် Myanmar Institute of Certified Public Accountants (MICPA)မှ ဉက္ကဋ္ဌ ဦးဝမ်းတင်တို့ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ၂၀၁၉ခုနှစ်၊ ဇွန်လ(၂၆)ရက် နေ့၊ နေလယ် ၁၂:၃၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌လက်ခံ တွေ့ဆုံခဲ့ပါသည်။
  ၁။        နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံး (OAGN) မှ Experts များဖြစ်ကြသည့် Mr. Anders Pilskog နှင့်        Ms. Ann-Kristrin Nymo တို့မှဦးဆောင်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ Extractive Industry (EI) Sectorကို Compliance Audit ဆောင်ရွက်မည့်အဖွဲ့နှင့် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့မှ ၂၁ ရက်နေ့ထိ နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ လားရှိုးခရိုင်နှင့် မူဆယ်ခရိုင်အတွင်းရှိ ခရိုင်/ မြို့နယ် စာရင်းစစ်ဝန်ထမ်းများနှင့်တွေ့ဆုံ   ပြည်ထောင်စုစာရင်းစစ်ချုပ်သည် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန် လိုက်ပါလျက် ၁၁-၆-၂၀၁၉ မှ ၁၄-၆-၂၀၁၉ ထိ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ လားရှိုး ခရိုင်နှင့် မူဆယ်ခရိုင်အတွင်းရှိ ခရိုင်/ မြို့နယ်စာရင်းစစ်ရုံးဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး သတင်းထုတ်ပြန်ချက် ၂၀၁၉ ခုနှစ်၊ ဇွန်လ (   ၂၄  ) ရက် ၁။      ၂၀၁၉ ခုနှစ်၊ ဇွန်လ ( ၂၁ ) ရက်နေ့ မွန်းလွဲ   ၃ :  ၃၀  နာရီ၌ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် ဦးစီးအရာရှိများမွမ်းမံသင်တန်း အမှတ်စဉ် (၂/၂၀၁၉) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းတက်ရောက်၍ သင်တန်းဆင်းလမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။ ၂။       အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသူ/သင်တန်းသား (၈၃) ဦး တက်ရောက်ခဲ့ကြပါ သည်။
  ပြည်ထောင်စုစာရင်းစစ်ချုပ် ဉီးမော်သန်းသည် ကမ္ဘာ့ဘဏ်မှ Public Financial Management Specialist ဖြစ်သူ Mr. Christopher Fabling ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ် ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
  ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး သတင်းထုတ်ပြန်ချက် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၉) ရက် ၁။        ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၈) ရက်နေ့နံနက် ၉ : ၀၀ နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် ဦးစီးအရာရှိများမွမ်းမံသင်တန်းအမှတ်စဉ် (၂/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းတက်ရောက်၍ သင်တန်းဖွင့်လမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။
  ပြည်ထောင်စုစာရင်းစစ်ချုပ် ဉီးမော်သန်းသည် ကမ္ဘာ့ဘဏ်မှ Public Financial Management Specialist ဖြစ်သူ Mr. Christopher Fabling ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၉ ခုနှစ်၊ မေလ ၂၈ ရက်နေ့၊ နံနက် ၉:၃၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

Pages