News and Activities

၁။ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် ရန်ကုန်မြို့၊ ဗြိတိန်သံရုံးမှ Head of Prosperity ဖြစ်သူ Ms. Claire Kikham နှင့် PricewaterhouseCoopers (PwC) Consortium မှ အဖွဲ့ ခေါင်းဆောင်ဖြစ်သူ Mr. SubhrenduChatterjiတို့ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား၂၀၁၉ ခုနှစ် ၊ ဇန်နဝါရီလ (၁၆) ရက်နေ့၊ နေ့လယ် ၂း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ၊ အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ ပါသည်။
၁။ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ( ၂၇ ) ရက်နေ့ နံနက် ( ၉ း ၀၀ ) နာရီတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ စာရင်းစစ် - ၁ များ လုပ်ငန်းခွင် ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် - ၃၄ သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပရာ ပြည်      ထောင်စုစာရင်းစစ် ချုပ် တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ပါ သည်။ ၂။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသား/သင်တန်းသူ( ၁၁၂ )ဦး တက်ရောက်ခဲ့ပါသည်။ ၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က -
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး သတင်းထုတ်ပြန်ချက်   ၂၀၁၈ ခုနှစ်၊  ဒီဇင်ဘာလ (   ၂၁   ) ရက်   ၁။       ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ( ၂၁ ) ရက်နေ့ နံနက်    ၀၉း၀၀   နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် ဦးစီးအရာရှိများမွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၁၈)ဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းတက်ရောက်၍ သင်တန်းဆင်းလမ်းညွှန်အမှာစကား ပြောကြားခဲ့ ပါသည်။ ၂။       အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိက များနှင့် သင်တန်းသား/သင်တန်းသူ ( ၇၈ ) ဦး တက်ရောက်ခဲ့ကြပါသည်။
နော်ဝေနိုင်ငံစာရင်းစစ်ချုပ် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးတို့အကြား လက်မှတ် ရေးထိုးထားသော နားလည်မှုစာချွန်လွှာအရ ပူးပေါင်းဆောင်ရွက်မှုများ၊ ရှေ့ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံစာရင်းစစ်ချုပ်ရုံးများအကြား အဆင့်မြင့် ပုဂ္ဂိုလ်များ တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် နော်ဝေနိုင်ငံစာရင်းစစ်ချုပ် Mr. Per-Kristian Foss နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် Mrs. Gry Anette Midtbo တို့သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၄) ရက်နေ့မှ (၆) ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပါသည်။

Pages