News and Activities
၁။ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းသည် EU မှ Senior Development Consultant ဖြစ်သူ Mr. Thomas Thomsen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၁၃) ရက်နေ့ နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
၁။ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းသည် EU မှ Senior Development Consultant ဖြစ်သူMr. Thomas Thomsen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၆ခုနှစ် အောက်တိုဘာလ (၁၀) ရက်၊ နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးဧည့်ခန်း၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ စာရင်းစစ်ဆေးခြင်းလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် နော်ဝေနိုင်ငံ စာရင်းစစ်ချုပ်ရုံးနှင့် ပူးပေါင်း၍ Petroleum ကဏ္ဍ စာရင်းစစ်ဆေးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်၌ ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
၁။ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ(၇)ရက်နေ့ နံနက် ၁၀း၀၀ နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်း ကျွမ်းကျင်မှု အမှတ်စဉ်(၂၂၆)သင်တန်း သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ ခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဆင်းလမ်းညွှန်အမှာ စကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေးဦးစီးဌာန)၊ ဒုတိယ ညွန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိကများနှင့် သင်တန်းသား/သင်တန်းသူ (၁၄၃ ) ဦး တက်ရောက်ခဲ့ကြပါသည်။
၁။ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် World Bank မှ Governance Practice ဆိုင်ရာ အရှေ့အာရှဒေသမန်နေဂျာဖြစ်သူ Mr Rob Taliercio ဦးဆောင်သောအဖွဲ့အား ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့ နေ့လယ် ၂း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
၁။ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် ဥရောပသမဂ္ဂ (EU) မှ Deputy Head of Cooperation ဖြစ်သူ Dr. George Dura ဦးဆောင်သောအဖွဲ့အား ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၁း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
၁။ ၂၀၁၆ခုနှစ်၊ စက်တင်ဘာလ(၈)ရက်နေ့ နံနက်(၁၀း၀၀)နာရီတွင် ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ စာရင်းစစ်(၃)များလုပ်ငန်းခွင်ကျွမ်းကျင်မှု အမှတ်စဉ် (၄၄)သင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်း ဆင်းအမှာစကားပြောကြားခဲ့ပါသည်။
၂။ အဆိုပါ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေးဦးစီးဌာန)၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိကများ၊ သင်တန်းသား/သူ ( ၁၁၄ ) ဦး တက်ရောက်ခဲ့ပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်မှ -

