ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

အဆင့်မြင့်/အလယ်အလတ်အဆင့်စာရင်းကိုင်နှင့်ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၉၇)သင်တန်းဆင်းပွဲအခမ်းအနား

၁။       ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက် နေ့လည်(၁၅း၀၀)နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် အဆင့်မြင့်/အလယ်အလတ်အဆင့်စာရင်းကိုင်နှင့်ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၉၇)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း တက်ရောက်၍ သင်တန်းဆင်းလမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။

၂။       အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊သင်တန်းကထိက များနှင့်သင်တန်းသူ/သင်တန်းသားများတက်ရောက်ခဲ့ကြပါသည်။

၃။       အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါအချက်များကို လမ်းညွှန်          မှာကြား ခဲ့ပါသည်-

-        နိုင်ငံတော်အဖွဲ့အစည်းများမှဝန်ထမ်းများကို အခြေခံအဆင့်၊ အလယ်အလတ်အဆင့် နှင့် အဆင့်မြင့်ဟူ၍ အဆင့် ၃ ဆင့်ခွဲခြားကာ စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း၊

-        ယခုသင်တန်းသို့ ဝန်ကြီးဌာနအသီးသီးအောက်ရှိ ဦးစီးဌာနများ၊ စီးပွားရေးအဖွဲ့ အစည်းများမှ သင်တန်းသူ/သား(၁၀၅)ဦးသည် အဆင့်မြင့်သင်တန်း၊ သင်တန်းသူ/ သား(၂၆၉)ဦးသည် အလယ်အလတ်အဆင့်သင်တန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သင်တန်းသူ/ သား (၃၉)ဦးသည် အလယ်အလတ်အဆင့်သင်တန်းနှင့် ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သင်တန်းသူ / သား (၅၂)ဦးသည် အလယ်အလတ် အဆင့်သင်တန်းနှင့် သင်တန်းသူ/ သား (၁၉) ဦးသည် အဆင့်မြင့် သင်တန်းသို့ တက်ရောက်ကြသည့်အတွက် စုစုပေါင်း(၄၈၄)ဦး တက်ရောက်ခဲ့ကြောင်း၊

-        နိုင်ငံတော်ကြီးအား စနစ်သစ်ဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်အဖြစ် တည်ဆောက်သည့် နေရာတွင် ဝန်ထမ်းအသီးသီးသည် ပြည်သူလူထုအကျိုးစီးပွား ကို ယခင်ကထက် ပိုမိုကာကွယ်စောင့်ရှောက်ပေးရမှာဖြစ်ကြောင်း၊

-        ကထိကများကလည်း တကယ်နားလည်တတ်ကျွမ်းပြီး အရည်အချင်းပြည့်ဝသည့် သူများပေါ်ထွက်လာရန်အတွက် ရည်ရွယ်ချက်များထားရှိပြီး သင်ကြားပေးခြင်းဖြစ် ကြောင်း၊

-        သင်တန်းတွင်သင်ကြားပေးလိုက်သည့် ဘာသာရပ်အားလုံးသည် သင်တန်းသူ/သား များ သိသင့်သိထိုက်၊ ကျွမ်းကျင်သင့်ကျွမ်းကျင်ထိုက်သည့် အခြေအနေအရပ်ရပ်ကို ခြုံငုံမိအောင် လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း၊

-        မိမိအလုပ်ကို ကျွမ်းကျင်အောင်မြင်စွာ လုပ်ကိုင်နိုင်ခြင်းအားဖြင့် မိမိတွင်အကျိုးရှိ သကဲ့သို့ မိမိတို့၏အဖွဲ့အစည်း၊ မိမိတို့၏နိုင်ငံတွင်လည်း အကျိုးရှိပြီး သင်ကြားပို့ချ ပေးလိုက်သည့် ကထိကများ၏စေတနာကိုလည်း အလေးထားရာရောက်ကြောင်း၊  

-        လုပ်ငန်းဆောင်ရွက်ရာမှာ စာရင်းများကိုစည်းမျဉ်းစည်းကမ်းနှင့်အညီ အမှားအယွင်း မရှိ ရေးဆွဲနိုင်ပြီး မမှန်ကန်မှု၊ လေလွင့်ဆုံးရှုံးမှုများမဖြစ်အောင် လုပ်ဆောင်ကြရန် မှာကြားလိုကြောင်း၊

-        ယခုသင်တန်းတွင် သင်တန်းသူ /သား အများအပြား တက်ရောက်ကြသည့်အတွက်  ဝမ်းမြောက်ဝမ်းသာဖြစ်ရကြောင်း၊

-        နိဂုံးချုပ်အနေနှင့် သင်တန်းသူ/သားသည်နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် ဝန်ထမ်း များစောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်သိက္ခာ၊ စည်းမျဉ်းစည်းကမ်းများလိုက်နာရန် နှင့် စာမေးပွဲကို အဆင့်ကောင်းကောင်းဖြင့် အောင်မြင်၍ မိမိတို့သင်ကြားခဲ့သည့် ပညာရပ်များကို နိုင်ငံတော်နှင့်ပြည်သူများအကျိုးကို ဆထက်ထမ်းပိုးတိုးပြီး ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်သည့် ဝန်ထမ်းကောင်းများဖြစ်ကြရန် မှာကြားလိုကြောင်း။

၄။       သင်တန်းဆင်းပွဲအခမ်းအနားကို နေ့လည် (၁၅း၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။