










၁။ ၁၃၈၀ပြည့်နှစ် တပေါင်းလပြည့်နေ့ ( ၂၀-၃-၂၀၁၉ ရက်နေ့ ) တွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်၌ ကျင်းပပြုလုပ်သော ဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက ပါဝင်လောင်းလှူခဲ့ပါသည်။
၂။ အဆိုပါလောင်းလှူပွဲတွင် ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီး (၂၅၅) ပါး၊ ဘွဲ့တံဆိပ်တော်ရ သီလရှင်(၁၄) ပါး၊ အခမ်းအနားသို့ ကြွရောက်လာသည့် ဆရာတော်ကြီး (၆၂) ပါး၊ စုစုပေါင်း (၃၃၁) ပါး တို့အား လှူဖွယ်ဝတ္ထုငွေ ကျပ် ၇,၈၅၈,၅၀၀/- နှင့် ပစ္စည်းတန်ဖိုး ကျပ်၉၂၃,၃၀၀/- စုစုပေါင်း တန်ဖိုး ကျပ် ၈,၇၈၁,၈၀၀/- အား ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။
၃။ အဆိုပါလောင်းလှူပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် အမှူးပြုလျက် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေး)၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ ပါဝင်လောင်းလှူခဲ့ကြပါသည်။
