ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် Asia Development Bank (ADB) မှ Senior Counsel ဖြစ်သူ Mr. Nick Moller ဦးဆောင်သော Insolvency law Reform Group အား လက်ခံတွေ့ဆုံ

၁။       ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် ADB မှ Senior Counsel ဖြစ်သူ Mr. Nick Moller ဦးဆောင်သော Insolvency Law Reform Group အား ၂၀၁၇ ခုနှစ် မေလ ၂၅ ရက်နေ့ နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ ပါသည်။

၂။       ထို့သို့တွေ့ဆုံရာတွင် Insolvency law ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စရပ်များ၊ Insolvency မဖြစ်စေရန် ကြိုတင်ကာကွယ်ရေး အစီအမံများ၊ Insolvency နှင့်စပ်လျဉ်းသည့် ပညာပေးအစီအစဉ် များ၊ Insolvency law တွင် စာရင်းအတတ်ပညာရှင်ကဏ္ဍနှင့် စပ်လျဉ်း၍ ထည့်သွင်းစဉ်းစားရမည့် အချက်များ၊ Insolvency Law Reform Project အတွက် မြန်မာနိုင်ငံစာရင်းကောင်စီ နှင့် အနာဂတ်တွင် ပူးပေါင်းဆွေးနွေး ဆောင်ရွက်သွားနိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

၃။       အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ဤရုံးမှ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး)နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစာရင်းကောင်စီ မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။