ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းအား ရန်ကုန်မြို့၊ ဒိန်းမတ်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E Mr. Peter LysholtHansen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ

၁။ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းအား ရန်ကုန်မြို့၊ ဒိန်းမတ်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E Mr. Peter Lysholt Hansen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၆ ခုနှစ် မေလ (၁၉) ရက်နေ့ ညနေ ၃း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဧည့်ခန်းမ၌ လာရောက် တွေ့ဆုံခဲ့ပါသည်။

၂။ ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံစာရင်းစစ်ချုပ်ရုံးများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ Public Sector တွင် International Public Sector Accounting Standards (IPSASs) လိုက်နာ ကျင့်သုံးနိုင်ရေးနှင့် Private Sector တွင် International Financial Reporting Standards (IFRSs) လိုက်နာ ကျင့်သုံးရေးအတွက် ‌ဆောင်ရွက်မည့် ကိစ္စရပ်များ၊ ဤရုံး ဝန်ထမ်းများ၏ စွမ်းရည်မြှင့်တင်ရေး အတွက် သတင်း အချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ  (ICT)  ကို   တွင်တွင်ကျယ်ကျယ်   အသုံးပြုနိုင်ရေးနှင့်အခြား ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ ပါသည်။

၃။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့   ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး)နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။