၁။ ၂၀၁၆ခုနှစ် မေလ (၁၂) ရက်နေ့ နံနက် ၀၉း၃၀ နာရီတွင် The World Bank Group မှ Team Leader and Senior Financial Management Specialist ဖြစ်သူ Mr.Christopher Robert Fabling ဦးဆောင်သော ROSC Accounting and Auditing Due Diligence Mission အဖွဲ့နှင့် The Institute of Chartered Accountants in England and Wales-ICAEW မှ Head of International Capacity Building ဖြစ်သူ Mr.Mark Campbell ဦးဆောင်သော အဖွဲ့တို့သည် ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းအား နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ ပါသည်။
၂။ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံတွင် International Financial Reporting Standards နှင့် International Standards on Auditing များ လိုက်နာကျင့်သုံးနိုင်မှု အခြေ အနေ၊ မြန်မာနိုင်ငံ စာရင်းကောင်စီ (MAC) နှင့် မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့ စာရင်းကိုင်များအသင်း (MICPA) တို့၏ အခန်းကဏ္ဍများ၊ အရည်အချင်း ပြည့်ဝသည့် စာရင်းပညာရှင်များ ပိုမိုမွေးထုတ်နိုင်ရေး၊ နိုင်ငံခြား စာရင်းပညာရှင် အဖွဲ့အစည်း များ၊ မြန်မာနိုင်ငံတွင် လုပ်ငန်း ဆောင်ရွက်နိုင်မှု အခြေအနေ၊ MICPA အသင်းကို ပိုမိုအားဖြည့် ကူညီရန် လိုအပ်မှု အခြေအနေနှင့် ICAEWမှ MICPA အသင်းနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများ နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
၃။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်း အတွင်းဝန် နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ စာရင်းကောင်စီမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ဲကြ ပါသည်။
