ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

နိုင်ငံတကာပြည်သူ့ကဏ္ဍစာရင်းစံများ အကောင်အထည်ဖော်မှု ကြိုတင်ပြင်ဆင်ရေးကော်မတီ (IPSAS Implementation Preparatory Committee -IIPC) (၃/၂၀၂၀) အစည်းအဝေး ကျင်းပခြင်း

နိုင်ငံတကာပြည်သူ့ကဏ္ဍစာရင်းစံများ အကောင်အထည်ဖော်မှု ကြိုတင်ပြင်ဆင်ရေး ကော်မတီ (IIPC) ၃/၂၀၂၀ အစည်းအဝေးကို ၁၀-၁၂-၂၀၂၀ရက်နေ့၊ နံနက်၁၀:၀၀နာရီတွင် WebEx link ဖြင့် Online ကျင်းပခဲ့ကြပါသည်။

အဆိုပါကော်မတီအစည်းအဝေးသို့  ကော်မတီဉက္ကဋ္ဌဖြစ်သည့် ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ဒုတိယဉက္ကဋ္ဌများဖြစ်သည့် ငွေတိုက်ဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ်နှင့် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် (ကိုယ်စား) ဒုတိယညွှန် ကြားရေးမှူးချုပ် ၊ အဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာ့စီးပွားရေးဘဏ်မှ အထွေထွေမန်နေဂျာနှင့် အတွင်းရေးမှူးဖြစ်သည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဒုတိယအမြဲတမ်းအတွင်းဝန်တို့ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးတွင် ၁၁-၉-၂၀၂၀ ရက်နေ့တွင်ကျင်းပခဲ့သော ၂/၂၀၂၀ အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်ရ မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် Chart of Account ရေးဆွဲရေးနှင့်စပ် လျဉ်း၍ လက်ရှိဆောင်ရွက်နေမှုအခြေအနေများနှင့် Chart of Account နှင့် Government Finance Statistics (GFS) ချိတ်ဆက်ဆောင်ရွက်ရမည့် အခြေအနေတို့နှင့်စပ်လျဉ်း၍ ငွေတိုက်ဦးစီးဌာနကလည်းကောင်း၊ အများလက်ခံကျင့်သုံးနေသည့် စာရင်းထားနည်းစနစ်မှ နိုင်ငံတကာပြည်သူ့ကဏ္ဍစာရင်းစံများ (IPSAS) သို့ အသွင်ကူးပြောင်းရေးနှင့်စပ်လျဉ်း၍ သိရှိဆောင်ရွက်ရန်လိုအပ်သည့် IPSAS နှင့် IFRS ဆက်နွယ်မှုများနှင့် Presentation of Budget Information in Financial Statements တို့ကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက လည်းကောင်း၊ GFS Methodology အရ Administration Classification ၊ Economic Classification နှင့် Macroeconomic Analysis ပြုလုပ်ခြင်းနှင့်စပ်လျဉ်း၍ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနကလည်းကောင်း အသီးသီးဆွေးနွေး တင်ပြခဲ့ကြပါသည်။