





၁။ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် ဒိန်းမတ်ပါလီမန်၊ ပြည်သူ့ငွေစာရင်းကော်မတီ၏ ဥက္ကဋ္ဌဖြစ်သူ Mr.Henrik Thorup ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက် နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
၂။ ထိုသို့တွေ့ဆုံရာ၌ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့၏ ဆက်နွယ်ပူးပေါင်းဆောင်ရွက်မှုများ၊ စစ်ဆေးတွေ့ရှိချက်များကို အများပြည်သူသိရှိနိုင်ရန် Website တင်ပုံများ၊ ဝန်ထမ်းသစ်ခန့်အပ်ဆောင်ရွက်မှုများ၊ စစ်ဆေးမှုအပိုင်းတွင် အဂတိလိုက်စားမှုများကိုတွေ့ ရှိပါက လုပ်ဆောင်သည့်ကိစ္စရပ်များ ၊ ဌာနတွင်းစစ်ဆေးမှုလုပ်ငန်းများနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ဆွေးနွေးခဲ့ကြပါသည်။
၃။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
