
ပြည်ထောင်စုစာရင်းစစ်ချုပ် ဉီးမော်သန်းသည် ကမ္ဘာ့ဘဏ်မှ Public Financial Management Specialist ဖြစ်သူ Mr. Christopher Fabling ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၉ ခုနှစ်၊ မေလ ၂၈ ရက်နေ့၊ နံနက် ၉:၃၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် IPSAS gap analysis ဆောင်ရွက်ရန်၊ IFRS transition plan ရေးဆွဲရန်၊ နိုင်ငံတကာနိုင်ငံပိုင်ကဏ္ဍစာရင်းစံများ (International Public Sector Accounting Standards-IPSAS) နှင့် နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများ (International Financial Reporting Standards - IFRS) နှင့်အညီ နိုင်ငံပိုင်ကဏ္ဍစာရင်းစံများနှင့် ဘဏ္ဍာရေးအစီရင်ခံခြင်း (Public Sector Accounting Standards and Financial Reporting) သို့ အသွင်ကူးပြောင်းရေးနှင့်စပ်လျဉ်း၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ ဉီးဆောင်၍ MAC ၊ MICPA နှင့် အခြားStakeholderများပါဝင်သော Public Sector Accounting Conference ပြုလုပ်မည့်နေ့ရက်စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
